S Pass
S Pass ဟာ ၂၀၀၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ EP Q2 ကို အစားထိုးခဲ့တဲ့ Pass အသစ်ဖြစ်ပါတယ်။ S Pass ရဲ့ အနက်အဓိပ္ပာယ်ကို သက်ဆိုင်ရာ Website တွေမှာ တရားဝင်ပြောကြားထားခြင်းမရှိပေမယ့် Skill Pass လို့
မှတ်သားရပါတယ်။ ပညာအရည်အချင်း (အသိအမှတ်ပြု) ဒီပလိုမာ သို့မဟုတ် ဘွဲ့တစ်ခုခုရထားသူတွေမှာ သက်ဆိုင်ရာ အလုပ်အတွက် သင့်တင့်လျောက်ပတ်တဲ့ အတွေ့အကြုံနဲ့ အောင်လက်မှတ်တွေ ရှိမယ်၊ လစာလည်း အနည်းဆုံး ၁၈၀၀ ရမယ်ဆိုရင် S Pass လျှောက်ထားလို့ ရပါတယ်။ စင်ကာပူမှာ အလုပ်လုပ်နေတဲ့ မြန်မာအများစုဟာ S Pass ကိုင်ဆောင်ထားသူတွေ ဖြစ်ပါတယ်။ လစာ ၁၈၀၀ အနည်းဆုံးပေးရမယ်ဆိုပေမယ့် အလုပ်မဖြစ်မနေ ရရမယ့်လူနဲ့ ကပ်စေးနဲတဲ့ အလုပ်ရှင်နဲ့ တွေ့တဲ့အခါမျိုးမှာ အချင်းချင်းညှိနှိုင်းကြပြီး ၁၅၀၀ (တခါတလေ ၁၂၀၀လောက်တောင်ရှိပါတယ်) လောက်ပဲပေးပြီး S Pass ရအောင် တင်ပေးကြပါတယ်။ S Pass တင်တဲ့အခါမှာတော့ လစာကို ၁၈၀၀ လို့ ဖြည့်စွက်ကြတယ်ထင်ပါတယ်။ S Pass လျှောက်တာ နတ်ကြီးတယ်၊ ရချင်မှ ရတယ်ပြောကြပေမယ့် တကယ်တော့ S Pass ဟာ Point Based ပုံစံသွားတာဖြစ်လို့ အလုပ်နဲ့ ကိုယ့် Background ကိုက်ညီရင် ရဖို့ကျိန်းသေသလောက်ပါပဲ။ Point Based ဆိုတာက လုပ်ငန်းခွင်ရဲ့ လိုအပ်ချက်တွေ ဒီလုပ်သားမှာ ဘယ်လောက်များများ ပိုင်ဆိုင်နေလို့ ကုမ္ပဏီက ဒီလစာနဲ့ ခန့်ထားတာလဲဆိုတာကို စစ်တာပါ။ ဥပမာ အလှပြင်ဆိုင်က Customer Service ဝန်ထမ်းလိုနေချိန်မှာ မာစတာဘွဲ့ရ အင်ဂျင်နီယာတစ်ယောက် သွားလျှောက်တယ်ဆိုရင် သိပ်အဆင်မပြေနိုင်ပါဘူး။ နောက်ထပ် S Pass မရကြတဲ့အကြောင်းပြချက်တစ်ခုက ကုမ္ပဏီမှာ S Pass ခွဲတမ်း (Quota) ကုန်နေလို့ပဲ ဖြစ်ပါတယ်။ စင်ကာပူအစိုးရရဲ့ သတ်မှတ်ချက်အရ ကုမ္ပဏီတစ်ခုလုံးမှာရှိတဲ့ ဝန်ထမ်းအင်အားရဲ့ ၂၅% ကိုပဲ S Pass နဲ့ ခန့်ထားခွင့်ပြုပါတယ်။ S Pass နဲ့ အလုပ်လုပ်နေသူတွေထဲက လစာ SGD ၂၅၀၀ ကျော်သူတွေဟာလည်း EP သမားတွေလိုပဲ မှီခိုအနေနဲ့ အိမ်ထောင်ဘက်နဲ့ အသက် ၂၁ နှစ်အောက် သား၊သမီးတွေကို ခေါ်ထားခွင့်ရကြပါတယ်။ S Pass လျှောက်ထားသူတွေဟာ ကဒ်ပြားထုတ်ယူဖို့အတွက် လိုအပ်တဲ့စာရွက်စာတမ်းမူရင်းတွေနဲ့အတူ ကျန်းမာရေး ဆေးစစ်ချက်လက်မှတ်ကိုလည်း ပူးတွဲတင်ပြရမှာ ဖြစ်ပါတယ်။
တင်ထားတဲ့ Pass ကို အစိုးရက အတည်ပြုလိုက်တယ်ဆိုရင်တော့ ကုမ္ပဏီကို In-Principle Approval (IPA) Letter လို့ခေါ်တဲ့ အကြောင်းကြားစာ ပို့ပေးပါတယ်။ ကဒ်ပြားထုတ်ယူဖို့အတွက်ကို အဲဒီစာအပြင် Passport ၊ ဆေးစစ်ချက် နဲ့ ကုမ္ပဏီက ဝယ်ပေးတဲ့ ကျန်းမာရေး အာမခံမိတ္တူတို့ ယူသွားရမှာဖြစ်ပါတယ်။ စင်ကာပူမှာ အလုပ်လုပ်လိုသူတွေ အနေနဲ့ HIV/AIDS, TB, B ပိုးတို့ကို အဓိက စစ်ရပါတယ်။ တစုံတရာ အားနည်းချက်ရှိနေရင်တော့ အဆင်မပြေနိုင်ပါဘူး။ တချို့တွေက ရန်ကုန်က ဆေးစစ်လာတယ်ဆိုပေမယ့် ဒီမှာ Pass လျှောက်တဲ့အခါ စင်ကာပူဆရာဝန်တွေရဲ့ ဆေးစစ်ချက်အဖြေကို တောင်းခံလေ့ရှိပါတယ်။
စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Subscribe to:
Post Comments (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း
ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ
သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
စိုင်းစိုင်းခမ်းလှိုင် မွေးသက္ကရာဇ် ၁၉၇၉ ခုနှစ် ဧပြီလ (၁၀) ရက် အမည်ရင်း မိဘအမည် စိုင်းခမ်းလှိုင် +စဝ်ဝေဠုသိဂီ င်္ နိ...
-
ခေတ်နှင့်လျော်ညီသည့် လုပ်ခလစာ သတ်မှတ်ပေးရန် တောင်းဆို မြန်မာ အစိုးရအနေဖြင့် အလုပ်သမားများအား ခေတ်ကာလနှင့် လျော်ညီသော အနိမ့်ဆုံးလုပ်ခလစာ သတ...
-
မြစ်ကြီးနား အကျဉ်းထောင်မှ ကိုသူရ(ခ) ဇာဂနာ ပြန်လည် လွတ်မြောက်လာကြောင်း ကိုဇာဂနာက ခယ်မဖြစ်သူ မငြိမ်းက Eleven Media Group သို့ အတည်ပြု ပြော...
-
Sunday, May 8, 2011 Posted by Admin at 12:47 PM Labels: News , သတင်း (The Yangon Times ဂျာနယ်ထဲက တွေ့လို့ စိတ်ဝင်စားတာနဲ့ ကူးယူ...
-
ဗမာစစ်တပ် ဗမာစစ်သား ဆိုတာ (မင်းလွမ်းနောင်) ဗမာစစ်တပ် ဆိုပြီးသုံးနှုံးနေသူများ ဖေ့ဘွတ်စာမျက်နာပေါ်တွင်တွေ.မြင် လာရ သည်မှာ နေ.စဉ်လိုလိုဖြစ...
-
ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရနောင်းမြို.) မြန်မာနိုင်ငံမှ ဈေးအသက်သာဆုံးသော ပြည်ပထွက်ခွာမှု. (တရားမ၀င်)များတွင် မြန်မာနို...
-
မြန်မာ ရေလုပ်သားများ လစာလျှော့ချခံရ၍ အခက်ကြုံ Tuesday, 19 April 2011 18:42 ထိုင်းနိုင်ငံတောင်ပိုင်း ချုံဖော် ပါနန်း အရပ်ဒေသရှိ ငါးဖမ်းလေ...
-
ဓါတ်ပုံကို နှိပ်ပြီးပုံကြီးချဲ. ကြည့်ပါရန်
-
(FED စာမျက်နာမှ ကူးယူဖော်ပြသည်) Thursday, 22 March 2012 00:00 ထိုင်းနိုင်ငံမှ ထုတ်ပေးထားသည့် အလ...
No comments:
Post a Comment