စစ်တွေတွင် ဆူပူ အကြမ်းဖက်မှုများ စတင်ဖြစ်ပွား၊ လုံခြုံရေး အခြေအနေ စိုးရိမ် ရေမှတ် ရောက်ရှိ
ရန်ကုန်၊ ဇွန် ၉
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဆူပူ
အကြမ်းဖက်မှုများမှာ စစ်တွေမြို့သို ကူးစက်လာခဲ့ပြီး ဘုမေ ကျေးရွာမှ အစ္စလာမ်
ဘာသာဝင်များက ယနေ့ညနေပိုင်းတွင် ရခိုင် တိုင်းရင်းသား အများစု နေထိုင်ရာ
ဓညဝတီ ရပ်ကွက်သို့ ဝင်ရောက် အကြမ်းဖက် ဖျက်ဆီးရန် ကြိုးစားခဲ့ရာမှ
လုံခြုံရေး အခြေအနေ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိခဲ့ကြောင်း
မြို့ခံများထံမှ သိရှိရသည်။
စစ်တွေမြို့ အခြေစိုက် တပ်မတော်သား
ခြောက်ရာခန့်ကို ယမန်နေ့က ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားသော မောင်တော
မြို့နယ်သို့ စေလွှတ်ထားသဖြင့် မြို့ပေါ်၌ လုံခြုံရေး အခြေအနေ အားနည်းမှုကို
အခွင့်ကောင်း ယူကာ ယင်းကဲ့သို့ အကြမ်းဖက်မှုများ စတင် ပြုလုပ်ခဲ့ခြင်း
ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။
“မြို့ထဲမှာ လုံခြုံရေး
လုံးဝ မရှိဘူး။ လူတွေက အိမ်ပြင် မထွက်ရဲတော့ဘူး” စစ်တွေမြို့ မြို့မ
ဈေးကြီးတွင် ကုန်စုံဆိုင် ဖွင့်လှစ်ရောင်းချသူ ဒေသခံ အမျိုးသား တစ်ဦး
လက်ရှိအခြေအနေကို သုံးသပ်ပြောဆိုသည်။
အစ္စလာမ် ဘာသာဝင် ဘင်္ဂါလီ
လူမျိုးများ အများစုနေထိုင်ရာ ဘုမေကျေးရွာမှ အင်အား ၃၀၀ ခန့်က ရခိုင်
တိုင်းရင်းသား အများစု နေထိုင်ရာ ဓညဝတီ ရပ်ကွက်သို့ ဝင်ရောက် ဖျက်ဆီးရန်
ကြိုးစားရာမှ ပဋိပက္ခများ စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့က
ဝင်ရောက် ထိန်းသိမ်းမှုကြောင့် ဆူပူ အကြမ်းဖက်သူများ နောက်ဆုတ်
သွားခဲ့သော်လည်း လေယာဉ်ကွင်း အနီးရှိ ဝန်ထမ်းလိုင်းခန်း တစ်ခုကို
မီးရှို့ဖျက်ဆီး ခဲ့ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ
ပါတီဝင် တစ်ဦးက ပြောဆိုသည်။
ယနေ့ည ၈ နာရီ မိနစ် ၃၀ ခန့်ကလည်း
စစ်တွေမြို့ရှိ အဓိက လျှပ်စစ်ဓာတ်အား ဖြန့်ဝေနေသော မီးစက်ကြီးကို
ဖျက်ဆီးရန် အစ္စလာမ် ဘာသာဝင် ဘင်္ဂါလီ လူမျိုး အင်အား ၃၀၀ကျော် ရောက်ရှိလာရာ
လုံခြုံရေး တပ်ဖွဲ့ဝင် အင်အား ၃၀ ဦးခန့်က တာဝန်ယူ ထိန်းသိမ်းခဲ့ရကြောင်း
စစ်တွေမြို့ခံများက ပြောကြားသည်။
“မီးပျက်သွားရင် ပိုဆိုးတော့မယ်။ ခုလည်း တစ်ညလုံး အိပ်လို့ ရတော့မှာ မဟုတ်ဘူး” ဟု စစ်တွေ ဒေသခံ တစ်ဦးက ပြောဆိုသည်။
အလားတူ ယနေ့ည ရှစ်နာရီခန့်က မင်းကံရပ်ကွက်ရှိ နေအိမ် သုံးလုံးကို အစ္စလာမ်
ဘာသာဝင် ဘင်္ဂါလီ လူမျိုးများ မီးရှို့ဖျက်ဆီးခဲ့ရာ အမျိုးသမီး နှစ်ဦး ဒဏ်ရာ
ရရှိခဲ့ကြောင်း ဒေသခံများက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။
ထို့အပြင် အစ္စလာမ် ဘာသာဝင် ဘင်္ဂါလီလူမျိုးများ၏ အကြမ်းဖက်မှုများကြောင့်
စိတ်မထိန်းနိုင်သော ရခိုင် တိုင်ရင်းသား အချို့က လေယာဉ်ကွင်း အနီးရှိ
ဗလီတစ်လုံးကို မီးရှို့လိုက်ကြောင်း သိရှိရသည်။
စစ်တွေမြို့၏
လုံခြုံရေး အခြေအနေ စီမံ ဆောင်ရွက်ထားမှုနှင့် ပတ်သက်၍ The Voice Weekly က
ယနေ့ည ၉ နာရီခန့်တွင် စစ်တွေရဲစခန်းမှ အကြီးတန်း အရာရှိ တစ်ဦးကို ဆက်သွယ်
မေးမြန်းခဲ့ရာ ဆူပူမှုများ ဖြစ်ပွားနေသည်မှာ မှန်ကန်ကြောင်းနှင့် ရဲတပ်ဖွဲ့
အင်အား တစ်ထောင်ကျော်က လုံခြုံရေး တာဝန်ယူ ဆောင်ရွက်လျှက် ရှိကြောင်း
အတည်ပြု ပြောကြားသည်။
အကြိုက်များသော Posts
-
စာချုပ်စာတမ်းနမူနာများ ...
-
Published on June 24, 2011 by သူရိန်စိုး · (ဒီမီုကရက်တစ်မြန်မာ့အသံမှ) ကချင်ပြည်နယ်အတွ...
-
ဆရာတာရာမင်းဝေ၏ကဗျာများ၊စာများကိုတစုတစည်းတည်းဖတ်ရှုနိုင်ကြစေရန်စုဆောင်းတင်ပြထားခြင်းဖြစ်ပါသည်။ ကျနော်တင်ပြထားသည်များအပြင်အခြ...
-
(ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး) (ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှိ ပွဲစားများ ကျင်လည်ရာ နေရာတစ်ခု) ထိုင်းရောက်မြန်မ...
-
ခရစ်ယာန်တွေမှာ ဘုရားနှုတ်ကပတ်တော်ဆိုတဲ့ ကျမ်းစာကို ရှေးက ကျမ်းတတ်ပုဂ္ဂိုလ်၊ ယာဇ်ပရောဟိတ်များ နှုတ်နဲ့အာဂုံဆောင်ခဲ့ကြပါတယ်။...
-
မင်းကျင့်တရား မင်းကျင့်တရားဆိုသည်မှာ နိုင်ငံအုပ်ချုပ်မင်းလုပ်နေသော မင်းများသည် သားတော်အစဉ် မြေးတော်အဆက် မြစ်တော်အညွန့် အဓွန့်ရှည်အောင် စို...
-
ကလေးစစ်သားအကြောင်းများ အား ဒီဗွီဘီမှ ထုတ်လွှတ်ချက် ဗီဒီုယီုဖိုင်
-
ဆောင်းပါးရှင် တောသားကြီး မြန်မာပြည်မှာ လူမုန်းအများဆုံး အလုပ်က စစ်သား အလုပ်ပါ၊ အရင်က ပြည်သူချစ်သောတပ်မတော်သားတွေကို အခုမုန်...
-
-
တစ်နေ. တပ်ကြပ်ကြီးစာရေး ဘဦးတစ်ယောက် နံနက်တန်းစီးပြီးရုံးသို. ဦးတည်လာခဲ့ပါပြီ..။ စိတ်အတွင်းမှလဲ ဒီနေ.တော့ ဘာစီမံချက်တွေများလာအအုံးမလဲမသိပ...
No comments:
Post a Comment