| Tuesday, 22 February 2011 00:00 |
| ဖမ်းဆီးခံခဲ့ရသည့် မြန်မာအလုပ်သမားမှာ ပတ္တရား၊ Jomtian (၃)လမ်း အတွင်းရှိ Good Luck Inn မှ မြန်မာ အလုပ်သမား အောင်ဆန်းဦး ဆိုသူဖြစ်ပြီး ယခုလ (၁၇)ရက်နေ့က ရေပုလင်း သွားဝယ်ပြီး ပြန်လာရာတွင် ရဲကားဖြင့် ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံခဲ့ရသည်။ ၄င်းအပြင် ထိုင်းလူမျိုး (၆)ဦးနှင့် အခြား မြန်မာ အလုပ်သမား (၁)ဦးလည်း ဖမ်းဆီးခံရပြီး ကားပေါ်တွင် ပါလာခဲ့သည်။ အောင်ဆန်းဦးက “ရဲစခန်း အချုပ်ထဲကို ၀င်တာနဲ့ အချုပ်ထဲကို အရင်ရောက်နေကြတဲ့ လူ (၆)ယောက်လောက်က ကျနော့်ကို ၀ိုင်းထိုးကြတယ်။ ပြီးတော့ ဖမ်းလာတဲ့ လူတွေ အကုန်လုံးကို ဆေးစစ်တယ်။ ထိုင်းတွေက မူးယစ်ဆေးဝါး သုံးတဲ့ လူတွေ ဖြစ်တယ်။ မိဘတွေက လာပြီးတော့ ဘတ် (၁၀၀၀၀)စီ ပေးပြီးတော့ နောက်နေ့မှာ လာရွေး သွားကြတယ်။ ကျနော်မှာ ယာယီပတ်စ်ပို့နဲ့ Work Permit ရှိပေမယ့် နှစ်ရက် နှစ်ည အချုပ်ခန်းထဲမှာ နေခဲ့ရတယ်။ ဘတ်ငွေ (၁၂၀၀၀) သူဌေးသား ကိုယ်တိုင် လာပေးပြီးတော့ ရွေးထုတ်ခဲ့တယ်” ဟုပြောပြသည်။ ဖမ်းဆီး ခံရသည့် အချိန်တွင် ယာယီပတ်စ်ပို့ အစစ်ကို မပြနိုင်ပဲ မိတ္တူကိုသာ ပြနိုင်ခဲ့သဖြင့် ဖမ်းဆီး ဖြစ်ကြောင်း ရဲစခန်းက ပြောသည်ဟု အောင်ဆန်းဦးက ပြန်ပြောပြသည်။ ၎င်း၏ ယာယီ ပတ်စ်ပို့မှာ Work Permit လုပ်ရန်အတွက် ဘန်ကောက်မြို့သို့ ပို့ထားရကြောင်း၊ ဖမ်းဆီး ခံရပြီးနောက် ဘန်ကောက်မြို့မှ ဆွေမျိုး တော်စပ်သူထံသို့ ဖုန်းဆက် အကြောင်းကြားခဲ့ရာ နောက်တနေ့တွင် ရဲစခန်းသို့ လာရောက်ပြီး ပတ်စ်ပို့ အစစ်ကို ပြသခဲ့ကြောင်း၊ သို့သော်လည်း ရဲစခန်းက ပတ်စ်ပို့နှင့် အတူ ရှိမနေခြင်းကို အကြောင်းပြပြီး ဘတ်ငွေ (၁၂၀၀၀) တောင်းခဲ့ခြင်း ဖြစ်ကြောင်း အောင်ဆန်းဦးက ဆက်ပြောပြသည်။ “ကျနော့်ရှေ့ မှာ ဘတ် (အလုပ်သမား လက်မှတ်) မရှိသူတွေ ပတ်စ်ပို့ မရှိတဲ့သူတွေ ဖမ်းလာတယ် ဘတ်ငွေ နှစ်ထောင်၊ သုံးထောင်လောက် ပေးရင် လွတ်သွားကြတာပဲ။ ကျနော်ကျတော့ ပတ်စ်ပို့ရော Work Permit ပါ ရှိလျှက်နဲ့ ဘတ် (၁၂၀၀၀)ပေးရတယ် ဆိုတော့ ကျနော်တို့ လုပ်ထားတဲ့ ယာယီပတ်စ်ပို့ဟာ ဘာမှ အဓိပ္ပါယ် မရှိတော့ဘူးလား။ အကာအကွယ် မပေးနိုင်တော့ဘူးလား” ဟု အောင်ဆန်းဦးက မကျေမချမ်း ဆိုသည်။ ပြီခဲ့သည့် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်နေ့ကလည်း ဘန်ကောက်မြို့၊ အယ်ကရှိုင် (၉၅)လမ်း အနီးရှိ ဘန်မကော်(၈) ဆေးရုံရှေ့တွင် ယာယီပတ်စ်ပို့နှင့် Work Permit ကိုင်ဆောင်ထားသည့် ကရင်အလုပ်သမား မောင်လုံထံမှ နယ်မြေခံ ရဲတစ်ဦးက ရိုက်နှက်ပြီး ဘတ်ငွေ (၆၀၀၀) လုယက် သွားခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်ရပ်အား ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်းနှင့် ထိုင်းအန်ဂျီအို တစ်ခုတို့က ရဲကား နံပါတ်ကို အတိအကျ ပြောပြီး ဘန်ဘော် (၃) ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်။ အမှုဖွင့်ခဲ့ပြီးနောက် ညနေပိုင်းတွင် ရဲစခန်းမှုက ဘတ်ငွေ (၁၀၀၀၀) ပေးလျှော်မည်ဖြစ်ပြီး အမှုအား ပိတ်ပေးရန် မောင်လုံ၏အစ်မ မအေးအေးဝင်း ထံသို့ ဖုန်းဆက် အကြောင်းကြားခဲ့သည်။ အမှုသည်များက မကျေနပ်သဖြင့် ဥပဒေအတိုင်း ဆောင်ရွက် ပေးပါရန် အလုပ်သမား အခွင့်အရေး ဆောင်ရွက်ပေးသည့် ထိုင်းအန်ဂျီအို တခုကို အကူအညီ တောင်းခဲ့သော်လည်း ယခုအချိန်အထိ သုံးလနီးပါး ကြာမြင့်လာသည့် တိုင်အောင် အမှုမှန် ပေါက်ပေါက်ခဲ့ခြင်း မရှိသေးကြောင်း သိရှိရသည်။ |
စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Monday, April 18, 2011
ယာယီပတ်စ်ပို့ရှိသည့် အလုပ်သမားကို ထိုင်းရဲက ဖမ်းဆီးပြီး ဘတ်ငွေ (၁၂၀၀၀)တောင်းခံ
Subscribe to:
Post Comments (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း
ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ
သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
ဦးဘဂျမ်း ဦးဘဂျမ်းသည် စစ်ကြိုခေတ်၊ စစ်ပြီးခေတ်၊ လွတ်လပ်ရေးခေတ်ဦးရှိ ပြောင်မြောက်သော ကာတွန်းဆရာတစ်ဦး ဖြစ်သည်။ စစ်ကြိုခေတ်၊ စစ်ပြီးခေတ်၊ လ...
-
စစ်ခရာသံများ စစ်တက္ကသိုလ် ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး အောင်မျိုးမင်းသည် စစ်တက္ကသိုလ် ဗိုလ်လောင်းများအား စစ်ခရာသံများနှင့် ပတ်သက်၍ ကြာ...
-
မောင်တော ဖက်ဝန်းချောင်းရခိုင်ရွာကို ကုလားတိက လိုက်လို့မီးတိုက်နိန်ကြောင်းနန့် မောင်တောမြို့ ဆီးရုံနားဖက်က ထောင်ချီတက်လာရေ လူအုပ်ကြီးကို...
-
2011-07-02 မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ သြစတြေလျ နိုင်ငံခြားရေးဝန်ကြီး Kevin Rudd ဟာ သောကြာနေ့က နေပြည်တော်ကို သွားရောက်ပြီး သမ္မတဦ...
-
သံဃာတော်တွေ သပိတ်မှောက် ခြင်းလှန်ခြင်း အကြောင်းကို လေ့လာကြပါကုန် (မင်းလွမ်းနောင်) သပိတ်မှောက်ခြင်း၏ အင်္ဂါ ၈-ပါး (ပတ္တနိက္ကုဇ္ဇန ကံ ၈-ပါး)နှင...
-
( M-media မွတ်ဆလင် သတင်းဆိုဒ်တွင် မဟုတ်မမှန် တစ်ဖက်သတ်စွပ်စွဲချက်များအား ယခုပိုစ်ဖြင့် ဖြေရှင်းအပ်ပါသည်။ M-media မြန်မာမွတ်ဆလင် သတင်းဆိုဒ...
-
ထိုင်း-မြန်မာ နယ်စပ် မယ့်စံမလဲ့ (ခေါ်) သော်လဲ့ထကျေးရွာ ဆိပ်ကမ်းတွင် အင်အားပြင်းသော ဗုံးပေါက်ကွဲမှုတခု တနင်္ဂနွေနေ့ က ဖြစ်ပွားခဲ့ပြီး အကြီးစား စ...
-
Friday, 24 June 2011 00:00 ဆောက်လုပ်ရေး လုပ်ငန်းမှ ရွှေ့ပြောင်း အလုပ်သမားများ ...
No comments:
Post a Comment