ဂေဟဗေဒ
ဂေဟဗေဒ (ဂရိဘာသာ oîkos, "ဂေဟာ"; -λογία, -logia, ဘာသာဗေဒ၊ အင်္ဂလိပ် - ecology) သည် သက်ရှိများ ဖြန့်ကျက်တည်ရှိပုံ၊ ဦးရေနှင့် သက်ရှိ အော်ဂင်နစ်ဆင်များနှင့် သဘာဝဝန်းကျင်အကြား မည်သို့ အပြန်အလှန် သက်ရောက်မှု ရှိသည်ကို လေ့လာသည့် သိပ္ပံပညာတရပ်ဖြစ်သည်။ [1] သက်ရှိ အော်ဂင်နစ်ဆင်၏ ပတ်ဝန်းကျင်တွင် ရုပ်သတ္တိများ ပါဝင်သည်။ ယင်းသတ္တများတွင် အဇီဝအချက်များဖြစ်သည့် နေရောင်ခြည်၊ ရာသီဥတု၊ ဘူမိအနေအထားနှင့် ဇီဝအချက်များဖြစ်သည့် ယင်းသက်ရှိများနှင့်အတူ ကျက်စားနေထိုင်ကြသည့် အခြားသက်ရှိများ ပါဝင်သည်။ [2]
"Ecology" ဆိုသည့် ဝေါဟာရကို နှုတ်ပြောစကားအနေဖြင့် social ecology၊ deep ecology စသည်တို့တွင် ထည့်သွင်းသုံးနှုန်းကြသကဲ့သို့ သဘာဝဝန်းကျင် သို့မဟုတ် သဘာဝဝန်းကျင် ထိန်းသိမ်းရေးဝါဒ ဟူသောစကားလုံးများ၏ အဓိပ္ပာယ်တူ ဝေါဟာရအဖြစ် အသုံးပြုလေ့ရှိသည်။
Ecology သို့မဟုတ် oekologie ဟူသော ဝေါဟာရကို ဂျာမန် ဇီဝဗေဒပညာရှင် Ernst Haeckel က ၁၈၆၆ ခုနှစ်တွင် တီထွင်ခဲ့ပြီး "အော်ဂင်နစ်ဆင်နှင့် ယင်းတို့၏ ပတ်ဝန်းကျင်အကြား ဆက်နွှယ်မှုအား လေ့လာသည့် သိပ္ပံပညာရပ်"ဟု အဓိပ္ပာယ် သတ်မှတ်ခဲ့သည်။[3] Haeckel သည် ဤသဘောတရားကို အသေးစိတ် ဆက်လက် ပြုစုခဲ့ခြင်းမရှိပါ။ ပထမဦးဆုံးသော ပြဋ္ဌာန်းစာအုပ်ကို (တက္ကသိုလ်တွင် ပထမဦးဆုံးသော သင်တန်းနှင့်အတူ) ဒိန်းမတ် ရုက္ခဗေဒပညာရှင် Eugenius Warmingက ရေးသားခဲ့သည်။ ယင်းစောစောပိုင်း စာအုပ်ကြောင့် Warming အား ဂေဟဗေဒပညာရပ်အား ထူထောင်ခဲ့သူဟု နောင်လာနောက်သားများက အသိအမှတ်ပြုကြသည်။ [4]
[ပြင်ဆင်ရန်] ကျမ်းကိုး
- ↑ Begon, M.; Townsend, C. R., Harper, J. L. (2006). Ecology: From individuals to ecosystems. (4th ed.). Blackwell. ISBN 1405111178.
- ↑ Campbell, Neil A.; Brad Williamson; Robin J. Heyden (2006). Biology: Exploring Life. Boston, Massachusetts: Pearson Prentice Hall. ISBN 0-13-250882-6.
- ↑ Frodin, D.G. (2001). Guide to Standard Floras of the World. Cambridge: Cambridge University Press, 72. ISBN 0-521-79077-8. “[ecology is] a term first introduced by Haeckel in 1866 as Ökologie and which came into English in 1873”

No comments:
Post a Comment