အဓမ္မ ပိတ်လှောင် အလုပ်ခိုင်းခံရသူများ လွတ်မြောက်
Wednesday, 20 April 2011 16:28
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အလယ် ဒီးဒဲနယ်မြေအတွင်းရှိ အထည်ချုပ် စက်ရုံငယ် တခုတွင် မတရား အလုပ်စေခိုင်း၍ လှောင် ပိတ်ခံထားရသည့် မြန်မာ အလုပ်သမား ၆၀ ခန့်ကို ထိုင်း အစိုးရအာဏာပိုင်များက ယမန်နေ့က ကယ်တင်ခဲ့ကြောင်း သိရှိရ သည်။
ယမန်နေ့က ပြန်လည်လွတ်မြောက်လာသော ပိတ်လှောင်ခံထားရသည့် မြန်မာ အလုပ်သမားများ (ဓာတ်ပုံ - ကျော်သောင်း)
ထိုင်းအာဏာပိုင်များက ယင်းအထည်ချုပ် စက်ရုံမှ အပြင်သို့ ထွက်ပြေး လွတ်မြောက်လာသူ တဦး၏ တိုင်ကြားချက် အရ ထိုအလုပ်သမားများကို ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း လွတ်မြောက်ခဲ့သော ကိုသိန်းနိုင်က ဧရာဝတီသို့ ပြောသည်။
ကယ်တင်ခဲ့သော မြန်မာ အလုပ်သမားများကို ကယ်ဆယ်ရေးစခန်းနှင့် ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း ၎င်းကဆိုသည်။ ကိုသိန်းနိုင်သည် ယင်းအထည်ချုပ် စက်ရုံတွင် ၃ လခန့် အကြာ အလုပ်လုပ်ကိုင်ခဲ့ရသူ တဦး ဖြစ်သည်။
“သူတို့က လစာ မပေးတာ အမှန်ပဲ၊ ကျနော်တို့ကို ခေါ်ကတည်းက ကယ်ရီခကို တလမှာ နည်းနည်းဖြတ်သွားမယ်ဆိုပြီး အိမ် စရိတ်တွေ ဘာတွေ ဖြတ်ပြီးတော့ ကျန်တဲ့ ပိုက်ဆံကိုလည်း တပြားမှ မပေးဘူး”ဟု ကိုသိန်းနိုင်က ဆက်ပြောသည်။
အလုပ်ရှင်က မြန်မာ အလုပ်သမားများကို ပိုက်ဆံ မပေးသည့်အပြင် တခြားစက်ရုံသို့ အလုပ်ပြောင်းလုပ်ရန်ကိုလည်း ခွင့်မပြု ကြောင်း သိရသည်။
မြန်မာ အလုပ်သမားများကို တလလျှင် လစာ ဘတ် ၇၀၀၀ ပေးမည်ဟု အလုပ်ရှင်က ပြောသော်လည်း တလလျှင် ဘတ် ၂၀၀ သာရကြောင်း၊ တနေ့လျှင် အလုပ် ၁၆ နာရီ လုပ်ရကြောင်း မြန်မာအလုပ်သမားများက ဆိုသည်။
ထိုင်းသတင်းများ ဖော်ပြချက်အရ အထည်ချုပ်စက်ရုံ ပိုင်ရှင်သည် တရုတ် လူမျိုး ဖြစ်ပြီး လူကုန်ကူးမှု အပါအ၀င် အလုပ်သမား အက်ဥပဒေ ပုဒ်မ ၂ ခုဖြင့် အရေးယူခံရဖွယ် ရှိကြောင်း သိရသည်။
ဒီးဒဲ ရဲစခန်းမှာ တာဝန်ကျနေသော ရဲတဦးက မြန်မာ အလုပ်သမား ၃၀ ခန့်ကို ရဲစခန်းတွင် ထိန်းသိမ်းထား ကြောင်း၊ မနက်ဖြန်တွင် တရားရုံးတက်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။
ပြီးခဲ့သည့် နှစ် ဇွန်လကလည်း ထိုင်းနိုင်ငံ ဘန်ကောက် မြို့လယ်ရှိ အထည်ချုပ် စက်ရုံငယ် တခုအတွင်း မတရား အလုပ် စေ ခိုင်း ခံရသော မြန်မာ အလုပ်သမား ၆ ဦးကို ဘန်ကောက် အခြေစိုက် ရောင်ခြည်ဦး အလုပ်သမား အဖွဲ့က ကူညီ ကယ်ထုတ် ပေးခဲ့ကြောင်း သိရသည်။
၂၀၁၀ ပြည့်နှစ် ဧပြီလ၂၅ ရက်နေ့ထုတ် အစိုးရ မြန်မာ့အလင်း သတင်းစာတွင် ထိုင်းနှင့် မြန်မာ လူကုန်ကူးမှု ပူးပေါင်း တိုက် ဖျက်ရေး နားလည်မှု စာချွန်လွှာကို နှစ်နိုင်ငံ တာဝန်ရှိသူများ လက်မှတ် ရေးထိုးကြကြောင်း ဖော်ပြခဲ့သည်။
Burmes_workers_BKK_11_02
အဓမ္မပိတ်လှောင်၍ အလုပ်ခိုင်းခံထားရသည့် အလုပ်သမားများကို ကယ်ထုတ်နေစဉ် (ဓာတ်ပုံ - ကျော်သောင်း)
သို့သော် မြန်မာပြည်သားများသည် ထိုင်းနိုင်ငံ၌ အထည်ချုပ် စက်ရုံ အပါအ၀င် ဈေး၊ စားသောက်ဆိုင်၊ ဆောက်လုပ်ရေး လုပ် ငန်း၊ အိမ်ဖော်၊ လိင်ဖျော်ဖြေရေး လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေကြပြီး ခေါင်းပုံဖြတ်ခံရခြင်းများ မကြာခဏ ကြုံတွေ့ နေရ ကြောင်း သတင်းများ အရသိရသည်။
ထိုင်းနိုင်ငံအတွင်း လာရောက်အလုပ်လုပ်နေသော ရွှေ့ ပြောင်းမြန်မာအလုပ်သမားများမှာ၂ သန်းခွဲမှ ၄ သန်း ၀န်းကျင် ရှိနိုင် ကြောင်း အလုပ်သမားအဖွဲ့ အစည်းများက ခန့်မှန်းပြောဆိုကြသည်။
စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Subscribe to:
Post Comments (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း
ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ
သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
(၅-၅-၂၀၁၁) ရခိုင်ပြည်နယ် တောင်ကုတ်မြို. စကခ(၅)တွင် တွဲဘက်အဖြစ်တာဝန်ထမ်းဆောင်စဉ်ကဖြစ်ပါသည်။ကျွန်တော်တို. စကခ(၅)တစ်ခုလုံး ရခိုင်ပြည်နယ်မြေပုံ...
-
မောင်တော ဖက်ဝန်းချောင်းရခိုင်ရွာကို ကုလားတိက လိုက်လို့မီးတိုက်နိန်ကြောင်းနန့် မောင်တောမြို့ ဆီးရုံနားဖက်က ထောင်ချီတက်လာရေ လူအုပ်ကြီးကို...
-
ဆွီဒင်နိုင်ငံ လက်ဝဲပါတီက ၂၀၀၆ ခုနှစ် စတော့ဟုမ်းမြို့တွင် ပြုလုပ်သော အလုပ်သမားနေ့ ဆန္ဒပြပွဲ အလုပ်သမားနေ့သည် မေလ ၁ ရက်နေ့ဖြစ်ပြီး အစိုးရရုံးမ...
-
[color=cyan]ဗုဒ္ဓဘာသာ website များ www.dhammadownload.com www.dhammanet.org www.edhamma.com www.mora.gov.mm www.dhammasearch.net မြ...
-
မှတ်မှတ်ရရ တသသ အပိုင်း(၃) (မင်းလွမ်းနောင်) ကျနော်တို. တသသ များ ၂၅၀ ခန်. ဟာ ဟောင်းနွမ်းနေပြီဖြစ်တဲ့ တပ်မတော်မှ ဖော ကား အိုအို...
-
အခမဲ့ အွန်လိုင်း သင်တန်း ၁၀ မျိုးကို နာမည်ကျော် ယေးလ် တက္ကသိုလ်ကြီးက ဖွင့်လှစ်လိုက်သည်။ မြန်မာအပါအ၀င် တကမ္ဘာလုံးမှ အင်တာနက်ကွန်ယက် ဆက်သွယ်ထာ...
-
August 1, 2011 ရက် ၊ 5:02pm တွင် ပြည် တီ ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။ အပြစ်မဲ့ လမ်းသွားလမ်းလ...
-
(သရုပ်ဆောင်သဉ္ဖာဝင့်ကျော်နဲ့ နန်းသီရိမောင်ရေကစားထွက်လာပုံ) ဒီနှစ်မြန်မာ့ရိုးရာသင်္ကြန်မှာ သင်ဇာဝင့်ကျော်အပါအ၀င် တခြားသောအနုပညာရှ...
-
ဆောင်းပါးရှင် တောသားကြီး မြန်မာပြည်မှာ လူမုန်းအများဆုံး အလုပ်က စစ်သား အလုပ်ပါ၊ အရင်က ပြည်သူချစ်သောတပ်မတော်သားတွေကို အခုမုန်...
-
ဆောင်းပါးရှင် နေမင်းသူ Monday, August 1, 2011 at 9:32am ၂၀၁၀ မတ်လထုတ် တိုင်းမှာမဂ္ဂဇင်းမှာပါတဲ့ ရေတပ်စစ်ရေယာဉ်မှူးတစ်ဦးအကြောင်း ဖ...

No comments:
Post a Comment