မန်မာရွှေ့ပြောင်းအလုပ်သမားတို့ သိသင့် သိထိုက်တဲ့ မလေးရှားနိုင်ငံ၏ အလုပ်သမား ဥပဒေမေး။ ။ မည်သို့သောအလုပ်သမားသည် မလေးရှားအလုပ်သမားဥပဒေပါ အခွင့်အရေးများကို ခံစားခွင့်ရှိသနည်း။
ဖြေ။ ။ လစာငွေ ရင်းဂစ် ၁၅ဝဝိ/ အောက်ဝင်ငွေရှိသော အလုပ်သမားအားလုံး
ခံစားခွင့်ရှိသည်။ အထွေထွေအလုပ်သမားများအတွက်မူ
လစဉ်ဝင်ငွေဘယ်လောက်ပင်ဖြစ်စေ အကြုံးဝင်သည်။အလုပ်ရှင်နှင့်
စာချူပ်ချူပ်၍ လုပ်ကိုင်နေသော အလုပ်သမားများ လည်း အကြုံး ဝင်သည်။
မေး။ ။ လုပ်ငန်းသဘောတူ စာချူပ်ဆိုသည်မှာ ဘယ်အရာကိုခေါ်သနည်း။
ဖြေ။ ။ လုပ်ငန်းသဘောတူ စာချူပ်ဆိုသည်မှာ လူတဦးသည် တခြားလူ တဦးထံ၌
အလုပ်သမားအဖြစ် အလုပ်လုပ်ကိုင်ခြင်းကိုဆိုလိုပါသည်။ လုပ်ငန်းသဘောတူ
စာချူပ်တွင် နှုတ်အားဖြင့်၎င်း စာအားဖြင့်၎င်း (၂)မျိုးရှိနိုင်ပါသည်။
အလုပ်သမားအနေဖြင့် လုပ်ငန်းသဘောတူစာချူပ် မိတ္တူတစ်စောင်ကို သိမ်းစည်းထား
ခွင့်ရှိသည်။
မေး။ ။ မလေးရှားအလုပ်သမားဥပဒေ ၁၉၅၅ သည် ရွှေ့ပြောင်းအလုပ်သမားများအတွက် အကြုံးဝင်ပါသလား။
ဖြေ။ ။ ဟုတ်ကဲ့။ ရွှေ့ပြောင်းအလုပ်သမားများလည်း အကြုံးဝင်ပါသည်။
မေး။ ။ မလေးရှားအလုပ်သမားဥပဒေ ၁၉၅၅တွင် မည်သို့သော အခွင့်အရေးများကို တွေ့နိုင်ပါသနည်။
ဖြေ။ ။ အလုပ်သမားတို့၏ ရပိုင်ခွင့်အားလုံးပါဝင်ပါသည်။ ဆိုလိုသည်မှာ ပုံ
မှန်အလုပ်ချိန်သတ်မှတ်ချက်၊အချိန်ပိုအလုပ်နှင့်
လုပ်အားခပေးချေမှု၊ လုပ်သက်ခွင့်၊ အများပြည်သူအားလပ်ရက်ခွင့်၊
ကျန်းမာရေးခွင့်၊ လစာငွေစသည်တို့ဖြစ်ကြပါသည်။ ထို့အပြင် အလုပ်ရှင်အနေဖြင့်
အလုပ်သမားထံမှ လစာငွေဖြတ်တောက်ခြင်းကို ဥပဒေဘောင်အတွင်း
မှသာ ဖြတ်တောက်ခွင့်ရှိသည်။ အမျိုးသမီးများအနေဖြင့်
မီးဖွားခွင့်ကို ခံစားခွင့်ရှိသည်။
မေး။ ။ အကယ်၍ အလုပ်သမားတဦးသည် အလုပ်ရှင်နှင့် စာချူပ်ချူပ်ဆို၍
လုပ်ကိုင်ခဲ့သော် ၄င်းအနေဖြင့် ၁၉၅၅ အလုပ်သမားဥပဒေနှင့်အကြုံး ဝင်ပါသလား။
ဖြေ။ ။ ဟုတ်ကဲ့ အကြုံးဝင်ပါသည်။စာချူပ်တွင်မည်သို့သော အခွင့်အရေး များ
ပါဝင်သည်ကို သေချာစွာ ကြည့်ရူပါ။ အလုပ်သမားဥပဒေသည် ကောင်းမွန်သော်လည်း
ထိုအခွင့်အရေးများ သင်၏စာချုပ်တွင် ပါ ဝင်ခြင်းရှိမရှိ
စစ်ဆေးပါ။ မပါရှိခဲ့သော် ဖြည့်စွက်ရေးသားရန် တောင်း ဆိုပိုင်ခွင့်ရှိသည်။
မေး။ ။ ပုံမှန်အလုပ်ချိန်ဆိုသည်မှာ ဘာကိုဆိုလိုပါသနည်း။
ဖြေ။ ။ အလုပ်ရှင်နှင့်အလုပ်သမား လုပ်ငန်းသဘောတူ စာချူပ်ချူပ်ဆိုစဉ်
သဘောတူညီထားသော သာမန်အလုပ်ချိန်ကိုခေါ်ဆိုပါသည်။
ပုံမှန်အလုပ်ချိန်တွင်
၁။ တနေ့လျှင် ၈ နာရီ သတ်မှတ်ပြီး နားရက်ပါဝင်ပါသည်။
၂။ ၅ နာရီဆက်တိုက် အလုပ်လုပ်ခဲ့ရသော် မိနစ် ၃ဝ ထက် မနည်းသော နားချိန်ကိုရရှိရမည်။
၃။ တပတ်တွင် ၄၈ နာရီ ပုံမှန်အလုပ်ချိန်ရှိသည်။ အပြန်အလှန်ချူပ်ဆိုထားသော
စာချူပ်တွင် တနေ့အလုပ်ချိန် ၉ နာရီ ချူပ် ဆိုနိုင်သော်လည်း တပတ်တွင် ၄၈
နာရီထက် မပိုရပါ။
မေး။ ။ အချိန်ပိုအလုပ်ချိန်ဆိုသည်မှာ ဘာကိုခေါ်ပါသနည်း။
ဖြေ။ ။ အချိန်ပိုအလုပ်ချိန်ဆိုသည်မှာ ပုံမှန်အချိန် ၈ နရီထက်ကျော်လွန်၍ လုပ်ရသော အလုပ်ချိန်ကို
ဆိုလိုသည်။
မေး။ ။ အချိန်ပိုအလုပ်ချိန်အတွက် လုပ်အားခ မည်မျှရနိုင်ပါသနည်း။
ဖြေ။ ။ အချိန်ပိုလုပ်အားခသည် အောက်ဖေါ်ပြပါအတိုင်း ရရှိရမည်း။
၁။ သာမာန်အလုပ်ရက်အတွက် အချိန်ပို ၁ နာရီ လုပ်အားခ သည် သာမာန်အလုပ်ချိန် ၁ နာရီ လုပ်အားခ၏ တဆခွဲ။
၂။ နားရက်တွင် အလုပ်လုပ်ခဲ့ရသော် သာမာန်အလုပ်ချိန် ၁ နာရီ လုပ်အားခ၏ နှစ်ဆ။
၃။ အများပြည်သူ အားလပ်ရက်တွင် အလုပ်လုပ်ခဲ့ရသော် သာ မာန်အလုပ်ချိန် ၁ နာရီ လုပ်အားခ၏ သုံးဆ ရရှိရမည်။
မေး။ ။ အလုပ်သမားအနေဖြင့် တစ်လတွင် အချိန်ပို အလုပ်ချိန်နာရီမည်မျှ
လုပ်ကိုင်နိုင်သည်ဟုအလုပ်သမားဥပဒေတွင် ကန့်သတ်ထားမှုရှိပါသလား။
ဖြေ။ ။ အလုပ်သမားတဦးအနေဖြင့် တစ်လလျှင် အချိန်ပို ၁ဝ၄ နရီထက်ကျော်လွန်၍ လုပ်ကိုင်ရန် မလိုပါ။
မေး။ ။ လုပ်ငန်းသဘောတူစာချူပ်တွင် လုပ်အားခပေရမည့်အချိန်ကို အသေးစိတ် ဖော်ပြ၍ လိုက်နာ ရန်အချက်အဖြစ် သတ်မှတ်ထားပါသလား။
ဖြေ။ ။ လုပ်ငန်းသဘောတူစာချူပ်တွင် လုပ်အားခ ပေးရမည့်အချိန်နှင့် ပက်သက်၍ အသေးစိတ်ဖော် ပြရမည်။ တစ်လထက်ပို၍ ဖော်ပြခွင့်မရှိ
စေရ။ အကယ်၍မည်သည့်သတ်မှတ်ချက်မှ ဖော်ပြမ ထားခဲ့သော်လုပ်အားခ ပေးရမည့် အချိန်သတ်မှတ်ချက်ကို တစ်လဟုသတ်မှတ်နိုင်သည်။
မေး။ ။ အလုပ်ရှင်နေဖြင့် လုပ်အားခကို မည်သည့်အချိန်တွင်ပေးရမည်နည်း။
ဖြေ။ ။ လုပ်အားခ ( ဥပဒေနှင့်အညီဖြတ်တောက်ပြီး) ကို လုပ်အားခပေးရမည့်
အချိန်ကျော်လွန်ပြီးနောက် (၇) ရက်ထက် မကျော်လွန်ပဲပေးဆောင်ရမည်။ အကယ်၍
အကြောင်းတဆုံတရာကြောင့် နောက်ကျ၍ ပေးဆောင်ရန်ဖြစ်ပေါ်ခဲ့သော်
လုပ်ငန်းရှင်အနေဖြင့် အလုပ်သမားဌာနညွှန်ကြားရေး မှုးချူပ်ထံသို့တင်ပြပြီး
လျှောက်ထားနိုင်သည်။
မေး။ ။ ဥပဒေနှင့်အညီ လစာငွေဖြတ်တောက်ခြင်းဆိုသည်မှာ ဘာကိုဆိုလိုပါသနည်း။
ဖြေ။ ။ ၄င်းတို့မှာ ဥပဒေအရခွင့်ပြုထားသော အလုပ်သမားဖူလုံးရေးရန်ပုံ
ငွေနှင့် အသက်အာမခံကြေး ပေးဆောင်ရန်အတွက် ဖြတ်တောက်
ခြင်းကို ဆိုလိုပါသည်။ အလုပ်သမားဥပဒေတွင် လွန်ခဲ့သော ၃ လ
က အကြောင်းတစုံတရာကြောင့် အလုပ်ရှင်ထံမှချေးယူထား သော
ငွေအား ဖြတ်တောက် ခွင့်ပြုထားပါသည်။ သို့သော်လည်းတစ်လ
စာလုပ် အားခထက်ပိုသော ငွေကြေး ဖြတ်တောက်ခြင်းကို ခွင့်မပြုပါ။
မေး။ ။ ဥပဒေအရ ခွင့်ပြုထားသော အများဆုံးလစာငွေဖြတ်တောက်ခြင်း
မှာဘယ်လောက်ရှိပါသနည်း။
ဖြေ။ ။ လစာငွေဖြတ်တောက်မည့်ကာလတွင် အလုပ်သမားရရှိခဲ့သော လုပ်
အားခ၏ တဝက်ကိုသာ ဖြတ်တောက်ခွင့်ရှိသည်။ ထိုကြောင့် အလုပ်
သမားအနေဖြင့် လစာငွေ၏တဝက်ကို ရရှိရမည်။
မေး။ ။ လုပ်ငန်းသဘောတူစာချူပ် ပုံမှန်ပြီးဆုံးခဲ့သော် မည်သည့်အချိန်တွင်
အလုပ်သမားအနေဖြင့် လစာငွေရရှိရမည်နည်း။
ဖြေ။ ။ လုပ်ငန်းသဘောတူစာချူပ် ပုံမှန် ပြီဆုံးရန် တစ်ရက်အလိုတွင်အလုပ်
သမားအနေဖြင့် သူ၏လစာငွေကို ရရှိရမည်။
မေး။ ။ ဥပဒေအရ အမျိုးသမီးများ မလုပ်ကိုင်ရန်တားမြစ်ထားသော အလုပ်
များ ရှိပါသလား။
ဖြေ။ ။ ဥပဒေအရ အမျိုးသမီးများ မလုပ်ကိုင်ရန်တားမြစ်ထားသော အလုပ်
အကိုင်များမှာ မြေအောက် တွင်လုပ်ကိုင်ရသော လုပ်ငန်းများကို
အထူးတားမြစ်ထားသည်။ စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများ
တွင်မှု ည ၁ဝ နာရီမှ ၅ နာရီအတွင်း လုပ်ရသော လုပ်ငန်းများအ
တွက် အလုပ်သမား ဌာနညွှန့်ကြားရေးမှူးချူပ်၏ ခွင့်ပြုမိန့် ရရှိမှ
သာ လုပ်ကိုင်နိုင်မည်။
မေး။ ။ ဥပဒေအရ အားလပ်ရက် မည်မျှခံစားခွင့်ရှိသနည်း။
ဖြေ။ ။ အလုပ်သမားအနေဖြင့် တစ်ပတ်တွင်တစ်ရက် အားလပ်ရက် ခံစား
ခွင့်ရှိသည်။
မေး။ ။ အလုပ်ရှင်သည် လုပ်ငန်းလိုအပ်ချက်ကြောင့် အလုပ်သမားကို အား
လပ်ရက်တွင် အလုပ်လုပ်ကိုင်ရန်ခွင့်ပြုပါသလား။
ဖြေ။ ။ အောက်ဖော်ပြပါအချက်များနှင့်ကိုက်ညီမှသာ အလုပ်ရှင်သည် အ
လုပ်သမားကို အားလပ်ရက်တွင် အလုပ်ခိုင်းစေနိုင်ပါသည်။ ဥပမာ
(၁) လူမှုအဖွဲ့ အစည်း၏ဘဝအတွက် မရှိမဖြစ်လိုအပ်သော်
(၂) နိုင်ငံ၏လုံခြုံရေးနှင့် ကာကွယ်ရေးအတွက် မရှိမဖြစ်လို
အပ်သော်
(၃) သစ်ပင်ပန်းမန်နှင့် စက်ပစ္စည်းများအတွက်လက်ငင်းလို
အပ်ချက်
(၄) ကြိုတင်ခန့် မှန်း၍မရနိုင်သော လုပ်ငန်းအနှောက်အ
ယှက်များကြောင့် အလုပ်လိုအပ်ခဲ့သော် တို့ ဖြစ်ကြသည်။
အထက်ပါအချက်များအားလုံးသည် မလေးရှားနိုင်ငံ၏ စီးပွားရေးအတွက်
မလုပ်မဖြစ်လိုမှသာ လုပ်ကိုင်နိုင်သည်။ ထို့ အပြင် ၄င်းလိုအပ်ချက်များနှင့်
ပတ်သက်၍စက်မှုလုပ်ငန်းများဆိုင်ရာ နည်းဥပဒေ ၁၉၆၇ တွင်အသေးစိတ်
ဖော်ပြထားသည်။
မေး။ ။ အားလပ်ရက်တွင် အလုပ်လုပ်ကိုင်ရသော် လစာငွေမည်သို့ ခံစား
နိုင်ပါသနည်း။
ဖြေ။ ။ အားလပ်ရက်တွင် အလုပ်လိုအပ်ချက်ကြောင့် အလုပ်လုပ်ကိုင်ရ
သော် သာမန်တစ်ရက်လုပ်အားခကို အပိုဆောင်းငွေအဖြစ် ထပ်
ဆောင်းခံစားခွင့်ရှိသည်။
မေး။ ။ အလုပ်သမားသည် တနှစ်တွင် အများပြည်သူအားလပ်ရက် မည်မျှ
ခံစားခွင့်ရှိသနည်း။
ဖြေ။ ။ အလုပ်သမားအနေဖြင့် တနှစ်တွင် ၁ဝရက်ထက်မနည်းသော အများ
ပြည်သူ အားလပ်ရက် ခံစားခွင့်ရှိသည်။
မေး။ ။ အများပြည်သူအားလပ်ရက်တွင် အလုပ်လုပ်ကိုင်ရသော် လစာငွေ
မည်သို့ ခံစားနိုင်ပါသနည်း။
ဖြေ။ ။ အများပြည်သူအားလပ်ရက်တွင် အလုပ်လုပ်ကိုင်ရသော် လုပ်အားခ
အနေဖြင့် သာမန်တစ်ရက်လုပ်အားခအပြင် ထိုလုပ်အားခ၏ ၂ဆ
ကိုပါတစ်ပါတည်းခံစားခွင့်ရှိသည်။
မေး။ ။ အလုပ်သမားတွင်လစာနှင့် လုပ်သက်ခွင့် မည်မျှခံစားနိုင်ပါသနည်း။
ဖြေ။ ။ လုပ်ငန်းတွင်
၂နှစ်အောက်လုပ်ခဲ့သော် တစ်နှစ်လျှင် (၈) ရက်၊
၂နှစ်မှ ၅နှစ်အတွင်းလုပ်ခဲ့သော် တစ်နှစ်လျှင် (၁၂) ရက်၊
၅နှစ်နှင့်အထက် လုပ်ခဲ့သော် တစ်နှစ်လျှင် (၁၆)ရက် ခံစားခွင့်ရှိသည်။
လုပ်သက်ခွင့်တွင် ကျန်းမာရေးကြောင့်ယူခဲ့သော ရှောင်တစ်ခွင်ခွင့်နှင့် သား
ဖွားခွင့်ရက်များအကြုံးမဝင်ပါ။
မေး။ ။ တနှစ်တွင်လစာနှင့် နာမကျန်းခွင့် မည်မျှခံစားနိုင်ပါသနည်း။
ဖြေ။ ။ လစာနှင့်နာမကျန်းခွင့်ကို ပြက္ခဒိန်နှစ်အလိုက် အောက်ဖော်ပြပါအ
တိုင်း ခံစားခွင့်ရှိသည်။ လုပ်ငန်းတွင်
၂ နှစ်အောက်လုပ်ခဲ့သော် ၁၄ရက်
၂ နှစ်နှင့်၅နှစ်အကြားလုပ်ခဲ့သော် ၁၈ရက်
၅ နှစ်နှင့်အထက်လုပ်ခဲ့သော် ၂၂ရက်
လိုက်အပ်ချက်ကြောင့် ဆေးရုံတက်၍ကုသရသော် ၆ဝရက် ခံစားခွင့်ရှိသည်။
မေး။ ။ ကျန်းမာရေးခွင့်လစာနှင့်ပတ်သက်၍ အလုပ်သမားအနေဖြင့်ခံစားခွင့်
မရှိခဲ့သော် မည်သိုမည်ပုံ ခံစားခွင့်ရှိသည်ကို အသေးစိတ်ဖော်ပြပါသ
လား။
ဖြေ။ ။ အလုပ်သမားအနေဖြင့် ကျန်းမာရေးခွင့်နှင့် သားဖွားခွင့် လစာများကို
အလုပ်သမားနစ်နာကြေးဌာနမှ ပေးသော နစ်နာကြေးငွေကိုသက်ဆိုင်
ရာ ကာလအပိုင်းအခြားထိ ခံစားခွင့်ရှိသည်။
မေး။ ။ အလုပ်သမားအနေဖြင့် မလိုက်နာသောကြောင့် လုပ်ငန်းသဘောတူ
စာချုပ်ပျက်ပြယ်ခြင်းနှင့် ပတ်သက်၍အသေးစိတ်မည်သို့ ဖော်ပြပါသ
နည်း။ဖြေ။ ။ အလုပ်သမားအနေဖြင့်မလိုက်နာသောကြောင့် လုပ်ငန်းသဘောတူစာ
ချုပ်ပျက်ပြယ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် အလုပ်သမားအ
နေဖြင့် သာမန်အလုပ်လုပ်ရက်တွင် ၂ရက်ဆက်တိုက် ခွင့်မဲ့ပျက်ခဲ့ခြင်း
ကြောင့်ဖြစ်သည်။ သို့ သော် အလုပ်သမားအနေဖြင့် ပျက်ကွက်ခဲ့သော
ခွင့်ရက်အတွင်း အလုပ်ရှင်ထံ အကျိုးသင့်အကြောင်းသင့် ရှင်းပြနိုင်
သော အခွင့်အရေးရှိသည်။
မေး။ ။ လုပ်ငန်းရှင်ဖက်မှ မလိုက်နာသောကြောင့် လုပ်ငန်းသဘောတူစာချုပ်
ပျက်ပြယ်ခြင်းနှင့် ပတ်သက်၍အသေးစိတ်မည်သို့ ဖော်ပြပါသနည်း။
ဖြေ။ ။ လုပ်ငန်းရှင်အနေဖြင့် လုပ်ခလစာငွေအား လုပ်အားခပေးရမည့် အချိန်
၏ ၇ ရက်အတွင်း ပေးဆောင်ရန်ပျက်ကွက်ခဲ့သော် လုပ်ငန်းသဘော
တူစာချုပ် ပျက်ပြယ်ပါသည်။
မေး။ ။ ရွေ့ ပြောင်းအလုပ်သမားများ(နိုင်ငံခြားသား)အလုပ်ခန့် ရန်အတွက်
ပြည်တွင်းမှ နိုင်ငံသားအလုပ်သမားများနှင့် ချုပ်ဆိုထားသော လုပ်ငန်း
သဘောတူစာချုပ်ကို ရပ်ဆဲနိုင်ပါသလား။
ဖြေ။ ။ မရပါ။ ရွေ့ ပြောင်းအလုပ်သမားများ(နိုင်ငံခြားသား)ခေါ်ယူသုံးစွဲရန်
အတွက်ပြည်တွင်းမှ နိုင်ငံသားအလုပ်သမားများနှင့် ချုပ်ဆိုထားသော
လုပ်ငန်းသဘောတူစာချုပ်ကို ရပ်ဆဲ၍မရပါ။( ပုဒ်ခွဲ ၆ဝ) တွင်
မေး။ ။ ရွေ့ ပြောင်းအလုပ်သမားများနှင့် ပြည်တွင်းမှ နိုင်ငံသားအလုပ်သမား
များကို လုပ်ငန်းရှင်အနေဖြင့် ခွဲခြားဆက်ဆံနိုင်ပါသလား။
ဖြေ။ ။ မရပါ။ လုပ်ငန်းရှင်အနေဖြင့် မပြုလုပ်ရပါ။ ဥပဒေတွင် လုပ်ငန်းရှင်
ကြောင့် ပြည်တွင်းမှ နိုင်ငံသားအလုပ်သမားများအနေနှင့် ရွေ့ ပြောင်း
အလုပ်သမားများကို မဖွယ်မရာ ဆက်ဆံခဲ့သော်၎င်း၊ ရွေ့ ပြောင်းအ
လုပ်သမားများအနေဖြင့် ပြည်တွင်းမှ နိုင်ငံသားအလုပ်သမားများကို
မဖွယ်မရာ ဆက်ဆံခြင်းများဖြစ်ပေါ်ခဲ့သော်၊ အသင်းအဖွဲ့ တို၏သ
ဘောတူညီမှု စည်းကမ်းများကို အလေးထားပြီး အလုပ်သမားရုံးတွင် သွားရောက်တိုင်ကြားနိုင်သည်။
မေး။ ။ အလုပ်သမားလျှော့ချရန် အခြေအနေဖြစ်ပေါ်လာပါက မည်သူ့ ကို
အရင် အလုပ်မှရပ်ဆိုင်းမည်နည်း။
ဖြေ။ ။ သာမန်အားဖြင့်ဆိုသော် နောက်ဆုံးမှရောက်ရှိလာသော အလုပ်သမား
ကို စတင်ရပ်ဆိုင်ရမည်။ သို့ သော်ငြားလည်း ရွေ့ ပြောင်းအလုပ်သမား
များအတွက်မူ ၄င်းတို့ အနေဖြင့် အရင်ဆုံး ရပ်ဆဲခံရမည်။ အလုပ်သ
မားဥပဒေ အပိုဒ်ခွဲ (၆)တွင် လုပ်ငန်းရှင်အနေဖြင့် လုပ်ငန်းကျ
ဆင်းသောကြောင့် အလုပ်သမားလျှော့ချရန် လိုအပ်လာပါက ပြည်တွင်း
အလုပ်သမားကို အရင်လျှော့ချပိုင်ခွင့်မရှိစေရ။ ထိုလုပ်ငန်းတွင် လုပ်
ကိုင်နေသော ရွေ့ ပြောင်းအလုပ်သမားများကို အရင်ဆုံးလျှော့ချရမည်။
ထို့ နောက် ၄င်းအရေအတွက်နှင့်ညီမျှသော ပြည်တွင်းအလုပ်သမားကို
လျှော့ချရမည်ဟု အတိအလင်းဖော်ပြထားသည်။
မေး။ ။ အလုပ်မှရပ်ဆဲခံရသော်၎င်း၊ အလုပ်ဖြုတ်ခံရသော်၎င်း၊ ဥပဒေအရ
မည်သည့်အကာအကွယ်များကို ရရှိနိုင်ပါသနည်း။
ဖြေ။ ။ အလုပ်လုပ်ကိုင်ခွင့်နှင့်ဆက်ဆိုင်သော ၁၉၈ဝ ခုနှစ် ဥပဒေတွင် ယင်း
အချက်များကို အသေးစိတ်ရေးသားထားသည်။
ဘာသာပြန်သူ- ကိုထွန်းထွန်း (ယခုစာစောင်တွင်ပါရှိသော
အခြေခံဥပဒေများအားလုံးသည် အလုပ်လုပ်ပိုင်ခွင့်ဥပဒေ ၁၉၅၅
မှဖော်ပြချက်များကို အခြေခံ၍အများနားလည်စေ ရန် အတတ်နိုင်ဆုံး
ဘာသာပြန်ထားပါသည်။
သင့်ဒါကိုဖတ်ပြီးမှ သင့်ရဲ့အလုပ်ရှင်အား ဒီဥပဒေအတိုင်း
ခံစားခွင့်ရနိုင်မှ အလုပ်ရှင်နဲ့ လက်မှတ်ရေးထိုးပါ စာရွက်စားတမ်းတွေ
မပျောက်မပျက်အောင်ဆည်းထားပါ သင့်ရဲ့အလုပ်သမားပြဿနာ ကူညီဆောင်ရွက်နိုင်မှာ
အလုပ်သမားပြဿနာရှိခဲ့ပါက (ဖုန်းနံပါတ် -012 688 4377 သူရိယဂျာနယ် ဆက်သွယ်မေးမြန်နိုင်ပါသည်)ကူးယူဖော်ပြပါသည်..ဝေမင်း
စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Subscribe to:
Post Comments (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း
ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ
သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
ဗမာစစ်တပ် ဗမာစစ်သား ဆိုတာ (မင်းလွမ်းနောင်) ဗမာစစ်တပ် ဆိုပြီးသုံးနှုံးနေသူများ ဖေ့ဘွတ်စာမျက်နာပေါ်တွင်တွေ.မြင် လာရ သည်မှာ နေ.စဉ်လိုလိုဖြစ...
-
သမိုင်းတကွေ့မှ ဂဠုန်ဦးစော သန်းဝင်းလှိုင် ဧပြီ ၃၀၊ ၂၀၁၁ မြန်မာနိုင်ငံ လွတ်လပ်ရေးရအံ့ဆဲဆဲတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ ခေါင်...
-
မင်္ဂလာပါ က်ုလွမ်းမင်းနောင် ခင်ဗျား အောက်ပါစာ ပုဒ်များသည် ကျွန်တော်သင်တန်းတက်စဉ်က လက်ကမ်းစားစောင်မှာကူးယူထားပါ သည်။ နိုင်ငံတွေသည်မည်သ...
-
ဝန်ကြီးချုပ် ရင်လပ် ရှင်နာဝါထရာ ဦးဆောင်သည့် ထိုင်းအစိုးရမှ မွေးကင်းစအရွယ် မှ အသက် (၆) နှစ်အရွယ် အထိကလေးများအတွက် အခြေခံဆေးကုသခွင့်လက်မှတ...
-
ဆရာတာရာမင်းဝေ၏ကဗျာများ၊စာများကိုတစုတစည်းတည်းဖတ်ရှုနိုင်ကြစေရန်စုဆောင်းတင်ပြထားခြင်းဖြစ်ပါသည်။ ကျနော်တင်ပြထားသည်များအပြင်အခြ...
-
မစ်ကြီးနား အကျဉ်းထောင်မှ ကိုသူရ(ခ) ဇာဂနာ ပြန်လည် လွတ်မြောက်လာကြောင်း ကိုဇာဂနာက ခယ်မဖြစ်သူ မငြိမ်းက Eleven Media Group သို့ အတည်ပြု ပြေ...
-
စာရင်းအင်း ပညာ စာရင်းအင်း ပညာ (statistics) သည် အချက်အလက်များ (data) ကို စုဆောင်းခြင်း (collection)၊ ဆန်းစစ်ခြင်း (analysis)၊ အဓိပ္ပါယ်ဖော်ထ...
No comments:
Post a Comment