Published on July 22, 2011 by မင်းလွင် · (ဒီဗွီဘီ မှကူးယူဖော်ပြသည်)
တပ်မ
တော်အရာရှိတဦးကို ပစ်သတ်ခဲ့တဲ့အတွက် ကလေးမြို့ အကျဉ်းထောင်မှာ
သေဒဏ်ကျခံနေရတဲ့ ကလေးစစ်သား မောင်ဖြိုးစည်သူကို
သေဒဏ်ပြစ်ဒဏ်မှတဆင့် ကလေးဥပဒေပုဒ်မ ၄၆ အရ ပြစ်ဒဏ်
လျှော့ပေါ့ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုလိုက်ပါတယ်။
မောင်ဖြိုး
စည်သူဟာ အသက် ၁၄ နှစ်အရွယ်မှာ စစ်တပ်ထဲကို အဓမ္မ စုဆောင်းခံရပြီးနောက်
စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်မှာရှိတဲ့ အမှတ် ၁၀
တပ်မတော်လေ့ကျင့်ရေးကျောင်းမှာ အခြေခံစစ်သင်တန်း
တက်ရောက်ခဲ့ပြီးတဲ့နောက်မှာ ချင်းပြည်နယ်အတွင်း စစ်ဆင်ရေးမှာ
မိမိအထက်အရာရှိကို ပစ်ခဲ့တဲ့အတွက် ကလေးမြို့မှာရှိတဲ့ အမှတ် ၉၄၃
ထောက်ပံ့ရေးတပ် စစ်တရားရုံးကနေ သေဒဏ်ချမှတ်ခဲ့တာလို့ မိခင်ဖြစ်သူ
ဒေါ်သန်းသန်းရီက ပြောပြပါတယ်။
မောင်ဖြိုးစည်သူ သေဒဏ်ချမှတ်ခံခဲ့ရတဲ့ အချိန်တုန်းက အသက် ၁၅ နှစ်ပဲရှိသေးပါတယ်။
ဒါကြောင့်
၁၉၉၃ ကလေး သူငယ်ဥပဒေပုဒ်မ ၄၆ အရ သေဒဏ် (သို့မဟုတ်)
တသက်တကျွန်းချမှတ်နိုင်တဲ့ ပြစ်မှုကို ကျူးလွန်ရင်တောင်မှ အများဆုံး
ထောင်ဒဏ် ၇ နှစ်အထိပဲ ချမှတ်နိုင်တယ်လို့ ပါရှိတဲ့
အတွက် ကလေးစစ်သား
မောင်ဖြိုးစည်သူကို ပြစ်ဒဏ်လျော့ပေါ့ပေးဖို့ မိခင်ဖြစ်သူက
ပြောပါတယ်။
“ကျမတို့
မှာလည်း ကလေးအဖေကလည်း ကျန်းမာရေးက မကောင်း၊ ကျမကလည်း
ကျန်းမာရေးက ချို့တဲ့နေတော့ ဒီသားလေးကို အသက် ၁၆ နှစ်
မပြည့်သေးတုန်းက သူတို့အနေနဲ့ ကလေးသူငယ် စောင့်ရှောက်ရေးက
ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ ကျမတို့ကို ညှိနှိုင်းပေးပါလို့ ကျမက
အနူးအညွတ် တောင်ပန်ချင်ပါတယ်ရှင့်။ နိုင်ငံတော် သမ္မတကြီးကိုလည်း ကျမ
ဦးညွှတ်ပြီးတော့ တောင်းပန်ပါရစေဆိုပြီးတော့၊ ကျမသားလေးကို
ကျမတို့ ရင်ခွင်ထဲကို ပြန်ပြီးတော့ ပြန်ရောက်စေချင်တဲ့ ဆန္ဒနဲ့ ကျမ
တောင်းပန်ပါတယ်ရှင်။”
မောင်ဖြိုး
စည်သူဟာ ကလေးအကျဉ်းထောင်မှာ ၇ နှစ်ကျော် အကျဉ်းကျခံနေရတဲ့အတွက်
ကျန်းမာရေး ဆိုးရွားစွာခံစားနေရတယ်လို့လည်း မောင်ဖြိုးစည်သူနဲ့
အကျဉ်းထောင်ထဲမှာ အတူနေခဲ့ဖူးတဲ့ အကျဉ်းသားဟောင်းတဦးက ပြောပါတယ်။
“သူ့မှာ
မိဘတွေကလည်း ဆင်းရဲတယ်၊ ထောင်ဝင်စာလည်း မလာနိုင်ဘူး။
ထောင်ကပေးတဲ့ ရိက္ခာလေးနဲ့ပဲ ဖြစ်သလို စားနေရတဲ့အခါကျတော့
ကျန်းမာရေးလည်း ချို့တဲ့လာတယ်။ မျက်လုံးမှာလည်းပဲ
အတွင်းတိမ်ဖြစ်နေတော့ မျက်လုံးလည်း ကောင်းကောင်း မမြင်တော့ဘူး။
ဒါပေမယ့် သူ့ကို သေဒဏ်ချထားတယ် ဆိုပြီးတော့ ပြင်ပကိုလည်း
ထုတ်ပြီး မျက်စိ ခွဲစိတ်ကုပေးမှုလည်း မရှိဘူး။”
အသက်မပြည့်
သေးဘဲ စစ်တပ်ထဲကို အတင်းအဓမ္မ အသွင်းခံလိုက်ပြီး အသက် ၁၅ နှစ်မှာ
သေဒဏ်ချခံထားရတဲ့ မောင်ဖြိုးစည်သူဟာ တရားဥပဒေအရ
နစ်နာမှုရှိနေတဲ့အတွက် အမြန်ပြန်လွှတ်သင့်တယ်လို့ အဆိုပါ
အကျဉ်းသားဟောင်းက အခုလို ပြောပါတယ်။
“ကလေးသူငယ်
ဥပဒေပုဒ်မ ၄၆ အရဆိုရင် ထောင်က ၇ နှစ်ပဲ ချရမယ်။ အဲဒီတော့ ၇
နှစ်ချရမယ့်ဟာကို သေဒဏ်ချထားတယ်။ အဲဒီတော့ သေဒဏ်ကို မဖျက်တဲ့အတွက် ၇
နှစ်က မရောက်ဘူး။ မရောက်ပဲနဲ့ အခုတော့ လွတ်ငြိမ်းချမ်းသာခွင့်
အမိန့်ထွက်လိုက်တဲ့အခါကျတော့ သူက အနှစ် ၂၀ ကို ပြောင်းသွားတယ်။
အမှန်မှာက ၇ နှစ်ကို ပြောင်းပြီးတော့ လွှတ်ရမယ့်အစား မလွှတ်ဘဲနဲ့
နောက်ထပ် ၁၃ နှစ်ပိုချလိုက်သလို ဖြစ်သွားတယ်။ အတော်လေးကို
တရားဥပဒေအရ နစ်နာမှု ရှိတယ်ဗျ။ အခု ပြည်သူတွေ အစိုးရပါလို့
အမည်ခံထားတဲ့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ ဒါကို
ထိထိမိမိ ကာကွယ်ပြီးတော့ ကလေးကို ပြန်လွှတ်ပေးသင့်တယ်။”
No comments:
Post a Comment