အမြန်သီးအောင် စိုက်ပျိုးးမယ်
လွန်ခဲ့တဲ့ 6 လက ကျွန်တော်ခြံမှာ စိုက်ထားတဲ့ သရက်ပင်လေး အသီးသီးနေပြီး။
ကျွန်တော်ဝယ်လာချိန်ကတော့ တစ်တောင်လောက် အရွယ်အပင်ပါ။ အပင်ပျိုးချိန်ကစပြီး
တစ်နှစ် အကျော်မှာ အသီးသီးပါတယ်။ အသီးသီးနေတဲ့ အပင်အရင့်ရဲ့ ကိုင်းဖျားကို စွတ်ပြီး အကိုင်းကူးနည်းဖြစ်ပါတယ်။
ကျွန်တော်ခြံမှာသီးနေတဲ့ အပင်နဲ့ အတူ ပြုလုပ်ပုံကို ဓါတ်ပုံမှာ တွဲဖေါ်ပြထားပါတယ်။
1) သရက်အစေ့ကို ပလပ်စတိတ်အိပ်မှာ အရင်ပျိုးပါ။
2) 45 ရက်လောက်အကြာပျိုးပင်ကို ပုံကအတိုင်း ဖြတ်ပါ။
3) ပျိုးပင်ငုတ်တို အလည်တည့်တည့်ကို နှစ်လက်မ လောက် ဓါးနဲ့ ခွဲပါ။ (ပင်ပျိုအသေးအကြီးပေါ်မူတည်ပြီး ပျိုးပင်ငုတ်တိုကိုခွဲပါ)
4) အသီးသီးနေတဲ့ အပင်အရင့်က ကိုင်းဖျားကို ဖြတ်ယူပါ။ (ပျိုးပင်ငှတ်တို လုံးပတ်နဲ့ အရွယ်တူတဲ့ ကိုင်းဖျားကို ယူပါ)
5) ပင်ရင့်ကိုင်းဖျား ဖြတ်ထားနေရာကို V ပုံစံ တူရွင်းပြားလို ချွန်ပါ။
6) ပျိုးပင်ငုတ်တို ဓါးနဲ့ ခွဲထားတဲ့နေရာမှာထိုးသွင်းပါ။
7) အဲ့အဆက်နေရာကို ပတ်တီးစီးသလို ပလပ်စတစ်နဲ့ စည်းပါ။ (ပလပ်စတိအိတ်အကြည်ကို ပတ်တီးပုံစုံဖြတ်ပြီးစည်းပါ)
8) ဆက်ရာအောက်နားအထိ ပလပ်စတစ်အိတ်စွတ်ပြီး အ၀ကို ချည်ထားပါ။ (အဆက်နေရာကို ပိုးမ၀င်အောင်နဲ့  အစိုဓါတ်ကိုထိန်းထားဖို့ ဖြစ်ပါတယ်)
9) အရိပ်မှာ ထားပါ၊ 45 ရက်လောက်အကြာမှာ ဆက်ရာလည်း စေ့လာလိမ့်မယ်၊
ရွက်နုထွက်လာမယ့်မယ်၊ အဲ့ဒီအခါမှာ စွတ်ထားတဲ့ ပလပ်စတစ်အိတ်ကို
ဖယ်ရှားလိုက်ပါ။
10) နေရောင်မပြင်းတဲ့နေရာမှာ ဆက်လက်ပျိုးထားပါ။
11) အပင်သန်မာလာပြီးနောက် စိုက်ခင်းထဲကို ပြောင်းစိုက်နိုင်ပါပြီး။
အကြိုက်များသော Posts
-
ချစ်ကြည်ရေး ဆိုတဲ့ ခေါင်းစဉ် အောက် မှာ တို. နိုင်ငံသားတွေ အဖိနှိပ်ခံ ပြီးမတရားစွပ်စွဲတာကို အံ့ကြိတ်ပြီး ရုန်းကြွ အားကမမျှဘူးဖြစ်နေတယ် ...
-
(ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး) (ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှိ ပွဲစားများ ကျင်လည်ရာ နေရာတစ်ခု) ထိုင်းရောက်မြန်မ...
-
တစ်ချို. က တွေးကြမှာပါ ထိုင်းရောက်မြန်မာအလုပ်သမားတွေအနေနဲ. ကိုယ့်နိုင်ငံကို ကိုယ်ပြန်ပြီးလုပ်စားလဲရတာပဲ ၊ ဒီလောက် ခံနေရတာတောင် ဘာလို.ဆက်နြေ...
-
* * ကျီး လဲ မထိုး ခွေးလဲမစား ပြည်ပရောက်မြန်မာအလုပ်သမား * * ထိုင်းက မြန်မာ/လာအို/ ကမ္ဘောဒီးယား နိုင်ငံသားအလုပ်သမားတွေကို နိုင်ငံတော် ...
-
ထားဝယ်သူထားဝယ်သားတို.ခင်ဗျာ ဓါတ်ပုံထဲက ကလေးမလေး ဟာ စိတ်ရောဂါ ရနေတဲ့ကလေးမလေးဖြစ်ပြီး အသက်အရွယ်ငယ်ရွယ် တဲ့အတွက် မသမာသူများရဲ.အန္တရာယ်တွေ.ရှ...
-
မေး ။ ။လူ.အခွင့်အရေး ဂရုဏာရှင်ကြီးများ ထိုင်းရောက်မြန်မာတွေ အဖမ်းအဆီးခံရမှု.တွေ အခွင့်အရေးဖိနှိပ်မှု.တွေ အတွက် ပါးစပ်လေးတွေ စပါးလံ...
-
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ဖန်ငမြို.နယ် အပိုင် တွင် ထိုင်းရောက်မြန်မာအလုပ်သမား ၂ဦး (ရော်ဘာခြံလုပ်သား) အသတ်ခံရတယ်လို. သိရပါတယ်။ ...
-
27/6/2014 ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားကြသူ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ အနေနှင့် ၄ နှစ်တာ သက်တမ်းကာလကို ဖြတ်ကျော်ပြီ...
-
ထိုင်းရောက်မြန်မာအလုပ်သမားတွေ ကိုင်ဆောင်ထားတဲ့ ယာယီနိုင်ငံကူးလက်မှတ်တွေ ၄ နှစ်သက်တမ်းပြည့် လို. နောက်ထပ် ၂ နှစ်တိုးရာမှာ ဘာတွေလိုအပ်သလဲ ဘယ်လ...
-
စစ်ခရာသံများ စစ်တက္ကသိုလ် ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး အောင်မျိုးမင်းသည် စစ်တက္ကသိုလ် ဗိုလ်လောင်းများအား စစ်ခရာသံများနှင့် ပတ်သက်၍ ကြာ...
No comments:
Post a Comment