ဒါတွေပြောရင်ဒေါတွေပါလိမ့်မယ်

တံတားကိုမိုင်းခွဲဖျက်ဆီးပြီး ပြည်သူလူထု ပိုင်အဆောက်အဦးတွေကို တိုက်ခိုက်ဖျက်ဆီးတာကို အားပေးနေကြလေရဲ....ကောင်းပဗျာ...ပြည်
သူတွေရဲ.အခက်အခဲကိုမှ မကြည့် စစ်ရေးအရဆိုပဲ..ကောင်းရောဗျာ ရွှေဥဏ်တော်
စူးရောက်လို. မိုင်းဖေါက်တဲ့ကောင်တွေ အရင်ကတည်းကမျ ဂိတ်တွေကများ
လမ်းပန်းဆက်သွယ်ရေးမကောင်းလို. ကျနော်တို.ပြည်သူတွေ ဆင်းရဲ ကြပ်တည်းမှု.တွေ ကြုံနေရတဲ့အထဲ ဒီလို လုပ်တော့ ပြည်သူတွေ စားဝတ်နေရေးကြပ်တည်းပြီး အိုးအိမ်ရပ်ရွာကို စွန်.ခွားပြေးကြရပြန်ပေါ့..ဘယ်ကိုပြေးမလဲ မောင်ရေခဲ ဆိုသလို နီးစပ်ရာ နယ်ခြားတွေကို ဖြတ်ပြီး သူတပါးနိုင်ငံအတွင်းပြေးကြရ..စားဝတ်နေရေးတွေ
ဆင်းရဲကြ ကူညီသူတွေ မဲ့ကြနဲ. စစ်မီးကိုဖော်ဆောင်တဲ့ လက်နက်ကိုင်
နှစ်ဖက်စလုံးက ပြည်သူတွေမျက်နာကိုမကြည့်ပဲ လုပ်ရပ် ကတော့ အံဖွယ်
ပါပဲ...ခက်တာက ဗျူဟာတွေ မူယာတွေ ဆိုပြီး တံတားတွေ ကိုချိုး
တာပိုအဆိုးဆုံးပဲပေါ့...ကုန်စည်လည်ပါတ်မှု. နှောင့်နှေးလို. ပြည်သူတွေ ဈေးကြီးကြီးနဲ.၀ယ်စားရမှာမြင်ယောင်မိပါသေးရဲ...၀ယ်စားဖို.ဆိုတာကလဲ ငွေရှိအုံးမျလေ..ဆင်းရဲတဲ့သာမန်ပြည်သူတစ်ယောက်က ဘယ်က၀င်ငွေနဲ.၀ယ်စားရမှာလဲ စဉ်းစားကြပါအုံး ဒီတော့ ၀မ်းရေးအတွက် အကျင့်စာရိတ္တတွေ ဖောက်ပြားကုန်မှာလဲမြင်ယောင်မိပါသေးရဲ. ...သားနဲ.သမီး အမိနဲ.အဖ တကွဲတပြားစီ မဖြစ်နိုင်ဘူးလို. ဘယ်အဖွဲ.အာမခံချက်ပေးလဲ..ဒီကြားထဲ ပဲလှော်ကြားဆားညှပ် သေဆုံးရတဲ့အပြစ်တဲ့တို.ပြည်သူတွေ ဘယ်လောက်တောင်ရှိနေပြီလဲ..တွေးကြည့်ရင် ရင်ထဲမချိစရာ ပြည်တွင်းစစ်မီးပါပဲ...မူဝါဒတွေ
အာဏာတွေ အမြင်မတူတွေ ကိုကိုင်စွဲထားတဲ့ နှစ်ဖွဲ.စလုံး ရှင်းရှင်းပြော၇ရင်
တိုင်းချစ်ပြည်ချစ် တပ်မတော်ကြီးနဲ. အမျိုးကိုချစ်လှပါတယ်ဆိုတဲ့
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ.တွေ ကြား ဗျာများနေရတဲ့ ပြည်သူတွေမှ မထောက်ထား ပြည်တွင်းစစ်မီးကို မွှေးနေတာကတော့ ဘယ်ပြည်သူမှ ကြိုက်မယ်မထင်ပါဘူး....လူထုကိုထိခိုက်စေတဲ့
ဗုံးထောင်ဖေါက်ခွဲမှု.တွေ လုပ် ပြည်သူတွေ အခက်တွေ.စေပြီး
ကြောက်ရွံ.ခြင်းတွေကို ခံစားနေရတဲ့ ဒဏ်ကို ဘယ်သူမျ
နားလည်မပေးတော့ဘူးလားဗျာ...။ ရထားပေါ်မှာ ဗုံးပေါက်လို.သေတာလဲပြည်သူပဲ..မြ၀တီမှာ ဗုံးပေါက်လို.သေတာလဲ ပြည်သူပဲ..ဒီလိုပြည်သူတွေကြားကနေခံနေရတာကိုက ဒေါသထွက်စရာပါပဲ..အကြမ်းဖက်ဝါဒတွေကိုကိုင်စွဲထားတာကို
ပြည်သူတွေကို ချစ်တယ်ဆိုလား ပြောနေတာကတော့ ရှက်စရာပါပဲ...တကယ်တန်း
ထိခိုက်နစ်နာ နေရတာ ဘယ်သူတွေပါလဲ ..ပြည်သူတွေပါပဲ..ရီစရာလေးပြောရရင် လမ်းပေါ်မှာ ရွှေထုပ်တွေ.လို. ကောက်မရဲအောင် ဖြစ်နေရတဲ့ ပြညိသူတွေပေါ့ဗျာ...သွားလဲကြောက်ရ
လာလဲကြောက်ရ သားသမီးတွေ ကျောင်းသွားရင်တောင် စိတ်မချရတဲ့ မိဘတွေ ကိုရော
ကိုယ်ချင်းစာနာနိုင်ကြပါရဲ.လား အသင် ဖောက်ခွဲရေးသမားတို.။
မျိုးချစ်ပါတယ်ဆိုတဲ့ လက်နက်ကိုင် ခေါင်းဆောင်ကြီးတွေ ရဲ. သားသမီးတွေကတော့
ပြည်ပတိုင်းပြည်အသီးသီးမှာ အေးချမ်းစွာပညာတွေသင်ကြားနေလေရဲ. ။။ နှစ်ဖက်စလုံးကိုပြောပါတယ်...လေးစားဖွယ်ရာ အမျိုးချစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်နဲ. တိုင်းပြည်ချစ်တဲ့ တပ်မတော်ပါပဲ...ပြောရင်တော့အများကြီးပေါ့ဗျာ..ပြည်သူတွေခံစားနေရတာကို
ပြည်တွင်းစစ်ဖော်ဆောင်နေတဲ့ နှစ်ဘက်သော အဖွဲ.တွေ သိကြပါရဲ.လား သိလျှက်နဲ.
ဝါဒတွေအမြင်တွေကြောင့် ကမ္ဘာမီးလောင်သားတောင်
ချနင်းလုပ်နေကြတာလား....တကယ်တမ်းဆင်းရဲဒုက္ခရောက်နေရတဲ့ပြည်သူတွေကို သနားတတ်ကြပါရဲ.လား.....တော်ပါပြီလေ..လက်လဲညောင်းလှပြီ...ပြောပြစရာတွေတပုံကြီးကျန်သေးတယ်ဆိုတဲ့ ဒေါ်မာမာအေးရဲ.အစီအစဉ်တော့မဟုတ်ပါဘူး ..ဒါပေမဲ့ ဒါတွေပြောရင်တော့ ဒေါတွေ ပါတော့မှာတော့ သေချာ ပါရဲ. ဗျာ......
မြန်မာပြည်သားတစ်ဦး
မြန်မာပြည်သားတစ်ဦး
No comments:
Post a Comment