.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Friday, October 12, 2012

တတ်အားသမျှ ကူညီကြစေလို


မြင်းခြံမြို့၊မြောက်ဈေး၊ လမ်းဘေးမှာ မိုးကာတဲလေးနဲ့ မလုံမခြုံနေရရှာတဲ့ မိမိအမည်ကိုတောင်မပြောနိုင်တဲ့ စိတ်ရောဂါရှင်ပါ။ ကလေးလေးမွေးဖွားပြီးးတာ နှစ်ပတ်လောက်ပဲ ရှိပါသေးတယ်။ ဓာတ်ပုံမှာ မြင်ရတဲ့အတိုင်း မိုးကာတဲလေးက ကလေးငယ်လေးအား အသက်ရှင်ဖို့ စိုးရိမ်စရာအခြေအနေပါ။ လမ်းဘေးလေးမှာ မလုံမခြုံနေရတာကြောင့် ဈေးသူဈေးသားများလည်း စိတ်မချမ်းမသာဖြစ်နေကြတယ်။ ကူညီမယ့်သူကိုလည်း မျှော်လင့်နေကြတယ်။ မနက်ပိုင်း နေ့ခင်းပို
င်းမှာ(ဈေးဖွင့်ချိန်မှာ) ၀ိုင်းပြီးကူညီကြ၊ ရိုင်းပင်းကြ၊ ပေးကြ ကမ်းကြပါတယ်။ အထူးသဖြင့် မအိဖောင်းက အစစအရာရာ ဂရုစိုက်ပေးပါတယ်။ ထမင်းပို့ပေးတယ်။ တဲလေးလုပ်ပေးတယ်။ မွေးဖွားခါနီးမှာ ဆရာဝန်များနဲ့ ပြသပေးခဲ့ပါတယ်။ ခက်နေတာက ဈေးသူဈေးသားတွေ မရှိတော့တဲ့ ညဘက်ဆိုရင် မိခင်ရဲ့လုံခြုံရေးကလည်း ရင်လေးစရာပါ။ ကလေးအတွက် ကျန်းမာရေးဆိုင်ရာ စိုးရိမ်ရပါတယ်။ စိတ်ရောဂါရှင်ဟာ လူမဆန်တဲ့လူများကြောင့် ကလေးရခဲ့တာပါ။ လိင်လုပ်သားတစ်ဦးမဟုတ်ကြောင်းကိုလည်း ပတ်ဝန်းကျင်ကပြောကြပါတယ်။ မြင်းခြံမြို့ ဘူတာဝန်းကျင်မှာ ရောက်နေတာ တစ်နှစ်ဝန်းကျင်ရှိပြီလို့ သိရပါတယ်။ စိတ်ရောဂါရှင်ဖြစ်လို့ စိတ်ထင်ရာလျှောက်သွားရင်း မြင်းခြံကိုရောက်လာဟန်တူပါတယ်။ သူမနာမည်ကို အမှန်မပြောနိုင်သေးပါ။ “မမုန်တိုင်း” လို့လဲပြောတယ်။ “မသက်သက်ခိုင်” လို့လဲပြောပါတယ်။ ကလေးဖွားပြီးမှ မိခင်စိတ်ရှိလာတယ်။ စိတ်မှန်စပြုလာတယ်လို့ ပြောပါတယ်။ (အချို့ကလည်း မိုးကုတ်ဘက်ကတဲ့၊ အချို့ကလည်း ပုပ္ပါးဘက်ကတဲ့၊ အချို့က မော်လမြိုင်ဘက်ကတဲ့၊ အမျိုးမျိုးပြောကြပါတယ်။) သူမအတွက် (ယာယီဖြစ်ဖြစ်) လုံခြုံရာနေရာတစ်ခုရဖို့ စီစဉ်နေပါတယ်။
အကယ်၍ facebook မိတ်ဆွေများ သိခဲ့လျှင် သူမမိဘများနဲ့ဆက်သွယ်အကြောင်းကြားပေးဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။ နေရာဒေသအတိအကျသိရင် အောက်ပါဖုန်းနံပါတ်များနဲ့လည်း ဆက်သွယ်သတင်းပေးကြပါခင်ဗျား-----
အောက်ပါဖုံးနံပါတ်များနဲ့လည်းဆက်သွယ်နိုင်ပါတယ်
၀၉/၄၃၀၃၆၉၃၉
အရှင်ဝဏ္ဏိတ၊ အလင်းဥယျာဉ်ပညာရေးကျောင်း၊ ထနောင်းတိုင်
၀၉/၄၀၂၅၄၁၃၂၆
အရှင်နန္ဒ၀ံသ၊ စွန်းလွန်းဂူကျောင်း၊မြင်းခြံ၊


Reference and Credit to ^..^
Chit Coco

2 comments:

lcd said...

အဲဒီမြို့ကအမျိုးသမီးရေးရာတွေ၊မိခင်နဲ့ကလေးစောင့်ရှောက်ရေးဌာနတွေဘာလုပ်နေကြတုံး။

Unknown said...

$ မပါရင်တော့ တတာပဲ

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

Click to see detail of visits and stats for this site

အကြိုက်များသော Posts

သူငယ်ချင်းများ