ဘုရားဖူးကားမှောက်၊ မြန်မာ ၇ ဦးသေဆုံး
ဘစောတင် Monday, 18 April 2011 16:32
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်မြို့တွင် မြန်မာနှစ်ဆန်း ၁ ရက်နေ့ ဧပြီလ ၁၇ ရက်က ဖူးကက် ဘုရားကြီးသို့ ဘုရားဖူး သွားသူ များ ကားတိုက်မှု ဖြစ်ပွားသဖြင့် လူ ၅ ဦး ပွဲချင်းပြီး သေဆုံးပြီး ဆေးရုံတွင်၂ ဦး ထပ်မံ သေဆုံးကာ စုစုပေါင်း ၇ ဦး သေဆုံးကြောင်း သိရှိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ကူညီကယ်ဆယ်ရေးအဖွဲ့များ လာရောက်အကူအညီပေးနေစဉ်(ဓာတ်ပုံ -Phuket Gazette)
မြန်မာအလုပ်သမား ၂၀ ကျော်ကို တင်ဆောင်ကာ တောင်ပေါ်တွင်တည်ထားသည့် ထိုဘုရားကြီးမှ ပြန်ဆင်းလာသော ဘုရား ဖူးကားနှင့် ကုန်တင်ကားတစီးတို့ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူများမှာ ဖူးကက်မြို့ဘန်ဘိုးအရပ်ရှိ Thanason Project ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ အလုပ်သမားများ ဖြစ်ကြောင်း၊ ဒဏ်ရာရသူ ၁၅ ဦးကိုလည်း ဆေးရုံတွင် တင်ထားရကြောင်း ဖန်င အခြေစိုက် မြန်မာအလုပ်သမားများ ပညာရေးနှင့် ဖွံ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်ပေးနေသော(HRED)အဖွဲ့  မှ ဒါရိုက်တာ ဦးထူးချစ်က ဧရာဝတီသို့ ပြောသည်။
“ဖူးကက်မှာ အကြီးဆုံး ထိုင်တော်မူဘုရားကိုသွားဖူးရင်း အပြန်မှာ ယာဉ်တိုက်မှုဖြစ်တယ်လို့ သိရတယ်၊ ဘုရားက တောင်ထိပ် အမြင့်ကြီးမှာ တည်ထားတာဆိုတော့ လမ်းကလည်း မတ်စောက်တဲ့ နေရာတွေလည်းရှိတယ်။ အဲဒါ ဘုရားဖူးအပြန်မှာ ယာဉ် တိုက်မှုဖြစ်ပြီး ပွဲချင်းပြီး ၅ ယောက်သေတယ်။ ၁၅ ယောက်ကတော့ ဆေးရုံမှာတင်ထားရတယ်”ဟု ဦးထူးချစ်က ပြောပြသည်။
ပွဲချင်းပြီး သေဆုံးသူများတွင် အမျိုးသမီး၂ ဦး၊ အမျိုးသား တဦးနှင့် အသက် ၃ နှစ်အရွယ် မိန်းကလေး တဦးပါဝင်ကြောင်း၊ ၃ ဦး ခန့်မှာလည်း စိုးရိမ်ရသော အခြေအနေတွင် ရှိသေးကြောင်း Thanson Project ဆောက်လုပ်ရေး လုပ်ငန်းမှ ကိုမင်းမင်းက လည်း ပြောသည်။
“ကားမှာပါတာက မွန်ရော ဗမာရော အစုံပါတယ်ဗျ။ အလုပ် က လူလည်းများတယ်ဆိုတော့ သိတာက ဒေါ်ကြက်ဥ ရဲ့သမီး လေး အသက် ၃နှစ်အရွယ် ကလေးမလေး တယောက် သေသွားတယ်ဆိုတာကို ကျနော်တို့ ပြောနိုင်တယ်။ နောက် မြသဇင် ဆို တဲ့ ကောင်မလေးတယောက် လည်ပင်းမှာ အပြင်းအထန် ဒဏ်ရာ ရထားတယ်”ဟု ၎င်းက ဆိုသည်။
ဒဏ်ရာရ လူနာများကို ဖူးကက်မြို့ Vachira Phuket Hospital ဆေးရုံသို့ ပို့ဆောင်ကာ ကုသလျက် ရှိကြောင်း သိရသည်။
ဧပြီလ ၄ ရက်နေ့ကလည်း ဘန်ကောက်မြို့အနီး မဟာချိုင်တွင် ယဉ်တိုက်မှုကြောင့် မြန်မာ အလုပ်သမား ၇ ဦးနှင့် ထိုင်းလူမျိုး၂ ဦး ပွဲချင်းပြီးသေဆုံးကာ လူ ၅၀ ကျော်ထိခိုက် ဒဏ်ရာ ရမှုဖြစ်ပွားခဲ့သေးသည်။
ထို မဟာချိုင်ယာဉ်တိုက်မှုနှင့်ပတ်သက်ပြီး နစ်နာကြေးရရှိရေးနှင့်လိုအပ်သည်များကို မြန်မာသံရုံးက အကူအညီပေးခဲ့ကြောင်း ဧပြီလ ၅ ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။
ထိုင်းနိုင်ငံအတွင်း မြန်မာ ရွှေ့ ပြောင်းအလုပ်သမား ၂ သန်းခွဲမှ ၄ သန်းအတွင်း နေထိုင်လုပ်ကိုင်လျက် ရှိကြောင်း အလုပ် သမား အဖွဲ့များက ခန့်မှန်း ပြောဆိုကြသည်။
စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Subscribe to:
Post Comments (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း
ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ
သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
စိုင်းစိုင်းခမ်းလှိုင် မွေးသက္ကရာဇ် ၁၉၇၉ ခုနှစ် ဧပြီလ (၁၀) ရက် အမည်ရင်း မိဘအမည် စိုင်းခမ်းလှိုင် +စဝ်ဝေဠုသိဂီ င်္ နိ...
-
ခေတ်နှင့်လျော်ညီသည့် လုပ်ခလစာ သတ်မှတ်ပေးရန် တောင်းဆို မြန်မာ အစိုးရအနေဖြင့် အလုပ်သမားများအား ခေတ်ကာလနှင့် လျော်ညီသော အနိမ့်ဆုံးလုပ်ခလစာ သတ...
-
မြစ်ကြီးနား အကျဉ်းထောင်မှ ကိုသူရ(ခ) ဇာဂနာ ပြန်လည် လွတ်မြောက်လာကြောင်း ကိုဇာဂနာက ခယ်မဖြစ်သူ မငြိမ်းက Eleven Media Group သို့ အတည်ပြု ပြော...
-
Sunday, May 8, 2011 Posted by Admin at 12:47 PM Labels: News , သတင်း (The Yangon Times ဂျာနယ်ထဲက တွေ့လို့ စိတ်ဝင်စားတာနဲ့ ကူးယူ...
-
ဗမာစစ်တပ် ဗမာစစ်သား ဆိုတာ (မင်းလွမ်းနောင်) ဗမာစစ်တပ် ဆိုပြီးသုံးနှုံးနေသူများ ဖေ့ဘွတ်စာမျက်နာပေါ်တွင်တွေ.မြင် လာရ သည်မှာ နေ.စဉ်လိုလိုဖြစ...
-
ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရနောင်းမြို.) မြန်မာနိုင်ငံမှ ဈေးအသက်သာဆုံးသော ပြည်ပထွက်ခွာမှု. (တရားမ၀င်)များတွင် မြန်မာနို...
-
မြန်မာ ရေလုပ်သားများ လစာလျှော့ချခံရ၍ အခက်ကြုံ Tuesday, 19 April 2011 18:42 ထိုင်းနိုင်ငံတောင်ပိုင်း ချုံဖော် ပါနန်း အရပ်ဒေသရှိ ငါးဖမ်းလေ...
-
ဓါတ်ပုံကို နှိပ်ပြီးပုံကြီးချဲ. ကြည့်ပါရန်
-
(FED စာမျက်နာမှ ကူးယူဖော်ပြသည်) Thursday, 22 March 2012 00:00 ထိုင်းနိုင်ငံမှ ထုတ်ပေးထားသည့် အလ...
No comments:
Post a Comment