Employment Pass (EP)
စင်ကာပူမှာ နေထိုင်အလုပ်လုပ်ပြီး လစာ (အချိန်ပို၊ ဆုကြေး၊ အထူးခံစားခွင့်များမပါ) စင်ကာပူဒေါ်လာ ၂၅၀၀ အထက်ရတဲ့ ပညာရှင်အဆင့် (မန်နေဂျာရာထူး၊ ပညာရှင်ရာထူး၊ အင်ဂျင်နီယာရာထူး) အလုပ်သမားတွေအတွက် EP
လျှောက်ထားနိုင်ပါတယ်။ စင်ကာပူ လူဝင်မှုကြီးကြပ်ရေးက လစာပေါ် မူတည်ပြီး EP ကို ၃မျိုး ထပ်ခွဲပါတယ်။ ပညာအရည်အချင်း လိုအပ်ချက်ကတော့ EP တွေအားလုံး တန်းတူဖြစ်တယ်လို့ ဆိုပေမယ့် ဘွဲ့ရဖြစ်ရမယ်၊ ဘာလက်မှတ်ရှိရမယ်ဆိုတာ ကိုတော့ အသေးစိတ်ဖော်ပြထားခြင်း မရှိပါဘူး။ ထပ်မံခွဲခြားထားတဲ့ EP ၃ မျိုးကတော့
(၁) EP - P1 (လစာ SGD ၇၀၀၀ အထက်နှင့် သတ်မှတ်ပညာအရည်အချင်းရှိသူများ)
(၂) EP - P2 (လစာ SGD ၃၅၀၀ နှင့် ၇၀၀၀ ကြားနှင့် သတ်မှတ်ပညာအရည်အချင်းရှိသူများ)
(၃) EP - Q1 (လစာ SGD ၂၅၀၀ အထက်နှင့် သတ်မှတ်ပညာအရည်အချင်းရှိသူများ) ဆိုပြီးတော့ ဖြစ်ပါတယ်။
EP ကိုင်ဆောင်ခွင့်ရသူတွေဟာ လစာများသူတွေ ဖြစ်တဲ့အလျောက် မိသားစုကို မှီခိုအနေနဲ့ စင်ကာပူမှာ ခေါ်ထားခွင့်ရှိပါတယ်။ EP အဆင့်ကွာခြားတာနဲ့အမျှ မိသားစုခေါ်ယူခွင့်မှာလည်း ကွာခြားချက်လေးတွေ ရှိပါတယ်။ ယေဘုယျအနေနဲ့ကတော့
(၁) EP ကိုင်ဆောင်သူတွေဟာ တရားဝင်အိမ်ထောင်ဘက်နဲ့ အသက် ၂၁ နှစ်အောက် အိမ်ထောင်မပြုရသေးတဲ့ သား၊သမီး (တရားဝင် မွေးစားသားသမီးများ အပါအဝင်)တွေကို မှီခို (Dependant Pass) လျှောက်ထားပေးနိုင်ပါတယ်။
(၂) EP P1 & P2 ကိုင်ဆောင်သူတွေဟာ မိဘ၊ ယောက္ခမ၊ အိမ်ထောင်ဘက်၊ အိမ်ထောက်ဘက်ရဲ့ အရင်အိမ်ထောင်နဲ့ ရထားတဲ့ကလေး၊ အသက် ၂၁ နှစ်အောက် အိမ်ထောင်မပြုရသေးတဲ့ သမီး၊ ဒုက္ခတိ သား၊ သမီးများကို ရက်ရှည်အလည်အပတ် (Long Term Social Visit) နဲ့ ခေါ်ယူထားနိုင်ပါတယ်။ ဒီအခွင့်အရေးကိုတော့ EP Q1 ကိုင်ဆောင်သူတွေမရနိုင်ပါဘူး။ EP လျှောက်ထားတဲ့အခါမှာ လစာအပြင် အလုပ်အတွေ့အကြုံ၊ အရည်အချင်းရှိလုပ်သားဖြစ်ကြောင်း သက်သေပြနိုင်တဲ့ အထောက်အထားတွေဟာ အရေးကြီးလှပါတယ်။
Personalised Employment Pass (PEP)
Thanlwin Ain Mat PEP ဟာလည်း EP တစ်မျိုးပါပဲ။ ကွာခြားတာကတော့ EP ကို ကုမ္ပဏီက လျှောက်ထားပေးရပြီး အလုပ်ထွက်တာနဲ့ ပြန်အပ်ရပါတယ်။ ဒါမှမဟုတ် ကုမ္ပဏီအသစ်နာမည်နဲ့ အသစ်ပြန်ပြောင်းရပါတယ်။ PEP ကတော့ ကုမ္ပဏီမှာ အလုပ်လုပ် မနေသည့်တိုင်အောင် (အလုပ်လက်ကိုင်မရှိသည့်တိုင်အောင်) မိမိရဲ့ အရည်အချင်းနဲ့ နောက်ဆုံးလစာပေါ်မူတည်ပြီး လျှောက်ထားနိုင်ပါတယ်။ ထူးခြားချက်အနေနဲ့ စင်ကာပူမှာ အလုပ်မလုပ်ဖူးသေးသည့်တိုင်အောင် အခြားနိုင်ငံတစ်ခုခုမှာ SGD ၇၀၀၀ အထက်နဲ့ ညီမျှတဲ့ လစာရထားသူတွေ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။ အရင်က EP P1 ကိုင်ထားပြီး လက်ရှိမှာ အလုပ်လက်မဲ့ဖြစ်နေသူတွေဟာလည်း နောက်ဆုံးအလုပ်လုပ်ခဲ့တဲ့အချိန်ကနေ ၆ လအတွင်း လျှောက်ထားနိုင်ပါတယ်။
လက်ရှိမှာ EP P1 ကိုင်ထားသူတွေအနေနဲ့ PEP ကို ပြောင်းချင်တယ်ဆိုရင် လျှောက်ထားနိုင်ပြီး လျှောက်ထားတဲ့အပေါ်မှာ ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။ EP P2 ကိုင်ဆောင်သူတွေကတော့ EP P2 နဲ့ လုပ်သက်အနည်းဆုံး ၂ နှစ်ရှိရမှာဖြစ်ပြီး တစ်နှစ်လစာ SGD ၃ သောင်းရမှ လျှောက်ထားခွင့်ရမှာ ဖြစ်ပါတယ်။ EP Q1 ကိုင်ဆောင်သူတွေက လုပ်သက် အနည်းဆုံး ၅ နှစ်နဲ့ တစ်နှစ်လစာ SGD ၃ သောင်းလိုတယ်လို့ သိရပါတယ်။ PEP ကိုင်ဆောင်သူတွေဟာ အများဆုံး ၆ လခန့်သာ အလုပ်လက်မဲ့အနေနဲ့ နေခွင့်ရှိပါတယ်။ အလုပ်ရသွားချိန်မှာ PEP ကို အခြား Pass တစ်ခုခုနဲ့ အစားထိုး လဲလှယ်စရာ မလိုပါဘူး။ ဒါပေမယ့် အလုပ်ရှင်အပြောင်းအလဲ၊ အလုပ်ထွက်တာ အားလုံးကို စင်ကာပူ လူဝန်မှုကြီးကြပ်ရေး (MOM) ကို အကြောင်းကြားရမှာ ဖြစ်ပါတယ်။
PEP နဲ့ အလုပ်လုပ်သူတွေဟာ လစာငွေ တစ်နှစ်ကို အနည်းဆုံး SGD ၃ သောင်းရှိရပါမယ်။ PEP ကို ၅ နှစ်သက်တမ်းအတွက် တစ်ကြိမ်သာ ထုတ်ပေးပြီး သက်တမ်းတိုးခွင့် မရှိပါဘူး။
တင်ထားတဲ့ Pass ကို အစိုးရက အတည်ပြုလိုက်တယ်ဆိုရင်တော့ ကုမ္ပဏီကို In-Principle Approval (IPA) Letter လို့ခေါ်တဲ့ အကြောင်းကြားစာ ပို့ပေးပါတယ်။ ကဒ်ပြားထုတ်ယူဖို့အတွက်ကို အဲဒီစာအပြင် Passport ၊ ဆေးစစ်ချက် နဲ့ ကုမ္ပဏီက ဝယ်ပေးတဲ့ ကျန်းမာရေး အာမခံမိတ္တူတို့ ယူသွားရမှာဖြစ်ပါတယ်။ စင်ကာပူမှာ အလုပ်လုပ်လိုသူတွေ အနေနဲ့ HIV/AIDS, TB, B ပိုးတို့ကို အဓိက စစ်ရပါတယ်။ တစုံတရာ အားနည်းချက်ရှိနေရင်တော့ အဆင်မပြေနိုင်ပါဘူး။ တချို့တွေက ရန်ကုန်က ဆေးစစ်လာတယ်ဆိုပေမယ့် ဒီမှာ Pass လျှောက်တဲ့အခါ စင်ကာပူဆရာဝန်တွေရဲ့ ဆေးစစ်ချက်အဖြေကို တောင်းခံလေ့ရှိပါတယ်။
စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Subscribe to:
Post Comments (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း
ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ
သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
ချစ်ကြည်ရေး ဆိုတဲ့ ခေါင်းစဉ် အောက် မှာ တို. နိုင်ငံသားတွေ အဖိနှိပ်ခံ ပြီးမတရားစွပ်စွဲတာကို အံ့ကြိတ်ပြီး ရုန်းကြွ အားကမမျှဘူးဖြစ်နေတယ် ...
-
(ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး) (ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှိ ပွဲစားများ ကျင်လည်ရာ နေရာတစ်ခု) ထိုင်းရောက်မြန်မ...
-
တစ်ချို. က တွေးကြမှာပါ ထိုင်းရောက်မြန်မာအလုပ်သမားတွေအနေနဲ. ကိုယ့်နိုင်ငံကို ကိုယ်ပြန်ပြီးလုပ်စားလဲရတာပဲ ၊ ဒီလောက် ခံနေရတာတောင် ဘာလို.ဆက်နြေ...
-
* * ကျီး လဲ မထိုး ခွေးလဲမစား ပြည်ပရောက်မြန်မာအလုပ်သမား * * ထိုင်းက မြန်မာ/လာအို/ ကမ္ဘောဒီးယား နိုင်ငံသားအလုပ်သမားတွေကို နိုင်ငံတော် ...
-
ထားဝယ်သူထားဝယ်သားတို.ခင်ဗျာ ဓါတ်ပုံထဲက ကလေးမလေး ဟာ စိတ်ရောဂါ ရနေတဲ့ကလေးမလေးဖြစ်ပြီး အသက်အရွယ်ငယ်ရွယ် တဲ့အတွက် မသမာသူများရဲ.အန္တရာယ်တွေ.ရှ...
-
မေး ။ ။လူ.အခွင့်အရေး ဂရုဏာရှင်ကြီးများ ထိုင်းရောက်မြန်မာတွေ အဖမ်းအဆီးခံရမှု.တွေ အခွင့်အရေးဖိနှိပ်မှု.တွေ အတွက် ပါးစပ်လေးတွေ စပါးလံ...
-
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ဖန်ငမြို.နယ် အပိုင် တွင် ထိုင်းရောက်မြန်မာအလုပ်သမား ၂ဦး (ရော်ဘာခြံလုပ်သား) အသတ်ခံရတယ်လို. သိရပါတယ်။ ...
-
27/6/2014 ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားကြသူ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ အနေနှင့် ၄ နှစ်တာ သက်တမ်းကာလကို ဖြတ်ကျော်ပြီ...
-
ထိုင်းရောက်မြန်မာအလုပ်သမားတွေ ကိုင်ဆောင်ထားတဲ့ ယာယီနိုင်ငံကူးလက်မှတ်တွေ ၄ နှစ်သက်တမ်းပြည့် လို. နောက်ထပ် ၂ နှစ်တိုးရာမှာ ဘာတွေလိုအပ်သလဲ ဘယ်လ...
-
စစ်ခရာသံများ စစ်တက္ကသိုလ် ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး အောင်မျိုးမင်းသည် စစ်တက္ကသိုလ် ဗိုလ်လောင်းများအား စစ်ခရာသံများနှင့် ပတ်သက်၍ ကြာ...
No comments:
Post a Comment