Published on July 22, 2011 by ဒီဗွီဘီ ·
တရုတ်-မြန်မာနယ်စပ်
ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အို) ဗဟိုဌာနချုပ် လိုင်ဇာနဲ့
ကပ်လျက်ရှိတဲ့ လဂျားယန်နယ်စပ်စစ်ဆေးရေးဂိတ်က
နယ်စပ်ဖြတ်သန်းသွားလာခွင့် စာအုပ်ထုတ်ပေးမှုကို ဒီကနေ့
ရပ်ဆိုင်းလိုက်တယ်လို့ လိုင်ဇာကလာတဲ့
သတင်းတွေအရ သိရပါတယ်။
နယ်စပ်ဖြတ်
ကျော်စာအုပ်ထုတ်ပေးနေတဲ့ လူဝင်မှုကြီးကြပ်ရေး (လဝက) စခန်းကို အရင်က
လဂျားယန်နယ်စပ်စစ်ဆေးရေးဂိတ်မှာ ပူးတွဲဖွင့်လှစ်ပြီး နယ်စပ်ဖြတ်
ကျော်ခရီးသွားတဦးကို ကျပ် ၆ဝဝဝ နှုန်းနဲ့ လုပ်ပေးနေရာက ဇွန်လ ၉
ရက်နေ့ ကေအိုင်အေနဲ့ မြန်မာအစိုးရစစ်တပ်တွေအကြား
တိုက်ပွဲဖြစ်လာချိန်ကစလို့ လဂျားယန်ရွာအတွင်းပိုင်းက စစ်ဘေး
ရှောင်တိမ်းသွားတဲ့ လူနေအိမ်တလုံးမှာ ယာယီစခန်းချ ပြုလုပ်နေတာလည်း
ဖြစ်ပါတယ်။
အခုအခါမှာ
တော့ လဂျားယန်ရွာမှာ ရှိနေတဲ့ လဝကစခန်းကို ဒီကနေ့
ရုပ်သိမ်းတော့မယ်လို့ စာအုပ်ကိုယ်တိုင်သွားလုပ်ခဲ့သူတဦးရဲ့
ပြောကြားချက်ကို ကိုးကားပြီး လိုင်ဇာဒေသခံတဦးက ပြောပါတယ်။။
“နယ်စပ်
ဒေသကို ဖြတ်ကျော်တဲ့ စာအုပ်အနီလို့ ခေါ်တာပေါ့နော်။ အဲဒီစာအုပ်ကို
ဒီနေ့လုပ်တာ နောက်ဆုံးပဲဆိုပြီး သွားလုပ်တဲ့သူက
နောက်ဆုံးလုပ်တဲ့သူလေ။ အဲဒီလူ လုပ်နေရင်း တန်းလန်း
ဖုန်းဝင်လာတယ်တဲ့။ ဖုန်းဝင်လာတော့ ဆရာ နောက်ဆုံးပဲ၊ ဒီစာအုပ်က
နောက်ဆုံးပဲ။ ဒါပြီးရင် သိမ်းမယ်၊ ကျနော်တို့ စခန်းသိမ်းတော့မယ်
ပြောတယ်တဲ့။ မေးကြည့်တော့ လုပ်လို့မရတော့ဘူး၊ စာအုပ်လည်း
ကုန်ပြီ၊ ငါတို့လည်း ပြန်တော့မယ်လို့ ပြောတယ်တဲ့။
လိုင်ဇာမြို့
နဲ့ တမိုင်ကျော်အကွာမှာရှိ ကွန်ဘာယန်ကျေးရွာနဲ့ ကေအိုင်အေ တပ်ရင်း
၂၄ အနီးနားကို မနေ့က ည (၈) နာရီခွဲမှ ည ၁၁ နာရီဝန်းကျင်အထိ
မိုးမောက်မြို့နယ်၊ တုံဖုန်းယန်မြို့မှာ တပ်စွဲထားတဲ့ အမြောက်တပ်က
လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်ခဲ့တာကြောင့် လိုင်ဇာလူထုမှာ
စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေခဲ့ပါတယ်။
အဲဒါကြောင့်
စစ်ဖြစ်လာရင် တဖက် တရုတ်ပြည်ထဲ ဝင်ရောက်ထွက်ပြေး
တိမ်းရှောင်နိုင်ဖို့အတွက် နယ်စပ်ဖြတ်ကျော်စာအုပ်တွေ
မလုပ်ထားရသေးတဲ့ ဒေသခံ လူထုတွေက စာအုပ် အရေးတကြီးလိုအပ်လာချိန်မှာ
အခုလို လဝက စခန်းကို ရုပ်သိမ်းခဲ့လို့ လူထုတွေ ပိုပြီး
အခက်ကြုံတွေ့ရတယ်လို့ လိုင်ဇာကလာတဲ့ သတင်းတွေအရ သိရပါတယ်။
No comments:
Post a Comment