ယာယီနိုင်ငံကူးလက်မှတ် လေယာဉ်စီးခွင့်ရှိ
ထိုင်း ပြည်တွင်းလေကြောင်းလိုင်း ၄ လိုင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ ဘန်ကောက်မြို့နှင့် ချင်းမိုင်မြို့များသို့နေ့စဉ် ပြေးဆွဲလျှက်ရှိရာ မြန်မာအလုပ်သမားများလည်း ယာယီနိုင်ငံကူး လက်မှတ်သုံး၍ လေယာဉ်ဖြင့်ခရီးသွားလာလျက် ရှိသည်။
မဲဆောက် လေဆိပ်တွင်တွေ့ရသည့် Nok Air လိုင်းမှ လေယာဉ် တစီး(ဓာတ်ပုံ - ဧရာဝတီ)
အထူးသဖြင့် အတာသင်္ကြန်ကာလ မတိုင်မီနှင့် သင်္ကြန်အပြီးတွင် မြန်မာအလုပ်သမား အများဆုံး သွားကြသည်ဟု ဘန်ကောက်ရှိ ခရီးသွားလုပ်ငန်း ကုမ္ပဏီတခုတွင် လုပ်ကိုင်နေသူတဦးက ပြောသည်။
၎င်းက“ကျမ အလုပ်လုပ်နေတာက ယာယီနိုင်ငံကူး လက်မှတ်နဲ့ပါ၊ သင်္ကြန်အကြိုနေ့က ရန်ကုန်ပြန်ဖို့အတွက် မဲဆောက် ကို ဆင်းဖို့ ကားလက်မှတ်ဝယ်လို့မရဘူး၊ ဒါနဲ့ ကျမအလုပ်ရှင်က လေယာဉ်နဲ့ပြန်ဆိုတာနဲ့အဆင်ပြေသွားတာ၊ ဒီ ယာယီ
နိုင်ငံကူး လက်မှတ်နဲ့ လေယာဉ်လက်မှတ်သွားဝယ်တာ ဘာအခက်အခဲမှမရှိဘူး၊ လေယာဉ်ပေါ်မှာလည်း ကျမလိုမြန်မာ တွေ ပါတယ်”ဟု ပြောသည်။
ဘန်ကောက်၊ ချင်းမိုင်နှင့် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်သို့ လေယာဉ်ဖြင့် ခရီးသွားရောက်ကြသည့် မြန်မာများထဲတွင် မြန်မာ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများနှင့် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ကြသည့် မြန်မာရွှေ့ပြောင်း အလုပ် သမား တချို့ ပါရှိသည်။
ဘန်ကောက်မြို့အနီးရှိ ပထုံဌာနီ ပလတ်စတစ် စက်ရုံမှ အလုပ်သမား ကိုစိန် ကမူ“ကျနော်တို့ကတော့ မဲဆောက်ဆင်းရင် လိုင်းကားနဲ့ပဲ ဆင်းတယ်၊ အကောင်းဆုံးဗီအိုင်ပီကားက ဘတ် ၆၀၀ ကျော်ပဲရှိတယ်၊ ၃၀၀ ရာကျော်တန်တောင်ရှိတယ်၊
လေယာဉ်နဲ့ မဲဆောက်ပြန်တဲ့ လူတွေက အလုပ်အကိုင်ကောင်းပြီး လစာများတဲ့လူတွေပဲ ဖြစ်ဖို့ များတယ်၊ အများစုကတော့လိုင်းကားနဲ့ပဲ ပြန်ကြတယ်၊ လေယာဉ်ခက ဘတ် ၃၀၀၀ ဆိုတော့ အသွားအပြန် ဘတ် ၆၀၀၀၊ လူတိုင်းမစီးနိုင်ဘူး” ဟု ဧရာဝတီ သို့ ပြောသည်။
မဲဆောက်မှ နေ့စဉ်ပြေးဆွဲနေသည့် လေကြောင်းလိုင်းများမှာ Nok Air ၊ Kan Air ၊ Happy Air နှင့် Solar Air လေကြောင်း လိုင်းများဖြစ်ပြီး ယခုနှစ်ဆန်းပိုင်းနှင့် ယမန်နှစ် နှစ်ကုန်ပိုင်းများမှစတင်၍ ခရီးသည် ၃၄ ဦးနှင့် ၁၂ ဦး တင်ဆောင် နိုင်သည့် လေယာဉ်ငယ်များဖြင့် ပြေးဆွဲလျက်ရှိသည်။
အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေနေ့များတွင်ပြေးဆွဲသည့် Happy Air လိုင်းသည် ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ် မှ နံနက် ၁၁ နာရီထွက်ပြီး မဲဆောက်သို့ ၁၂ နာရီခွဲတွင် ရောက်ရှိသည်။ မဲဆောက်မှမွန်းလွဲ ၁ နာရီတွင်ပြန်ထွက်ကာ ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ်သို့ မွန်းလွဲ ၂း၂၀ နာရီတွင်ပြန်ရောက်ပြီး လူတဦးလျှင် ၂၉၉၀ ဘတ်ဖြစ်သည်။
Solar Air လိုင်းသည်လူတဦးလျှင် ဘတ်၂၆၉၀ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓ ဟူး၊ သောကြာ နေ့များတွင် ပြေးဆွဲကာ ဘန်ကောက် ဒွန်မောင်းလေဆိပ်မှနံနက် ၁၁ နာရီ ထွက်ပြီးမဲဆောက်သို့ ၁၂ နာရီခွဲတွင်ရောက်ရှိသည်။ မွန်း လွဲ ၁ နာရီ တွင် မဲဆောက်မှပြန်ထွက်ပြီး ဒွန်မောင်းလေဆိပ်သို့ မွန်းလွဲ ၂ နာရီခွဲတွင်ပြန်ရောက်သည်။
ခရီးသည် ၃၄ ဦးတင်ဆောင်နိုင်သည့် Nok Air လိုင်းသည် တဦးလျှင်ဘတ် ၃၀၉၀ နှုန်းဖြင့် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး နှင့် စနေနေ့များတွင်ပြေးဆွဲရာတွင် ဘန်ကောက် ဒွန်မောင်း လေဆိပ်မှ နံနက် ၁၁း၂၀ နာရီတွင်ထွက်ခွာပြီး မဲဆောက်သို့ ၁၂း ၃၅ နာရီတွင် ရောက်ရှိသည်။ မဲဆောက်မှ မွန်းလွဲ ၁၂း ၅၅ နာရီတွင်ပြန်ထွက်ပြီး ဒွန်မောင်း လေဆိပ် သို့ ၁၄း ၁၀ နာရီတွင် ပြန်ရောက်သည်ဟု သိရသည်။
မဲဆောက်လေဆိပ်ရှိ လေကြောင်းလိုင်း မန်နေဂျာတဦးက“နိုင်ငံကူး လက်မှတ်ဖြစ်စေ၊ ယာယီနိုင်ငံကူး လက်မှတ်ဖြစ်စေ၊ ဒီလက်မှတ်တွေဟာ ထိုင်းနိုင်ငံမှာ ထိုင်းလူဝင်မှုကြီးကြပ်ရေး(လ၀က)က ခရီးသွားလာဖို့အတွက် တရားဝင်ခွင့်ပြုချက် ရ ထား ပြီးသားဖြစ်တယ်၊ ဒီလူတွေ ခရီးသွားရင် ကား၊ ရထား၊ လေယာဉ် ကြိုက်တာနဲ့ သွားခွင့်ရှိပါတယ်”ဟု ဆိုသည်။
ချင်းမိုင်-ဘန်ကောက် ခရီးစဉ် တပတ်လျှင် တနလာင်္၊ သောကြာ ၂ ရက်ပုံမှန်ပြေးဆွဲသည့် Kan Air လိုင်းသည် ခရီးသည် ၁၂ ဦးတင်ဆောင်နိုင်ပြီး ချင်းမိုင်မှမွန်းလွဲ ၁ နာရီထွက်ပြီး မဲဆောက်သို့ ၁း ၅၀ နာရီတွင်ရောက်ရှိသည်။ မဲဆောက်မှ မွန်း လွဲ ၂း ၀၅ နာရီတွင်ပြန်ထွက်ပြီး ချင်းမိုင်သို့ ၂း ၅၅ နာရီတွင် ပြန်လည်ရောက်ရှိကာ ခရီးသည်တဦးလျှင် ၁၈၉၉ ဘတ်ဖြစ် သည်။
မဲဆောက် လေဆိပ်တွင် ပုံမှန်လေယာဉ်ခရီးစဉ် ပြေးဆွဲခြင်းမရှိသည်မှာ ၅ နှစ်ခန့်ရှိပြီး အဆိုပါကာလများအတွင်း လေကြောင်းလိုင်း တချို့က မဲဆောက်မှ ဘန်ကောက်ခရီးစဉ်ကို စမ်းသပ်ပြေးဆွဲခဲ့သော်လည်း အကျိုးအမြတ်မရှိသောကြောင့် ရပ်နားခဲ့ကြသည်။
ထိုင်းပြည်တွင်းလေကြောင်းလိုင်း ၄ လိုင်းမှ ဘန်ကောက်၊ ချင်းမိုင်၊ မဲဆောက် ခရီးစဉ်များကို နေ့စဉ်အလှည့်ကျပြေးဆွဲခြင်း သည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု ဒေသခံ ကုန်သည်ကြီးများက ပြောသည်။
စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Subscribe to:
Post Comments (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း
ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ
သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
သိန်းလင်း အတွဲ ၂၆ ၊ အမှတ် ၅၁၃ (၈ - ၁၄ ၊ ၄ ၊ ၂၀၁၁) မြန်မာငွေတန်ဖိုးသည် နိုင်ငံခြားငွေ လဲလှယ်နှုန်းတွင် လာမည့်သုံးလအတွင်း အပြောင်းအလဲတစ်စ...
-
သန်ဝင်းလှိုင် ဧပြီ ၁၁၊ ၂၀၁၁ သခင်ချစ်မောင်(ဝိဓူရ)ကို ၁၉၁၅ ခုနှစ်နိုဝင်ဘာ ၁၅ ရက်သောကြာနေ့ ညနေ ၃ နာရီတွင် ဝံသာနုအသင်းခေါင်းဆောင် မြေပိုင်ရှင...
-
ထိုင်းနိုင်ငံအနှံ့ ရေကြီးမှုကြောင့် အနည်းဆုံး လူ ၂၆၀ ကျော် သေဆုံး၍ ၆ ဦး ပျောက်ဆုံးနေပြီး မြန်မာနိုင်ငံသားများ အပါ အ၀င် ဒေသခံ ၂ သန်းကျေ...
-
မြန်မာ့တပ်မတော် သံချပ်ကာတပ် မြန်မာ့တပ်မတော်ရေထုတ် စစ်ရေယာဉ်များ လေကြောင်းချီတပ်ရင်းများ တပ်မတော်လေ အေ-၅ တိုက်လေယာဉ်များ မြန်မာ့တပ်မတေ...
-
ရန်ကုန်မြို့ ဆူးလေ စေတီတော်တွင် မွန်းလွဲ ၁ နာရီ ခွဲခန့်က သံဃာတော် အပါး ၁၀၀ ကျော်ခန့်သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ဖြစ်စဉ်များနှင့် ပ...
-
ထိုင်းရှိ ရွှေ့ပြောင်းလုပ်သား မှတ်ပုံတင်ခွင့် ဇွန် ၁၅ ရက်စတင် အောင်မြတ်စိုး | ကြာသပတေးနေ့၊ မေလ ၁၂ ရက...
-
( ပရော်ဖက်ဆာဒေါက်တာကြွက် စာမျက်နာမှ ကူးယူဖော်ပြသည်) မိအေးအော်တာပဲ ပြမနေကြပါနဲ. ဂဏာန်းလှပ်တာလေးလဲမြင်အောင် ပြပေးကြပါ...... မြန်မာတွေ မြန...
-
Thursday, 30 June 2011 00:00 မတရား ဖမ်းဆီးကာ ငါးဖမ်းလှေပေါ်သို့ ရောင်းချခံရတော့မည့်...
-
ဘစောတင် Thursday, 09 June 2011 17:59 (ဧရာဝတီ မှကူးယူဖော်ပြသည်) ထိုင်းန...
No comments:
Post a Comment