.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Friday, July 22, 2011

လုမ္ဗနီ ဘာသာရေး လုပ်ငန်းစီမံကိန်း၊ တရုတ် ဒေါ်လာ ၃ ဘီလီယံ မြှုပ်နှံ

E-mail Print PDF

ဗုဒ္ဓဘုရားရှင် ဖြစ်လာမည့် သိဒ္ဓတ္ထမင်းသားကို လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က နီပေါနိုင်ငံ လုမ္ဗနီမြို့လေးတွင် ဖွားမြင်ခဲ့သည်။ ယခု တရုတ်အစိုးရက
ကမ္ဘာအနှံမှ ဘုရားဖူးများကို စွဲဆောင်မည့် ထို ဗုဒ္ဓပွင့်တော်မူရာ လုမ္ဗနီမြို့လေး ပြုပြင်ဖို့အတွက်၊ ဒေါ်လာ ၃ ဘီလီယံ အကုန်ကျခံပြီး နီပေါနိုင်ငံမှာ ပရောဂျက်တစ်ခု စတင်တော့မည် ဖြစ်သည်။
တရုတ်ရဲ့ လုမ္ဗနီစီမံကိန်းတွင် လေဆိပ်တစ်ခု၊ အဝေးပြေးလမ်းမ၊ ဟိုတယ်များ၊ ကွန့်ဖရင့်စင်တာများ၊
ဘုရားကျောင်းများနှင့် ဗုဒ္ဓတက္ကသိုလ်တစ်ခုကို တည်ဆောက်မည် ဖြစ်သည်။ နောက် ပန်းခြံများ၊ ရေပန်းအလှများနှင့် လက်ရှိချို့တဲ့နေတဲ့ လျှပ်စစ်မီးနှင့် ဆက်သွယ်ရေး စနစ်များကိုလည်း တပ်ဆင်ပေးမည် ဖြစ်သည်။
နီပေါအစိုးရကတော့ တရုတ် ရင်းနှီးမြှုပ်နှံမယ့် ဒေါ်လာ ၃ ဘီလီယံ အတွက် ၀မ်းသာပီတိ ဂွမ်းဆီထိနေကြသည်။  နီပေါရဲ့ ဂျီဒီပီက ပြီးခဲ့တဲ့နှစ် ၃၅ ဘီလီယံသာ ရှိသည်။ ယခု တရုတ် လုပ်မယ့်စီမံကိန်းက တစ်နိုင်ငံလုံးဂျီဒီပီရဲ့ ၁၀ ရာခိုင်နှုန်းနီးပါး ရှိသည်။
ပရော့ဂျက်လုပ်မည့် အဖွဲ့အစည်းက အစိုးရတစ်ပိုင်း၊ NGO တစ်ပိုင်းလုပ်နေတဲ့ Asia Pacific Exchange and Cooperation Foundation (APECF) ဖြစ်ပြီး၊ ဥက္ကဌ ဇိုဝူနန် က တရုတ်ကွန်မြူနစ်ပါတီ အဖွဲ့ဝင်လည်းဖြစ်၊ တရုတ်အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်မှာ ရာထူးကြီးကြီး ရယူထားသူလည်း ဖြစ်သည်။ APECF ရဲ့ ပရောဂျက်လက်မှတ်ထိုးပွဲ အခမ်းအနားကို နီပေါမှာ ပြီးခဲ့တဲ့အပတ်တွင် ကျင်းပခဲ့သည်။ ကွန်မြူနစ် လုပ်ငန်းရှင်က ဦးဆောင်ပေးမည့် ဘာသာရေးလုပ်ငန်းကြီး ဖြစ်သည်။
တရုတ်ရဲ့ လုမ္ဗနီစီမံကိန်းကို ကုလသမဂ္ဂ ကလည်း ထောက်ခံမှုပေးထားသည်။ လုမ္ဗနီစီမံကိန်းက ဗုဒ္ဓဘာသာ ဂိုဏ်းကြီးသုံးဂိုဏ်းဖြစ်သည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား တို့မှ မဟာယာန အုပ်စု၊ အရှေ့တောင်အာရှမှ ဟိနယာန (ထေရ၀ါဒ) အုပ်စုနှင့် တိဘက် ဗုဒ္ဓဘာသာ အုပ်စုတို့မှ ဘုရားဖူးများကို စွဲဆောင်နိုင်မည်ဖြစ်သည်။
နှစ်စဉ် လုမ္ဗနီသို့လာသည့် ဘုရားဖူးဧည့်သည်မှာ ၅သိန်းကျော် ရှိသည်။ တရုတ်က ဘုရားဖူး သန်းပေါင်းများစွာ ၀င်လာမစဲအောင်လုပ်ပြီး ဟိုတယ်လုပ်ငန်းနှင့် အခြားစီးပွားရေးလုပ်ငန်းပေါင်းစုံကနေ အမြတ်ထုတ်ယူသွားမည် ဖြစ်သည်။ တရုတ်က ဘာမှပြန်မရဘဲ အလကား ရင်းနှီးမြှုပ်နှံမည်တော့မဟုတ်။
သို့သော် တရုတ်အစိုးရ လုမ္ဗနီပရော့ဂျက်အတွက် အဓိကပြဿနာက ဒလိုင်းလားမား ဖြစ်သည်။ အခြားဗုဒ္ဓဘာသာဂိုဏ်းကြီးနှစ်ဂိုဏ်းက တရုတ်ရဲ့ စီမံကိန်းအပေါ် ကောင်းသည်ဆိုးသည် မပြောပေမဲ့၊ ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့် ကမ္ဘာအနှံပျံနေသည့် တိဘက်ဘာသာဝင် သန်းပေါင်းများစွာက တရုတ်ရဲ့ ဘာသာရေး ဈေးကွက်လုပ်ငန်းကို ဝေဖန်နှောင့်ယှက်လာနိုင်တာကြောင့်၊ တရုတ်အစိုးရဘက်က သတိထား ဆောင်ရွက်လျက်ရှိသည်။
မောက္ခ နိုင်ငံတကာသတင်း

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

Click to see detail of visits and stats for this site

အကြိုက်များသော Posts

သူငယ်ချင်းများ