တရားသူကြီးကတော်မှ မီးပူဖြင့် အကပ်ခံရသော အိမ်ဖော်မလေး ၏ ပြောပြချက် (ရုပ်/သံ)
ပဲခူးမှ
မီးပူဖြင့် အကပ်ခံရသည့် အိမ်ဖော်မလေး၏ နောက်ဆက်တွဲ သတင်းအချက်အလက်များ။
အိမ်ဖော်မလေး မအေးယုအောင် ကိုယ်တိုင်ပြောပြထားတဲ့ --- (ရုပ်/သံ) ဘားမားဗီဂျေ မှ တင်ဆက်ထားတာပါ။
နောက်ဆက်တွဲ
သိရသည့် သတင်းအချက်အလက်များနှင့် ပတ်သတ်၍ ပဲခူးမြို့ ဒုတိယမြို့ နယ်
တရားသူကြီး ဦးအောင်ဖုန်းဝင်းကို ပဲခူးကနေ တောင်တွင်းကြီး
မြို့နယ်တရားရုံးသို့ လက်ရှိရာထူးအတိုင်း ပြောင်းရွှေ့ပေးလိုက်သည်ဟု
သိရပါသည်။ အခု မီးပူနှင့် အကပ်ခံလိုက်ရသည့် မိန်းခလေးမှာ ပျောက်ဆုံးနေသည်ဟု
သတင်းထွက်ပေါ်နေပြီး မိန်းခလေး၏ မိဘများကိုလည်း ရေနွေးပူလောင်သည်ဟု ပြောကာ
အမှုမဖွင့်ရန်လည်း ငွေပေးပြီး ခြိမ်းခြောက်ထားသည်ဟု သိရပါသည်။ အခု
လက်ရှိအခြေအနေအရ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဝင်းတင်၏ နေအိမ်ကို
ပိတ်ထားပြီး တရားရုံးနှင့် ဌာနဆိုင်ရာများက ယင်းအမှုကိစ္စ
လိုက်ပါဆောင်ရွက်နေသူ လမ်းပြကြယ် ဦးအေးမြင့်အား သတင်းဆက်မတင်ရန် လာရောက်
တောင်းပန်နေကြောင်းလည်း သိရှိရပါသည်။
ဒီသတင်းနဲ့ ပါတ်သတ်တဲ့ Myanmar News Now မှ ဖော်ပြချက်များကို အောက်မှ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
ပဲခူးမြို့ဒုတိယမြို့နယ်တရားသူကြီးကတော်မှ အိမ်ဖော်မိန်းကလေးကိုရက်စက်စွာ မီးပူဖြင့် ကပ်နှိပ်စက်မှုကို အမှုမဖွင့်ရဲ ....
မီးပူဖြင့် အကပ်ခံရသော အသက်(၁၅)နှစ်အရွယ် အိမ်ဖော်မလေး
(၂၅၊ ၃၊ ၂၀၁၂)ရက်နေ့ ည (၁၂)နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ 
ဥဿာမြို့ သစ်၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်တေဇလမ်း၊ ပဲခူးတိုင်းဒေသကြီး၊
လွှတ်တော်ဥက္ကဌ ဦးဝင်းတင်၏အိမ်တွင်ငှားနေသော
ပဲခူးမြို့  ဒုတိယမြို့ နယ်တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးဖြစ်သူ
ဒေါ်ဖြူဝင်းသက်မှ အိမ်ဖော်မလေး မအေးယုအောင် အသက်(၁၅)နှစ်အား မီးပူတိုတ်
တာကြာလို့ဆိုပြီး မီးပူဖြင့်ထိုးကပ်တာခံခဲ့ရကြောင်းသိရှိခဲ့ရပါသည်၊
မအေးယုအောင်ကို အိမ်ရှင်ဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ မီးပူနှင့်ကပ်တာကို ဘယ်သူကိုမှ မပြောပြရန်အမျိုးမျိုးခြိမ်းခြောက်ထားသည့်အတွက် ဘယ်သူကိုမပြောပြရဲခဲ့ပါ၊
နောက်(၅)ရက်ခန့်ကြာတွင် ရပ်ကွက်ထဲရှိ ပင်စည်ဈေးတွင် ဈေးသွားဝယ်ရာ
သူမ၏ လည်ပင်းနှင့် ရင်ဘက်ရှိ မီးလောင်ဒဏ်ရာကို ပတ်ဝန်ကျင်မှ လူများက တွေ့ရှိပြီးမေးမြန်းသောအခါမှ
ဝမ်းနည်းငိုကြွေးကာ သူမကို အိမ်ရှင်ဖြစ်သူ
ဒုတိယမြို့ နယ်တရားသူကြီး၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ “
မီးပူတိုက်တာကြာတယ်၊
မီတာခကုန်တယ်”ဆိုပြီး ပြောဆိုကာ သူမ၏ လည်ပင်းနှင့် ရင်ဘက်ကို မီးပူဖြစ် ထိုးကပ်ခဲ့ကြောင်းပြောဆိုခဲ့ပါတယ်။
ရပ်ကွက်အတွင်းရှိ လူများက ရဲစခန်းတွင်တိုင်ချက်ဖွင့်ရန်
တိုက်တွန်းအားပေးခဲ့သော် လည်း သူမအနေဖြင့် အိမ်ရှင်ဖြစ်သူမှာ
ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဝင်တင်၏ အိမ်တွင်ဌားနေသော ပဲခူးမြို့ ၊
ဒုတိယမြို့ နယ် တရားသူကြီး ဖြစ်သည့်အတွက် မတိုင်ကြားရဲကြောင်း၊
သူမ၏မိဘများအနေဖြင့် သမီးဖြစ်သူ မအေးယုအောင်ကိစ္စနှင့်ပတ်သက်ပြီး ယခုအချိန်ထိအမှုဖွင့်မည် မဖွင့်မည်ကို စုံစမ်းမသိရှိရသေးပါ၊ မအေးယုအောင်၏ ဖခင် ဦးမောင်ဝင်းမှာ(ကွယ်လွန်)သွားပြီးဖြစ်ပြီး၊ မိခင်ဖြစ်သူ ဒေါ်ကြူနှင့် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့ ၊ သိန်းတန်းရပ်ကွက်တွင်နေထိုင်ရာမှ ပဲခူးမြို့  ၊ ဥဿာမြို့ သစ်၊ အမှတ်(၇)ရပ်ကွက် ဦးအောင်ဖုန်းဝင်း၊ဒေါ်ဖြူသက်ဝင်းတို့ငှားနေသော နေအိမ်တွင် အိမ်ဖော်အလုပ်လာလုပ်သော အသက်(၁၅)နှစ်အရွယ် မိန်းခလေးတစ်ဦးဖြစ်ပါသည်။
ရက်စက်စွာ မီးပူဖြင့် ကပ်နှိပ်စက်မှုခံခဲ့ရတဲ့ အိမ်ဖော်မိန်းကလေး မအေးယုအောင် ရဲ့ မိခင်
ဒေါ်ကြူ (ကျောက်ကြီးမြို့နယ် နေသူ)အား နှိပ်စက်ခဲ့သူ ပဲခူးမြို့ ဒုတိယမြို့နယ်တရားသူကြီး
ကတော် ဒေါ်ဖြူဝင်းသက် မှ တဆင့်ဖုန်းဖြင့် ဧပြီလ (၅)ရက်နေ့ က ဆက်သွယ်ဖုန်းပြောလာ
ပါတယ်။
"ဖုန်းထဲမှာ ကောင်မလေး ဘာမှ မဖြစ်ဘူး ကောင်းကောင်းမွန်မွန် ပဲ ...အဲဒီအတွက် ဘာမှ
စိတ်မပူပါနဲ့ လို့ ဒေါ်ဖြူဝင်းသက်မှ ဒေါ်ကြူသို့ပြောကြားခဲ့ပါတယ်။
မိခင်ဖြစ်သူ ဒေါ်ကြူက သမီး ဘာမှ မဖြစ်ဘူးဆိုရင် သမီးနဲ့ တွေ့ချင်တယ် ဖုန်းပြောချင်ပါတယ်။
လို့ ပြောတဲ့ အတွက် အေးယုအောင် ကို မိခင်ဖြစ်သူ ဒေါ်ကြူနဲ့ ဖုန်း ပေးပြောပါတယ်။
ကလေးမလေး က ငိုနေပါတယ်တဲ့...ပြီးတော့ သမီးဆီကို လိုက်မလာပါနဲ့နော်
သမီးဆီကို လိုက်မလာပါနဲ့နော် ဆိုပီး
ငိုပဲငိုနေပါတယ်တဲ့...နောက်ဒေါ်ဖြူဝင်းသက်မှ ဒေါ်ကြူကို
လိုက်မလာဖို့ ကျမတို့လည်း ပဲခူးမှာ ရှိမှာ မဟုတ်ဘူး နေပြည်တော် (သို့) ရန်ကုန် (သို့)
နယ်မြို့ တစ်ခုခု မှာ ရှိနေမှာ ဖြစ်တဲ့ အတွက် လိုက်မလာနဲ့လို့ သာ
ပြောပါတယ်...နောက် အခု ကောင်မလေး ရတဲ့ ဒဏ်ရာက ဆီပူပေါက်လို့ ရတဲ့ ဒဏ်ရာ
ဖြစ်ကြောင်း ပြောပြီး ဖုန်းကို ချလိုက်ပါတယ်။"
မအေးယုအောင် ရဲ့ မိခင်ဒေါ်ကြူ နဲ့ သွားရောက်တွေ့ ဆုံခဲ့သူတဦး က Myanmar News Now
ကို ပြန်လည်ပြောခဲ့တာဖြစ်ပါတယ်။
အကြိုက်များသော Posts
-
ဦးဘဂျမ်း ဦးဘဂျမ်းသည် စစ်ကြိုခေတ်၊ စစ်ပြီးခေတ်၊ လွတ်လပ်ရေးခေတ်ဦးရှိ ပြောင်မြောက်သော ကာတွန်းဆရာတစ်ဦး ဖြစ်သည်။ စစ်ကြိုခေတ်၊ စစ်ပြီးခေတ်၊ လ...
-
စစ်ခရာသံများ စစ်တက္ကသိုလ် ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး အောင်မျိုးမင်းသည် စစ်တက္ကသိုလ် ဗိုလ်လောင်းများအား စစ်ခရာသံများနှင့် ပတ်သက်၍ ကြာ...
-
မောင်တော ဖက်ဝန်းချောင်းရခိုင်ရွာကို ကုလားတိက လိုက်လို့မီးတိုက်နိန်ကြောင်းနန့် မောင်တောမြို့ ဆီးရုံနားဖက်က ထောင်ချီတက်လာရေ လူအုပ်ကြီးကို...
-
မြန်မာ့တပ်မတော် အထူးချေးမှုန်းရေးတပ်ဖွဲ့ဝင်များ ဖြစ်ပါသည်။
-
စာချုပ်စာတမ်းနမူနာများ ...
-
2011-07-02 မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ သြစတြေလျ နိုင်ငံခြားရေးဝန်ကြီး Kevin Rudd ဟာ သောကြာနေ့က နေပြည်တော်ကို သွားရောက်ပြီး သမ္မတဦ...
-
သံဃာတော်တွေ သပိတ်မှောက် ခြင်းလှန်ခြင်း အကြောင်းကို လေ့လာကြပါကုန် (မင်းလွမ်းနောင်) သပိတ်မှောက်ခြင်း၏ အင်္ဂါ ၈-ပါး (ပတ္တနိက္ကုဇ္ဇန ကံ ၈-ပါး)နှင...
-
( M-media မွတ်ဆလင် သတင်းဆိုဒ်တွင် မဟုတ်မမှန် တစ်ဖက်သတ်စွပ်စွဲချက်များအား ယခုပိုစ်ဖြင့် ဖြေရှင်းအပ်ပါသည်။ M-media မြန်မာမွတ်ဆလင် သတင်းဆိုဒ...
-
ထိုင်း-မြန်မာ နယ်စပ် မယ့်စံမလဲ့ (ခေါ်) သော်လဲ့ထကျေးရွာ ဆိပ်ကမ်းတွင် အင်အားပြင်းသော ဗုံးပေါက်ကွဲမှုတခု တနင်္ဂနွေနေ့ က ဖြစ်ပွားခဲ့ပြီး အကြီးစား စ...
-
Friday, 24 June 2011 00:00 ဆောက်လုပ်ရေး လုပ်ငန်းမှ ရွှေ့ပြောင်း အလုပ်သမားများ ...
No comments:
Post a Comment