| Thursday, 27 October 2011 00:00 |
|
photo: the nation
ထိုင်းအစိုးရ အနေဖြင့် ရွှေ့ပြောင်း အလုပ်သမားများအား အကူအညီ ပေးသည့် လုပ်ငန်းများ နှေးကွေးမှု၊ အလုပ်သမား အခွင့်အရေး ချိုးဖေါက်မှုများကို (၂၅၊၁၀၊၂၀၁၁) ရက်နေ့တွင် ထုတ်ပြန်သည့် ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီ၏ ကြေညာချက်တွင် ပြင်းထန်စွာ ဝေဖန်ထားသည်။ နေးရှင်းသတင်းစာ၏ အဆိုအရ ထိုင်းအလုပ်သမား ဝန်ကြီးဋ္ဌာန အနေဖြင့် ရေဘေးဒုက္ခသည် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ယာယီ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပေးခြင်းသည် ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီ၏ တွန်းအား တစ်ခုကြောင့် ဖြစ်သည်ဟု ဖေါ်ပြထားသည်။ ထိုင်းနိုင်ငံအတွင်း မှတ်ပုံတင်ထားသည့် ရွှေ့ပြောင်း အလုပ်သမားများအား မိမိတို့ နိုင်ငံသို့ ပြန်ခြင်းထက် ထိုင်းနိုင်ငံအတွင်း ရပ်တည်နိုင်အောင် ဆောင်ရွက်ပေးပြီး လုပ်ငန်းသစ်များ ရှာဖွေပေးမည်ဟု ထိုင်းအစိုးရ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်ကို နေးရှင်း သတင်းစာက ကိုးကားထားသည်။ “ထိုင်းအစိုးရ အနေနဲ့ အခုလို မြန်မာရေးဘေး ဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေး စခန်း ဖွင့်ပေးပြီး အလုပ်အကိုင် ရှာဖွေပေးမယ်ဆိုတာ ကျနော်တို့ အနေနဲ့ ကြိုဆိုပါတယ်။ မြန်မာပြည်ကို ပြန်သွားတဲ့ အလုပ်သမားတွေ အနေနဲ့ မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့ ဂိတ်တွေမှာ ဂိတ်ကြေးတွေ ပေးနေရတယ်ဆိုတော့ သူတို့အနေနဲ့ ယာယီစခန်းတွေမှာ ခဏနေပြီး၊ အလုပ်အကိုင် ရှာဖွေကြတာ ပိုပြီးကောင်းမယ်လို့ ထင်ပါတယ်”ဟု ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငဒေသ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးဖောင်ဒေးရှင်း၏ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။ ရွှေ့ပြောင်း အလုပ်သမား ရေဘေး ကယ်ဆယ်ရေးကို လုပ်ကိုင်နေသည့် ကွန်ယက်အဖွဲ့နှင့် ထိုင်းအစိုးရ တာဝန် ရှိသူများသည် (၂၆၊၁၀၊၂၀၁၁)နေ့က ယာယီ ကယ်ဆယ်ရေးစခန်း၌ အစည်းအဝေး ပြုလုပ်ခဲ့ပြီး အရေးပေါ် လိုအပ်ချက်များ၊ အနာဂတ်တွင် ကူညီ ဆောင်ရွက်ပေးသင့်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။ ထိုင်းနိုင်ငံတွင် ယခုကြုံတွေ့ နေရသည့် သဘာဝ ဘေးအန္တရာယ်သည် နှစ်ပေါင်း (၇၀)အတွင်း အဆိုးရွားဆုံး ဖြစ်ပြီး၊ ခန့်မှန်းခြေ စာရင်းများအရ ထိုင်းအလုပ်သမား လေးသိန်းကျော်နှင့် ရွှေ့ပြောင်း အလုပ်သမား နှစ်သိန်းကျော် ရေဘေးဒဏ် ခံနေကြရသည်ဟု သိရသည်။ |
စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Wednesday, November 2, 2011
မြန်မာရွှေ့ပြောင်း အလုပ်သမား ရေဘေးဒုက္ခသည်များအတွက် ယာယီ ကယ်ဆယ်ရေး စခန်းဖွင့်လှစ်။
Subscribe to:
Post Comments (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း
ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ
သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
စိုင်းစိုင်းခမ်းလှိုင် မွေးသက္ကရာဇ် ၁၉၇၉ ခုနှစ် ဧပြီလ (၁၀) ရက် အမည်ရင်း မိဘအမည် စိုင်းခမ်းလှိုင် +စဝ်ဝေဠုသိဂီ င်္ နိ...
-
ခေတ်နှင့်လျော်ညီသည့် လုပ်ခလစာ သတ်မှတ်ပေးရန် တောင်းဆို မြန်မာ အစိုးရအနေဖြင့် အလုပ်သမားများအား ခေတ်ကာလနှင့် လျော်ညီသော အနိမ့်ဆုံးလုပ်ခလစာ သတ...
-
မြစ်ကြီးနား အကျဉ်းထောင်မှ ကိုသူရ(ခ) ဇာဂနာ ပြန်လည် လွတ်မြောက်လာကြောင်း ကိုဇာဂနာက ခယ်မဖြစ်သူ မငြိမ်းက Eleven Media Group သို့ အတည်ပြု ပြော...
-
Sunday, May 8, 2011 Posted by Admin at 12:47 PM Labels: News , သတင်း (The Yangon Times ဂျာနယ်ထဲက တွေ့လို့ စိတ်ဝင်စားတာနဲ့ ကူးယူ...
-
ဗမာစစ်တပ် ဗမာစစ်သား ဆိုတာ (မင်းလွမ်းနောင်) ဗမာစစ်တပ် ဆိုပြီးသုံးနှုံးနေသူများ ဖေ့ဘွတ်စာမျက်နာပေါ်တွင်တွေ.မြင် လာရ သည်မှာ နေ.စဉ်လိုလိုဖြစ...
-
ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရနောင်းမြို.) မြန်မာနိုင်ငံမှ ဈေးအသက်သာဆုံးသော ပြည်ပထွက်ခွာမှု. (တရားမ၀င်)များတွင် မြန်မာနို...
-
မြန်မာ ရေလုပ်သားများ လစာလျှော့ချခံရ၍ အခက်ကြုံ Tuesday, 19 April 2011 18:42 ထိုင်းနိုင်ငံတောင်ပိုင်း ချုံဖော် ပါနန်း အရပ်ဒေသရှိ ငါးဖမ်းလေ...
-
ဓါတ်ပုံကို နှိပ်ပြီးပုံကြီးချဲ. ကြည့်ပါရန်
-
(FED စာမျက်နာမှ ကူးယူဖော်ပြသည်) Thursday, 22 March 2012 00:00 ထိုင်းနိုင်ငံမှ ထုတ်ပေးထားသည့် အလ...
No comments:
Post a Comment