၁. ကိုရီးယား၏ အလုပ်သမားဥပဒေ
◆ အလုပ်သမား၏ အခွင့်အရေးအား အခြေခံဥပဒေဖြင့် အကာအကွယ် ပေးထားသည်။
◆ အလုပ်သမားမှ ရသင့်သည့် အခံအခွင့်အရေးများအား ဥပဒေဖြင့်သတ်မှတ်ပေးထားသည်။
◆ အလုပ်သမားတိုင်းသည် အလုပ်သမား အခွင့်အရေး၃-ရပ်အား တောင်းဆိုပိုင်ခွင့်ရှိသည်။
အလုပ်သမားအခွင့်အရေး ၃ရပ်မှာ ၁) လွပ်လပ်စွာ စုရုံး ပိုင်ခွင့်၊
၂) လွပ်လပ်စွာ အဖွဲ့အစည်း ဖွဲ့စည်းပိုင်ခွင့်၊
၃) လွပ်လပ်စွာ အဖွဲ့အစည်းဖြင့် လှုပ်ရှားပိုင်ခွင့်၊
၂၀၁၁ခုနှစ် အခြေခံ လစာ
#ဥပဒေအရ အလုပ်ချိန် တနေ့၈နာရီ
(အလုပ်ရှင်က အလုပ်သမားရဲ့ သဘောတူညီချက် ရယူပြီးမှ အချိန်ပို အလုပ်ခိုင်းနိုင်သည်)
ဥပဒေအရ တနာရီ အလုပ်လုပ်ခ ၄၃၂၀ ၀မ်
တရက်လုပ်ခ ၃၄ ၅၆၀ ၀မ် (ပိုပေးလို့ ရသော်လည်း သတ်မှန်နှုန်းအောက် လျှော့ပေးလို့ မရပါ)
တပတ်ကို နာရီ ၄၀လုပ်ရင်(စနေအလုပ်မလုပ်) တလ လစာ ၉၀၂ ၈၈၀ ၀မ်
# တနေ့ အလုပ်ချိန် ၈နာရီ(ထမင်စားချိန်၁နာရီကို ထည့်မတွက်ရ)
တပတ်ကို နာရီ ၄၄လုပ်ရင်(စနေနေ့တွင် ၄နာရီ လုပ်) တလ လစာ ၉၇၆ ၃၂၀ ၀မ်
# အချိန်ပို လုပ်ခ= တနာရီလုပ်ခ×1.5ဆ= ၄၃၂၀×၁.၅= ၆၄၈၀ ၀မ်
# အထူးလုပ်ခ= တနာရီလုပ်ခ× ၂ဆ= ၄၃၂၀× ၂= ၈၆၄၀ ၀မ်
တပတ်နာရီ ၄၀လုပ်သူဟာ စနေနေ့တွင် အလုပ်လုပ်ရပါက အချိန်ပိုလုပ်ခနှုန်းဖြင့် တွက်ယူနိုင်သည်။
တပတ်နာရီ ၄၄နာရီလုပ်သူဟာ စနေနေ့တွင် ၄နာရီအထက် အလုပ်လုပ်ချိန်ကို အချိန်ပိုလုပ်ခနှုန်းဖြင့်
တွက်ယူပါ။
စက်ရုံမှာ တရားဝင်သတ်မှတ်ထားတဲ့ ပိတ်ရက်(အများအားဖြင့် တနင်္ဂနွေ)၊ အစိုးရသတ်မှတ်ရုံးပိတ်ရက်(အနီရောင်ရက်)၊ နွေရာသီပိတ်ရက်များတွင် အလုပ်လုပ်ရပါက အထူးလုပ်ခနှုန်းဖြင့် တွက်ယူပါ။
အထူးလုပ်ခဖြင့်တွက်ပါက တရက် ၈နာရီ×၈၆၄၀ ၀မ်= ၆၉ ၁၂၀ ၀မ် (ပိတ်ရက်တရက်အတွက် လုပ်ခ)
No comments:
Post a Comment