မြန်မာနိုင်ငံသားများအပါအ၀င်ရွှေ့ပြောင်းအလုပ်သမားများ အတွက် အထူး မီဒီယာသင်တန်းဖွင့်မည်
လူထုမီဒီယာ အတွေ့အကြုံရှိသူ ဆရာများမှ သင်ကြားပေးမည်ဖြစ်ပါသည်။ သင်တန်းတက်ရောက်ရန်အတွက် လိုအပ်သည်များမှာ
- မီဒီယာကို စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်သည်
- ကိုရီးယားစကားကို ထမင်းစားရေသောက် အနည်းငယ်နားလည်လျှင်ဖြစ်သည်
- သင်တန်းစမည့်ကာလ မေလ ဒုတိယပတ် စနေနေ့ည ၇နာရီ စမည်
- ပထမဆုံးသင်တန်းအချိန်မှ လွဲ၍ ကျန်သင်တန်းများကို သင်တန်းသားများ၏ အခြေအနေကိုလိုက်၍ စနေည ဖြစ်စေ တနင်္ဂနွေနေ့ဖြစ်စေ သင်တန်းသားများ၏ အဆင်ပြေမှုကိုလိုက်၍ သတ်မှတ်ပြောင်းလဲမည်။
- သင်တန်းကြေးနှင့် ပေးရန်မလို( မီဒီယာစင်တာမှ ကုန်ကျခံမည်ဖြစ်သည်)
- သင်တန်းသားအရေအတွက်ကို (၁၀)ဦးထိ သတ်မှတ်လျာထားသည်
- သင်တန်းတက်ရောက်ရန် အမည်စာရင်းပေးသွင်းလိုပါက(သိလိုသည်များကို မေးမြန်းလိုပါက)
ကိုမြင့်ကျော် (၀၁၀-၅၈၄၈- ၈၃၅၆) သို့ ဆက်သွယ်စာရင်းပေးနိုင်ပါသည်။
ယခုဖွင့်လှစ်သော သင်တန်းကို တက်ရောက်ကာ မီဒီယာပိုင်းဆိုင်ရာ အတွေ့အကြုံနှင့် နည်းပညာကို ရယူထားခြင်းဖြင့် ဆိုရှယ်နက်ဝဗ်လှုပ်ရှားမှုများတွင် မိမိ၏ အခန်းကဏ္ဍနှင့် လုပ်ဆောင်မှုကို ဖော်ပြနိုင်သလို၊ ရုပ်သံ၏ ရှင်သန်လတ်ဆတ် ထိရောက်သောသဘောကြောင့်လည်း သတင်းလက်ဆင့်ကမ်းခြင်း၊ သတင်းဖလှယ်ခြင်းတို့ကို လုပ်ဆောင်ရာတွင် မိမိရည်ရွယ်သူများ၏ စိတ်နှလုံးကို ဖမ်းစားနိုင်မည့် ထိရောက်သော မီဒီယာကိရိယာတခုကို ကောင်းမွန်စာ အသုံးချနိုင်လိမ့်မည် ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။
(မြန်မာနိုင်ငံသားများအတွက် အထောက်အကူပြုနိုင်မည့် နည်းလမ်းပေါင်းစုံကို ရှာဖွေ၍ သင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။)
No comments:
Post a Comment