.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Friday, July 22, 2011

စစ်တပ်၏ လမ်းပိတ်ဆို့မှုကြောင့် ရွာသားများ စားဝတ်နေရေး အခက်အခဲဖြစ်နေ

Submitted by on Friday, 22 July 2011--
စစ်တပ်၏ လမ်းပိတ်ဆို့မှုကြောင့် ရွာသားများ စားဝတ်နေရေး အခက်အခဲဖြစ်နေ
ဇူလိုင်လ ၂၂ရက်။ စောသိန်းမြင့် 
(ကေအိုင်စီ) မှကူးယူဖော်ပြသည်
ကရင်ပြည်နယ်မြောက်ပိုင်း တောင်ငူခရိုင်တွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ်များသည် ရွာသားများ၏ ၀င်ထွက်သွားလာမှု ကို ပိတ်ဆို့လိုက်သောကြောင့် ယခုအချိန်တွင် ရွာသားများသည် စားဝတ်နေရေး အခက်အခဲ ပြဿနာနှင့် ကြုံနေရသည်ဟု ထိုဒေသမှ လာသည့်သတင်းအရ သိရသည်။
ယခုလဆန်းပိုင်းမှစ၍ တောင်ငူခရိုင်၊ ထန်းတပင်နှင့် သံတောင်မြို့နယ်တွင် လှုပ်ရှားနေသော အစိုးရတပ် စစ်ကွပ်ကဲရေးဌာန ချုပ် စကခ(၉) လက်အောက်ခံ ခလရ(၇၃)၊ ခမရ(၅၃၉)တပ်ရင်းတို့သည် တိပ်ပု၊ ဘောကလိကြီး၊ ဘောဂလိလေးရှိ ဒေသခံ ရွာသားများ၏ တနေရာနှင့် တနေရာ ၀င်ထွက်သွားလာမှုကို တားမြစ်ပိတ်ပင်လိုက်သောကြောင့် ရွာသားများသည် စားနပ် ရိက္ခာ အခက်အခဲ ပြဿနာ အလွန်ကြုံနေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းက “ရွာသားတွေ သွားဝင်ထွက်သွားလာမှုကို ပိတ်ဆို့တယ်။ ဆန်တွေဘာတွေ သယ်ခွင့်မပြုဘူး။ နောက်ပြီးတော့ ရွာသား တွေ လယ်ယာ၊ တောင်ယာသွားတဲ့အချိန်မှာ ဆန်ကို နို့ဆီဗူး ၂လုံးထက် ပိုမသယ်ရဘူး။ သယ်တာတွေ့လို့ရှိရင် အရေးယူ မယ်။ အပြစ်ပေးမယ် ပြောထားတော့ ဒူးရင်းသီး၊ ဓညှင်းသီး၊ ကွမ်းရွက်တွေ အကုန်လုံး ပုပ်သွားတယ်။ အခု
ရွာသားတွေ တော် တော်ဒုက္ခရောက်နေတယ်။”ဟု ပြောသည်။
ထိုကဲ့သို့ စစ်တပ်က သွားလာမှု ပိတ်ဆို့လိုက်သောကြောင့် ရွာသားများသည် စားနပ်ရိက္ခာများ ရရှိရန်အတွက် တောလမ်း တောင်ကြောများမှ လမ်းကြောင်းကွေ့ပတ်ကာ အသက်စွန့်ပြီး ဈေးဝယ်သွားနေရသည်ဟု အဆိုပါဒေသခံက ပြောသည်။
၎င်းစားဝတ်နေရေး ပြဿနာနှင့် ရင်ဆိုင်နေရသော ဒေသခံရွာသားများအား ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) တပ် မဟာ(၂)မှ တာဝန်ရှိသူများက တတ်နိုင်သလောက် ကူညီပေးလျှက်ရှိသည်ဟု ကေအဲန်ယူ တပ်မဟာ(၂)မှ ပြောရေးဆိုခွင့်ရှိ သူ စောအယ်ဝါးက ယခုလို ပြောသည်။

“ကျနော်တို့ တာဝန်ရှိသူတွေအနေနဲ့က ရွာသားတွေလိုအပ်တဲ့ ဆန်လေးဘာလေးတော့ ပေးစားတယ်။ ဖျားနာတဲ့လူတွေကို တော့ တတ်နိုင်သလောက် ဆေးကုသပေးတယ်။ အဲလို အတိုင်းအတာပဲ ရှိတယ်။ အဓိကတော့ အသက်အန္တရာယ် လုံခြုံမှုအ တွက် ကာကွယ်ပေးတာပဲ။”ဟု စောအယ်ဝါးက ပြောသည်။
ထန်းတပင်နှင့် သံတောင်မြို့နယ်တွင် ယခင် ၀င်ရောက်လှုပ်ရှားခဲ့သည့် အစိုးရစစ်တပ်ကလည်း ဒေသခံရွာသားများအား KNU ကို ရိက္ခာထောက်ပံ့ပေးသည်ဟု အကြောင်းပြကာ အလားတူ ရွာသားများ ၀င်ထွက်သွားလာသည့် လမ်းများကို အကန့်အ သတ်မရှိ ပိတ်ပစ်ခဲ့သလို ရွာသားပိုင် တောင်ယာစပါးခင်းများကိုလည်း မီးရှို့ဖျက်ဆီးမှုများ ရှိခဲ့သည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

Click to see detail of visits and stats for this site

အကြိုက်များသော Posts

သူငယ်ချင်းများ