Published on October 24, 2011 by နော်နိုရင်း ·
လွန်ခဲ့
တဲ့ရက်ပိုင်းက လူ ၂၀၀ ကျော် သေဆုံးပျောက်ဆုံးခဲ့တဲ့
မကွေးတိုင်းအတွင်း ရေကြီးမှုမှာ ကျေးရွာအတော်များများ
ရေဘေးသင့်ခဲ့ရပြီး လူထောင်ပေါင်းများစွာ အကူအညီ လိုအပ်နေပါတယ်။
မြန်မာနိုင်ငံ
အလယ်ပိုင်းဒေသ မကွေးတိုင်းမှာ ပြီးခဲ့တဲ့အပတ်က
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆည်တချို့ရေဖောက်ချခဲ့ရသလို
ချောင်းရေလျှံပြီး အိမ်တွေ မျောပါပျက်စီးခဲ့ရတာပါ။
ရေဘေးသင့်
ပြီး အသေအပျောက်အများဆုံးဖြစ်တဲ့ ပခုက္ကူမြို့ကို ဒုတိယသမ္မတ
စိုင်းမောက်ခမ်း မနေ့က လာရောက်ကြည့်ရှုခဲ့တယ်လို့ ဒေသခံတွေက
ပြောပါတယ်။
ပခုက္ကူမှာ
ရွှေချောင်းတံတား ရေအားနဲ့ထိုးလို့ ကျိုးသွားခဲ့ရပြီး
ကမ်းနားနေ ပြည်သူတွေ ရေထဲမျောပါ သေဆုံးခဲ့ကြသလို ထောင်ချီတဲ့
ရေဘေးသင့်သူတွေကို တိလောကရာမ၊ မိုးကုတ်ဝိပဿနာအပါအဝင်
ဘုန်းကြီးကျောင်းလေးခုမှာ နေရာချထားပေးပါတယ်။
ပခုက္ကူရေဘေးဒုက္ခသည်တွေအခြေအနေကို ဆရာတော်တပါးက ခုလို မိန့်ပါတယ်။
“ပခုက္ကူတော့
မနေ့က နိုင်ငံတော်သမ္မတကြီး လာသွားတယ်။ လိုအပ်တာတွေကို
ညွှန်ကြားသွားပြီးတော့ ကုမ္ပဏီတွေတော့ ငွေလှူသွားတယ်လို့ကြားတယ်။
တော်တော်များများလည်း ရန်ကုန်တို့က လှမ်းပို့တာတို့၊
မန္တလေးကတော့ ကိုယ်တိုင်လာလှူတာပေါ့။
မွတ်စလင်နာရေးကူညီမှုအသင်းတို့လည်းလာတယ်။ ပခုက္ကူမှာရှိတဲ့
ကုန်သည်ပွဲစားတို့လည်း လုပ်ကြပါတယ်။”
ပခုက္ကူရေဘေးဟာ အနည်းဆုံး လူ ၂၀၀ ဝန်းကျင် သေတယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။
အဲဒီ
ချောင်းတလျှောက်မှာ နေထိုင်သူတွေဟာ အစိုးရထံမှာ
စာရင်းမဝင်သူတွေလည်းရှိတာကြောင့် ခန့်မှန်းတွက်ချက်ရခက်နေတယ်လို့
ဆိုပါတယ်။
မကွေးတိုင်း
ပေါက်မြို့နယ်မှာ ရွာပေါင်း ၃၈ ရွာ ရေလွှမ်းခဲ့ပြီး
အိမ်ခြေပေါင်း ၄ ရာနီးပါး ရေမျောခဲ့ရသလို လူ ၂၁ ဦး
သေဆုံးခဲ့တယ်လို့ ပေါက်မြို့ခံတဦးက ပြောပါတယ်။
ရေဘေး
ဒုက္ခသည် ၃ထောင်နီးပါးက နီးစပ်ရာဆွေမျိုး အသိအိမ်မှာ
ခိုလှုံနေကြရပြီး ဒေသခံရွာသား ကူညီတာကလွဲရင် ဘယ်အဖွဲ့စည်းကမှ
ကူညီတာမရှိသေးဘူးလို့ ပေါက်မြို့ခံက ပြောပါတယ်။
“ပေါက်မြို့
အရှေ့ဘက်ကုန်းမှာ မူလအိမ်ခြေ ၆၈၄၀ ရှိရာမှာ ရေမြုပ်သွားတာက ၂၇၇၅
အိမ်ရှိတယ်။ ရေမျောသွားတာ ၃၈၀ ရှိတယ်။ သေဆုံးမှုမှာတော့ ကျား ၁၅၊ မ
၆ ယောက်စုစုပေါင်း ၂၁ ဦး။ စာသင်ကျောင်းက ၂ ကျောင်းမျောသွားတယ်။
ဘုန်းကြီးကျောင်းက ၃ ကျောင်း မျောသွားတယ်။
ဓမ္မာရုံတရုံမျောသွားတယ်။ ရေဘေးဒုက္ခသည် စုစုပေါင်း ၂၃၈၁ ရှိတယ်။
လောလောဆယ်တော့ ရွာနီးချုပ်စပ်က ရေဘေးဒဏ် မခံရတဲ့ ရွာတို့က
ထမင်းထုတ်ဝေတာတို့ ရှိတာပေါ့။ အဖွဲ့အစည်းတွေတော့
ဘာမှအကူအညီပေးတာ မကြားရသေးဘူး။”
အဲဒီဒေသမှာ
မိုးအဆက်မပြတ်ရွာသွန်းလို့ ၁၉ ရက်နေ့ကစပြီး ပေါက်ချောင်း၊
ဆင်ဆာချောင်းနဲ့ ကျားသိုက်ချောင်းတို့က ရေလျှံပြီး အခုလို
ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တာလို့ အဲဒီမြို့ခံက ပြောပါတယ်။
ဂန့်ဂေါမြို့
မှာရှိတဲ့ လမ်းတံတားတွေနဲ့ ထောပတ်ပဲစိုက်ခင်းတွေလည်း
ပျက်စီးကုန်ပါတယ်။ ကံမမြို့နယ်ဘက်မှာတော့ လူအသေအပျောက် မရှိပေမယ့်
လမ်းတွေစိုက်ပျိုးမြေတွေ ပျက်စီးကုန်တယ်လို့ ပြောပါတယ်။
လမ်းတံတားတွေ ပျက်စီးမှုတွေကြောင့် သွားလာရေး
အခက်အခဲဖြစ်တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
“ကျနော်တို့
ကံမဘက်မှာတော့ ရွာလမ်းတွေလည်း အကုန်ပျက်ကုန်တယ်။ အသေအပျောက်တော့
မရှိဘူး။ ကျနော်တို့ဘက်က လယ်တွေယာတွေပျက်တာတော့ နည်းတယ်။
ရွာတွေထဲရေဝင်ပြီး ရွာလမ်းတွေဘာတွေတော့ ချိုင့်ခွက်တွေဖြစ်ပြီး
ပျက်ကုန်တယ်။ အခုတော့ ဖြစ်သလိုပဲ သွားနေကြတယ်။”
ဆိပ်ဖြူမြို့
နယ်မှာတော့ ယောချောင်းရေကြီးတာကြောင့် ရွာပေါင်း ၁၀ ရွာထက်မနည်း
ရေနစ်မြုပ်ခဲ့သလို လူရောတိရစ္ဆာန်ပါ ရေမျောသေဆုံးတာ ရှိတယ်လို့
ဆိပ်ဖြူမြို့ခံတဦးက ပြောပါတယ်။
“အိမ်
တွေတချို့လည်း ရေနောက်ပါကုန်တယ်။ တချို့လည်း အဲဒီမှာတင်
တိုင်တလုံးစာ နှစ်လုံးစာလောက်ကျန်နေခဲ့တယ်။ အိမ်ခြေပေါင်း ၁၀၀၀
တော့ ကျော်မယ်။ မျောပါတာတော့ ၁၀၀၀ မကျော်ဘူး။ ရေမြုပ်တာတော့
၁၀၀၀ ကျော်တယ်။ တချို့ရွာတွေမှာတော့ တဧက၊ နှစ်ဧက
ကုန်းမြင့်လေးတွေမှာ လွတ်တဲ့အိမ်လေးတွေရှိတယ်။ အဲဒီမှာ စုနေတယ်။
တချို့ကျလည်း ရွာအပြင်က ကုန်းလေးတွေပေါ်မှာ မိုးကာထိုးပြီးနေကြတယ်။
ဘာမှတော့လုပ်မရသေးဘူး။ တပတ် လောက်တော့ ကိုယ့်အိမ်နေရာကို
ပြန်နေလို့မရသေးဘူး။ တောင်ရွာမ မြောက်ရွာမဆိုတဲ့ ကျေးရွာကဆို
နွား၊ ကျွဲ၊ တိရစ္ဆာန်၊ ဝက် အကောင် ၂၀၀ လောက် ပါသွားတယ်။”
ရေဘေး
ဒုက္ခသည်ထောင်ချီရှိပြီး အစပိုင်း ဒေသခံတွေကို ကူညီတာရှိပေမယ့်
အခုချိန်မှာတော့ လာရောက်ကူညီတာ မရှိတော့ဘူးလို့ မြို့ခံက
ပြောပါတယ်။
မြိုင်မြို့နယ်ထဲမှာရေလွှမ်းလို့ လူ ခုနှစ်ဦး သေဆုံးခဲ့ရပါတယ်။
No comments:
Post a Comment