အေ (ခေါ်) ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မြန်မာ့
တပ်မတော်အကြား တိုက်ပွဲတွေကို မြစ်ကြီးနားအမတ် ဦးသိန်းဇော်
ကြားဝင်ဆောင်ရွက်ပေးလို့ ပုံမှန်အခြေအနေကို ပြန်ရောက်နေပြီလို့
ကာလုံလို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဝင်
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။
ရန်ကုန်မြို့
က ရန်ကုန်တိုင်းဒေသကြီး အစိုးရလွှတ်တော် အဆောက်အဦမှာ
လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဂျာနယ်အယ်ဒီတာချုပ်တွေနဲ့ ဒီကနေ့
တွေ့ဆုံပွဲမှာ သူရဦးရွှေမန်းက ပြောကြားလိုက်တာ ဖြစ်ပါတယ်။
သူရဲ့
ပြောကြားချက်ဟာ အာဏာပိုင်တွေဘက်က တိုက်ပွဲတွေနဲ့ပတ်သက်လို့
အဆင့်မြင့်တာဝန်ရှိပုဂ္ဂိုလ်တဦးရဲ့ ပထမဆုံး ပြောကြားချက် ဖြစ်ပါတယ်။
ဦးရွှေမန်းက ပြည်သူ့လွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေကို ရှင်းလင်းစဉ် ထည့်သွင်းပြောကြားလိုက်တာ ဖြစ်ပါတယ်။
သူက
ဥပမာပေးပြောရာမှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဆက်သွယ်ရေးဝန်ကြီးဟောင်း၊
ဗိုလ်ချုပ်ဟောင်း ဦးသိန်းဇော်ရဲ့ ကေအိုင်အေနဲ့
မြန်မာ့တပ်မတော်အကြား ပဋိပက္ခတွေကို
ကြားဝင်စေ့စပ်ဆောင်ရွက်ပုံတွေကို ထည့်သွင်းပြောကြားခဲ့တာလို့
ကိုယ်တိုင်တက်ရောက်ခဲ့သူ ရန်ကုန်တိုင်း လသာမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က ပြောပါတယ်။
“ပြည်သူ့လွှတ်
တော်ကိုယ်စားလှယ်တွေက ရေးရာကော်မတီဝင်တွေ အနေနဲ့
နေပြည်တော်မှာသွားပြီးတော့ capacity building အတွက်
သင်ယူလေ့ကျင့်ခံရခြင်း မရှိပေမယ့်လို့ ကျန်တဲ့ပုဂ္ဂိုလ်တွေက
ဒီအောက်ခြေကလူတွေနဲ့ ဆက်ဆံပြီးတော့ လုပ်ပေးကိုင်ပေးစရာရှိတာ
လုပ်ပေးကိုင်ပေးခဲ့တဲ့အတွက်ကို ထည့်ပြောသွားတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ လောလောဆယ် ဘာလုပ်နေသလဲဆိုတဲ့
မေးခွန်းအပေါ်မှာ သူ့အနေနဲ့ တွေ့ရှိတာတွေကို ထည့်ပြောသွားတာပါ။
အဲဒါကတော့ အပြင်မှာဆိုရင် ကေအိုင်အေနဲ့ တပ်မတော်တိုက်ပွဲဖြစ်တော့
မိဘပြည်သူတွေ ကြားကနေ အခက်အခဲတွေ ရှိတယ်ပေါ့။ အဲဒီကိစ္စမျိုးတွေကို
ပြည်နယ်မှာရှိတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က
ဝင်ရောက်ပြီးတော့ အရေးတယူ ဆောင်ရွက်ပေးတဲ့အတွက်ကြောင့် လူတွေက
ထိပါးမှုနည်းသွားပြီးတော့ ယခင်က အခြေအနေနီးပါး
ပြန်လည်ရောက်ရှိသွားပါတယ်လို့ ပြောသွားပါတယ်။”
အခုလ ၉
ရက်နေ့က နှစ်ဘက်တိုက်ပွဲတွေပြန်စခဲ့ပြီး ရက်ပိုင်းအကြာမှာ
မြစ်ကြီးနား လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က ကေအိုင်အေနဲ့
အစိုးရအကြား အပစ်အခတ်ရပ်စဲအောင် မြစ်ကြီးနားမြို့မှာ
ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့တွေကို
တွေ့ဆုံပြီး ကချင်အမျိုးသားအတိုင်ပင်ခံ ကိုယ်စားလှယ် အဖွဲ့တဖွဲ့ကို
ကေအိုင်အိဌာနချုပ် လိုင်ဇာကို စေလွှတ်ကမ်းလှမ်းခဲ့ပါတယ်။
ကေအိုင်အိုဘက်က
စာနဲ့ပေနဲ့ အထောက်အထား တောင်းတဲ့အခါ ကိုယ်စားလှယ်တွေဟာ
မပြသနိုင်တာကြောင့် အထောက်အထားပေးဖို့ ကေအိုင်အိုက
တောင်းဆိုထားပါတယ်။
ကေအိုင်အိုဘက်က
တော့ ကချင်ပြည်နယ်တွင်း ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး
လုပ်ပိုင်ခွင့်ရှိတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီတွေကိုယ်တိုင်
တာဝန်ယူမှုအပြည့်နဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုလားနေပါတယ်။
ဒီလို
ပြည်နယ်တွင်း ပဋိပက္ခတွေ ပြီးဆုံးသွားပြီလို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
ဦးရွှေမန်းရဲ့ ပြောကြားချက်နဲ့ပတ်သက်ပြီး ကေအိုင်အိုရဲ့
ပြောရေးဆိုခွင့်ရှိသူ ဦးလနန်းက အခုချိန်မှာ မှတ်ချက်မပေးဖို့
ငြင်းဆိုပါတယ်။
“ကျနော်တို့
အဲဒီထင်မြင်ချက်ပြောဖို့တော့ အထက်လူကြီးနဲ့ အများကြီး
ဆွေးနွေးမှု ရှိရဦးမယ်။ အဲဒီတော့ ပြောနိုင်မယ် မပြောနိုင်ဘူးဆိုတာ
အာမခံချက်တော့ မရဘူးလေ။ အဲဒါက ပေါ်လစီပိုင်းနဲ့ ဆိုင်သွားတယ်။
အဲဒါတော့ ဒီလိုမျိုး အလွတ်သဘောပြောလို့ မဖြစ်ဘူး။ အဲတော့ဒါက
အထက်လူကြီးတွေရဲ့ မှတ်ချက်ချမယ်ဆိုတဲ့အပေါ်မှာ စောင့်ရဦးမှာပါ”
လွှတ်တော်အမတ်
ဦးသိန်းဇော်ဟာ အစိုးရနဲ့ တော်လှန်ရေးအဖွဲ့အကြား
တိုက်ပွဲတွေရပ်အောင် ကြိုးပမ်းနေတယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
ဦးရွှေမန်းက ပြောဆိုပေမယ့် ဦးသိန်းဇော်လို အခွင့်အလမ်း
လုပ်ပိုင်ခွင့်မျိုးကို ကရင်ပြည်နယ်အတွင်းက အမတ်တွေကတော့ ရခဲ့ကြတာ
မဟုတ်ပါဘူး။
ကရင်ပြည်နယ်
ငြိမ်းချမ်းရေးအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်မှာ
အဆိုတင်သွင်းတာကို ပယ်ချခံခဲ့ရဖူးပါတယ်။ အဲဒီအဆိုတင်ခဲ့တဲ့
ဖလုံ-စဝေါ်ဒီမိုကရက်တစ် ပါတီကပဲ ငြိမ်းချမ်းရေးအတွက် သမ္မတဆီကို
ပြီးခဲ့တဲ့ လပိုင်းက အိပ်ဖွင့်ပေးစာ ထပ်မံ ပေးပို့ခဲ့ပါတယ်။
ဒါ့အပြင်
ဒေသတွင်းငြိမ်းချမ်းရေးအတွက် တော်လှန်ရေးအဖွဲ့တွေနဲ့
အစိုးရကြား စေ့စပ်ညှိနှိုင်းဖို့အတွက်
ကရင်ငြိမ်းချမ်းရေးကော်မတီတရပ်ကို ဘာသာရေးခေါင်းဆောင်တွေ၊
နိုင်ငံရေး အင်အားစုတွေနဲ့ ဖွဲ့စည်းပြီး
ကြားဝင်ဆောင်ရွက်နေပေမယ့်လည်း အစိုးရက လိုလိုလားလားမရှိတဲ့
အမူအရာ ပြသခဲ့သလို ခေါ်ယူသတိပေးတာတောင် လုပ်ခဲ့ပါတယ်။
ဒီလိုတိုင်း
ရင်းသားဒေသတွေက ပဋိပက္ခတွေနဲ့ပတ်သက်ပြီး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ရွေးကောက်ပွဲဝင်
နိုင်ငံရေးပါတီတွေနဲ့ နိုင်တကာက တွေ့ဆုံးဆွေးနွေးအဖြေရှာဖို့
အစိုးရကို တိုက်တွန်းပြောဆိုနေပါတယ်။
No comments:
Post a Comment