မြောက်ဦးမြို့ ရေမြုပ်၍ မြေနိမ့်ရပ်ကွက်များမှ မိသားစုများကို ဘေးလွှတ်ရာသို့ ပြောင်းရွှေ့
Font size:
မြောက်ဦးမြို့တွင် မိုးအဆက် မပြတ်
ရွာသွန်းပြီး ရေတက်လာသဖြင့် မြေနိမ့်ရပ်ကွက်များမှ မိသားစုများကို
ဘေးလွှတ်ရာသို့ ပြောင်းရွှေ့နေကြရသည်ဟု သတင်း ရရှိသည်။
ဒေသခံ လူငယ် တစ်ဦးက "ရပ်ကွက်တိုင်းလိုလို ရေမြုပ်နေပါတယ်။ အခု
ရပ်ကွက်တိုင်းက မြေနိမ့်တဲ့ နေရာက မိသားစုတွေကို စာသင်ကျောင်းတို့
ဘုန်းကြီးကျောင်းတို့ ဘေးလွှတ်ရာကို ပြောင်းရွှေ့ နေကြရပါတယ်" ဟု ပြောသည်။
လွန်ခဲ့သော ခုနှစ်ရက်ခန့်က စပြီး မိုးအဆက်
မပြတ်ရွာသွန်းနေသဖြင့် ကုန်းမြင့်ပိုင်း တောင်ရပ်ထိ ရေတက်လာခဲ့သည်ဟု
သိရသည်။ ဆန်ဈီး (ဈေး) ၊ အလယ်ဈီး (ဈေး) ၊ ဆန်ချဆိပ်၊ ကြက်ဈီး (ဈေး)
လက်ကောက်ဈီး (ဈေး) ရှိ မြေနိမ့်ပိုင်း အိမ်များ အားလုံးမှာ
ရေမြုပ်နေကြောင်း သူက ပြောသည်။
" အခု ကျောင်းတွေလည်း ပိတ်ထားလိုက်ရပြီ ဖြစ်ပါတယ်။ လူတွေကတော့
မိသားစုလိုက် ပြောင်းရွှေ့ရတာက တစ်မျိုး၊ နောက်တစ်ခါ စပါးတွေကို
ကုန်းမြှင့်တဲ့ နေရာကို ပြောင်းရတာက တမျိုးနဲ့ တော်တော်ကို
အလုပ်ရှုပ်နေကြပါတယ်" ဟု သူက ဆက်ပြောသည်။
၎င်းပြင် စပါးများကို ပြောင်းရွှေ့ရန်အတွက် အလုပ်သမားများ ဌားရမ်း၍ မရသဖြင့်
မိသားစုတိုင်းလိုလို ကိုယ့်စပါးကို ကိုယ်တိုင် ရွှေ့နေကြရသည်ဟု အလယ်ဈီးမှ
လူကြီး တဦးက ပြောသည်။
" မိုးက နောက်ထပ် ဆက်ရွာရင် အခြေအနေက ဒီထက် ပိုဆိုးနိုင်ပါတယ်။ အခုတောင်မှ
ကျွန်တော်တို့ ရပ်ကွက်ထဲက မြေနိမ့်ပိုင်းက အိမ်တွေ အကုန်လုံးနစ်နေပြီ။
သိုလှောင်ထားတဲ့ စပါးတွေလည်း ကိုယ်ဟာကိုယ် စွတ်တာစွတ် စိုတာစိုနဲ့
ဘေးလွတ်ရာကို ရွှေ့နေကြတယ်။ ဒုက္ခတော့ ရောက်နေကြပါပြီ" ဟု ပြောသည်။
ရေမှာ ကျသွားခြင်း မရှိဘဲ တဖြည်းဖြည်း တက်လာနေသဖြင့် လူအများက ပိုပြီး ရေတက်လာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
ယခုအချိန်ထိ သက်ဆိုင်ရာ အာဏာပိုင်များက ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ခြင်း မရှိသေးကြောင်း သိရသည်။
ဇူလိုင်လ ၁၉ ရက်နေ့က ကျောက်တော်မြို့တွင် ၁၀ ဒသမ ၁၂ လက်မ၊
မြောက်ဦးမြို့တွင် ၉ ဒသမ ၃၇ လက်မ၊ မောင်တောမြို့တွင် ၄ ဒသမ ၆၁ လက်မ၊
စစ်တွေမြို့တွင် ၄ ဒသမ ၀၆ လက်မ၊ သံတွဲမြို့တွင် ၃ ဒသမ ၉၃ လက်မနှင့်
ဂွမြို့တွင် ၃ ဒသမ ၈၆ လက်မ တို့ ရွာသန်းခဲ့ကြောင်း အစိုးရပိုင်
သတင်းစာများတွင် ရေးသား ဖော်ပြထားသည်။
ကျောက်တော်မြို့တွင် ရွာသွန်းသော မိုးရေချိန် ၁၀ ဒသမ ၁၂ လက်မ သည် ၂၄
နှစ်အတွင်း စံချိန်သစ်ဖြစ်ပြီး မြောက်ဦးမြို့တွင် ရွာသွန်းသော ၉ ဒသမ ၃၇
လက်မ မိုးရေချိန်သည် ၃၃ နှစ်အတွင်း စံချိန်သစ်ဖြစ်သည်။
အကြိုက်များသော Posts
-
စိုင်းစိုင်းခမ်းလှိုင် မွေးသက္ကရာဇ် ၁၉၇၉ ခုနှစ် ဧပြီလ (၁၀) ရက် အမည်ရင်း မိဘအမည် စိုင်းခမ်းလှိုင် +စဝ်ဝေဠုသိဂီ င်္ နိ...
-
ခေတ်နှင့်လျော်ညီသည့် လုပ်ခလစာ သတ်မှတ်ပေးရန် တောင်းဆို မြန်မာ အစိုးရအနေဖြင့် အလုပ်သမားများအား ခေတ်ကာလနှင့် လျော်ညီသော အနိမ့်ဆုံးလုပ်ခလစာ သတ...
-
မြစ်ကြီးနား အကျဉ်းထောင်မှ ကိုသူရ(ခ) ဇာဂနာ ပြန်လည် လွတ်မြောက်လာကြောင်း ကိုဇာဂနာက ခယ်မဖြစ်သူ မငြိမ်းက Eleven Media Group သို့ အတည်ပြု ပြော...
-
-
Sunday, May 8, 2011 Posted by Admin at 12:47 PM Labels: News , သတင်း (The Yangon Times ဂျာနယ်ထဲက တွေ့လို့ စိတ်ဝင်စားတာနဲ့ ကူးယူ...
-
ဗမာစစ်တပ် ဗမာစစ်သား ဆိုတာ (မင်းလွမ်းနောင်) ဗမာစစ်တပ် ဆိုပြီးသုံးနှုံးနေသူများ ဖေ့ဘွတ်စာမျက်နာပေါ်တွင်တွေ.မြင် လာရ သည်မှာ နေ.စဉ်လိုလိုဖြစ...
-
ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရနောင်းမြို.) မြန်မာနိုင်ငံမှ ဈေးအသက်သာဆုံးသော ပြည်ပထွက်ခွာမှု. (တရားမ၀င်)များတွင် မြန်မာနို...
-
မြန်မာ ရေလုပ်သားများ လစာလျှော့ချခံရ၍ အခက်ကြုံ Tuesday, 19 April 2011 18:42 ထိုင်းနိုင်ငံတောင်ပိုင်း ချုံဖော် ပါနန်း အရပ်ဒေသရှိ ငါးဖမ်းလေ...
-
ဓါတ်ပုံကို နှိပ်ပြီးပုံကြီးချဲ. ကြည့်ပါရန်
-
(FED စာမျက်နာမှ ကူးယူဖော်ပြသည်) Thursday, 22 March 2012 00:00 ထိုင်းနိုင်ငံမှ ထုတ်ပေးထားသည့် အလ...
No comments:
Post a Comment