.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Sunday, October 19, 2014

" ဆိုရေးရှိက ဆိုပါရစေ "


တစ်ချို. က တွေးကြမှာပါ ထိုင်းရောက်မြန်မာအလုပ်သမားတွေအနေနဲ. ကိုယ့်နိုင်ငံကို ကိုယ်ပြန်ပြီးလုပ်စားလဲရတာပဲ ၊ ဒီလောက် ခံနေရတာတောင် ဘာလို.ဆက်နေကြသေးသလဲ ၊ ကိုယ့်နိုင်ငံမှာလဲ ထမင်းတော့မငတ်ပါဘူး ၊ ကိုယ့်နိုင်ငံမှာလဲ အလုပ်တွေပေါတာပဲ ဆိုတဲ့ အတွေးတွေပေါ့ ။
ဟုတ်ပါတယ် တွေးသင့်ပါတယ် ဒါပေမဲ့ ဖြည့်စွက်ပြီးတွေးစေချင်တယ် သူတို.ဟာ ကိုယ့်မြေကိုယ်ရေ ကိုမချစ်လို. ပစ်ခဲ့ကြတာမဟုတ်ပါဘူး ။
ဒီရောက်နေတဲ့ မြန်မာဦးရေ ဟာ ခန်.မှန်းခြေ ၁၀ သိန်း နဲ. သိန်း၂၀ ကြား လို. ထင်ပါတယ်။(ဒိထက်လဲ များနိုင်ပါတယ် )
ဘန်ကောက် မှာတင် ရွှေ.ပြောင်းအလုပ်သမား ၃ သိန်းဝန်းကျင် ခန်.ဖြစ်နေပါပြီ (ဒိထက်လဲပိုနိုင်ပါတယ်)
ထိုင်းနိုင်ငံ နယ်မြေ အသီးသီးမှာ မြန်မာရွှေ.ပြောင်းအလုပ်သမားမရှိတဲ့နေရာရယ်လို. မရှိသလောက်ပါပဲ ။
ဘာကြောင့် သူတို. ကိုယ့်မြေကိုယ့်ရေက ထွက်လာရသလဲ ဆိုရင်တော့ " ရေကြည်ရာ မြက်နုရာ ရှာဖွေစားသောက်ရင်း " မိမိ နဲ. မိမိ မိသားစုစားဝတ်နေရေး အတွက် လို.ပဲ ဆိုပါတော့။
ဆိုလိုတာက နည်းလမ်းအမျိုးမျိုးနဲ. နေ.စဉ် ၀င်ရောက်နေတဲ့ မြန်မာပြည်က လူတွေ ဟာ တစ်နေ.ကို ပျှမ်းမျှ ၅၀ ဦး ခန်. (အနည်းဆုံး) ရှိနေပါတယ်။ ကော့သောင်း-ရနောင်း /တာချီလိတ်-မဲ့ဆိုင်/ မြ၀တီ-မဲဆောက် ဘုရား သုံးဆူ စတဲ့ လမ်းတွေကနေ နေ.စဉ်နဲ.အမျှ တရားမ၀င် ၀င်ရောက်နေကြတယ်။ ဒါတွေကို ထပ်မ၀င်ရောက်စေဖို. ပြည်တွင်းမှာ ပညာပေးတွေ
လုပ် လူကုန်တား အဖွဲ.တွေ ဘက်က ဖိဖိစီးစီး ကျပ်မတ် ဖို.လိုပါတယ်။
ဒီဘက်ရောက်နေတဲ့ မြန်မာတွေဟာ ၁၀ ယောက်မှာ ၉ ယောက်လောက် ကိုယ့်အိမ်ကိုယ်ချင်သူတွေချည်းပါပဲ ။ (ပြန်လဲ ပြန်ကြမှာပါ) ရည်ရွယ်ချက်လေး တစ်ခု စီ တော့ ထားကြမှာပဲလေ ။ ရောက်လက်စနဲ. မထူးဇာတ်ခင်းနေတာတွေလဲ ရှိတယ်ပေါ့ ။ဒါပေမဲ့ ငွေနှီးငွေရင်းလေး ရပြီးပြန်တဲ့သူတွေလဲ ရှိပါတယ်။ (အဲ့အထဲမှာ ကျနော်တော့ မပါနိုင်သေးဘူး)
မိသားစု စားဝတ်နေရေးနဲ. မိမိတို.မျှော်လင့်ချက်လေးတစ်ခုအတွက် အသက် ၊ သွေးချွေး ရင်းပြီး အနှိမ်ခံ လုပ်နေရတဲ့ ဘ၀ကို ဘယ်သူကများ နှစ်ချိုက်ကြမှာလဲ ဗျာ ။
ဒီဘက်ရောက်နေတဲ့ သူတွေ တစ်ချိန်တည်း တစ်ပြိုင်တည်း ပြန်ကြဖို. ဆိုတာပြောတာတာလွယ်တာပါ တကယ်တမ်းက ခက်တာမှ အခက်ကြီး ။
ကျနော်တို.မြန်မာနိုင်ငံမှာ တိကျတဲ့ အလုပ်သမား ကာကွယ်ရေး ဥပဒေ တွေ ၊ လူမှု.ဖူလုံမှု.တွေ ၊ ကျန်းမာရေး အာမခံစနစ်တွေ ၊ လုပ်ခလစာ ပြင်ဆင်သတ်မှတ်မှု.တွေ ၊ အလုပ်အကိုင် အခွင့်အလမ်း ပေါများလာမှု.တွေ သာ အောင်အောင်မြင်မြင် ဖြစ်လာခဲ့ရင် ပြည်ပရောက် ရွှေ.ပြောင်းအလုပ်သမားတွေ ပြန်ခေါ်စရာမလိုပဲ ပြန်ရောက်လာပါလိမ့်မယ်။
ဒါတွေ အသင့်မဖြစ်ခင် အခု ဗြုန်းဒိုင်း ဆိုပြီး ၁၀ သိန်း သိန်း၂၀ လောက်ရှိတဲ့ မြန်မာတွေ ပြည်တော်ပြန်ကြည့် ပြည်တွင်းမှာ ဘယ်လောက်အကျပ်ရိုက်ကုန်မလဲ ။ ဒီ လူ၁၀ သိန်း သိန်း၂၀ ၇ဲ. နောက်က မိသားစုတွေ နဲ. ဆတိုး ပေါင်းကြည့် ။ ကုန်ဈေးနှုန်းတွေ ၀ုန်းဒိုင်ထတက် လုပ်ခလစာတွေ နှိမ် ၊ အိမ်ခန်းငှားခ တွေ ခုန်တက် စီပွားရေးကျားတွေ လက်ခမောင်းခတ် ပြီပေါ့။ဒီလိုဆိုရင် ပြည်ပပြန်ထွက်ကြမှာအသေအချာပဲ ဒိတော့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ တွေ ထောပြန် ။ လူကုန်ကူးတဲ့ သူတွေ ဂွင်တည့်ပြန် ပေါ့ ။ ဒီလိုနဲ.ပဲ သံသရာလည်နေမှာပဲမဟုတ်လား ။
ဒီလိုတွေ မဖြစ်ရလေအောင် လက်ရှိ ပြည်တွင်းက အလုပ်သမားအရေးကို အရင်ဆုံးဖြေရှင်း ၊ လုပ်ခလစာတွေ ၊ လူမှု.ဖူလုံရေးတွေ ၊ ကျန်းမာရေးစောင့်ရှောက်မှု.တွေ ၊ ပညာရေးဝန်ဆောင်မှု.တွေ ၊ အလုပ်သမား ကာကွယ်ရေး ဥပဒေ တွေ ၊ အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်မှု.တွေ အရင်ပြုလုပ်ပြီး ပြည်တွင်းက အလုပ်လိုတဲ့သူတွေ ပြည်ပမထွက်ရလေအောင် ခန်.ထားနိုင်ပြီး ပြည်ပက အလုပ်သမားတွေ အတွက် ပြန်တော်ပြန်တဲ့အခါ အလုပ်အကိုင်အခွင့်အလမ်း ချပေးနိုင်ရင် ဒီပြဿနာက ပြီးဆုံးပါပြီ ။
ဒါကြောင့် ဘယ်သူ. ဘယ်သူကိုမှ မပြစ်မတင်လိုပါ သေချာ သုံးသပ်ဝေဖန်ပြီး ဖြစ်သင့်ဖြစ်ထိုက်တာကို တွေးတော နိုင်ကြဖို. ခုလို သိသလောက် ချရေးဖြစ်တာပါ ။
(မိမိ၏ အမြင်သာဖြစ်ပါသည်)

" ကျွနုပ်သိသော အရေးများ "



ချစ်ကြည်ရေး ဆိုတဲ့ ခေါင်းစဉ် အောက် မှာ တို. နိုင်ငံသားတွေ အဖိနှိပ်ခံ ပြီးမတရားစွပ်စွဲတာကို အံ့ကြိတ်ပြီး ရုန်းကြွ အားကမမျှဘူးဖြစ်နေတယ် ။

ငြိမ်းချမ်းရေး ဆိုတဲ့ ခေါင်းစဉ် အောက်မှာလဲ လင်မဲ့မယား အဖမဲ့သား သားမဲ့ ဖေမေ တွေ မျက်ရည်တွေ ချောင်းဖြစ် ပြည်တွင်းစစ် ဆိုတာကြီးကလဲ မပြီးနိုင် ။

နိုင်ငံရေး ဆိုတဲ့ ခေါင်းစဉ်အောက် နေရာတစ်ခုမပျောက်စေဖို. အရာရာကိုချနင်း နှစ်ဦး သုံးဘက်ငြင်း ကြရင်း လုနေကြ ထိုင်ခုံ .... အသက်တွေလဲကုန်တော့မယ်။

အမျိုးသားရေးဆိုတဲ့ နဖူးစီး တအားသွေးနီးကြတာပေါ့ ဒါပေမဲ့ ဆွမ်းဆန်ထဲကြွက်ချေးရော အုတ်ရောရော ကျောက်ရောရောနဲ. နာမည်လို ငွေလို နေရာလို သူတွေအတွက် စားကျက် ဖြစ်
အမှန်စင်စစ်အမျိုးသားရေးသမားတွေအတွက် ဘေးဖြစ်စေခဲ့ရပြီ။

ဘာသာရေး ဆိုတဲ့ ခေါင်းစဉ်အောက် တို.သာသနာရောင်ဝါတောက်ပေမဲ့ လွတ်လပ်တဲ့ငါတို.မြေ သာသနာအရောင်တွေ လဲ အမျိုးမျိုး ရှိ ပဋိပက္ခဆိုတာကလဲ ခဏခဏ ၊ ခေါင်းဝင်ကိုယ်ဆန်.ကုလားအုပ်တွေနဲ. ဖြစ်လိုက်တဲ့ပြဿနာ အစကရှာမရ။

စီးပွားရေး ဆိုတဲ့ ခေါင်းစဉ် အကျင့်ပျက်ချစားမှု. ၊ ပိတ်ဆို.မှု. ၊ မွဲတေမှု. ၊ ချွတ်ခြုံကျမှု.တွေနဲ. တိုင်းရပ်ပြည်ခြား ထွက်သွားလို. ကျွန်ဖြစ် နွံနစ်ကြသူတွေကလဲ ဒုနဲ.ဒေ
မ ... စား၊ ပေါင်းစား ရင်းချမ်းသာသူတွေလဲရှိ ၊ အာဇိဝသမ္မာသမား အနည်းအပါးသာအဆင်ပြေ အဲ့ဒါ တို.တိုင်းပြည်ပါပဲ ။

ချစ်ကြည်ရေး ငြိမ်းချမ်းရေး နိုင်ငံရေး အမျိုးသားရေး ဘာသာရေး စီးပွားရေး ဒီ အရေး အရေး ဆိုတဲ့ အရေး မှန်သမျှ အားလုံးကို ခ၀ါချ
တစ်ကနေပြန်စချင်လိုက်တာ ။

မင်းလွမ်းနောင် (ပန်းတနော်)

Saturday, September 27, 2014

၎ နှစ်ပြည့် သက်တမ်းတိုးသူများ သိထားသင့်သည့်အချက်များ

ထိုင်းရောက်မြန်မာအလုပ်သမားတွေ ကိုင်ဆောင်ထားတဲ့ ယာယီနိုင်ငံကူးလက်မှတ်တွေ ၄ နှစ်သက်တမ်းပြည့် လို. နောက်ထပ် ၂ နှစ်တိုးရာမှာ ဘာတွေလိုအပ်သလဲ ဘယ်လိုဆောင်ရွက်ရမလဲ ဆိုတာလေး ပြောချင်ပါတယ်


မိမိရဲ. ယာယီနိုင်ငံကူးလက်မှတ် ၄ နှစ်ပြည့်ရန် အနည်းဆုံး ၁၅ ရက်အလို အများဆုံး ၃၀ ရက်အလို မှာ ကြိုတင်စာရင်းပေးသွင်းရပါမယ် ။
အကြောင်းကတော့ အဆင့်ဆင့် လုပ်ငန်းစဉ်များပြုလုပ်ရမှာဖြစ်တဲ့အတွက် အချိန်ကာလ ယူခြင်းဖြစ်ပါတယ်။
ယခင်က လူကိုယ်တိုင်လိုက်ပါရန်မလိုအပ်ပေမဲ့ ယခုအခါမှာတော့ နယ်စပ်စခန်းများသို. လူကိုယ်တိုင် ဆင်းပြီး ဆောင်၇ွက်ရမှာဖြစ်ပါတယ်။
လုပ်ဆောင်ရမဲ့လုပ်ငန်းစဉ်တွေအရ မိမိတို. ကိုယ်တိုင် (သို.)အလုပ်ရှင်ကိုယ်တိုင် ဆောင်ရွက်ဖို.ခက်ခဲတဲ့အတွက် အေးဂျင့်များကို ၀န်ဆောင်ခပေးပြီး ဆက်သွယ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။
လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့
မိမိတို.လက်ရှိအလုပ်လုပ်ကိုင်နေတဲ့ အလုပ်ရှင်ထံမှ
၁။အလုပ်ရှင်၏ မှတ်ပုံတင်( ဘတ်ပရာ့ချာချွန် နိုင်ကျန်.) မိတ္တူ တစ်ချပ်၊
၂။ အလုပ်ရှင်၏ အိမ်ထောင်စုစာရင်း(ထဘီယမ်ဘန်. နိုင်ကျန်.) မိတ္တူတစ်ချပ် ၊
၃။ နိုင်ငံခြားသားအလုပ်သမားခေါ်ယူခွင့်လျှောက်လွှာ (ခိုတာ) တစ်ချပ် ၊
၎။မိမိနိုင်ငံကူးလက်မှတ် မိတ္တူ (စာမျက်နာအားလုံး ထင်ထင်ရှားရှား ရိုက်ထားသည့် မိတ္တူ) တစ်စုံ၊
၅။ မိမိဓါတ်ပုံ (၆) ပုံ စသဖြင့် လိုအပ်ပါတယ် ။
(အမှတ်စဉ် ၁ နှင့် ၃ မှာ လက်ရှိ သက်တမ်းရှိရမှာဖြစ်ပါတယ်)
ကျန်ရှိတဲ့ စာ၇ွက်စာတမ်းများကိုတော့ မိမိတို. အပ်နှံထားသည့် အေးဂျင့်များမှ ဆက်လက်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။
ကြာမြင့်ချိန်ကတော့ စာရင်းပေးသွင်းပြီး (၁၀)ရက်မှ (၁၅) ရက်အတွင်း ဖြစ်ပါတယ်။
စာရင်းပေးသွင်းချိန်နောက်ကျပြီး နယ်စပ်သို.သက်တမ်းတိုးသွားရောက်ရာတွင် သတ်မှတ်ရက်ကျော်လွန်ပါက ရက်ကျော်ဒဏ်ငွေအား တစ်ရက်လျှင် (၅၀၀) ဘတ်နှုန်း ပေးဆောင်ရမှာဖြစ်တဲ့အတွက် အနည်းဆုံး ၁၅ ရက်ခန်. ကြိုတင် ဆောင်ရွက်သင့်ပါတယ်။
ဈေးနှုန်းတွေကတော့ အေးဂျင့်အလိုက် ကွားခြားမှု.ရှိပါတယ်
အနည်းဆုံး ၆၅၀၀ ဘတ် မှ ၁၀၀၀၀ ဘတ်အထိ ကောက်နေယူနေကြောင်းသိရပါတယ် ။
ဝန်ဆောင်မှု.များတွင် လက်ကျန်ဗီဇာ ၂ နှစ်စာ အပါအ၀င် အလုပ်လုပ်ခွင့်လက်မှတ် (ပါမစ်)၂ နှစ်စာ ၊ ခရီးစရိတ် ပါဝင်တယ်လို.သိရပါတယ်။
သက်တမ်းတိုးပြီး မိမိနေရပ်သို.ပြန်လည်ရောက်ရှိသည့်အခါ နယ်မြေလူဝင်မှု.ကြီးကြပ်ရေးရုံးသို. နေရပ်လိပ်စာအသိပေးအကြောင်းကြားရပါမယ် ။
ထို.နောက် နယ်မြေဆေး၇ုံတွင် ဆေးစစ်မှု.ခံယူပြီး ကူးစက်ရောဂါမရှိကြောင်း ဆေးစစ်ချက် (ဘိုင်လက်ပရောင်း) ကိုရယူပြီး နယ်မြေ အလုပ်သမား၇ုံးများသို. နယ်စပ်မှ ရရှိထားသည့် ပါမစ် စာရွက်စာတမ်းအပါအ၀င် ဗီဇာသက်တမ်းတိုးထားသည့် နိုင်ငံကူးလက်မှတ်အား တင်ပြပြီး နယ်မြေအလုပ်သမားရုံးရဲ. အသိအမှတ်ပြုစာအုပ် ထုတ်ယူရမှာဖြစ်ပါတယ်။
အဓိက သတိပြုရန်မှာ မိမိတို.ဆက်သွယ်ဆောင်ရွက်သည့် ကြားပွဲစား (အေးဂျင့်) များအပေါ် ယုံကြည်ရမှု. တိကျမှု. ခိုင်လုံမှု. သာ ဖြစ်ပါကြောင်းအသိပေးလိုက်ပါတယ်။
ထိုင်းရောက်မြန်မာနိုင်ငံသားအားလုံး ဘေးရန်ကင်းကွာ အလိမ်အညာ ကင်းဝေး ကြပါစေ။
ဝေမင်း
(ထိုင်း/တောင်)

Wednesday, September 17, 2014

ခွေးလောက်မှ တန်ဖိုးမထား ကြတာလား

ထိုင်းမှာ မြန်မာအလုပ်သမားတွေ အသတ်ခံရတာ မုဒိန်းကျင့်ခံရတာ ဓါးပြ တိုက်ခရတာ အနိုင်ကျင့်ခံရတာ တွေ ဖြစ်စဉ်တွေအများကြီးရှိပေမဲ့ တရားခံကို ဘယ်တော့မှ မိရိုးထုံးစံမရှိပါဘူး ။
အဲ ...မြန်မာအချင်းချင်းသတ်တာတို. မြန်မာက ထိုင်းကိုသတ်တို. ဆိုရင် ဖြစ်စဉ်က အတော်နည်းပေမဲ့ ၇ ရက်မကြာဘူး တရားခံကိုဖမ်းမိတတ်တယ် ခင်ဗျ
ဟော အခု ဗြိတိန် နိုင်ငံသား ၂ဦး အသတ်ခံရတော့ မြန်မာအလုပ်သမားတွေကိုလွှဲချ မီဒီယာတွေမှာ ဖော်ပြ နောက်တော့ ဗြိတိန် သံရုံးက ဒုတိယအတွင်းဝန်ကိုယ်တိုင် ကွင်းဆင်းအခြေချ ပြီး တရားခံကိုလိုက် နောက်ဆုံး မြန်မာလူမျိုးမဟုတ်ပါဘူးဆိုတဲ့ အဖြေကိုရ ခဲ့တယ်။
အခုတခါ လမ်းဘေးမှာ ခွေး ၂ ကောင်ကို ကြိုးဆွဲချ သတ်တဲ့အမှု.မှာ ၇ ရက်မပြည့်ဘူး တရားခံကို မိပြန်ရော ။
ဒါပေမဲ့ မြန်မာတွေအသတ်ခံရတဲ့အမှု.တွေကတော့ အမှန်အတိုင်းပေါ်ပေါက်တယ်ဆိုတာ အိပ်မက်တစ်ခုလိုပါပဲ ။

ရိုင်းရိုင်းပြောရရင် ထိုင်းမှာ မြန်မာအလုပ်သမားတွေ ကို ခွေးလောက်တန်ဖိုးမထားဘူးဆိုတာ ပြလိုက်တာပါပဲ ။

ဓါတ်ပုံ ။ ။ ခွေးသတ်သည့် ခွေးသတ်တရားခံ

မင်းလွမ်းနောင် (ပန်းတနော်)

Thursday, June 26, 2014

ထိုင်းနိုင်ငံရောက်ရွှေ.ပြောင်းမြန်မာအလုပ်သမားတို. သိသင့်သော ၄ နှစ်ပြည့်ဗီဇာအကြောင်း



27/6/2014

ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားကြသူ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ အနေနှင့် ၄ နှစ်တာ သက်တမ်းကာလကို ဖြတ်ကျော်ပြီး ယခုအခါ နောက်ထပ် သက်တမ်း (၂) နှစ်ကို ထိုင်းနိုင်ငံ အစိုးရမှ လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် တရားဝင် သက်တမ်းတိုးပေးလျှက်ရှိပါသည်။

ထိုသို. မိမိတို.နေထိုင်ခွင့် (ဗီဇာ) သက်တမ်းတိုးရာတွင် အထူးသတိပြုသင့်သည့်အချက်များ ( ၅ ) ချက်ရှိပြီး မှန်ကန်ပြည့်စုံရန် အထူးဂရုပြုဖို.လိုအပ်ပါသည်။

t မူရင်း
၂။ မိမိ ဓါတ်
၁။ Passporပုံ(၄) ပုံ
၃။ အလုပ်ရှင် ၏ မှတ်ပုံတင် မိတ္တူ ( ဘတ်ပရာချာချွန် နိုင်ကျန်.)
၎။ အလုပ်ရှင် ၏ အိမ်ထောင်စုမှတ်တမ်း (ထဗီယမ်ဘန်. နိုင်ကျန်.)
၅။ အလုပ်ရှင် ၏ နိုင်ငံခြားသားအလုပ်သမားခေါ်ယူခွင့်လျှောက်လွှာ ( ခိုတာ) (ယခုနှစ်အတွက်ဖြစ်ရပါမည်)

လုပ်ငန်းစဉ်အဆင့်ဆင့်တွင် အလုပ်ရှင်များ၏ ပါဝင်မှု. အားနည်းခြင်း လုပ်ဆောင်ရမည့် အဆင့်ဆင့်အတွက် နားလည်မှု.မရှိခြင်းတို.ကြောင့် မြန်မာအလုပ်သမား အများစုမှာ ကြားခံ ပွဲစားများ(အေးဂျင့်များ) မှတဆင့် ပြုလုပ်နေကြရပြီး ကုန်ကျစရိတ်များမှာလဲ နယ်မြေဒေသ အလိုက် ၆၅၀၀ ဘတ် / ၇၀၀၀ ဘတ်/ ၇၅၀၀ ဘတ် /၈၅၀၀ဘတ်/ ၁၂၀၀၀ ဘတ် စသဖြင့် ကွာခြားသည်ကိုတွေ.ရှိရသည်။

အမှန်တကယ် မှာမူ မိမိ၏အလုပ်ရှင်ကိုယ်တိုင် ပြုလုပ်ပါက ၄၀၀၀ ဘတ် ခန်.သာ ကုန်ကျနိုင်သော်လည်း လုပ်ငန်းစဉ် အဆင့်ဆင့် ဆောင်ရွက်ပြီးကိုယ်တိုင်ပြုလုပ်၇န် အခက်အခဲများ ရှိသောကြောင့် ကြားခံပွဲစားများကောက်ခံသည့် ငွေကြေးကိုပေးကာ ပြုလုပ်နေကြရခြင်းဖြစ်သည်။

ယင်းသို.ပြုလုပ်ရာတွင် အချို. မြန်မာအလုပ်သမားများမှာ အချက် (၅)ချက်အရ အချက် ၃/၄/၅ ကို မိမိအလုပ်ရှင်ထံမှ တောင်းယူခြင်းမရှိပဲ (သို.) အလုပ်ရှင်များ မှ မပေးသောကြောင့် ကြားခံ ပြုလုပ်ပေးသူများအား ၀ကွက် အပ်လိုက်ရသည်လဲရှိသည်။
ှ္ကုဤတွင် ကြားခံပြုလုပ်ပေးသူများ မှ အငှားအလုပ်ရှင် နှင့် အငှား နိုင်ငံခြားသားအလုပ်သမားခေါ်ယူခွင့် (ခိုတာ) တို. ကို အပိုငွေကြေး ကောက်ခံလျှက် အလွယ်တကူ ပြုလုပ်လျှက်ရှိသည်။
ထိုသို.ပြုလုပ်ခြင်း၏ ဆိုးကျိုးများ မှာ အလုပ်ရှင် အမည် ၊ နေရပ် မတူညီခြင်း ။ အလုပ်လုပ်ကိုင်ခွင့် မတူညီခြင်း တို. ဖြစ်စေပြီး သက်ဆိုင်ရာမှ မိမိ အလုပ်ခွင်တွင်း ၀င်ရောက်စစ်ဆေးသည့်အခါ ဖမ်းဆီးခံရနိုင်သည်ကိုသိရှိရန်လိုအပ်ပါသည်။

* အမှန်တကယ် ပြုလုပ်သင့်သည့်အချက်များမှာ *

၁။ မိမိအလုပ်ရှင်အား ခွင့်တောင်းလျှက် သဘောတူညီချက်ရယူပါ
၂။ မိမိအလုပ်ရှင်အတွက် နိုင်ငံခြားသားခေါ်ယူခွင့်လျှောက်လွှာ အား အလုပ်ရှင်ကိုယ်တိုင်မပြုလုပ်ပါက ကြားခံပွဲစားမှ တဆင့် မှန်ကန်အောင်ဆောင်ရွက်ပါ။

* အလုပ်ရှင် အတွက် နိုင်ငံခြားသားအလုပ်သမား ခေါ်ယူခွင့် လျှောက်လွှာတောင်းခံရန်လိုအပ်ချက်မှာ *

၁။ အလုပ်ရှင်၏ မှတ်ပုံတင် မိတ္တူ ( ဘတ်ပရာချာချွန် နိုင်ကျန်.)
၂။ အလုပ်ရှင်၏ အိမ်ထောင်စုမှတ်တမ်း (ထဗီယမ်ဘန်. နိုင်ကျန်.)
၃။ အလူုပ်အမျိုးအစားအလိုက် စာရွက်စာတမ်းများ
(က) ရော်ဘာခြံလုပ်သား ဆိုလျှင် ဥယျာဉ်ခြံပိုင်ဆိုင်မှု.အထောက်အထား (ထဗီယမ်ထိဒင်း)
(ခ ) ဆောက်လုပ်ရေး လုပ်သားဆိုလျှင် ဆောက်လုပ်ခွင့်ရရှိထားသည့် အဆောက်အဦးပုံစံ
(ဂ ) ပုဇွန် မွေးမြူရေး လုပ်သားဆိုလျှင် ပုဇွန်ကန် ပိုင်ဆိုင်မှု. အထောက်အထား

စသဖြင့် အလုပ်ရှင်၏ အထောက်အထားများအား အလုပ်ရှင်၏ လက်မှတ်နှင့်အတူ ပူးတွဲပြီး နယ်မြေ အလုပ်သမားဦးစီးဋ္ဌာန ရုံးများတွင် သွားရောက်လျှောက်ထားရမည်ဖြစ်သည်။

ထိုသို. ပြုလုပ်မှသာ မိမိ အလုပ်ရှင်အမည် နှင့် မိမိအလုပ်အကိုင် မှန်ကန်မည်ဖြစ်ပြီး သက်ဆိုင်ရာမှ ၀င်ရောက်စစ်ဆေးသည့်အခါ အရေးယူခြင်း ခံရမည်မဟုတ်ပါ။

* သက်တမ်းတိုးပြီးပါက ရရှိလာမည့် စာရွက်စာတမ်းများ *

၁။ မိမိPassport စာအုပ်ထဲတွင် အလုပ်ရှင်အမည် နေရပ် ဖြည့်စွက်ထားသည့် NAN-LA VISA စာမျက်နာ
၂။ အလုပ်လုပ်ခွင့်လက်မှတ်အတွက် ငွေပေးချေပြီးကြောင်း ပြေစာ စာရွက် တို.ကိုလက်ခံရရှိမည်ဖြစ်သည်။

အထက်ပါအတိုင်းအဆင့်ဆင့်ပြုလုပ်ပြီး ပါက သက်တမ်း တိုးပြီးသော မိမိ Passport နှင့် မိမိ Work Permit အားလက်ခံရရှိပြီးပါက မိမိနေထိုင်ရာ နယ်မြေ ဆေးရုံတွင် ကျန်းမာရေး အာမခံ (ဆေးရုံဘတ်) ပြုလုပ်ပြီး ဆေးရုံမှ ထုတ်ပေးသော သွေးစစ်လက်မှတ် နှင့် မိမိ Passport မိတ္တူ ၊အလုပ်လုပ်ခွင့်လက်မှတ် ငွေချေပြေစာWork Permit အတူ နယ်မြေ အလုပ်သမားရုံးသို. ပူးတွဲတင်ပြပြီး Work Permit စာအုပ် အားတောင်းခံရမည်ဖြစ်ပါသည်။

၎ နှစ်ပြည့် သက်တမ်းတိုး လုပ်ငန်းစဉ် အနေနှင့် စာရွက်စာတမ်းပြည့်ပြည့်စုံစုံ နှင့်ပြုလုပ်ပါက ကြာမြင့်ချိန် မှာ (၁၀) ရက်မှ (၁၅) ရက်အတွင်း ပြီးဆုံးပါသည်။

( မကြာမှီ ထိုင်းရောက်နိုင်ငံခြားသားအလုပ်သမားများ (လူသစ်) အတွက် ထိုင်းအစိုးရမှ တရားဝင် မှတ်ပုံတင် များထုတ်ပေးတော့မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။)

လေးစားမှု. ဖြင့် 


မင်းလွမ်းနောင် (ပန်းတနော်)

Friday, June 13, 2014

* * ကျီး လဲ မထိုး ခွေးလဲမစား ပြည်ပရောက်မြန်မာအလုပ်သမား * *

 *  *  ကျီး လဲ မထိုး ခွေးလဲမစား ပြည်ပရောက်မြန်မာအလုပ်သမား  *  *


ထိုင်းက  မြန်မာ/လာအို/ ကမ္ဘောဒီးယား နိုင်ငံသားအလုပ်သမားတွေကို    နိုင်ငံတော် လုံခြုံရေး ခေါင်းစဉ်နဲ.  ရှင်းလင်းရေး  လုပ်နေပြီ ။

ထူးခြားချက် ။  ။ မြန်မာနိုင်ငံအစိုးရ /နိုင်ငံခြားရေးဝန်ကြီးဌာန /အလုပ်သမားဝန်ကြီးဌာန/ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး စတဲ့ တာဝန်ရှိသူတွေအားလုံးဟာ လမိုက်ညရဲ.  သုသာန်တစပြင် ကဲ့သို.ငြိမ်သက်။
မြန်မာပြည်မှ လူ.အခွင့်အရေးပညာရှင်ကြီးများ  ဂရုဏာရှင်ကြီးများ  ဟိုအဖွဲ.ဒီအဖွဲ.များလည်း သင်္ချိင်းပျက်ကြီးလို  တိတ်ဆိတ်။
----------------------------------------------------------------------------------------------------------

မြန်မာပြည်အနေနဲ.  ဆန်ရင်းနာနာဖွတ်တဲ့  သောက်ကျင့်တွေဖျောက်ပြီး  ခိုးဝင် ဘင်္ဂါလီနဲ. တရားမ၀င် တရုတ် တွေကို  နိုင်ငံတော် လုံခြုံရေး ခေါင်းစဉ်ဘယ်တော့တပ်မှာလဲ ။တကယ်လို.များတပ်ပြီးရှင်းလင်းရေးလုပ်ခဲ့ရင်

ထူးခြားချက် ။   ။ မြန်မာနိုင်ငံအစိုးရ  တာဝန်ရှိသူတွေ  နိုင်ငံတကာကို ရှင်းပြ လင်းပြ ဖိတ်ခေါ် ၀င်ခိုင်း ၊စစ်ဆေးခိုင်း၊ သဘောတော်ကျ  ဖြစ်စေရမှာအသေအချာ ။
မြန်မာပြည်က  လူ.အခွင့်အရေးပညာရှင်ကြီးများ  ဂရုဏာရှင်ကြီးများ  ဟိုအဖွဲ.ဒီအဖွဲ.များလည်း
ဗီနိုင်းတွေထုတ် ၊ တီးရှပ်တွေရောင်း၊ ကြေငြာချက်တွေထုတ်ပြန်၊ နိုင်ငံတကာမီဒီယာကိုသတင်းပေး၊ အင်တာဗျူးတွေလုပ် လူ.အခွင့်အရေးကြေငြာစာတမ်းကို ဖင်ကြားညှပ်ပြီး လူ.အခွင့်အရေး ၀အခွင့်အရေး တွင်တွင်အော် နေကြမှာအတိအကျ ။
----------------------------------------------------------------------------------------------------------
ဒီတော့ဗျာ ..................
ခင်ဗျားတို.ကို ကျီးနဲ.လဲ မနှိုင်းရဲပါဘူး  ခွေးနဲ.လဲ မနှိုင်းရဲပါဘူး


ဒါပေမဲ့ ..................................

ကျနော်တို.(ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ)   ဟာ


ကျီးမထိုးခွေးမစား 

ကျီးမထိုးခွေးမစား 

ကျီးမထိုးခွေးမစား 

ကျီးမထိုးခွေးမစား 


ကျီးမထိုးခွေးမစား   .......................... တွေပါဗျာ  ။

မေး၍ ဖြေသည်






မေး ။ ။လူ.အခွင့်အရေး ဂရုဏာရှင်ကြီးများ ထိုင်းရောက်မြန်မာတွေ အဖမ်းအဆီးခံရမှု.တွေ အခွင့်အရေးဖိနှိပ်မှု.တွေ အတွက် ပါးစပ်လေးတွေ စပါးလုံးလောက်တောင်မဟတာ ဘာကြောင့်ပါလဲ ။

ဖြေ ။ ။ ရခိုင်ဘက်က ခိုးဝင်ဘင်္ဂါလီတွေ အရေးအော်မှ လူ.အခွင့်အရေးသမားအစစ်မို.ပါ။
----------------------------------------------------------------------------------------------------------

မေး ။ ။ထိုင်းရောက်မြန်မာလုပ်သားတွေအတွက် မြန်မာသံရုံး အနေနဲ. စာတစောင် မထုတ် ၊ သံရုံးအပြင်ကို ခြေတစ်လှမ်း မထွက်တာ ဘာကြောင့်ပါလဲ ။

ဖြေ ။ ။ စာထုတ်ဖို.မပြောနဲ. အခွန်ကောက်တာနဲ. ၊ MOU အကျိုးတူလုပ်နေရတာနဲ. တင်မအားဘူး ၊ သံရုံးအပြင် ခြေတစ်လှမ်း မှမထွက်တာကကတော့ ကားနဲ. သွားလို.ပါ ရှော့ပင် သွားတာတို. သားသမီးတွေ ကျောင်းသွားပို.တာတို. MOU ကုမ္ပဏီတွေနဲ. ညစာချိန်းစားတာတို. တော့ထွက်ပါတယ် မထွက်ဘူးဆိုတဲ့အပိုစကားမပြောပါနဲ. ။

---------------------------------------------------------------------------------------------------------
မေး ။ ။ ထိုင်းရောက်မြန်မာအလုပ်သမားတွေအတွက် ဘာတွေလုပ်ပေးခဲ့ပြီးပြီလဲ

ဖြေ ။ ။ အများကြီးပေါ့ ပါတ်စပိုစ်တွေ လုပ်ပေးတယ် MOU နဲ.လူသွင်းနိုင်ဖို.တွေလုပ်ပေးတယ် လေကွာ
မင်းတို.အတွက် အဲ့လိုတွေလုပ်ပေးပြီးမှ ငါတို.က ငွေထုပ်ပိုက်ပြီးအိမ်ပြန်ရတာကွ ။

----------------------------------------------------------------------------------------------------------

Add caption
မေး ။ ။ ပြည်ထောင်စု အလုပ်သမားဝန်ကြီးဌာနအနေနဲ. ရော ပြီးတော့ နိုင်ငံခြားရေးဝန်ကြီးဌာန ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အနေနဲ.ရော အခုလို စစ်အုပ်ချုပ်ရေး ကာလကျရောက်နေတဲ့ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားထုကြီးကို ဘာများ မှာချင်ပါသလဲ။

ဖြေ ။ ။ မှာချင်တာက တော့ အများကြီးပါ ခိုင်းတာလုပ်ပါ ခံမပြောပါနဲ. ကိုယ်ဖြစ်ကိုယ်ခံပါ
တစ်နေ. ၂၀၀၀ နဲ.ဖူလုံအောင်နေနိုင်ရင် ပြန်လာပါ ။ မင်းတို. အခွင့်အရေးချိုးဖောက်ခံရတာ တွေဟာ အစိုးရနဲ.မဆိုင်ပါဘူး မင်းတို.နဲ.ပဲဆိုင်ပါတယ် ။

တိန်.......................တော်...............တန်...................တိတ်

ဝေမင်း(ထိုင်း/တောင်)

Wednesday, May 21, 2014

စိတ်ရောဂါသည် မိန်းကလေး၏ အရှက် နှင့်အသက်ကို ၀ိုင်းဝန်ကာကွယ်ကြပါစို.

ထားဝယ်သူထားဝယ်သားတို.ခင်ဗျာ

ဓါတ်ပုံထဲက ကလေးမလေး ဟာ စိတ်ရောဂါ ရနေတဲ့ကလေးမလေးဖြစ်ပြီး
အသက်အရွယ်ငယ်ရွယ် တဲ့အတွက် မသမာသူများရဲ.အန္တရာယ်တွေ.ရှိရနိုင်ပါတယ်
ဒါကြောင့် ကြိုတင်ကာကွယ်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါတယ်။
ဒီကလေးမလေးဟာ ထားဝယ်မြို.တွင်းမှာ နေထိုင်တယ်လို.သိရပြီး မိဘဆွေမျိုးမရှိဘူးလို. သိရပါတယ်။
လူမှု.ရေးအဖွဲ.များ အနေနဲ.လည်းဝိုင်းဝန်းပြီး ကူညီပေးကြပါလို.. တိုက်တွန်းလိုပါတယ် ။
ထားဝယ် မြို.သူထားဝယ် မြို.သားများထဲမှာ ဒီကလေးမလေးအကြောင်း သိရှိသူ ရှိပါက ထပ်မံဖြည့်စွက်ပေးစေလိုပါတယ်။

ဘယ်လိုကူညီသင့်တယ် ဘယ်လိုဆောင်ရွက်ပေးသင့်တယ်ဆိုတာကို အကြံပြုပေးကြပါ
အဝေးရောက် မြို.ခံ ထားဝယ်သားများ နဲ. ထားဝယ်မြို.ရှိ မိတ်ဆွေများ အားလုံးအတူတူ လက်တွဲပြီးကူညီဆောင်ရွက်ပေးကြပါ။


ပေးပို.လာသော ကိုဇော်ဇော်အားကျေးဇူးတင်ရှိပါတယ်


မင်းလွမ်းနောင် (ပန်းတနော်)

Monday, March 3, 2014

ဟုတ်ကဲ့ ဟုတ်ကဲ့


(ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှိ  ပွဲစားများ ကျင်လည်ရာ နေရာတစ်ခု)





ထိုင်းရောက်မြန်မာအလုပ်သမားတွေအတွက် အကောင်းဆုံးစဉ်းစားပြီး နိုင်ငံကူးလက်မှတ်တွေ လုပ်ပေးထားပါတယ်

( ဟုတ်ကဲ့ မြင့်မားလှတဲ့ နိုင်ငံကူးလက်မှတ်တွေ လုပ်ခ နဲ. ၀န်ဆောင်ခတွေကြောင့် မြန်မာအလုပ်သမားတွေ အရင်ကထက်ခက်ခဲ အကာကွယ်က ယခင်ကအတိုင်း မရှိ ဟုတ်ကဲ့ ဟုတ်ကဲ့ ကိုယ်ဖြစ်ကိုယ်ခံပါခဗျ)

ထိုင်းရောက်မြန်မာတွေအတွက် အကောင်းဆုံးအကာအကွယ်ပေးဖို.အတွက် အလုပ်သမားသံအရာရှိစေလွှတ်ထားပါတယ်

( ဟုတ်ကဲ့ မကြာခဏ အသတ်ခံနေရပါတယ် ဓါးပြအတိုက်ခံနေရပါတယ် အနိုင်ကျငိ့ခံနေရပါတယ်
လုပ်အားလစာတွေ ခေါင်းပုံဖြတ် တာကတစ်မျိုး မပေးတာကတဖုံ အမျိုးမျိုး ဒုက္ခတွေ.နေရပါတယ် ဟုတ်ကဲ့ ဟုတ်ကဲ့ မြန်မာသံရုံး နှာစေးနေတယ်ခင်ဗျ)

ထိုင်းရောက်မြန်မာအလုပ်သမားတွေ ယာယီနိုင်ငံကူးလက်မှတ်နဲ. လွတ်လွတ်လပ်လပ် ထိုင်းနိုင်ငံအတွင်းမှာ ခရီးသွားနိုင်ပါတယ် ဒါက အစိုးရရဲ.စေတနာတွေပါ

(ဟုတ်ကဲ့ မြ၀တီဘက်သွားရာလမ်း ဘုရားသုံးဆူဘက်သွားရာလမ်း တွေမှာ ထိုင်းရဲတွေ ဂိတ်ချပြီး တစ်ယောက်ဘတ် 100 ကောက်ခံနေတာ မနည်းဘူးခဗျ တခြားနိုင်ငံခြားသားတွေ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားရင် အောက်ဆင်းစရာမလို ဘတ်ငွေ 100 ပေးစရာမလို ဟုတ်ကဲ့ မြန်မာနိုင်ငံကူးလက်မှတ်ဆိုရင်တော့ အောက်ဆင်းတန်းစီ ဘတ်ငွေ100 ထည့် ပေးရတယ်ခင်ဗျ ဗျာ ဒီကိစ္စလား မြန်မာသံရုံးသိပါတယ်ခင်ဗျ ဟုတ်ကဲ့ ဘာထူးလဲ ဆိုတော့ ဘာမှမထူးပါဘူး ခင်ဗျာ ကောက်ခံနေဆဲဖြစ်သလို ဂိတ်တွေကလဲ အရင်ထက်ပိုများလာတယ်ခင်ဗျ ဟုတ်ကဲ့ ဟုတ်ကဲ့ သံရုံး မအားဘူးဗျ အလုပ်ရှုပ်နေတယ် နောက်ထပ် MOU ဂွင်တွေ ထပ်ရိုက်ဖို.ပါတဲ့ခင်ဗျ  )

လက်ရှိအစိုးရက သန်.ရှင်းတဲ့အစိုးရ ဖြစ်အောင်ဖော်ဆောင်နေသလို သံရုံးကလဲ ဖော်ဆောင်နေပါတယ်

(ဟုတ်ကဲ့ သံရုံးထဲမှာလေ ခုံတွေ မအားဘူးခင်ဗျ ဗျာ လာရောက် အခွန်ဆောင် သက်တမ်းတိုး ထောက်ခံချက်ယူ တာတွေ မဟုတ်ဘူး ခင်ဗျ   ၊  ပွဲစားတွေ သံရုံးထဲပြည့်နေလို.ပါခင်ဗျ   ။ ဗျာ သံရုံးဝန်ထမ်းတွေ လား ဟုတ်ကဲ့ ပွဲစားတွေနဲ.လက်ဝါးချင်းရိုက်ထားတာတဲ့ခဗျ သံရုံးအ၀င်မှာတင် ပွဲစားပေါင်း များစွာ ပိတ်ဆို.နေလို. အထဲကို မနည်းဝင်ရတယ် ခင်ဗျ အထဲရောက်ပြန်တော့လဲ စားပွဲကိုယ်စီနဲ. ပွဲစားတွေ အခန်.သား မိန်.မိန်.ကြီးထိုင်လို.ပေါ့ဗျာ သြော် ဟုတ်ကဲ့ဟုတ်ကဲ့ သန်.ရှင်းတဲ့ သံရုံးကြီးပါခင်ဗျ )

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဖုန်းတွေ ထိုင်းရောက်မြန်မာအလုပ်သမားတွေအတွက် 24 နာရီ ၀န်ဆောင်မှု.ပေးတယ်ခင်ဗျ

( ဟုတ်ကဲ့ ဒီကိစ္စ က သံရုံးက ဘာမှမတတ်နိုင်ဘူး ကိုယ့်ဘာသာအစဉ်ပြေအောင် ညှိနိုင်းလိုက်ပါ ဆိုတဲ့ အသံတွေ က နားဝမှာ ရိုးအီလာပြီခင်ဗျ ဟုတ်ကဲ့ တကယ့် ကို ကိုယ့်နိုင်ငံသား တွေအတွက် အကျိုးဆောင်ပေးနေတဲ့ ရုံးကြီးပေါ့ဗျာ)

ဟုတ်ကဲ့ ...ဟုတ်ကဲ့ ...ဟုတ်ကဲ့

ကိုယ်ဖြစ်ကိုယ်ခံပါခင်ဗျ

မင်းလွမ်းနောင် (ပန်းတနော်)


Tuesday, February 11, 2014

ထိုင်းရောက်မြန်မာ အလုပ်သမား လင်မယား ၂ ယောက် အသတ်ခံရ

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ဖန်ငမြို.နယ် အပိုင် တွင်  ထိုင်းရောက်မြန်မာအလုပ်သမား ၂ဦး (ရော်ဘာခြံလုပ်သား) အသတ်ခံရတယ်လို. သိရပါတယ်။

သေဆုံးသူ ၂ ဦးဟာ မုဒုံမြို.နယ်အပိုင်ရွာဘက်မှ ဖြစ်တယ်လို. သိရပါတယ်.။

ဓါးမြ ၀င်တိုက် ခံရတာဖြစ်ပြီး ရွှေငွေ ထားတဲ့နေရာမပြောလို. ရက်ရက်စက်စက် အသတ်ခံရတာဖြစ်ပါတယ်။ 


အသေးစိတ်ကို ဆက်လက်စုံစမ်းဆဲဖြစ်ပြီး အမှု.မှန်ပေါ်ပေါက်အရေးယူရေးအတွက် ကာယကံရှင်မိသားစုဝင်များနှင့် ဆက်သွယ်ဆောင်ရွက်ဆဲဖြစ်ကြောင်းသိရပါတယ်
မင်းလွမ်းနောင်(ပန်းတနော်)

ထိုင်းရောက်မြန်မာတွေ ဘာကြောင့် အသတ်ခံရမှု. များလာသလဲ



၁။ ထိုင်းအာဏာပိုင်တို. လစ်လျူရှု.ခြင်း (ရလျင်သာတွယ်တတ်သည်)
၂။ သူတပါး လူမျိုးခြားကိုယုံကြည်မှု.လွန်ကဲခြင်း
၃။ အစုအဝေးလိုက်မနေထိုင်ခြင်း( ရော်ဘာခြံ လို နေရာတွင် အစုအဝေးလိုက်နေရန်မဖြစ်နိုင်ပြန်)
၎။ သန်းကျော်နေသည့် ထိုင်းရောက်မြန်မာအလုပ်သမားများအား ထိထိရောက်ရောက် အသိပညာ မဖြန်.ဝေနိုင်ခြင်း
၅။ ၃သန်းကျော်သည့် မြန်မာအလုပ်သမားများအား သံအရာရှိတစ်ဦးတည်းဖြင့် ကူညီရန်မဖြစ်နိုင်ခြင်း (အစိုးရ၏တာဝန်ယူမှု.အားနည်းခြင်း)
၆။ မှု.ခင်းဖြစ်ပေါ်လာပါက ကျန်ရစ်သူမိသားစုဝင်များ မှ အမှု.ဖွင့်ခြင်းမရှိပဲ မြန်မာပြည်သို.သာပြန်ခြင်း

ဒါတွေကြောင့် သူတို.ဘက်က ပိုပြီးလက်မတွန်.့ဖြစ်လာတာပါပဲ ။


မင်းလွမ်းနောင် (ပန်းတနော်)

Sunday, December 1, 2013

အိမ်ပြန် အလွမ်း





ဆေးလိပ်လဲတို နေလဲညို ပြီ
ငါကား အိမ်ပြန်မရောက်သေး။

ပူလောင်ပျပျ နွေတညမှာ
ရွက်ကြွေတောလဲ မှုန်ပျပြီ
ငါကား အိမ်ပြန်မရောက်သေး။

တောင်လေလဲတိတ် မိုးလဲဆိတ်ပြီ
ငါကားအိမ်ပြန်မရောက်သေး။

နှင်းမြူ ဖြူဖြူ အေးဓါတ်ကူလဲ
ဘ၀အမော အပူတောကြောင့်
ငါကား ခုတိုင် မပြန်နိုင်။

ဥတုရာသီ အလီလီတွင်း
အတိတ် ကို ဆန်းစစ်
ပစ္စုပ္ပန် ကို ပြုပြင်
အနာဂတ်ကို ပုံပြောင်း
ငါ့ဘ၀ ငါ့အကြောင်း
ငါ့သမိုင်းကောင်းဖို.
လှုပ်ရှားရုန်းကန်
အဖိုးတန်ရန်ကျိုးစားဆဲ ။ ။

ထိုင်းဘုရင့်သမီးတော်ရဲ.မှတ်သားဖွယ်စကား

ထိုင်းတီဗီ 9 လိုင်းက အင်တာဗျူး ကောင်းတဲ့ တစ်ယောက်နဲ. ထိုင်းဘုရင့် သမီးတော်(တတိယ) စကားပြောကြတဲ့နေရာမှာ မှတ်သားလောက်တဲ့ စကားတစ်ခွန်း ကြားလိုက်မိတယ်

" ယခင်က ကုမ်စီအယုဒ္ဓယ ကို ဗမာတွေ ၀င်တိုက်လို.တစ်ကြိမ် ပြိုကွဲပျက်စီးခဲ့ဖူးပြီ ခုလဲ နောက်တစ်ကြိမ်ပျက်စီးရလေအုန်းမယ် ဒီတစ်ခါဖြစ်တာက ပိုဆိုးတယ် ဒီလို ပိုပြိုကွဲပျက်စီးရတာက ထိုင်းလူမျိုးအချင်းချင်းကြောင့်ပဲ ဖြစ်တယ် ထိုင်းလူမျိုးက ထိုင်းနိုင်ငံကို ပြန်ဖျက်တာပဲ "

ဒီစကားအဆုံးမှာ အင်တာဗျူးတဲ့ သတင်းထောက် မျက်ရည်ကျ တာကိုလဲ တွေ.လိုက်ရတယ်။

( ဟုတ်ပါတယ် သံကိုသံကဖျက်တာ ပိုပြီးဆိုးလှပါတယ်။ နိုင်ငံရေး /လူမျိုးရေး/ဘာသာရေး/လူမှု.ရေး စသဖြင့်ပေါ့လေ )

မင်းလွမ်းနောင်(ပန်းတနော်)

:------> ရေးချင်ရာရေးတယ် ဖတ်ချင်သူတဲ့သူဖတ် <------::



ဖသိုက် လို.ခေါ်တဲ့ ထိုင်းတောင်ပိုင်း အနီ ကိုထောက်ခံတယ်ဆိုတာ မှန်ပါတယ် သို.သော် အားလုံးမဟုတ်ပါ အမဲတွေလဲရှိပါတယ် အနီဆိုတာကတော့ ဖွေ.ထိုင်း အမဲက ဒီမီုကရက် လို.ပြောရင်လဲရတယ် ။
ဒါပေမဲ့ ဖန်ငခရိုင်(ဖသိုက်နယ်)မှာ အမဲဘက်က ဆန္ဒပြပွဲတောင် ပြီးခဲ့တဲ့သောကြာနေ.က မြို.တော်ဝန် ရုံး ရှေ. ကွင်းပြင်မှာ ဆန္ဒပြပွဲ လုပ်နေကြတာမြင်ရသေးတယ် နည်းတဲ့လူအုပ်မှမဟုတ်ဘဲ
ဟော ခု ဒီနေ.. တနင်္ဂနွေဈေး နေ.ဆိုတော့ အိမ်အတွက် စားစရာလေးတွေ ၀ယ်ရင်းဈေးထဲရောက်တော့ အမဲ သင်္ကေတ ထိုင်းအလံ လက်ပါတ်တွေ ထိုင်းအလံ ဘီးကုတ် တွေ ထိုင်းအလံဆွဲပြားတွေ ဆွဲပြီး ကုန်စိန်း ကုန်ခြောက် ငါးစိမ်းငါးခြောက် ရောင်းနေကြတာ နည်းမှမနည်းပဲ ။
ဒါ့ကြောင့် တောင်ပိုင်းသားတိုင်း အနီမဟုတ်ဘူးလို. ဆိုရပါတယ်။
တစ်ခုတော့ သတင်းပျံ.နေတယ် မဲမဲတွေက ငွေကြေးနဲ. ခေါ်တာမဟုတ်ဘူးတဲ့ နီနီတွေကနေ.စားတွေများတယ်ဆိုပဲ ။
ဟုတ်သော်ရှိ မဟုတ်သော်ရှိပေါ့နော် မြန်မာတွေကိုတောင်အနီက ငွေကြေးပေးပြီး အင်အားဖြည့်ပေးခိုင်းတယ်လို. အကိုတစ်ယောက်တင်ထားတာတွေ.တယ်။
ဒီဘက်မှာတော့ အဲ့သတင်းမကြားမိဘူး မြန်မာတွေလဲစိတ်မ၀င်စားဘူး သူတို.စိတ်ဝင်စားတာ ၄ နှစ်ပြည့်သမားတွေအတွက် ဘယ်လို ။ အထောက်အထားမရှိသူတွေအတွက်အသစ်ဖွင့်ပေးမလား ။
ဒီလ လုပ်အားခ ဘယ်လောက်ကျန်မလဲ ။
အိမ်ကို ဒီလ ဘယ်လောက်ပို.နိုင်မလဲ ။ဆိုတာတွေလောက်ပဲစိတ်ဝင်စားတယ်ဗျ။
ထိုင်းလို သေနတ် ပေါတဲ့ နိုင်ငံ မှာ ဒီလို နေ.စားသွားလုပ်ရင် အရင်ဆုံးမသာပေါ်မှာ ကိုလဲ သိကြတယ်လေ။ ချွင်းချက်တော့ရှိတာပေါ့ဗျာ ဟိုစပ်စပ် ဒီစပ်စပ် ( ဝေမင်းလိုပေါ့) အဲ့လိုလူတွေတော့ သွားချင်သွားမှာ (မသေချာဘူး)
ကြားကနေ မြင်ရမယ်ဆိုတော့ အမဲက အနီထက် အင်အာပိုသာသလို အောက်ခြေ အဆင့်လူထု အထိ ကိုယ်စရိတ်ကိုယ်စားပြီး ထောက်ခံနေတာဆိုတော့ အင်း မကြာခင် ဒီနိုင်ငံလဲ အစိုးရအပြောင်းအလဲ ဖြစ်လာမှာ သေချာသလောက်ပဲ ။
ထိုင်းမှာလဲ အစိုးရတစ်ခါချိန်းရင် ကုန် ဈေးနှုန်းကတစ်ခါတက်တယ် ( မြန်မာပြည်လိုပဲ)

ဒီတစ်ခါ ကုန်ဈေးနှုန်းတွေတက် အထောက်အထားဖိုးတွေတက် အဖမ်းအဆီးနဲ. ၇ဲတွေ အတောင်းအ၇မ်းထူ လာတာတွေ ဖြစ်လာရင်တော့ မြန်မာနိုင်ငံသားရွှေ.ပြောင်း အလုပ်သမားအများစု မကြာခင် အထုတ်ပြင်ပြီး ပြည်တော်ပြန်ဖို. သေချာတယ်။

ထိုင်းဘတ်ငွေ ၁ ဘတ် = မြန်မာကျပ်ငွေ ၃၀.၂၅ ကျပ် (လက်ရှိဈေးပါ)
အကယ်လို.
ထိုင်းဘတ်ငွေ ၁ ဘတ်= မြန်မာကျပ်ငွေ ၂၀ ကျပ် ဖြစ်လာခဲ့ရင်
ထိုင်းမှာလိုပဲ မြန်ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေပေါများလာခဲ့ရင်
(လုပ်ခလစာ ထိုင်းထက်နည်းပါစေအုန်း)

ထိုင်းတွေလဲ နှင်ထုတ်စရာမလိုဘူး မြန်မာအစိုးရလဲ ပြန်လာဖို.ခေါ်စရာမလိုဘူး
အားလုံးကိုယ့်နိုင်ငံ ကိုယ်ပြန်ရောက်မဲ့သူတွေချည်းပဲ ။


မင်းလွမ်းနောင် (ပန်းတနော်)

Friday, November 8, 2013

ကျွန်တော်တို.မိသားစု ဘ၀ပျက်ရသော အသွင်ကူးပြောင်းကာလ


ကျွန်တော်တို့သည် ထိုင်းနိုင်ငံတွင် နှစ်ပေါင်းအများစွာ ကျွန်ခံပြီး ထိုင်းလူမီူးတွေအနိုင်ကျင့်ခံ
အလုပ်လုပ်ခဲ့ပြီး အခွန်လွတ်ဈေး အနီးယာဉ်ကားဝင်း ထားဝယ်မြို့တွင်ဈေးဆိုင်ခန်းဝယ်ပြီး ထမင်းဆိုင်ရောင်စားပါတယ်။ဆိုင်ခန်းတစ်ခန်းကို ၆၅သိန်းနဲ့ဝယ်ပြီးလုပ်စားနေပါတယ်။ဆိုင်ခန်းမြေပိုင်ရင်က ဌာနဆိုင်ရာမြေ(အထွေထွေခရိုင်ဦးစီးဌာနပိုင်မြေ)သည့်မြေပေါ်တွင်ဆိုင်ခန်းတွေကိုအရောင်းဝယ်လုပ်နေကြတာ
ကြာပါပြီ။ဌာနဆိုင်ရာကမြေပြန်သိမ်းပြီးဆိုင်ခန်းကိုအဌါးပြန်လုပ်မည်လို့သိရပါတယ်။ကုမ္ပဏီတစ်ခုနဲ့ပေါင်းပြီးလုပ်တယ်လို့သိရပါတယ်။လက်ရှိပိုင်ဆိုင်ထားသောဆိုင်ခန်းပိုင်ရှင်တွေကိုလဲ နစ်နာကျေးဟူ၍ပြန်မပေးဘူးလို့ကြားသိရပါတယ်။ကျွန်တော်တို့တွင်နှစ်ပေါင်းအများစွာ ထိုင်းနိုင်ငံတွင် အလုပ်ခဲ့သမျှ စစ်အစိုးရခောတ်အလွန် အသွင်ကူးပြောင်းကာလတွင် ဘဝပျက်ခဲ့ရပါပြီ။ဒီငွေ၆၅သိန်းဆိုသောငွေသည်။ကျွန်တော်တို့ ဘဝတွင်တော့ထိုင်းနိုင်ငံတွင် ပြန်ပြီး ကျွန်ပြန် ခံရပါတော့မည်။၆၅သိန်းဆိုသောငွေသည်။ကျွန်တော်တို့တွင် အတိုးနဲ့ချေးပြီး ဝယ်ခဲ့တာပါ။ဌာနာဆိုင်ရာလူကြီးများသိအောင်တော့ တစ်ဆင့် တစ်ဆင့်ပြောပေးကြပါ။ အခွန်လွတ်ဈေး အနီးယာဉ်ကားဝင်း တွင်ဈေးဆိုင်ပေါင်း အခန်း၈၀ လောက်ရှိပါတယ်။ဆောက်လုပ်ခွင်ရသောကုမဏီတွင် လူကြီလဲ ရှယ်ရာပါဝင်နေတယ်လို့ကြားသိရပါတယ်။လူတစ်စုကောင်းဖို့ရေလူအများစု ဘဝပျက်ပေးရပါတယ်။အခွန်လွတ်ဈေး အနီးယာဉ်ကားဝင်းတွင်အလုပ်ကိုင်နေသောမီသားစုတွေလဲ အလုပ်လက်မဲ့ဖြစ်ခဲ့ရပါပြီ။
 
 
(မေလ်းသို. ပေးပို.လာသည့် ရင်ဖွင့်သံစာလေးဖြစ်ပါတယ်)

Saturday, September 28, 2013

လူနတ်ချမ်းသာ

ခြေတစ်လှမ်းက ကုဋေတစ်သန်းမသန်ပေမဲ့
လက်တစ်လှုပ်မှာ ငွေထုပ်တွေ တဖြုတ်ဖြူတ်ကြွေကျလာအောင်စွမ်းနိုင်တယ်။

နာမည်ကြီးအဆိုတော်မဟုတ်ပေမဲ့
အော်သံတစ်ချက်ထုတ်ရင် ဒူးတုပ်လို.ခစားစေနိုင်တယ်။

ရာထူးနေရာမရှိပေမဲ့
ဟေ့ ........ဆိုတာနဲ. အရက်နဲ.ကြက်ကင် ဆက်သမဲ့ကတော်တွေရှိတယ်။

နိုင်ငံကျော် ဇာတ်မင်းသားမဟုတ်ပေမဲ့
စနစ်မကျ ရွတတ ကကွက်တွေကို လက်ခုပ်လက်ဝါးတီးပြီးအားပေးမဲ့သူတွေရှိတယ်။

သြဇာသံ မရှိပေမဲ့
ပြောလိုက်တဲ့စကားသံ ရိုသေတဲ့ဟန်ပန်နဲ. နားထောင်တဲ့သူတွေရှိတယ်။

လော်ပန်မဟုတ်ပေမဲ့
အချိန်တန်လို.အိမ်ပြန်ရင် အိတ်ဖောင်းအောင်ထည့်ပေးတဲ့သူတွေရှိတယ်။


မှတ်ထား  ရွှေတိုက်စာရင်းဝင် နတ်ကတော်တဲ့ 



မင်းလွမ်းနောင် (ပန်းတနော်)

 

ပန်းတနော်ရဲ. အဓိပတိလမ်း





တစ်ချိန်က ဒီလမ်းလေးပေါ်မှာ
ဥပဓိအေးချမ်း တိုက်ပုံလေးထမ်းလို.
ကျောင်းဆရာကြီး ဦးသန်. လျှောက်လှမ်းခဲ့ဖူးတယ်။

တစ်ချိန်က ဒီလမ်းလေးပေါ်မှာ
အပူငြိမ်းစေတဲ့အဖြူအစိမ်းလေးဝတ်လို.
ဖဒိုမန်းရှာ ဆိုတဲ့ကျောင်းသားလေးလျှောက်ခဲ့ဖူးတယ်

တစ်ချိန်က ဒီလမ်းလေးပေါ်မှာ
လွယ်အိတ်ကိုစလွယ်သိုင်း
ဖဒိုမန်းငြိမ်းမောင် ဆိုတဲ့ကျောင်းတော်သားတစ်ယောက်
လျှောက်ခဲ့ဖူးတယ်။

တစ်ချိန်ကဒီလမ်းလေးပေါ်မှာ
ကျောင်းစိမ်းနဲ.လွယ်အိတ်
စာအုပ်နဲ.ခဲတံ ကာတွန်းဈာန်ဝင်စားနေတတ်တဲ့
ကျောင်းသားလေး မောင်ဖေသိန်းလဲလျှောက်ခဲ့ဖူးတယ်။

ဒီလိုပါပဲ
ဒီလမ်းလေးပေါ်မှာ လျှောက်ရင်း
ကျောင်းတော်ကြီးရဲ.ပညာရင်နို.
သောက်စို.ရင်း ကွဲကွာ
အပေါင်းအသင်းဆိုတာတွေလဲရှိခဲ့ဖူးတယ်။

ဒီလမ်းလေးပေါ်မှာလျှောက်ခဲ့သူမှန်သမျှ
တသသနဲ.လွမ်း
တတမ်းတမ်းနဲ.မျှော်
တာဝန်တွေကိုယ်စီထမ်း
နိုင်ငံ့အတွက်တစ်ဖက်တစ်လမ်း
အကျိုးပြုကာ မှန်းဆသူတွေလဲရှိတယ်။


ခေတ်တွေဘယ်လိုပြောင်း မဟောင်းသောသမိုင်းတွေနဲ.
ဒီင်္မြို.လေးရဲ. အနာဂတ်
လှပခြင်းတွေ ဆက်နေဖို.
အဓိပတိလမ်းလို. အမည်ပေး
မော်ကွန်းရေးလိုက်ချင်ပါသေးတယ်။

မင်းလွမ်းနောင် (ပန်းတနော်)
(ဓါတ်ပုံ= ပန်းတနော်သားများဆုံဆည်းရာ)

""""""""သားကိုလွတ်လပ်ခွင့်ပေးပါအမေ """""""""

Photo: """"""""သားကိုလွတ်လပ်ခွင့်ပေးပါအမေ """""""""

(ဖြစ်ရပ်မှန်အား ပြန်လည်ရေးသားဖော်ပြခြင်းဖြစ်ပါသည်)

အသစ်စက်စက်  မြေရှင်း မြေညှိလုပ်ထားသည့်တောင်ကုန်း  သစ်ရိပ်ဝါးရိပ်တို.ကမရှိတော့  တပ်တည်စကတည်းက  တပ်ခွဲရုံးဆောက်ဖို. အားလုံးကိုပြောင်းသလင်းခါအောင် မြေလှန်ပြီးရှင်းလင်းထားတဲ့အတွက် အရိပ်ရသစ်ပင်ဆိုတာမရှိ စိုက်ပျိုးထားသည့် တပ်ဝင်လမ်းတစ်လျှောက်ရေတမာပင်တို.က ခြောက်ခြောက်သွေ.သွေ. နှင့်ရှိလှသည်။   ဆောက်လက်စ တပ်ခွဲရုံး အတွင်းမှာကလဲ ပူစပ်ပူလောင်ရှိလှသည်။ 

လေကလဲမတိုက် တိုက်သည့်လေကလဲ လေပူ ဖြစ်သည့်အတွက် တပ်ခွဲရုံးအတွင်း ရှိ တပ်ခွဲမှူးအပါအ၀င်  အခြားအဆင့် ရုံးဝန်ထမ်းတွေပါ ချွေးတစီစီနှင့် ယပ်မခပ်အား  လကုန်ခါနီးမို.  နပခ သို. ရိက္ခာတောင်း၇န် ကိစ္စ  ၊  တပ်ရင်းသို. လစာတောင်းမည့်ကိစ္စ ၊ ပဲဇင်းငုံ စိုက်ခင်းစီမံချက် ၊ တပ်တစ်ခွဲ စပါး ဧက ၅၀ စိုပျိုးရေးစီမံချက် စသည့်  လက်တွေ. ရော လက်တွေ.မပါသည့် စီမံချက်များကို  တပ်ခွဲမှူးနှင့်အတူ ပြုစုနေသည်က တပ်ကြပ်ကြီးစာရေး ဘဦး၏ လစဉ်ပြုလုပ်နေကြ လုပ်ငန်းဆောင်တာတစ်ခုဖြစ်သည်။

" ကဲ ဘဦး  ...... ငါ တပ်မကိုခဏသွားအုန်းမယ်  ဒီအချက်အလက်တွေကို မင်းပဲ ဆက်ပြီး အချောသတ်ပြီး  စာအုပ်လုပ်ထားလိုက် ........ငါပြန်လာမှ လက်မှတ်ထိုးတော့မယ် "

" ဟုတ်  တပ်မှူး ကျနော် ကြည့်ပြီးစီစဉ်ထားလိုက်ပါမယ် "
တပ်ခွဲမှူးး  တစ်ယောက် မီးဖိုးတအူအူထွက်သည့်  တရုတ်ထုတ် Dream ဆိုင်ကယ် အစုတ်လေးဖြင့် တပ်မဘက်သို.ထွက်သွား သည့်တိုင် ဘဦးတစ်ယောက် ချွေးတစီစီနှင့် အလုပ်ရှုပ်ဆဲ

မကြာပါ  တပ်ဝင်ဂိတ်တွင် တပ်ရဲ တာဝန်ယူထားရသည့် စီနီယာရဲဘော်ကြီး ရခိုင်လူမျိုး  ဦးသန်းကျော် နှင့် အ၀တ်အစားခပ်နွမ်းနွမ်း အသက်ကြီးကြီး လင်မယားတစ်တွဲပါပါလာ သည်ကိုတွေ.ရသည်။

" ဆရာဘဦး ဒီ ဦးလေးကြီး လင်မယားက တပ်မှူးနဲ.တွေ.ခွင့်တောင်းနေလို. ခေါ်လာတာ   တပ်မှူးက တပ်မဘက်သွားလို. ဆရာဆီခေါ်လာတာ  ဆရာပဲ ကြည့်ပြီ စီစဉ်ပေးပါ "  ပြောပြီးသည်နှင့် တာဝန်ကျရာ တပ်ဂိတ်ကို ပြန်သွားလေသည်။

"  ဦးလေးတို. တပ်ကိုလာတာ ဘာကိစ္စများပါလိမ့် ခင်ဗျာ .ကျနော်က တပ်ခွဲရုံး က ဘဦးပါ ...တပ်မှူးး ပြန်လာရင် တင်ပြပေးပါမယ် "

" ရပါတယ် တူကြီးရယ် ဦးကြီးတို.က တောင်ငူဘက်က ရွာကပါ ........လာရင်းကတော့ ..ဦးတို.သား ကွယ်လွန်ပြီး ..မကျွတ်မလွတ်ဖြစ်နေပြီး မာကြာမကြာ  အိပ်မက်ပေး လိုက် ခြောက်လှန်. လိုက် လုပ်နေလို. ဒီကိုရောက်လာတာပါ ကွယ် " 
ဘဦးတစ်ယောက်   ခေါင်းကုတ်လိုက်ပြီး
" ဟိုလေ .......ဦးကြီး တို.သား သေပြီး မကျွတ်မလွတ်ဖြစ်တာနဲ.  ကျနော်တို.တပ်နဲ.ဘာများ ပါတ်သတ်နေလဲမသိဘူး ..ဟိုလေ ..ကျနော် မသိလို.မေးတာပါ ခင်ဗျ"

ဦးလေးကြီး မှာ ငိုင်ကျသွားပြီး မျက်ဝန်းတို.မှာမျက်ရည်များဝဲနေသည်ကိုတွေ.လိုက်ရသည်။  အဒေါ်ကြီး မှ ၀င်ရောက်ရှင်းလေသည်။
" ဒီလိုပါ တူကြီးရယ်  အဒေါ်တို.သား က အရင်က ဒီတပ်မှာ တာဝန်ကျတဲ့ စစ်သားတစ်ယောက်ပါ ...နောက်တော့ ထွက်ပြေးပြီး အဒေါ်တို.နဲ. အတူ လယ်ပြန်လုပ်စားရင်း  လယ်ထဲမှာ ပိုးထိပြီးဆုံးသွားတာပါကွယ်"..." အဲ့ဒ အိပ်မက်ထဲမှာ သားကပြောတယ်  သားကိုလွတ်လပ်ခွင့်ပေးပါအမေတဲ့....." 

" နာမည်က ဘယ်သူများလဲ အဒေါ်  .....နောက်ပြီး ဘယ်လောက်ကြာခဲ့ပြီလဲ ခင်ဗျ "

" အင်း ..စိုးမိုးပါ ...အဒေါ်တို.ဆီ သူရောက်တာ လွန်ခဲ့တဲ့ ၆ နှစ်လောက်ကတည်းက ပါ ကွယ် "

" ကောင်းပါပြီဗျာ  တပ်မှူးလာရင် ကျနော် တင်ပြပေးပါမယ် ..ခုတော့ ဦးကြီးတို.  အနားယူလိုက်ကြပါအုန်း "  
ဦးလေးကြီးတို. လင်မယားအား မပြီးစီးသေးသော တပ်ခွဲစည်းဝေးခန်းထဲသို. လိုက်ပြပြီး  နေရာချပေးခဲ့သည်။
----------------------------------------------------------------------------------------------
" ဘဦး  မင်း ဖိုင်ဟောင်းတွေထဲပြန်ရှာကြည့်စမ်းကွာ  ရှိလိုရှိငြား  ....မရှိရင်လဲ တပ်ရင်းရုံးကို ကြေးနန်းနဲ.   လှမ်းမေးကွာ  "

" ဟုတ် ..တပ်မှူး  ကျနော် ခွဲရုံး ဖိုင်တွေထဲမှာရှာပြီးပါပြီ လက်ခံစာရင်းလဲမရှိဘူး ခင်ဗျ........ပြီးတော့ လွန်ခဲ့တဲ့ ၆ နှစ်က ဖြစ်ခဲ့တာဆိုတော့ ... ကျနော်တို. ဒီကိုမလာခင် ...တပ်မမှာ တွဲဘက် ထားထားတဲ့ တပ်စု ထဲက  တစ်ယောက် ဖြစ်နိုင်ပါတယ် ... တပ်ရင်းကိုလှမ်းမေးတာပိုကောင်းပါတယ် ခင်ဗျ "

" ကောင်းပြီ ဘဦး ဒီကိစ္စကို အမြန် ဆက်လုပ်ကွာ ..စီမံချက်တွေလဲ စာအုပ်လုပ်ပြီးပြီပဲ တပ်မကို ဆက်သားနဲ. ပို.ခိုင်းလိုက်လို.ရတယ်  ....ဒီ ဦးလေးတွေ  ကိစ္စ အဆင်ပြေအောင်  ၀ိုင်းကူပေးလိုက် ကွာ ."

"ဟုတ် တပ်မှူး   ...လေးစားပါတယ်ခင်ဗျ "
----------------------------------------------------------------------------------------
"   တပ်မှူးး  ...... တပ်ရင်းက ကြေးနန်းပြန်လာတယ်......1997 ခု သြဂုတ်လ မှာ ရင်းက ခွင့်မဲ့ပျက်ကွက်ကျေ ငြာခဲ့တဲ့  ကပ- ၉၆xxxx တသ - စိုးမီုးပါ ....ပညာသည်အတန်း ၂ (အထူးအုတ်စီ) ပါ ......ဖြစ်စဉ်က တပ်မတွဲဘက် တပ်စု ၁ ကနေ ခွင့်မဲ့ဖြစ်ခဲ့တာပါ ခင်ဗျ"

" ဟုတ်ပြီ ..ဘဦး..... ဒါဆိုရင်  ..တို.တပ်က ဆိုတာသေချာပြီ ပေါ့ .....ဒီတော့ ဟိုဦးလေး
လင်မယား၇ဲ.ဆန္ဒ ကိုမေးကြည့်ရအောင် သွားခေါ်ခဲ့ကွာ "

" ဟုတ် တပ်မှူး "

_____________________________________________________________

တပ်မှူး ရုံးခန်းသို. ရောက်ရှိလာသည့် ဦးလေးကြီးတို.လင်မယား ၂ ဦးအား တပ်မှူးမှ  

"  ဦးလေး တို. သား ကိစ္စ ကို ကျနော်တို.တပ်က ဘာများအကူအညီပေးရမလဲ ဆိုတာပြောပါ .ကျနော်တို.ကတော့   ရုံးလုပ်ထုံးအတိုင် လုပ်ဆောင်ပြီးပါပြီ ..ဦးလေးတို.ဆန္ဒကိုပြောပါ  ကျနော်တို. တတ်နိုင်သလောက် ကူညီပေးပါမယ်"

"ဗိုလ်မှူးး ရယ် ကျနော်တို.ဆန္ဒကတော့ သားကလေးဟာ တပ်ကထွက်ပြေးလာပြီး  ပိုးထိတယ်ဆိုတော့   ရွာထဲကလူတွေကလဲ ပြောကြတယ်  တပ်က အမိန်.စာကျေငြာပေးမှ ရယ်တဲ့.......နောက်ပြီး သားလေး ကလဲ အိပ်မက်ထဲမှာ ယူနီဖောင်းကြီးနဲ. ပြီး သားကိုလွတ်လပ်ခွင့် ပေးပါဆိုပြီးပြောနေတာပဲ တွေ.ရတယ် ဗိုလ်မှူးရယ် ...ဖြစ်နိုင်ရင်ကူညီပေးပါ "

တပ်မှူးး ခေတ္တမျှ စဉ်းစားလိုက်ပြီး " ဒီလိုလုပ်ဗျာ ကျနော်ဘက်က ..အမိန်.ပြန်တမ်းကို  ဒီက ဆရာကြီး တစ်ယောက်နဲ.အတူ ထည့်ပေးလိုက်မယ်  .... ဦးလေးတို.ကလဲ အမိန်.စာကျေငြာပြီးတာနဲ.  သူ.အတွက်ရည်မှန်းပြီး အလှူလေးဘာလေး လုပ်ပေးလိုက်ကြ ...ဟုတ်ပြီလား "

ဦးလေးကြီးတို.လင်မယား ၏မျက်လုံးအိမ်တို.တွင် ၀မ်းသာခြင်းကြောင့် မျက်ရည်များလျှံလျှက် 
"  ဟာ.......ကျေးဇူးတင်လိုက်တာ ဗိုလ်မှူးး ရယ် ...ကျေးဇူးတင်လိုက်တာ "

--------------------------------------------------------------------------------------------
" ကဲ ...ဘဦး   ဆရာကြီး ထွန်း၇ီ ကို ဒီနေ.ပဲ ဟိုဦးလေးကြီးတို.နဲ. တစ်ခါတည်း လိုက်ဖို. မင်းစီစဉ်ပေးလိုက်အုန်း .....ပြီးတော့ အမိန်.ပြန်တမ်းကို တစ်ခါတည်းလုပ်လာခဲ့ ငါ တပ်ရင်းမှူးကိုယ်စာလက်မှတ်ထိုးပေးလိုက်မယ် ..." " နောက်ပြီး  ညက ၁၁ နာ၇ီလောက် ...မင်း ရုံးခန်းထဲမှာ စာရိုက်သေးလား ဘဦး."

" မရိုက်ပါဘူး တပ်မှူးး  .....ကျနော် အခန်းသော့လဲခတ်ထားပါတယ် ...ဘာဖြစ်လို.လဲ တပ်မှူးး "

"  အေးကွ .......ညက မင်းလက်နှိပ်စက်ကို  လူကစာရိုက်နေသလို ..စာရိုက်သံတွေ ကြားနေရတယ်  ..ငါလဲ ထမကြည့်ဖြစ်ပါဘူးကွာ  ..မင်အလုပ်လုပ်နေတယ်ထင်လို. "" နောက်ပြီး ငါတစ်ယောက်တည်းကြားတာမဟုတ်ဘူးကွ .... ဆရာကြီးယာဉ်မောင်းလဲ မနက်က ငါ့ကိုလာပြောသွားတယ် ..."

" ဗျာ .......ကျနော်မဟုတ်တာတော့သေချာတယ် တပ်မှူးး  ..ဒါဆို......ဟိုကောင်  စိုးမိုးများလား "

" ထားလိုက်ပါတော့ ဘဦး ဆရာကြီးထွန်း၇ီ ခ၇ီးသွားဖို. အဆင်သင့်ဖြစ်ရင်ငါ့ဆီလွှတ်လိုက်ကွာ .."
----------------------------------------------------------------------------------------
ဆရာကြီးထွန်း၇ီ  တောင်ငူမြို.မှ  စိုးမိုးတို.ရွာ သို. ရောက်ပြီး  ရွာဦးကျောင်းဆရာတော်ကို သွားဖူး ကာ အကျိုးအကြောင်းလျှောက်တင်ပြီး ဆရာတော် နှင့်အတူ  စိုးမိုး၏ မိဘများနှင့်အတူ  
စိုးမိုး အားမြုပ်နှံထားသော သုသာန်သို. သွားရောက်ကာ အမိန်.ပြန်တမ်းကို ဖတ်လေသည်။ 

" ကိုယ်ပိုင်အမှတ်  ၉၆ +++ + တသ စိုးမိုး ယနေ.စ၍ သင်သွားလိုရာသွားနိုင်ပြီ..."
သုသာန်ရှိ ညောင်ကျတ်ပင်မှ  လေမတိုက်ပဲ အသံထမြည်လာပြီး  ပုပ်အက်အက် အနံ.ကို စိုးမိုး၏မိဘ၂ ပါး ရွာဦးကျောင်းဆရာတော် နှင့် ဆရာကြီးထွန်း၇ီတို. အပါအ၀င် လာရောက်ကြည့်၇ှူ.ကြသူ ရွာသားအချို.လဲ ရရှိလိုက်ကြသည်။
----------------------------------------------------------------------------------------
အချိန်လင့်နေသောကြောင့် ဆရာကြီးထွန်း၇ီ တစ်ယောက်  စိုးမိုး တို.အိမ်မှာ တည အိပ်ပြီး  နောက်နေ. ပြန်ရန် ပြင်ဆင်နေချိန်တွင် စိုးမိုး၏ မိခင်ဖြစ်သူမှ
"ဆရာကြီးရယ် ညက သားလေးကို အိပ်မက်မက်တယ် ..သူလွတ်လပ်သွားပြီတဲ့ ..သူ.မျက်နာလေးကလဲ လန်းလို.ပဲ ....ကျေးဇူးတင်ပါတယ်ဆရာကြီးရယ်  ..ဆရာကြီးတို. တွေ ကျမ်းမာချမ်းသာပါစေကွယ် " 

" ဟုတ်ပါတယ် အမကြီး ..ကျနော်လဲ ညက အိပ်မက်လိုလိုဘာလိုလိုပါပဲ စိုးမိုးကို တွေ.လိုက်ပါတယ် ....သူခုလို လွတ်လပ်သွားတဲ့အတွက် ကျေးဇူးတင်ကြောင်းလာပြောတာပါ ...သူ.အတွက်တော့ ရွာဦးဆရာတော်နဲ.တိုင်ပင်ပြီး အလှူလေးလုပ်အမျှလေးဝေပေးလိုက်ပါ ဗျာ...တပ်မှူး က အဒေါ်တို.အလှူလုပ်ရင် အလှူငွေထည့်ပေးဖို.ကျနော်ကို ငွေ ၁၀၀၀၀ ကျပ် ပေးခိုင်းထားတာရှိတယ် လက်ခုံလိက်ပါဗျာ "

" စိတ်ချပါဆရာကြိးရယ် ကျမတို.သားလေး ကောင်းရာမွန်ရာရောက်ဖို. ကျမတို. အလှူအတန်းလုပ်ပြီးအမျှပေးဝေပါမယ် ..ကျေးဇူးလဲတင်ပါတယ် ဆရာကြီးရယ်"
-----------------------------------------------------------------------------------------
ဆရာကြီးထွန်းရီ၏ အပြန် ရွာပြင်လမ်းလေးက လယ်ကွင်းထဲက အေးမြတဲ့လေနုအေးအေးလေးတွေတိုက်ခတ်ရင်း ခရေပန်းနံ.လေးတွေ သင်းပျံ.လို.ပါ 
ဆရာီ့းထွန်းရီး၏ စိတ်ထဲမှာတော့    တစ်ခါမှ မကြုံစဖူး ကြုံခဲ့ရတဲ့ ဒီဖြစ်စဉ်အတွက် တစ်သက် မေ့ပျောက်လို.ရမည် မထင်တော့ပါ ။


မင်းလွမ်းနောင် (ပန်းတနော်)

(ဖြစ်ရပ်မှန်အား ပြန်လည်ရေးသားဖော်ပြခြင်းဖြစ်ပါသည်)

အသစ်စက်စက် မြေရှင်း မြေညှိလုပ်ထားသည့်တောင်ကုန်း သစ်ရိပ်ဝါးရိပ်တို.ကမရှိတော့ တပ်တည်စကတည်းက တပ်ခွဲရုံးဆောက်ဖို. အားလုံးကိုပြောင်းသလင်းခါအောင် မြေလှန်ပြီးရှင်းလင်းထားတဲ့အတွက် အရိပ်ရသစ်ပင်ဆိုတာမရှိ စိုက်ပျိုးထားသည့် တပ်ဝင်လမ်းတစ်လျှောက်ရေတမာပင်တို.က ခြောက်ခြောက်သွေ.သွေ. နှင့်ရှိလှသည်။ ဆောက်လက်စ တပ်ခွဲရုံး အတွင်းမှာကလဲ ပူစပ်ပူလောင်ရှိလှသည်။

လေကလဲမတိုက် တိုက်သည့်လေကလဲ လေပူ ဖြစ်သည့်အတွက် တပ်ခွဲရုံးအတွင်း ရှိ တပ်ခွဲမှူးအပါအ၀င် အခြားအဆင့် ရုံးဝန်ထမ်းတွေပါ ချွေးတစီစီနှင့် ယပ်မခပ်အား လကုန်ခါနီးမို. နပခ သို. ရိက္ခာတောင်း၇န် ကိစ္စ ၊ တပ်ရင်းသို. လစာတောင်းမည့်ကိစ္စ ၊ ပဲဇင်းငုံ စိုက်ခင်းစီမံချက် ၊ တပ်တစ်ခွဲ စပါး ဧက ၅၀ စိုပျိုးရေးစီမံချက် စသည့် လက်တွေ. ရော လက်တွေ.မပါသည့် စီမံချက်များကို တပ်ခွဲမှူးနှင့်အတူ ပြုစုနေသည်က တပ်ကြပ်ကြီးစာရေး ဘဦး၏ လစဉ်ပြုလုပ်နေကြ လုပ်ငန်းဆောင်တာတစ်ခုဖြစ်သည်။

" ကဲ ဘဦး ...... ငါ တပ်မကိုခဏသွားအုန်းမယ် ဒီအချက်အလက်တွေကို မင်းပဲ ဆက်ပြီး အချောသတ်ပြီး စာအုပ်လုပ်ထားလိုက် ........ငါပြန်လာမှ လက်မှတ်ထိုးတော့မယ် "

" ဟုတ် တပ်မှူး ကျနော် ကြည့်ပြီးစီစဉ်ထားလိုက်ပါမယ် "
တပ်ခွဲမှူးး တစ်ယောက် မီးဖိုးတအူအူထွက်သည့် တရုတ်ထုတ် Dream ဆိုင်ကယ် အစုတ်လေးဖြင့် တပ်မဘက်သို.ထွက်သွား သည့်တိုင် ဘဦးတစ်ယောက် ချွေးတစီစီနှင့် အလုပ်ရှုပ်ဆဲ

Tuesday, August 27, 2013

ပန်းတနော်ဖြစ်ရပ်မှန်


( M-media မွတ်ဆလင် သတင်းဆိုဒ်တွင် မဟုတ်မမှန် တစ်ဖက်သတ်စွပ်စွဲချက်များအား ယခုပိုစ်ဖြင့် ဖြေရှင်းအပ်ပါသည်။ M-media  မြန်မာမွတ်ဆလင် သတင်းဆိုဒ် အနေနှင့် မဟုတ်မမှန်သတင်းများ သွေးထိုးသတင်းများ တင်နေခြင်းကို ကန်.ကွက်ပါသည်)

ပန်းတနော်မှာဒီနေ.ဗုဒ္ဓဘာသာနေ. ဖြစ်တဲ့အတွက် (၉၆၉)တရာခွေများကိုဗုဒ္ဓဘာသာ အိမ်အတော်များများ နာကြားကြပါတယ်။
အဲဒီလိုနာကြားကြတဲ့အချိန်မှာ ပန်းတနော်မြို. အနောက်ပိုင်းရပ်ကွက် ရေလှည်းလမ်း မှ ဗုဒ္ဓဘာသာအိမ်များလဲပါဝင်ပါတယ်။
( M မီဒီယာ တွင်ဖော်ပြထားသော (၉)ရပ်ကွက်ဆိုတာ မရှိပါ ။ပန်းတနော်တွင် ရပ်ကွက်(၃)ခုသာရှိပါတယ်)
ဒီလိုဖွင့်နေစဉ်မှာပဲ ဗုဒ္ဓဘာသာအိမ်နှင့်နီးသည့် အစ္စလာမ်ဘာသာဝင်မိသားစုအိမ်မှ အစ္စလာမ်ဘာသာဝင် အောင်နိုင်ဦး(ခ)ကာစင် ၏ ဇနီးဖြစ်သူ နှင်းမီုးခိုင် (ခ)မမွန်းသက် ( မူလ ကရင်လူမျိုး ဗုဒ္ဓဘာသာမှ အစ္စလာမ်ဘာသာသို.ကူးပြောင်းထားသူ) မှ မိမိအင်္ဂါစပ်နှင့် နှိုင်းကာ ++ တရားတွေ ++သီချင်းတွေ ဆိုပြီး အော်ဟစ်ပြောဆိုကာ ကုလားသီချင်းအား ဘေးအိမ်များမခံနိုင်အောင်အာင်ဖွင့်ပါတယ်။
(ယင်း အစ္စလာမ်ဘာသာဝင်မိသားစုမှာ ပန်းတနော်နယ်ခံများမဟုတ်ကြပဲ လွန်ခဲ့သည့် ၄ နှစ်ဝန်းကျင်လောက်တွင် ဆင်းဆင်းရဲရဲဖြင့် လာရောက်စီးပွာရှာသူများဖြစ်ပြီး နောင်ရိုးလက္ဘက်ရည်ဆိုင်ရှေ.တွင် နာရီများရောင်းချနေရင်း အဆင်ပြေကာ မြေ၀ယ်အိမ်ဆောက်ခဲ့သူများဖြစ်သည်)
ထို.ကြောင့် နယ်ခံ ဗုဒ္ဓဘာသာများမှ မိမိတို.ဘာသာတရာကို ရိုင်းစိုင်းစွာ မဆဲဆိုရန်ပြောဆိုသည်ကိုလက်မခံပဲ ဆက်လက်ရိုင်းစိုင်းနေခြင်းကြောင့် အနီးအနားမှ ဗုဒ္ဓဘာသာအိမ်များကပါ ပါဝင်လာကြပြီး ၀ိုင်းဝန်း အချေအတင်ပြောဆိုနေစဉ် ပန်းတနော်မြို.နယ်ရဲတပ်ဖွဲ.၀င်များ ရပ်ကွက်ကောင်စီဝင်များ အရန်မီးသတ်သတ်ဖွဲ.၀င်များ ပန်းတနော်မြို. အစ္စလာမ်ဘာသာဝင် ဗလီဂေါပကများဖြစ်သော ကိုဝင်းနိုင် /ကိုရဲမြင့် စသည့် လူကြီးများရောက်ရှိလာကြပြီး ထိုကဲ့သို. မပြုမူရန်နှင့် ပန်းတနော်မြို.တွင် ဘာသာဝင်များ အေးချမ်းစွာအတူရှိလာကြတာကြာပြီဖြစ်ကြောင်း ယင်းသို.ဖြစ်ရပ်များကို ပန်းတနော် မြို.ခံ အစ္စလာမ်ဘာသာဝင်များမှလဲလက်မခံကြောင်း ယင်းမိသားစုများအား ပန်းတနော်တွင် ဆက်လက်ထားရှိပါက မြို.ခံ ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များအကြား စိတ်ဝမ်းကွဲမှု.နှင့်အတူမလိုလားအပ်သည့် ပဋိက္ခများမဖြစ်ပွားစေရန် ပန်းတနော်မြို. အစ္စလာမ်ဘာသာ ဗလီ ဂေါပက ကိုဝင်းနိုင် /ကိုရဲမြင့်နှင့် မော်လ၀ီဆရာ တို.မှ ယင်းမိသားစုကို ပန်းတနော်မြို.မှ ထွက်သွားစေရန် ပြောဆိုခဲ့ပြီး သက်ဆိုင်ရာများနှင့်ညှိနှိုင်းကာ ယင်းတို.နေထိုင်ခဲ့သည့်အိမ်ကို ဖြိုချခဲ့ပါတယ်။ ( အိမ်အားဖြိုချစဉ်တွင် အစ္စလာမ်ဘာသာဝင်များသာဖြစ်ပါတယ်) ဗုဒ္ဓဘာသာဝင်များ၏ တောင်းဆိုချက်ကြောင့် ဖြိုချခဲ့သည်မဟုတ်ပဲ ဗလီဂေါပက လူကြီးများ၏တောင်းဆိုမှု. တာဝန်ရှိသူများ၏ ညွှန်ကြားချက်ကြောင့်သာဖြစ်သည်။

လက်ရှိအခြေအနေသည်အေးချမ်းစွာတည်ရှိနေပြီဖြစ်သည်။

(အထက်ပါအချက်အလက်များအား အခင်းဖြစ်ပွားရာရပ်ကွက်မှ ပန်းတနော်မြို.ခံ များနှင့် တာဝန်ရှိသူအချို. တို.မှ ရရှိသော သတင်းအချက်အလက်များဖြစ်သည်)

ပန်းတနော်မှာ အိမ်ခြေ ( 3000 ) ထက်မနည်းရှိတယ်
ပန်းတနော်မှာ ရပ်ကွက် (၃)ခုပဲရှိတယ် ( ၉ရပ်ကွက်ဆိုတာမရှိဘူး
ပန်းတနော်မှာ ဘုရင့်နောင် လမ်း အနောက်ပိုင်းရပ်ကွက် မှာအစ္စလာမ်ဘာသာဝင်တွေအိမ်ခြေ (၃၀၀) မပြည့်ပါ ဗလီအနီးဝန်းကျင်တွင် အနေများပါတယ်။
မြို.မှာ ဗလီ တစ်လုံးပဲရှိတယ် အာရဗီစာသင်ကျောင်းကတော့ ဗလီနဲ.ကပ်ရပ်မှာ ကျယ်ကျယ်ဝန်းဝန်းရှိပါတယ်။
ပန်းတနော်မှာ အစ္စလာမ်ဘာသာဝင် တကယ့် ဆိုင်ကြီးတွေ ရှိပါတယ် (ပြောပြရမလား ဆိုင်နာမည်တွေ) လက်လုပ်လက်စားနည်းပါတယ် ။ လယ်သမားနည်းပါတယ် အရောင်းအ၀ယ်သမားများပါတယ်။ အစိုးရ၀န်ထမ်းလဲအနည်းငယ်ရှိပါတယ် ။

မင်းလွမ်းနောင်(ပန်းတနော်)

M-Media ရေ မင်းတို.ပြောတဲ့အိမ်ခြေ (၅၀၀) ပဲရှိတယ်ဆိုတဲ့ ပန်းတနော်မြို.ကို သေချာ Google Map မှာသေသေချာချာ ဖွင့်ပြီး လိုက်ရေကြည့်ကြပေါ့ကွာ.ဒီမြေပုံကိုကြည့်တာနဲ. အခင်းဖြစ်တဲ့နေရာလမ်း နဲ.အစ္စလာမ်ဘာသာဝင်တွေနေတဲ့ရပ်ကွက် ၊ သူတို.စီးပွားရှာတဲ့ဆိုင်ကြီး တွေ ၊ ဗလီ နဲ.အာရဗီ စာသင်ကျောင်း နေရာတွေကို ပြောပြလို.ရတယ်ဆိုတာသိထားကြ

Saturday, August 24, 2013

တာဝန်ရှိအစိုးရမင်းများသို.အကြံပြုခြင်း

(ဓါတ်ပုံအားမစ္စတာမီုးဖေ့ဘွတ်မှကူးယူဖော်ပြသည်)
သေချာတွေးလေးရှက်စရာကောင်းလေ ..........ဘာရယ်တော့မဟုတ်ပါဘူးဗျာ ...မြင်တာလေးကို စီကြည့်လိုက်တာ ခုလိုပုံ ထွက်လာတယ် ........
ထိုင်းမြန်မာနယ်စပ် ကော့သောင်းမြို. မွေတော်ကျွန်း   လူဝင်လူထွက်စစ်ဆေးရေးစခန်း ဟာ နိုင်ငံရဲ. အဆင့်အတန်းပြယုဂ် တစ်ခုပါပဲ ။ဘာကြောင့်လဲဆိုရင် ထိုင်းနိုင်ငံကတဆင့်မြန်မာနိုင်ငံကို ၀င်ရောက်လည်ပါတ်တဲ့ ထိုင်းနိုင်ငံသားများအပါအ၀င် နိုင်ငံခြားသားများ နေ.စဉ်ဖြတ်သန်းနေတဲ့  စခန်းဖြစ်လို.ပါပဲ ။ယခုဆိုရင် နယ်စပ်ဂိတ်တွေကို  အပြည်ပြည်ဆိုင်ရာဝင်ထွက်ရာလမ်းကြောင်းများအဖြစ်ပြောင်းလဲဖို.လုပ်နေတဲ့အချိန်လဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံဘက်ခြမ်း ရနောင် လူဝင်လူထွက် စစ်ဆေးရေးစခန်း ကတော့ နေ.စဉ်နဲ.အမျှ ကောင်းမွန်အောင်တည်ဆောက် နေသမျှ မြန်မာဘက်ခြမ်း လူဝင်လူထွက်စစ်ဆေးရေးစခန်းကတော့  ပြိုကျလို. ပျက်ဆီးသွားရပါပြီ။
ယခင်က ထိုင်းနိုင်ငံဘက်ခြမ်း လူဝင်လူထွက်စခန်း နဲ. မြန်မာဘက်က စခန်းတို.ဟာ  မတိမ်းမယိမ်းဖြစ်၏။
  ယခုအခါမှာတော့  ထိုင်းနိုင်ငံဘက်ခြမ်းက  လူဝင်လူထွက်စစ်ဆေးရေးစခန်းကို အခိုင်အမာ အင်္ဂတေဖြင့် တည်ဆောက်ပြီး  ရုံးခန်းဖွဲ.စည်းပုံ  ၊ မှန်လုံခန်း ၊နားနေဆောင်၊ အ၀င်အထွက် လှေကား၊ ဋ္ဌာနခွဲအလိုက်နေရာချ၊ စီစီတီဗီ များတပ်ဆင်ကာ အာဆီယံ ဆယ်နိုင်ငံအလံများလွှင့်ထူလျှက် ခန်.ထည်စွာတည်ရှိနေလေပြီ။
မြန်မာနိုင်ငံဘက်ခြမ်း လူဝင်လူထွက်စစ်ဆေးရေးစခန်းမှာတော့ ဒုံရင်းကဒုံရင်း ဖြစ်ကျန်ခဲ့ပြီး ထိန်းသိမ်းမှု. အားနည်း ပြင်ဆင်မှု.မလုပ်သည့်အတွက်  ရာသီဥတုဒဏ်ကြောင့် ပြိုကျပျက်ဆီးခဲ့ရသည်။
 ကော့သောင်းရေလယ်စခန်းကို အသစ်ပြန်တည်ဆောက်ခွင့်ပေးသည့်အခါ အကောင်းဆုံးမဖြစ်သည့်တိုင် သပ်သပ်ရပ်ရပ်ခိုင်ခိုင်မာမာနှင့် စနစ်တကျ တည်ဆောက်ကြစေလိုပါသည်။
နိုင်ငံ၏တောင်ဘက်စွန်း မြန်မာနှင့်ထိုင်း နယ်စပ်မြို. ဖြစ်ပြီး နိုင်ငံခြားသား ဧည့်သည်များ ၀င်ထွက်သွားလာလည်ပါတ်ရာနေရာဖြစ်သည့်အားလျှော်စွာ  ကော့သောင်းမြို.လေးအား လမ်းပန်းဆက်သွယ်ရေး၊သန်.ရှင်းသာယာလှပရေး တို.အား တာဝန်ရှိအစိုးရမင်းများအနေနှင့် ဆောင်ရွက်ပေးသင့်သည်။ (ကော့သောင်းမြို.တွင် စည်ပင်ဝန်ထမ်းများနည်းပါပြီး အမှိုက်သိမ်းကားများလဲလိုအပ်လျှက်ရှိသည်)
ထို.ပြင် ကော့သောင်းမြို. သည်  ပင်လယ်နှင့်ထိတွေ.နေပြီး သာယာလှပသည့် ကျွန်းများ ၊ ရှားပါးဆေးဖက်ဝင်များ၊ နိုင်ငံတကာမှ စိတ်ဝင်စားသည့် ဆလုံလူမျိုးစုများ၊ မြန်မာ့ရတနာ ပုလဲများ ၊ အပန်းဖြေစခန်းများ ရှိသည့်နေရာဒေသဖြစ်သည့်အတွက် နိုင်ငံတော်ဝင်ငွေ အား ဖြည့်ဆည်းပေးသည့်မြို.ဆိုလျှင်လဲမမှားပါ။
မကြာခင်ရက်ပိုင်းအတွင်း အပြည်ပြည်ဆိုင်ရာ ၀င်ထွက်လည်ပါတ်ရန် ဂိတ်ဖြစ်လာမည့်ကော့သောင်းသည်  တာဝန်ရှိအစိုးရမင်းများ၏ တာဝန်သိသိ စေတနာရှိရှိ  ဖော်ဆောင်ပေးမည့်  ကောင်းမွန်သည့် လမ်းပန်းဆက်သွယ်ရေး၊ မြို.တော် သန်.ရှင်းသာယာလှပရေး၊ လျှပ်စစ်မီးများ အဆင်ပြေရေး တို.အတွက် မျှော်လင့်စောင့်စားလျှက်ရှိကြောင်း ဖော်ပြလိုက်ရပါသည်။
မင်းလွမ်းနောင်(ပန်းတနော်)

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ