ထိုင်း မြန်မာ နယ်စပ်တွင် ရဟတ်ယာဉ် ၂ စီး ပျက်ကျ
မိုးမခအထောက်တော် အမှတ် ၀၀၅
ဇူလိုင် ၂၀၊ ၂၀၁၁
ယမန်နေ့က ပက်ချဘူရီခရိုင် နှင့် တနင်္သာရီတိုင်း နယ်စပ်တွင် ပျက်ကျသွားသည့် Black Hawk ရဟတ်ယာဉ်တွင် Surasi Task လေတပ်စခန်း တပ်ရင်းမှူး ဗိုလ်ချုပ် Tawan Ruangsri လည်း လိုက်ပါသွားသည် (ဓာတ်ပုံ-ဘန်ကောက်ပို့စ်)
စနေနေ့က ထိုင်း - မြန်မာနယ်စပ်တွင် ပျက်ကျခဲ့သော ရဟတ်ယာဉ်တွင် လိုက်ပါသွားသူ ၅ ဦးနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် ယမန်နေ့ နံနက်က သွားရောက်ခဲ့သည့် ထိုင်းစစ်တပ်၏ Black Hawk အမျိုးအစား ရဟတ်ယာဉ်တစီးသည် ရာသီဥတုဆိုးရွားမှုကြောင့် ပျက်ကျသွားသည်ဟု သိရသည်။
ထို ရဟတ်ယာဉ် ၂ စီးပေါ်တွင် လိုက်ပါသွားသူများနှင့် ပတ်သက်ပြီး အသေးစိတ် မသိရသေးကြောင်း ထိုင်းသတင်းဌာနများက ဆိုသည်။
ဒုတိယ ရဟတ်ယာဉ်တွင် Surasi Task လေတပ်စခန်း တပ်ရင်းမှူး ဗိုလ်ချုပ် Tawan Ruangsri လည်း လိုက်ပါသွားသည်။
ရဟတ်ယာဉ် ပျက်ကျမှုများမှာ မြန်မာစစ်တပ်၏ ပစ်ခတ်မှုများကြောင့် မဟုတ်ဘဲ တောင်ကြားဒေသတွင် လေပြင်းတိုက်သဖြင့် ဖြစ်ပွားခဲ့ရသည်ဟူသော
ထိုင်း အမှတ် ၁ စစ်တပ် ဦးစီးချုပ် ဗိုလ်ချုပ် Udomdet Seetabut ၏ ပြောဆိုချက်ကို ဘန်ကောက်ပို့စ်သတင်းစာတွင် ယနေ့ ဖော်ပြထားသည်။
ဒုတိယ
ရဟတ်ယာဉ် ပျက်ကျမှုမှာ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သည်ဟု
ထိုဗိုလ်ချုပ်က ပြောကြားသည့်အကြောင်းကို ထိုင်းသတင်းများတွင် တွေ့ရသည်။
ပက်ချဘူရီခရိုင် နှင့် တနင်္သာရီတိုင်း နယ်စပ်၊ ထိုင်းနှင့် ၂ ကီလိုမီတာ အကွာတွင် ပျက်ကျခြင်း ဖြစ်သည်ဟု ဆိုသည်။
ထိုင်းအမှတ် ၁ စစ်တပ်က ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် မြန်မာစစ်တပ်ကို အကူအညီ တောင်းထားသည်ဟု သတင်းများက ဆိုသည်။
အကြိုက်များသော Posts
-
(၅-၅-၂၀၁၁) ရခိုင်ပြည်နယ် တောင်ကုတ်မြို. စကခ(၅)တွင် တွဲဘက်အဖြစ်တာဝန်ထမ်းဆောင်စဉ်ကဖြစ်ပါသည်။ကျွန်တော်တို. စကခ(၅)တစ်ခုလုံး ရခိုင်ပြည်နယ်မြေပုံ...
-
မောင်တော ဖက်ဝန်းချောင်းရခိုင်ရွာကို ကုလားတိက လိုက်လို့မီးတိုက်နိန်ကြောင်းနန့် မောင်တောမြို့ ဆီးရုံနားဖက်က ထောင်ချီတက်လာရေ လူအုပ်ကြီးကို...
-
ဆွီဒင်နိုင်ငံ လက်ဝဲပါတီက ၂၀၀၆ ခုနှစ် စတော့ဟုမ်းမြို့တွင် ပြုလုပ်သော အလုပ်သမားနေ့ ဆန္ဒပြပွဲ အလုပ်သမားနေ့သည် မေလ ၁ ရက်နေ့ဖြစ်ပြီး အစိုးရရုံးမ...
-
[color=cyan]ဗုဒ္ဓဘာသာ website များ www.dhammadownload.com www.dhammanet.org www.edhamma.com www.mora.gov.mm www.dhammasearch.net မြ...
-
မှတ်မှတ်ရရ တသသ အပိုင်း(၃) (မင်းလွမ်းနောင်) ကျနော်တို. တသသ များ ၂၅၀ ခန်. ဟာ ဟောင်းနွမ်းနေပြီဖြစ်တဲ့ တပ်မတော်မှ ဖော ကား အိုအို...
-
August 1, 2011 ရက် ၊ 5:02pm တွင် ပြည် တီ ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။ အပြစ်မဲ့ လမ်းသွားလမ်းလ...
-
(သရုပ်ဆောင်သဉ္ဖာဝင့်ကျော်နဲ့ နန်းသီရိမောင်ရေကစားထွက်လာပုံ) ဒီနှစ်မြန်မာ့ရိုးရာသင်္ကြန်မှာ သင်ဇာဝင့်ကျော်အပါအ၀င် တခြားသောအနုပညာရှ...
-
ဆောင်းပါးရှင် တောသားကြီး မြန်မာပြည်မှာ လူမုန်းအများဆုံး အလုပ်က စစ်သား အလုပ်ပါ၊ အရင်က ပြည်သူချစ်သောတပ်မတော်သားတွေကို အခုမုန်...
-
အခမဲ့ အွန်လိုင်း သင်တန်း ၁၀ မျိုးကို နာမည်ကျော် ယေးလ် တက္ကသိုလ်ကြီးက ဖွင့်လှစ်လိုက်သည်။ မြန်မာအပါအ၀င် တကမ္ဘာလုံးမှ အင်တာနက်ကွန်ယက် ဆက်သွယ်ထာ...
-
ဆောင်းပါးရှင် နေမင်းသူ Monday, August 1, 2011 at 9:32am ၂၀၁၀ မတ်လထုတ် တိုင်းမှာမဂ္ဂဇင်းမှာပါတဲ့ ရေတပ်စစ်ရေယာဉ်မှူးတစ်ဦးအကြောင်း ဖ...
No comments:
Post a Comment