ခိုးရာပါပစ္စည်းလက်ခံထားသူက ပိုင်ရှင်အား သံလက်သီးဖြင့် ထိုးကြိတ်
သံလက်သီးဖြင့် အထိုးခံရမှုကြောင့် ရရှိသွားသော ဒါဏ်ရာ
အီဆွတ်သည် စက်ဘီးဖြင့် ပြန်ထွက်သွားသော ကိုမောင်မောင်မြင့်နောက်သို့ ဆိုက်ကယ်ဖြင့်လိုက်သွားပြီး သံလက်သီးစွပ်ထားသော လက်ဖြင့်ထိုးကြိတ်လိုက်ရာ ကိုမောင်မောင်မြင့်၏ ဦးခေါင်းကွဲသွားခဲ့သည်။ အီဆွတ်က" ငါ ထိုင်းနိုင်ငံသားပဲကွ၊ ကြိုက်တဲ့အဖွဲ့နဲ့ တိုင်လို့်ရတယ်" ဟု ပြောသည်ကို ကိုမောင်မောင်မြင့်က " ငါတို့ မြန်မာပြည်သားတွေကို ကူညီစောင့်ရှောက်တဲ့ အဖွဲ့အစည်းရှိတယ်၊ အဲဒီအဖွဲ့ကို သွားတိုင်မယ်" ဟု တုံ့ပြန်ပြောဆိုလိုက်သည်။ အခင်းဖြစ်ပွားသည့်နေသည် (၂၂-၃-၂၀၁၁) ရက်နေ့ဖြစ်ပြီး ညနေ ၆ နာရီ ခွဲခန့်တွင်ဖြစ်သည်။
PVA ရုံးသို့လာရောက်တိုင်ကြားသော ကိုမောင်မောင်မြင့်အား ဒါဏ်ရာသွေးတိတ်အောင် ပြုစုပေးပြီး မဲဆောက်ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားပေးလိုက်သည်။ PVA နှင့် အမှုကိုင်ရဲအရာရှိတို့၏ ညှိုနှိုင်းမှုဖြင့် အီဆွတ်အား ကိုမောင်မောင်မြင့်အတွက် ဆေးဝါးကုသစရိတ်နှင့် နစ်နာကြေးပေးရန် ဖြေရှင်းဆုံးဖြတ်ပေးလိုက်သည်။
No comments:
Post a Comment