ရေဘေးသင့် မြန်မာ အလုပ်သမားများ အတွက် နေထိုင်ခွင့် စာရွက်များ လုပ်ပေးနေ
Written by မြတ်ညို
|
Tuesday, 01 November 2011 00:00 |
ထိုင်းအလုပ်သမား
ဝန်ကြီးဌာန ဒုဝန်ကြီး ဖဒွန်ချိုင် စစုမ်စပ်နှင့် မြန်မာသံရုံးမှ သံမှူး
ဦးနိုင်ထွန်းတို့ ဦးဆောင်ပြီး ရေဘေးသင့် ရွှေ့ပြောင်း မြန်မာ
အလုပ်သမားများအတွက် ယာယီ နေထိုင်ခွင့် စာရွက်စာတမ်းများကို ကယ်ဆယ်ရေး
စခန်းထဲတွင် လုပ်ပေးနေသည်ဟု သိရသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ (၁၀၀)ခန့် အကွာတွင်
ရှိသော Watrakhing Phraarramluang ၀တ်ရိတ်ခင် ဘုန်းတော်ကြီးကျောင်း အတွင်း
ဖွင့်လှစ်ထားသော ယာယီကယ်ဆယ်ရေး စခန်းတွင် လာရောက် ခိုလှုံနေသည့် ရေဘေးသင့်
မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ထိုင်းရဲနှင့် လူဝင်မှု ကြီးကြပ်ရေး
(လ၀က) အဖွဲ့များက ဖမ်းဆီးခြင်း မပြုနိုင်ရန် ထိုင်းအလုပ်သမား
ဝန်ကြီးဌာနနှင့် မြန်မာသံရုံးတို့က စီစဉ်ပေးကြခြင်း ဖြစ်သည်။
မြန်မာသံမှူး ဦးနိုင်ထွန်းက “ရေဘေးကြောင့် ယာယီပတ်စ်ပို့
ပျောက်ဆုံးတာတွေ၊ နေထိုင်ခွင့် စာရွက် စာတမ်းနဲ့ ဘတ်ရှိသူတွေကို
ဒီကယ်ဆယ်ရေး စခန်းထဲမှာပဲ ယာယီပတ်စ်ပို့ လုပ်ပေးမယ်။ တပြိုင်တည်းမှာပဲ
ထိုင်းအစိုးရက work permit ပါ လုပ်ပေးမယ်။ ဘာစာရွက် စာတမ်းမှ မရှိတဲ့
အလုပ်သမားတွေကိုတော့ ယာယီ ခရီးသွားလာခွင့် လုပ်ပေး ထားတယ်’’ဟု ပြောသည်။
အဆိုပါ ကယ်ဆယ်ရေး စခန်းတွင် ထိုင်းနိုင်ငံ အတွင်းရှိ ရေဘေးသင့် နေရာဒေသ
ပေါင်းစုံမှ မြန်မာ အလုပ်သမားပေါင်း (၃၆၄)ယောက် ရှိသည်ဟု သိရသည်။
ထိုင်းအလုပ်သမား ဒုဝန်ကြီး ဖဒွန်ချိုင် စစုမ်စပ်က “ဒီစခန်း အထဲကို
ဘယ်နေရာကမဆို လာနိုင်ပါတယ်။ ကောင်းကောင်း မွန်မွန် ကျွေးမွေး စောင့်ရှောက်
ထားပါတယ်။ ဆေးခန်းလည်း ဖွင့်လှစ် ထားပါတယ်။ မြန်မာအစိုးရနဲ့
ပူးပေါင်းပြီးတော့ အလုပ်သမားတွေအတွက် အကောင်းဆုံး ဖြစ်အောင်
စီစဉ်ပေးနေပါတယ်”ဟု ပြောသည်။
စခန်းတွင်း လာရောက် ခိုလှုံနေသည့် မြန်မာ အလုပ်သမားများ ကလည်း
နားခိုနေသည့် ဘုန်းတော်ကြီးကျောင်း ခြံဝင်းနှင့် ၎င်းရပ်ကွက် အတွင်းရှိ
အနိမ့်ပိုင်း နေရာများတွင် သဲအိတ်များဖြင့် တမံဆည် ဖို့ခြင်းများကို
နေ့စဉ် လုပ်အားပေးလျှက် ရှိကြသည်။
 |
အကြိုက်များသော Posts
-
စစ်ခရာသံများ စစ်တက္ကသိုလ် ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး အောင်မျိုးမင်းသည် စစ်တက္ကသိုလ် ဗိုလ်လောင်းများအား စစ်ခရာသံများနှင့် ပတ်သက်၍ ကြာ...
-
တာပိန်ရေအားလျှပ်စစ်စက်ရုံမှာ လေအေးပေးစနစ်များ ပြုပြင်ပြီးပြန်လာတဲ့ မော်တော်ယာဉ်ကို သြဂုတ်လ ၂ ရက်နေ့မှ ကေအိုင်အေတပ်ဖွဲ့ ပစ်ခတ်ခဲ့တဲ့အတွက...
-
မြန်မာ့တပ်မတော် အထူးချေမှုန်းရေးတပ်ဖွဲ့ဝင်များ
-
ဆရာတာရာမင်းဝေ၏ကဗျာများ၊စာများကိုတစုတစည်းတည်းဖတ်ရှုနိုင်ကြစေရန်စုဆောင်းတင်ပြထားခြင်းဖြစ်ပါသည်။ ကျနော်တင်ပြထားသည်များအပြင်အခြ...
-
ဦးဘဂျမ်း ဦးဘဂျမ်းသည် စစ်ကြိုခေတ်၊ စစ်ပြီးခေတ်၊ လွတ်လပ်ရေးခေတ်ဦးရှိ ပြောင်မြောက်သော ကာတွန်းဆရာတစ်ဦး ဖြစ်သည်။ စစ်ကြိုခေတ်၊ စစ်ပြီးခေတ်၊ လ...
-
ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ (Passport Visa) ဗီဇာ သက်တမ်း တိုး သူများအတွက် အကုန်အကျသက်သာသွားပြီဖြစ်ပါကြောင်း ယနေ. မှ စတင်ပြီး ထ...
-
ဆောင်းပါးရှင် Kyi Wah Htun ( ဒီဆောင်းပါးလေးဟာ ဆောင်းပါးရှင်ကြည်ဝါ ရဲ.ပထမဆုံးရေးတဲ့ဆောင်းပါးဖြစ်ပေမဲ့ အရေးအသားနှင့်မြန်မာမိန်ကလေးများ...
-
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၁၂ (lese majeste’) အရ ပြစ်ဒဏ်ခတ်တဲ့ ဘုရင်ကိုစော်ကားတဲ့ပြစ်မှုကို ပြင်ဆင် မယ်လို့ပြောဆိုေ...
-
ခုတလော လူလိမ်တွေ များတယ်...သတိပြုကြဖို. လူလိမ် ။ ။ ဟလို အကို ကျနော် ------မြို.ကို ငွေ 28000 လွဲချင်လို. ရမလား ငွေပို.သူ ။...
-
မြန်မာတပ်မတော် သံချပ်ကာတပ် အမျိုးစား-၅၉ဒီ များကို ၂၀၀၃ ခုနှစ်တွင်း တွင် ပထမသုတ် ၁၈၀ လက်ခံရရှိပြီး ဒုတိယအသုတ် ၁၅၀ ကို ၂၀၀၄ မေလ အတွင...
No comments:
Post a Comment