ရန်ကုန်တိုင်းဒေသကြီး
ဒဂုံမြို့ နယ် ပြည်သူ့ရင်ပြင် ကစားကွင်း တွင် ရေလွှာလျှောစီး ကစားရင်း
လက်ချောင်း ၃ ချောင်းပြတ်သွား သူ မောင်တင်အောင်ဖြိုးမှာ ဆေးဖိုး
ထောက်ပံ့ငွေကြေး ကျပ် ၉ သိန်း ရရှိပြီးသော်လည်း သေဆုံးသူ ဖိုး ခွားခွား(ခ)
စန်းဝင်းထွန်း၏ ကျန်ရစ် သူမိဘများအား မည်သို့ ကူညီ ထောက်ပံ့နေသည်ကိုမူ
မသိရှိသေး ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က
ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ဇွန်လ ၁ ရက်နေ့က ဖြစ်ပေါ် ခဲ့သော
ယင်းဖြစ်စဉ်တွင် နာရီဝက် သာခြား ၍ ရေလွှာလျှောစီး လာ ရောက်ကစားသူ လူငယ် ၂
ဦးအ နက် တစ်ဦးသေ၊ တစ်ဦးမှာ လက်ချောင်း ၃ ချောင်းပြတ်သွား သည့်အပေါ်
ကာယကံရှင် ကစား ကွင်းဘက်မှ တစ်ပတ်ခန့်ကြာ သည်အထိ အကူအညီ အထောက်
အပံ့တစ်စုံတစ်ရာ ပေးခြင်းမရှိခဲ့ဟု နစ်နာသူများဘက်က ဝင်ရောက်ကူညီသူ
ဦးဖုန်းမြင့် အောင် က ပြောသည်။ ”မောင်တင်အောင်ဖြိုးအတွက်
ဆေးဖိုးထောက်ပံ့ငွေရတယ် ဆိုလို့ ဝမ်းသာပါ တယ်။ သေဆုံးတဲ့
စန်းဝင်းထွန်းဆိုတဲ့ ကလေးရဲ့မိဘ တွေကိုတော့ တစ်သိန်းပေးပြီး နောက်ပိုင်း
ဘယ် လောက်ထပ်ပေး တယ်ဆိုတာ မသိရသေးဘူး။ အဲဒီ မိသားစုက ဆင်းရဲသလို ဘာမှ လည်း
မသိကြပါဘူး။” ဟု ဦးဖုန်း မြင့်အောင်က ဆက်လက်ပြော သည်။ လက်ချောင်း ၃
ချောင်း ပြတ်သွားသူ မောင်တင်အောင် ဖြိုးသည် ဆေးရုံတွင် ၁၄ ရက်ကြာ
ဆေးဝါးကုသမှုခံယူ ပြီးနောက် ယခု အခါနေအိမ်သို့ ပြန်လည်ရောက်ရှိ
နေပြီဖြစ်ကြောင်း၊ ဆေးရုံက ဆင်းပြီး နောက်တစ်နေ့တွင် ကျပ် ၉ သိန်း
လာရောက်ပေးခဲ့ပြီးနောက် ယင်းကစား ကွင်းတာဝန်ရှိသူများ ထပ်မံ
ဆက်သွယ်မှုမရှိတော့ကြောင်း မောင်တင်အောင်ဖြိုး၏ ဖခင်ဦးလှသောင်းက ပြောသည်။
”ပိုက်ဆံ ကျပ် ၉ သိန်းလာ ပေးသွားတာ ကျွန်တော်တို့ကိုးကွယ် တဲ့
ဘုန်းကြီးကတစ်ဆင့် လာပေးသွားတာပါ။ ဆေးရုံမှာရောက်ပြီး တစ်ပတ်နေတော့မှ
သူတို့ဘက်က လာတွေ့တယ်။ ၅ သောင်းပေး လိုက် ၃ သိန်းပေးမယ်ပြောလိုက်နဲ့
ကျွန်တော်တို့ဘက်က လက်မခံတော့တဲ့အခါကျမှ ဆေးဖိုး ၉ သိန်း လာပေးသွားတယ်။
ကျွန်တော့်သား က ဆယ်တန်းတောင်မအောင်သေး ဘူး။ အဲဒီ့ကလေးရဲ့ ရှေ့ရေးတွေ၊
အလုပ်အကိုင်ဘယ်လိုလုပ် စား မယ်ဆိုတာတွေကို သူတို့က ထည့် မတွက်ကြဘူး။
လက်ချောင်း ၃ ချောင်းမရှိတော့တဲ့ ကလေးကို သူတို့ကစားကွင်းမှာ အလုပ်ခန့်
မလားဘဲ ကျွန်တော်မေးချင်ပါ တယ်” ဟု ဦးလှသောင်းက ပြောသည်။
မောင်တင်အောင်ဖြိုးပါသူ ငယ်ချင်း ၄ ဦးသည် ဇွန်လ ၁ ရက်နေ့ ညနေပိုင်းက
ပြည်သူ့ရင် ပြင် ရေလွှာလျှောစီးကစားကွင်း သို့ သွားရောက်ဆော့ကစားရင်း ၄င်း၏
ညာလက်ချောင်း ၃ ချောင်း ပြတ်သွားခဲ့သလို၊ မောင်တင်အောင် ဖြိုးတို့
သူငယ်ချင်းတစ်စု မဖြစ်မီ နာရီဝက်ခန့်က အဆိုပါ ရေလွှာလျှောစီး၌ပင်
မရမ်းကုန်းမြို့နယ်မှ ဖိုးခွားခွား(ခ)စန်းဝင်းထွန်းမှာလည်း
ရေလွှာလျှောစီးပေါ်မှ အကျတွင် ဦးခေါင်းနောက်စေ့နှင့် ရိုက်မိကာ
သေဆုံးသွားခဲ့သည်။
မိုးမြင့်မြတ်
မိုးမြင့်မြတ်
No comments:
Post a Comment