ကာယကံရှင်) ကျွန်တော်ပြောချင်တဲ့ အကြောင်းအရာကတော့ တော်တော့ ကို မခံမရပ်ဖြစ်နေလို့ပါ။ သူငယ်ချင်းတို့ အားလုံးဟာ မြန်မာလူမျိုးတွေပါ၊
မြန်မာလူမျိုးတွေဖြစ်ကြတဲ့ အတိုင်း အားနွဲ့ တဲ့
မိန်းမသားတွေကိုကူညီစာနာကြတယ်ဆို တာ လက်ခက်မလွဲပါဘူး၊
အခုပြောပြမယ့်အကြောင်းအရာက မြန်မာလူမျိုးများဖြစ်နေပြီး ငွေ မျက်
နှာတစ်ခုတည်းအတွက် နဲ့ ကိုယ်ဝန်သည်မိန်းကလေးတစ်ယောက်ကို
အနိုင်ကျင့်လိုက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်လူကြီးတွေအကြောင်းပါ
ဖြစ်စဉ်က ၁၂ ရက်၊၇လ(ဇူလှိုင်)၊2011ခုနှစ် ညနေ ၅နာရီ ၃၀ ခန့် မှာ
ကျွန်တော်နှင့်ကျွန်တော်၏ဇနီး၊အိမ်နီးနားချင်းမိန်းကလေးတစ်ယောက် တို့နှင့်
အတူ ရွှေပြည်သာမြို့နယ် တ/၁၅ ရပ်ကွက်အနီး သိမ်ချောင်းကျေးရွာတွင်နေထိုင်သော
ဆရာလေး(သီလရှင်) တစ်ပါးထံ သို့ သွားခဲ့ပါတယ်၊ထိုမှ အပြန်မှာ
သိမ်ချောင်းကျေးရွာအထွက် လမ်းအရောက်မှာ ၄င်းရွာတွင်နေထိုင်သော အသက်(၄၀)ခန့်
ဟန်ညွှန့်(စုံစမ်းသိရှိရသည်) ဆိုသူသည် ကျွန်ုပ်တို့နောက်ဘက်မှ စက်ဘီးကို
ဘဲလ်မတီးပဲ ကျော်တက် ပြီး အစ်မ၊ညီမ မကြားဝံ့သော ဆဲနည်းများဖြင့်
ဆဲရေးတိုင်းထွာ ပြီး ကျွန်ုပ်တို့ နားသို့ရောက်လာသသည်။ ကျွန်ုပ်လည်း
အသက်ငယ်သူဖြစ်သောကြောင့် "ခင်ဗျား ဆဲစရာမလိုပါ ဘူး စက်ဘီးဘဲလ်ကို တီးရင်
ကြားရပါတယ်" ဟုပြန်လည်ပြောကြားသောအခါ "မင်းကဘာကောင်လဲ ကွ" ရှေ့သို့တိုးလာကာ
ကျွန်ုပ်အား ထိုးကြိတ်ရန် ၀င်လာသည်။ထို အချိန်တွင် ကျွန်ုပ်၏ဇနီး
ကိုယ်ဝန်(၆လ) ရှိသူ ပြသနာ မဖြစ်အောင် ကြားမှ ၀င်ရောက်တောင်းပန်သည်ကို
ပါးကို လက်ဖြင့်ရိုက်ကာ ၀မ်းဗိုက်အား ခြေထောက်ဖြင့်
ကန်ကျောက်ခဲ့သသည်။ကျွန်ုပ်၏ဇနီး လဲကျ သွားသောအခါ ကျွန်ုပ်အား ထပ်မံပြီး
ဝင်ရောက်ထိုးကြိက်ပါသည်။ ၁၀ မိနစ်ခန့် အကြာမှာ လမ်းသွားလမ်းလာများက
ဝင်ရောက်ဟန့် တားသဖြင့် "ဒါ ငါ့ ရပ်ကွက်၊ ငါ့ရွာ " ဟု ပြောကြားပြီးရွာထဲ
သို့ ပြန်လည်ထွက်ခွာသွားသည်။ ကျွန်ုပ်မှာ ဖူးယောင်ဒဏ်ရာ
အနည်းအကျည်းသာရရှိခဲ့သော်လည်း ကျွန်ုပ်၏ ဇနီးမှာ ရွှေပြည်သာဆေးရုံတွင်
အတွင်းလူနာအဖြစ်တက်ရောက်ကုသနေရသည်။၎င်းဖြစ်စဉ်ကို လှော်ကားရဲစခန်းနှင့်
ရပ်ကွက်လူကြီး ၊သက်ဆိုင်ရာတာဝန်ရှိသူများကို တိုင်ကြားအမှုဖွင့်ထားသော်လည်း
လှော်ကားရဲစခန်းမှ ထိရောက်သော စုံစမ်းစစ်ဆေးမှုကိုမပြုလုပ်ခဲ့ပါ။
ရပ်ကွက်ထဲမှ သူများက ကျွန်ုပ်တို့ အား စုံစမ်းပေးရာ မှာ ထိုသူ မှာ
၂လုံး၃လုံး ချဲထီ ရောင်းသူဟုသိရပြီး တာဝန်မှူး(တိုင်ကြားချက်) လက်ခံသူ
တပ်ကြပ်ကြီး တင်ဆန်းရွှေနှင့် နယ်ဖြေခံရဲတပ်ဖွဲ့ ကို တံစိုးလက်ဆောင် များ
လက်ထိုးထားသည်ဟုသိရှိရပါတယ်.......မည်သို့ပင်ဖြစ်စေကာမူ ယခုဖြစ်ရပ် သည်
လူမဆန်သည့်အပြုအမူ ဖြစ်သည်ကို သူငယ်ချင်းတို့တွေ့ရပါလိမ့်...ဒါကြောင့်
ကျွန်ုပ်တိုင်ကြားထားသော အမှုကို တရားရုံးသို့မတင် ပဲ အမှုဖျောက်မည်ကို
စိုးရိမ်သဖြင့် သူငယ်ချင်းတို့ တက်နိုင်သလောက် အွန်လိုင်း
သတင်းဖြန့်ကူညီပေးစေချင်ပါတယ်။
တစ်ဖက်သက်ခံ ရသူမှာ ကျော်ဇင်လတ်(၁၄/ဖပန(နိုင်)၁၄၀၅၀၉) နှင့် မအိအိဖြူ(၁၄/ဖပန(နိုင်)၁၃၂၀၉၆)
စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Subscribe to:
Post Comments (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း
ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ
သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
တဘောင်(ကြိုတင်နမိတ်)အကြောင်းနှင့်တဘောင်များ တဘောင် တဘောင်ဟူသည် သူငယ်၊ သဘင်သည်နှင့် သူရူးတို့ ပြောဆိုကြသော နိမိတ်စကားဟူ၍ မြန်မာအဘိဓာန် အက...
-
Font size: မြောက်ဦးမြို့တွင် မိုးအဆက် မပြတ် ရွာသွန်းပြီး ရေတက်လာသဖြင့် မြေနိမ့်ရပ်ကွက်များမှ မိသားစုများကို ဘေးလွှတ်ရာသို့ ပြော...
-
(ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး) (ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှိ ပွဲစားများ ကျင်လည်ရာ နေရာတစ်ခု) ထိုင်းရောက်မြန်မ...
-
၂၀၁၂ မေလနှင့် ဇွန်လများတွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ၊ ပဋိပက္ခများနှင့်စပ်လျဉ်း၍ ဖြစ်စဉ်ဖြစ်ရပ်အမှန် ပေါ်ပေါက်ရေးအတွက် ...
-
Saturday, 06 August 2011 03:09 administrator ...
-
Published on June 24, 2011 by အံ့ဘုန်းမြတ် · (ဒီမီုကရက်တစ်)မှ အေ (ခေါ်) ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မြန်မာ့ တပ်မတော်အကြား တိုက...
-
လက်ထပ်ခြင်း ထိမ်းမြားမင်္ဂလာ လက်ထပ်ခြင်း လက်ထပ်ခြင်း သည် လူမှုရေး ၊ ဘာသာရေး ၊ အယူစွဲမှု သို့မဟုတ် တရားဥပဒေ အတိုင်း
-
ဘင်္ဂါလီအများစုနေထိုင်ရာ စစ်တွေတက္ကသိုလ်အနီးရှိ ဘုမေကျေးရွာသို့ အနီးအနားရွာများမှ ဘင်္ဂါလီများ လာရောက်စုရုံးနေကြသည်ဟု ရခိုင်တိုင်းရင်းသားမျ...
-
ဦးငွေကိုင် 1 ဦးငွေကိုင်(၁၉၁၀-၁၉၆၇) 2 ဘုန်းကြီးပျံပွဲ 3 စာပေးစာယူ သင်တန်း 4 ရန်ကုန်မြို့သို့ 5 ဆရာကြီး ဦးဘဉာဏ် 6 အိမ်ထောင်သည် ...
1 comment:
ဒီလို သူတောင်း စားတွေကို ဘာလို့ ခံလာလဲ
ကို့ မိန်းမ ဗိုက် ကို ကန်တာကြည့် လာတယ်
မျက်ခွက် ဖျက် ရိုက်ခဲ့ပါလား
Post a Comment