Published on July 22, 2011 by နော်နိုရင်း · (DVB မှကူးယူဖော်ပြသည်)
ကရင်ပြည်နယ်
လှိုင်းဘွဲမြို့နယ်မြိုင်ကြီးငူဒေသနဲ့ ၄-၅ မိုင်အကွာမှာ
အခြေစိုက်တဲ့ ဒီကေဘီအေစခန်းကို နယ်ခြားစောင့်နဲ့အစိုးရ
ပူးပေါင်းတပ်တွေက လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်နေပါတယ်။
ပြီးခဲ့
ဇူလိုင် ၂၀ ရက်ကစပြီး မြိုင်ကြီးငူရဲ့အရှေ့ဘက် ၅ မိုင်အကွာ
ဝါကလယ်တောင်မှာရှိတဲ့ ဒီကေဘီအေတပ်စခန်းကို
ဗိုလ်ချုပ်ဖားနွံဦးဆောင်နဲ့ နယ်ခြားစောင့်နဲ့အစိုးရ
ပူးပေါင်းတပ်တွေက စတင် ထိုးစစ်ဆင်တာဖြစ်ပါတယ်။
မနေ့ကလည်း
တိုက်ခိုက်နေပြီး ဒီနေ့မှာလည်း မြိုင်ကြီးငူရဲ့အရှေ့တောင်ဘက် ၎
မိုင်လောက်အကွာမှာရှိတဲ့ ထီးလာနဲ ရွာကို အဆိုပါ ပူးပေါင်းတပ် တွေက
လက်နက်ကြီးနဲ့ လှမ်ပစ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး
ဘားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောအောင်မောင်အေးက ပြောပါတယ်။
“ဒီနေ့က
တော့ မြိုင်ကြီးငူနားမှာ ရှိတဲ့ ထီးလာနဲရွာကို ဘီဒီအက်ဖ် တပ်ရင်း
ဗိုလ်ချုပ်ဖားနွံဦးဆောင် ဦး
ဆောင်တဲ့အဖွဲ့နဲ့ လိုက်သိန်းအဖွဲ့တွေက
လက်နက်ကြီးတွေနဲ့ တောကြိုတောင်ကြားထဲမှာ လိုက်ပြီးတော့ လှမ်းထုတာ
ရှိတယ်နော်။ ကန်ညီနောင်ဘက်မှာ ရှိတဲ့ ဒီကေဘီအေတွေကို လှမ်းပစ်တာ။
သူတို့က နီးနီးကပ်ကပ် မပစ်ရဲတော့ သံသယရှိတဲ့ နေရာတွေကို
လက်နက်ကြီးနဲ့ လှမ်းလှမ်းပြီးထုတာ စခန်းအထိတော့ မကျဘူး။”
ပူးပေါင်း
တပ်တွေက ဒီကေဘီအေတပ်စခန်းရှိရာကို လက်နက်ကြီးတွေနဲ့
ခန့်မှန်းပစ်ခတ်နေပြီး ဒီကေဘီအေတပ်ဘက်ကတော့ ပြောက်ကျားစနစ်နဲ့
ပြန်လည်တိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ ပဒိုစောအောင်မောင်အေးက
ပြောပါတယ်။
အခုတိုက်ခိုက်ခံရတဲ့
ဒီကေဘီအေတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းကမှ
နယ်ခြားစောင့်တပ်ကနေ ခွဲထွက်ပြီး ဒီကေဘီအေတံဆပ် ပြန်လည်တပ်ဆင်တဲ့ ဒု
ဗိုလ်မှူးကြီး ဗိုလ်ဘိဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်။
အစိုးရနဲ့
နယ်ခြားစောင့် ပူးပေါင်းတပ်တွေ သုံးရက်ဆက်တိုက် လက်နက်ကြီးတွေနဲ့
ပစ်ခတ်မှုကြောင့် အဲဒီဒေသတဝိုက်မှာရှိတဲ့ ရွာသားတချို့
မြိုင်ကြီးငူဒေသကို ရွှေ့ပြောင်းလာကြတယ်လို့ မြိုင်ကြီးငူဒေသခံတဦးက
ပြောပါတယ်။
“မနေ့ည ၎
နာရီကျော်ကျော်လောက်ကနေ စပြီးတော့ ပစ်တယ်။ တညလုံးရယ်တော့
မဟုတ်ဘူးပေါ့။ ကြာကြာတခါ ကြာကြာတခါ အဲဒီလိုပဲ ပစ်တယ်။ ရွာသားတွေကတော့
လောလောဆယ် မြိုင်ကြီးငူဘက် ပြောင်းရွှေ့ကြတာပေါ့။”
ဒီပစ်ခတ်မှုအတွင်း နှစ်ဘက် ထိခိုက်ကျဆုံးမှု ရှိမရှိကိုတော့ အတိအကျမသိရသေးပါဘူး။
ပြီးခဲ့တဲ့
ဇူလိုင် ၂၀ ရက်နေ့အစောပိုင်းကလည်း ကရင်ပြည်နယ်
ပိုင်ကျုံမြို့နယ်အတွင်းရှိ ထီးပယ်ရွာအနီးမှာ နယ်ခြားစောင့်တပ်နဲ့
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားပြီး
နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးသွားတယ်လို့
ပဒိုအောင်မောင်အေးက ပြောပါတယ်။
No comments:
Post a Comment