တာဝန်ရှိအစိုးရမင်းများသို.အကြံပြုခြင်း
(ဓါတ်ပုံအားမစ္စတာမီုးဖေ့ဘွတ်မှကူးယူဖော်ပြသည်)
သေချာတွေးလေးရှက်စရာကောင်းလေ ..........ဘာရယ်တော့မဟုတ်ပါဘူးဗျာ ...မြင်တာလေးကို စီကြည့်လိုက်တာ ခုလိုပုံ ထွက်လာတယ် ........
ထိုင်းမြန်မာနယ်စပ် ကော့သောင်းမြို. မွေတော်ကျွန်း လူဝင်လူထွက်စစ်ဆေးရေးစခန်း ဟာ နိုင်ငံရဲ. အဆင့်အတန်းပြယုဂ် တစ်ခုပါပဲ ။ဘာကြောင့်လဲဆိုရင် ထိုင်းနိုင်ငံကတဆင့်မြန်မာနိုင်ငံကို ၀င်ရောက်လည်ပါတ်တဲ့ ထိုင်းနိုင်ငံသားများအပါအ၀င် နိုင်ငံခြားသားများ နေ.စဉ်ဖြတ်သန်းနေတဲ့ စခန်းဖြစ်လို.ပါပဲ ။ယခုဆိုရင် နယ်စပ်ဂိတ်တွေကို အပြည်ပြည်ဆိုင်ရာဝင်ထွက်ရာလမ်းကြောင်းများအဖြစ်ပြောင်းလဲဖို.လုပ်နေတဲ့အချိန်လဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံဘက်ခြမ်း ရနောင် လူဝင်လူထွက် စစ်ဆေးရေးစခန်း ကတော့ နေ.စဉ်နဲ.အမျှ ကောင်းမွန်အောင်တည်ဆောက် နေသမျှ မြန်မာဘက်ခြမ်း လူဝင်လူထွက်စစ်ဆေးရေးစခန်းကတော့ ပြိုကျလို. ပျက်ဆီးသွားရပါပြီ။
ယခင်က ထိုင်းနိုင်ငံဘက်ခြမ်း လူဝင်လူထွက်စခန်း နဲ. မြန်မာဘက်က စခန်းတို.ဟာ မတိမ်းမယိမ်းဖြစ်၏။
ယခုအခါမှာတော့ ထိုင်းနိုင်ငံဘက်ခြမ်းက လူဝင်လူထွက်စစ်ဆေးရေးစခန်းကို အခိုင်အမာ အင်္ဂတေဖြင့် တည်ဆောက်ပြီး ရုံးခန်းဖွဲ.စည်းပုံ ၊ မှန်လုံခန်း ၊နားနေဆောင်၊ အ၀င်အထွက် လှေကား၊ ဋ္ဌာနခွဲအလိုက်နေရာချ၊ စီစီတီဗီ များတပ်ဆင်ကာ အာဆီယံ ဆယ်နိုင်ငံအလံများလွှင့်ထူလျှက် ခန်.ထည်စွာတည်ရှိနေလေပြီ။
မြန်မာနိုင်ငံဘက်ခြမ်း လူဝင်လူထွက်စစ်ဆေးရေးစခန်းမှာတော့ ဒုံရင်းကဒုံရင်း ဖြစ်ကျန်ခဲ့ပြီး ထိန်းသိမ်းမှု. အားနည်း ပြင်ဆင်မှု.မလုပ်သည့်အတွက် ရာသီဥတုဒဏ်ကြောင့် ပြိုကျပျက်ဆီးခဲ့ရသည်။
ကော့သောင်းရေလယ်စခန်းကို အသစ်ပြန်တည်ဆောက်ခွင့်ပေးသည့်အခါ အကောင်းဆုံးမဖြစ်သည့်တိုင် သပ်သပ်ရပ်ရပ်ခိုင်ခိုင်မာမာနှင့် စနစ်တကျ တည်ဆောက်ကြစေလိုပါသည်။
နိုင်ငံ၏တောင်ဘက်စွန်း မြန်မာနှင့်ထိုင်း နယ်စပ်မြို. ဖြစ်ပြီး နိုင်ငံခြားသား ဧည့်သည်များ ၀င်ထွက်သွားလာလည်ပါတ်ရာနေရာဖြစ်သည့်အားလျှော်စွာ ကော့သောင်းမြို.လေးအား လမ်းပန်းဆက်သွယ်ရေး၊သန်.ရှင်းသာယာလှပရေး တို.အား တာဝန်ရှိအစိုးရမင်းများအနေနှင့် ဆောင်ရွက်ပေးသင့်သည်။ (ကော့သောင်းမြို.တွင် စည်ပင်ဝန်ထမ်းများနည်းပါပြီး အမှိုက်သိမ်းကားများလဲလိုအပ်လျှက်ရှိသည်)
ထို.ပြင် ကော့သောင်းမြို. သည် ပင်လယ်နှင့်ထိတွေ.နေပြီး သာယာလှပသည့် ကျွန်းများ ၊ ရှားပါးဆေးဖက်ဝင်များ၊ နိုင်ငံတကာမှ စိတ်ဝင်စားသည့် ဆလုံလူမျိုးစုများ၊ မြန်မာ့ရတနာ ပုလဲများ ၊ အပန်းဖြေစခန်းများ ရှိသည့်နေရာဒေသဖြစ်သည့်အတွက် နိုင်ငံတော်ဝင်ငွေ အား ဖြည့်ဆည်းပေးသည့်မြို.ဆိုလျှင်လဲမမှားပါ။
မကြာခင်ရက်ပိုင်းအတွင်း အပြည်ပြည်ဆိုင်ရာ ၀င်ထွက်လည်ပါတ်ရန် ဂိတ်ဖြစ်လာမည့်ကော့သောင်းသည် တာဝန်ရှိအစိုးရမင်းများ၏ တာဝန်သိသိ စေတနာရှိရှိ ဖော်ဆောင်ပေးမည့် ကောင်းမွန်သည့် လမ်းပန်းဆက်သွယ်ရေး၊ မြို.တော် သန်.ရှင်းသာယာလှပရေး၊ လျှပ်စစ်မီးများ အဆင်ပြေရေး တို.အတွက် မျှော်လင့်စောင့်စားလျှက်ရှိကြောင်း ဖော်ပြလိုက်ရပါသည်။
မင်းလွမ်းနောင်(ပန်းတနော်)
အကြိုက်များသော Posts
-
ဆရာတာရာမင်းဝေ၏ကဗျာများ၊စာများကိုတစုတစည်းတည်းဖတ်ရှုနိုင်ကြစေရန်စုဆောင်းတင်ပြထားခြင်းဖြစ်ပါသည်။ ကျနော်တင်ပြထားသည်များအပြင်အခြ...
-
စစ်ခရာသံများ စစ်တက္ကသိုလ် ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး အောင်မျိုးမင်းသည် စစ်တက္ကသိုလ် ဗိုလ်လောင်းများအား စစ်ခရာသံများနှင့် ပတ်သက်၍ ကြာ...
-
စာချုပ်စာတမ်းနမူနာများ ...
-
စိုင်းစိုင်းခမ်းလှိုင် မွေးသက္ကရာဇ် ၁၉၇၉ ခုနှစ် ဧပြီလ (၁၀) ရက် အမည်ရင်း မိဘအမည် စိုင်းခမ်းလှိုင် +စဝ်ဝေဠုသိဂီ င်္ နိ...
-
9:26 PM | Posted by လူဗိုလ်ဟူသည် ...... Posted by လင်းဦး(စိတ်ပညာ) အမည် ။ ။ ရန်ကြီးအောင် (ခေါ်) မောင်လှထွန်း အသက် ။ ။ ၁၈နှစ...
-
Written by Won Thar Nu ...
-
Saturday, 09 July 2011 20:25 KNG ကချ...
-
ဆောင်းပါးရှင် Kyi Wah Htun ( ဒီဆောင်းပါးလေးဟာ ဆောင်းပါးရှင်ကြည်ဝါ ရဲ.ပထမဆုံးရေးတဲ့ဆောင်းပါးဖြစ်ပေမဲ့ အရေးအသားနှင့်မြန်မာမိန်ကလေးများ...
-
S Pass S Pass ဟာ ၂၀၀၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ EP Q2 ကို အစားထိုးခဲ့တဲ့ Pass အသစ်ဖြစ်ပါတယ်။ S Pass ရဲ့ အနက်အဓိပ္ပာယ်ကို သက်ဆိုင်ရာ Webs...
-
အရက်ကို ရေရော သောက်ရာ၏ ။ (ရေရောမသောက်ပါက ရင်ပူ၏) မိန်းမကိုမူ ရေများများလောင်းပေးရာ၏ ။ (ရေများများမလောင်းပေးပါက နားပူ၏) မင်းလွ...
No comments:
Post a Comment