ပေလေးပင် သျှင်လေးပါး
မြန်မာသက္ကရာဇ် ၈၀၀-ပြည့်နှစ် အင်းဝခေတ် မိုးညှင်းမင်းတရားလက်ထက်ရောက်လျှင် တောင်တွင်းကြီးမြို့မှ တဘောင်တစ်ခု ပေါ်ထွက်လာခဲ့သည်။ အဆိုပါတဘောင်မှာ "ဘုရားရှစ်သောင်း၊ လေးထောင်ဆောင်း၍၊ ကိန်းအောင်းစံရန်၊ ဓမ္မခန်သည်၊ သံတောင်ဖြိုးမြင့်၊ စွင့်လိမ့်လေ။ အကိုက်လေးဖော်၊ မြေမှပေါ်သော်၊ ရှင်ကျော်လေးဦး၊ ခူးလိမ့်လေ။ ခူးလည်းခူးလတံ့၊ ကူးလည်းကူးလတံ့၊ မြူးလည်းမြူးလတံ့ "လို့ ဖြစ်ပါတယ်။
တဘောင်စကားအရ "အကိုက်လေးဖော်" ဆိုသည်မှာ ပေပင်အစို့ အကိုက်လေးစို့ ဟုဆိုလိုခြင်းဖြစ်ပြီး ပေဆိုသည်မှာ စာပေကို ဆိုလိုသည့်အတွက် စာပေကျမ်းဂန်တတ်ကျွမ်းသော
ရှင်သာမဏေပုဂ္ဂိုလ်ကျော် လေးပါး ပေါ်မည့်အကြောင်း ငှက်ပစ်တောင် ဆရာတော်မှအတိတ်နိမိတ် ကောက်သည်။
မကြာမီ ထိုနှစ်တွင်ပင် တောင်တွင်းကြီးမြို့ မြောက်ဘက်၊ မြို့လုလင်ရွာ၊ သတိုးထမ်းရွာ၊ မကျည်းယောင်ရွာ တို့မှာ ပေစို့ကြီး လေးစို့ မြေကြီးထဲက ပေါ်ထွက်လာ၍ မြို့သူမြို့သားများက "ပေလေးပင်၊ သျှင်လေးပါး" ပေါ်တော့မည်ဟုဆိုပြီး ၀မ်းသာအားရ ဖြစ်ကြသည်။ ထိုနိမိတ် အတိုင်း ၈၁၅-ခုနှစ်အရောက်တွင်
မြို့လုလင်ရွာမှ မောင်ဥက္ကာ (သျှင်ဥတ္တမကျော်)
မောင်ညို (သျှင်မဟာသီလဝံသ)
သတိုးထမ်းရွာမှ သျှင်အုန်းညို နှင့်
မကျည်းယောင်ရွာမှ သျှင်ခေမာ
ဟူ၍ ပုဂ္ဂိုလ်လေးပါး ပေါ်ပေါက်လာခဲ့ပါသည်။ ထိုပုဂ္ဂိုလ်လေးပါးကို ပေလေးပင်၊ သျှင်လေးပါး ဟုခေါ်ခြင်း ဖြစ်သည်။
ပေလေးပင် သျှင်လေးပါး-ဆိုသည့် စကားသည် ကိုလိုနီခေတ်ဦးပိုင်းမှ တွေ့ရသော စကားဖြစ်သည်ဟု ဆို၏။ ရှေးက စာတွေထဲတွင် ထိုပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိကို ဖော်ပြရာမှာ ပေလေးပင် သျှင်လေးပါးအကြောင်း မပါပါ။ ထင်ထင်ရှားရှား စတွေ့ရသည်မှာ ၁၉၁၁-ခုနှစ်၊ ဦးအောင်ဆိုသူ မြန်မာပညာရှိကြီး ရေးသားသော သျှင်ဥတ္တမကျော်နှင့် ခုံတော်မောင်ကျဘမ်း စကားစစ်ထိုးခန်း-ဆိုသော က၀ိသေနင်္ဂဗျူဟာကျမ်းမှာ ဖြစ်ပါသည်။
စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Subscribe to:
Post Comments (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း
ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ
သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
မောင်တော ဖက်ဝန်းချောင်းရခိုင်ရွာကို ကုလားတိက လိုက်လို့မီးတိုက်နိန်ကြောင်းနန့် မောင်တောမြို့ ဆီးရုံနားဖက်က ထောင်ချီတက်လာရေ လူအုပ်ကြီးကို...
-
[color=cyan]ဗုဒ္ဓဘာသာ website များ www.dhammadownload.com www.dhammanet.org www.edhamma.com www.mora.gov.mm www.dhammasearch.net မြ...
-
ဆွီဒင်နိုင်ငံ လက်ဝဲပါတီက ၂၀၀၆ ခုနှစ် စတော့ဟုမ်းမြို့တွင် ပြုလုပ်သော အလုပ်သမားနေ့ ဆန္ဒပြပွဲ အလုပ်သမားနေ့သည် မေလ ၁ ရက်နေ့ဖြစ်ပြီး အစိုးရရုံးမ...
-
ရှင်မင်းယာ 'တောမီးလောင် တောကြောင် လက်ခမောင်းခတ်' ဟူသော စကားကို လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပွား နေသော ဆူပူအုံကြွ...
-
မြင်းခြံမြို့၊မြောက်ဈေး၊ လမ်းဘေးမှာ မိုးကာတဲလေးနဲ့ မလုံမခြုံနေရရှာတဲ့ မိမိအမည်ကိုတောင်မပြောနိုင် တဲ့ စိတ်ရောဂါရှင်ပါ။ ကလေးလေးမွေးဖွားပြီ...
-
(သရုပ်ဆောင်သဉ္ဖာဝင့်ကျော်နဲ့ နန်းသီရိမောင်ရေကစားထွက်လာပုံ) ဒီနှစ်မြန်မာ့ရိုးရာသင်္ကြန်မှာ သင်ဇာဝင့်ကျော်အပါအ၀င် တခြားသောအနုပညာရှ...
-
ဧရာဝတီ Wednesday, 13 July 2011 11:52 သတင်းတိုများ ...
-
at Wednesday, June 15, 2011 ထိုင်းနိုင်ငံအလယ်ပိုင်း ဆူဖန်ဘူရီခရိုင်မှာ ထိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေး (ဗဟို) ရဲတပ်ဖွဲ့နဲ့ မြန်...
No comments:
Post a Comment