စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Sunday, April 15, 2012
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ နှစ်သစ်ကူး ဆင်နွဲ
အာအက်အေမှ ကူးယူဖော်ပြသည်
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေလည်း ဒီနှစ်ကျရောက်တဲ့ သင်္ကြန်ပွဲတော်ကာလမှာ တရားနာပွဲများ၊ ရဟန်းခံရှင်ပြုအလှူများ၊ သက်ကြီးပူဇော်ပွဲများနဲ့ နှစ်သစ်ကူး ရေကစားပွဲတော်တွေကို မိမိတို့ ဒေသအလိုက် ပြုလုပ်ကြတယ်လို့ သိရပါတယ်။
RFA
ထိုင်းနိုင်ငံ စမုတ်ဆာခွန်ခရိုင် မဟာချိုင် ဘုန်းတော်ကြီးကျောင်း၏ နှစ်သစ်ကူးကာလ ၀ိပဿနာ အထူးတရားစခန်းပွဲတွင် တရားဘာဝနာ ပွားများနေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ၂၀၁၂ ခုနှစ် ဧပြီလ ၁၄ ရက်နေ့က တွေ့ရစဉ်။
မြန်မာရွှေ့ပြောင်း အလုပ်သမား အများစုဟာ အလုပ်က နားနေကြပြီး မိမိတို့ဒေသအလိုက် ကုသိုလ်ကောင်းမှုပြုသူ၊ တရားဘာဝနာ ပွားများသူ၊ ရေပက်ကစားသူတွေနဲ့ အထူးစည်ကား ကြတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
မြန်မာအလုပ်သမား အများဆုံးရှိတဲ့ စမုတ်ဆာခွန်ခရိုင် မဟာချိုင်ဒေသက အခြေအနေကိုတော့ မြန်မာအလုပ်သမား အရေး လုပ်ဆောင်နေသူ တစ်ဦးဖြစ်တဲ့ ဦးတိုးက အခုလို ပြောပါတယ်။
“ကျွန်တော်တို့နှစ်စဉ်ကျင်းပတဲ့ သမထဝိပဿနာ တရားစခန်းကျင်းပတယ်။ ဝပ်ထစ်ကျောင်းမှာ ၁၂ ရက်နေ့ ညနေ ၆ နာရီက စတယ်။ ၁၆ ရက်နေ့ ၁၂ နာရီထိအောင် သတ်မှတ်ထားတယ်။ အဲဒါက လူပုဂ္ဂိုလ်ရိုးရိုးတွေချည်းပဲ တရားထိုင်ကြတယ်။ ဝပ်ခေါင်မဒီယံမှာတော့ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီကနေပြီးတော့ ၁၇ ရက်နေ့အထိအောင် သတ်မှတ်ထားတယ်။ အဲဒါက တရားစခန်းပါတယ်။ ရဟန်းခံရှင်ပြုပါမယ်။ မယ်သီလရှင်ပါတယ်။ ရဟန်းနဲ့ ကိုရင်နဲ့ တရားထိုင်တဲ့ ယောဂီအပါး အားလုံး စုစုပေါင်း (၃၀၀) ကျော်တယ်။ လတ်ဘူရီမှာ ဘုရားတည်နေတာရှိတယ်။ တချို့အလုပ်သမားတွေက ဘတ်စ်ကားတွေဘာတွေ ဌားပြီးတော့ အဲဒီနေရာကို သွားလည်ကြတယ်။ နောက်တစ်ခုက ရေကစား တော်တော်များများတွေ့ရတယ်။ မြန်မာနဲ့ထိုင်းနဲ့ကြားမှာ ကျွန်တော်တို့မြန်မာတွေ များတယ်။”
ဒါ့အပြင် ထိုင်းနိုင်ငံကိုခေတ္တ ကြွရောက်လာတဲ့ ရွှေညဝါဆရာတော်ကြီးကလည်း ဒီကနေ့ ညနေ ၇ နာရီခွဲမှာ ပုဇွန်စက်ရုံ တစ်ခုဖြစ်တဲ့ စိန်ထော်ရုံမှာ တရားဟောကြားတော်မူမယ်လို့ သိရပါတယ်။
အလားတူ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်၊ တကွာပမြို့နယ်အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED က ကြီးမှူးပြီး အသက် (၆၀) ကျော် အဘွားအို၊ အဘိုးအိုတွေကို ခြေသည်းလက်သည်းညှပ်ပြီး ကောင်းမှုကုသိုလ် ပြုလုပ်ကြရာမှာ မြန်မာအလုပ်သမား ဦးရေ (၅၀) ကျော် ပါဝင်တယ်လို့ သိရပါတယ်။ ဒီအကြောင်းကိုတော့ FED အဖွဲ့ရဲ့ ရွှေ့ပြောင်းအလုပ်သမားရေး တာဝန်ခံ ဦးမိုးဝေက အခုလို ပြောပါတယ်။
“ဒီသင်္ကြန်မှာတော့ သက်ကြီးပူဇော်ပွဲတွေ လုပ်တယ်။ ဘုန်းကြီး ၂ ပါးပင့်ပြီးတော့ လုပ်တယ်။ ၁၃ ရက်နေ့ ညနေ ၄ နာရီအချိန်မှာ လုပ်တယ်။ လူဦးရေ (၅၀) လောက်လာတယ်။ ကန်တော့ခံတဲ့ သက်ကြီးပူဇော်ခံတဲ့သူတွေကတော့ (၁၈)ယောက်ရှိတယ်။ အဘွားကြီးက (၁၂) ယောက် အဘိုးကြီး (၆) ယောက် အဲဒါကျွန်တော်တို့ လက်သည်းခြေသည်းညှပ် ပြီးတော့ခေါင်းတွေဘာတွေ လျှော်ပေးပြီးတော့ ကျွန်တော်တို့ ရေစိုထမင်းနဲ့ ငါးခြောက်ကျော်ထမင်းကျွေးပြီးတော့ ပြီးဆုံးသွားတာပေါ့နော်။ ပကလန် ရော်ဘာခြံမှာ ရေပက်ခံထွက်တာတော့ရှိတယ်ဗျ။”
ထိုင်းနိုင်ငံတောင်ပိုင်းကတော့ ရေပက်ကစားမှုကို သင်္ကြန်အကျနေ့ တရက်ထဲပဲ ပြုလုပ်တာဖြစ်ပါတယ်။
အလားတူပဲ ဘန်ကောက်၊ ချင်းမိုင်၊ ဖူးခက်စတဲ့ ထိုင်းနိုင်ငံဒေသ အသီးသီးမှာရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ မိမိတို့ဒေသတွင်းမှာ ထိုင်းပြည်သူတွေနဲ့အတူ နှစ်သစ်ကူး ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွဲနေကြပါတယ်။
Subscribe to:
Post Comments (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း
ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ
သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
စိုင်းစိုင်းခမ်းလှိုင် မွေးသက္ကရာဇ် ၁၉၇၉ ခုနှစ် ဧပြီလ (၁၀) ရက် အမည်ရင်း မိဘအမည် စိုင်းခမ်းလှိုင် +စဝ်ဝေဠုသိဂီ င်္ နိ...
-
မောင်တော ဖက်ဝန်းချောင်းရခိုင်ရွာကို ကုလားတိက လိုက်လို့မီးတိုက်နိန်ကြောင်းနန့် မောင်တောမြို့ ဆီးရုံနားဖက်က ထောင်ချီတက်လာရေ လူအုပ်ကြီးကို...
-
[color=cyan]ဗုဒ္ဓဘာသာ website များ www.dhammadownload.com www.dhammanet.org www.edhamma.com www.mora.gov.mm www.dhammasearch.net မြ...
-
ဆောင်းပါးရှင် တောသားကြီး မြန်မာပြည်မှာ လူမုန်းအများဆုံး အလုပ်က စစ်သား အလုပ်ပါ၊ အရင်က ပြည်သူချစ်သောတပ်မတော်သားတွေကို အခုမုန်...
-
http:// http://www.zwani.com/ ပုံလှလှလေးတွေ လိုချင်ရင် http://: http://myanmaritpros.com/ ကွန်ပျူတာ အမေးအဖြေများလေ့လာရန်…. http://www.t...
-
မြင်းခြံမြို့၊မြောက်ဈေး၊ လမ်းဘေးမှာ မိုးကာတဲလေးနဲ့ မလုံမခြုံနေရရှာတဲ့ မိမိအမည်ကိုတောင်မပြောနိုင် တဲ့ စိတ်ရောဂါရှင်ပါ။ ကလေးလေးမွေးဖွားပြီ...
-
(မောင်ကျောက်ခဲ) က ပ စမှ စစ်အင်ဂျင်နီယာများကိုယ်တိုင် ရခိုင်သို့ တတက်သွားပြီးဖြစ်ကြောင်း သတင်းရရှိပါသည် ။ ထို့ကြောင့် တိုက်ပွဲများတွင် ...
-
http://www.facebook.com/burmavjmedia မှကူးယူဖော်ပြသည်။ အနောက်တောင်တိုင်းစစ်ဌာချုပ် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ.ရဲ. မဏ္ဍာန် မှာတော့ သရုပ...
-
(သရုပ်ဆောင်သဉ္ဖာဝင့်ကျော်နဲ့ နန်းသီရိမောင်ရေကစားထွက်လာပုံ) ဒီနှစ်မြန်မာ့ရိုးရာသင်္ကြန်မှာ သင်ဇာဝင့်ကျော်အပါအ၀င် တခြားသောအနုပညာရှ...
No comments:
Post a Comment