ရာဇပလ္လင်
ဘုရင်တို့ ထိုင်သော နေရာ (ခုံ) ဖြစ်သည်။ အနိမ့် ၊ အမြင့် ပမာဏကို လိုက်၍ ရာဇပလ္လင် (၃) မျိုး ခွဲခြားနိုင်သည်။ ၄င်းတို့မှာ -- ၁၆ တောင်ရှိသော မဟာပလ္လင်
- ၈ တောင်ရှိသော မဇ္ဈိမပလ္လင်
- ၄ တောင်ရှိသော စူဠပလ္လင်တို့ ဖြစ်သည်။
ထားရှိရာ နေရာကိုလိုက်၍ ပလ္လင် (၈) မျိုး ရှိသည်။
ပလ္လင် ရှစ်ခန်း | |||||
စဉ် | ပလ္လင်အမည် | ခံသောအရုပ် | ထုလုပ်သည့် သစ်သား | အသုံးပြုသည့် ကိစ္စ | ထားရှိသည့် နေရာ |
၁ | သီဟာသနပလ္လင် | ခြင်္သေ့အရုပ် | ယမနေသား | မင်းတို့ ပူဇော်ခံရာ | မြေနန်းတော် ၊ လွှတ်တော် |
၂ | ဘမယာသနပလ္လင် | ပိတုန်းရုပ် | ကရဝေးသား | စက်တော်ခေါ်ရာ | မှန်နန်းဆောင် |
၃ | ပဒုမ္မာသနပလ္လင် | ပဒုမ္မာကြာပွင့် | သရက်သား | ကန်တော့ခံရာ | အနောက်ဇေတ၀န်ဆောင် |
၎ | ဟံသာသနပလ္လင် | ဟင်္သာရုပ် | သင်္ကန်းသား | ၀တ်ပြုရာ | အရှေ့ဇေတ၀န်ဆောင် |
၅ | ဂဇာသနပလ္လင် | ဆင်ရုပ် | စကားသား | လက်ဆောင်တော် ခံယူရာ | ဗြဲတိုက် |
၆ | သင်္ခါသနပလ္လင် | ခရုသင်းရုပ် | တောင်ပိန္နဲသား | တရားစီရင်ရာ | လေသာဆောင် |
၇ | မိဂါသနပလ္လင် | သူရဲရုပ် | ရေသဖန်းသား | အလှူတော် ရေစက်ချရာ | တောင်စမုတ်ဆောင် |
၈ | မယုရာသနပလ္လင် | ဥဒေါင်းရုပ် | ပေါက်သား | ကန်တော့ပန်း သိမ်းရာ | မြောက်စမုတ်ဆောင် |
No comments:
Post a Comment