မန္တလေးမြို့ ၈၄ လမ်း၊၂၈လမ်းနှင့်၂၇ လမ်းကြား ဈေးချိုမန်းမြန်မာပလာဇာမျက်နှာချင်းဆိုင် ဈေးချိုဟိုတယ်ရှေ့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်သော စကားသံအချို့
"ဗုံးပေါက်ကွဲတဲ့ကားက မနက် ၁၀ ၀န်းကျင်လောက်ကတည်းက
လာပြီးရပ်သွားတယ်လို့ သိရတယ်။ ဗုံးပေါက်ကွဲအားက တော်တော်ပြင်းပြီး
ယမ်းငွေ့တွေက ဆိုင်ထဲထိဝင်လာတယ်။ မျက်လုံးတွေကြိမ်စပ်လာပြီး
အာခေါင်ထဲမှာလည်း ခါးသက်သက်ဖြစ်လာပြီး အသက်ရူကြပ်လာတယ်။ အာလုတ်ကျင်း၊
ရေအ၀သောက်လိုက်မှ နေလို့ထိုင်လို့ ရသွားတယ်။ ဥပုသ်နေ့ ဈေးပိတ်တဲ့အတွက်
လူရှင်းနေပြီး ထိခိုက်ဒဏ်ရာရတာမျိုးတော့ မကြားမိဘူး" ဟု ၈၄ လမ်း
၂၈လမ်းထောင့်ရှိ ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားခဲ့သည်။
"ဗုံးပေါက်ကွဲတဲ့အသံက
တော်တော်ကျယ်ပြီး ဗုံးကွဲတဲ့တုန်ခါအားကလည်း ကျွန်တော်တို့နေရာကနေတောင်
အရမ်းပြင်းတာ သိသိသာသာ ခံစားရတယ်။ ချက်ချင်းပြေးကြည့်တော့
မီးခိုးတွေလုံးနေတာကြောင့် ဘာမှသိပ်မမြင်ရဘူး။ မန်းမြန်မာပလာဇာ အပေါ်ထပ်တွေက
မှန်တွေတော့ အကုန်ကွဲကုန်တယ်" ဟု ၂၇လမ်း ၈၃လမ်း၊၈၄ လမ်းကြားရှိ
ဈေးဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ပြောပြပါသည်။
"၈၄ လမ်း ၂၇_၂၈ ကြားက
ဗုံးကွဲတဲ့တုန်ခါမှုက လမ်း ၈၀၊၂၆ လမ်းထိတောင် ခံစားရတယ်။
ကျွန်တော်ရောက်သွားတော့ ပေါက်ကွဲတဲ့နားမှာ စက်ဘီးနဲ့
ကုန်ပစ္စည်းပို့တဲ့သူတစ်ယောက် လွင့်စင်ပြီး ဒဏ်ရာရတာ တွေ့ရတယ်။
ထိခိုက်မှုကြီးကြီးမားမားတော့ မတွေ့ရဘူး။ ဥပုသ်နေ့ ဈေးပိတ်တဲ့နေ့မို့
တော်သေးတာ" ဟု လမ်း ၈၀ တွင်နေထိုင်သူတစ်ဦးက ဆိုသည်။
"အခုပေါက်ကွဲသွားတဲ့
ကားမှာတပ်ဆင်ထားတဲ့ နံပါတ် ၃ခ/၁၉၀၄ အက္ခရာကို မန္တလေး၊ အနှိပ်တော်ရပ်ကွက်မှာ
တွေ့ရတယ်လို့ ကြားတယ်။ ဒီနေရာမှာ လာပြီးရပ်သွားတဲ့ ကားပိုင်ရှင်ကတော့
ဘယ်ရောက်သွားမှန်း မတွေ့တော့ဘူး။ မနက်ကတည်းက ကားကို လာရပ်သွားတယ်လို့
ပြောကြတာပဲ"ဟုလည်း မြို့ခံတစ်ဦးက ပြောပါသည်။ |
အကြိုက်များသော Posts
-
ဆောင်းပါးရှင် Myat Thein Tun ငုပန်းတို့ပင်လုံးထိန်အောင် ပွင့်ဝေခဲ့သည့် တစ်ခုသောနွေဦးဝယ် သတ္တိသွေးတို့ စွေးစွေးနီသည့် အခါသမယတစ်ခု တ...
-
မြန်မာ့တပ်မတော် အထူးချေးမှုန်းရေးတပ်ဖွဲ့ဝင်များ ဖြစ်ပါသည်။
-
အဓမ္မ ပိတ်လှောင် အလုပ်ခိုင်းခံရသူများ လွတ်မြောက် Wednesday, 20 April 2011 16:28 ထိုင်းနိုင်ငံ ဘန်ကောက်မြို့အလယ် ဒီးဒဲနယ်မြေအတွင်းရှိ အထည်...
-
ဦးဘဂျမ်း ဦးဘဂျမ်းသည် စစ်ကြိုခေတ်၊ စစ်ပြီးခေတ်၊ လွတ်လပ်ရေးခေတ်ဦးရှိ ပြောင်မြောက်သော ကာတွန်းဆရာတစ်ဦး ဖြစ်သည်။ စစ်ကြိုခေတ်၊ စစ်ပြီးခေတ်၊ လ...
-
စစ်ခရာသံများ စစ်တက္ကသိုလ် ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး အောင်မျိုးမင်းသည် စစ်တက္ကသိုလ် ဗိုလ်လောင်းများအား စစ်ခရာသံများနှင့် ပတ်သက်၍ ကြာ...
-
ဆေးလိပ်လဲတို နေလဲညို ပြီ ငါကား အိမ်ပြန်မရောက်သေး။ ပူလောင်ပျပျ နွေတညမှာ ရွက်ကြွေတောလဲ မှုန်ပျပြီ ငါကား အိမ်ပြန်မရောက်သေး။ တောင်လေလ...
-
Wednesday, 29 June 2011 15:07 သွေးလှူဒါန်းပွဲတစ်ခု မြင်ကွင်း လူ၏သွေး အပါအ...
-
မစ်ကြီးနား အကျဉ်းထောင်မှ ကိုသူရ(ခ) ဇာဂနာ ပြန်လည် လွတ်မြောက်လာကြောင်း ကိုဇာဂနာက ခယ်မဖြစ်သူ မငြိမ်းက Eleven Media Group သို့ အတည်ပြု ပြေ...
-
ယခု ည ကိုးနာရီတိတိတွင် စစ်တွေမြို့၌ သံချောင်းခေါက်သံများဆူညံနေပြီး မီးသတ်ကားများမှာ အစ္စလမ်ဘာသာဝင် ဘင်္ဂါလီလူမျိုးများနေထိုင်ရာကျေး ရွာနှင့်...
-
Internet Speed ပိုမြန်အောင်လုပ်ရင်း Firefox ကိုလည်း Speed မြန်အောင် လုပ်ဖို့လိုတာပါပဲ။ (1) Firefox Address bar မှာ aboutးconfig လိ...
No comments:
Post a Comment