.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Friday, July 22, 2011

DKBA အချင်းချင်း တိုက်ပွဲဖြစ်

E-mail Print
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ အထူးဒေသရှိ ထီးလာနဲရွာတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ အချင်းချင်း ယနေ့ နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

dkba-dec-25-10-01နယ်ခြားစောင့်တပ်မှ ခွဲထွက်သွားသည့် DKBA တပ်ရင်း ၄ ရင်းကို ဦးဆောင်နေသူ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စောဘိ (ဗိုလ်ဘိ) ၏ တပ်ဖွဲ့ဝင်များအား DKBA ခေါင်းဆောင်ဟောင်း တဦးဖြစ်သည့် ဗိုလ်မှူးကြီး စောချစ်သူ (ဗိုလ်ချစ်သူ) တပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဘားအံခရိုင် ဥက္ကဋ္ဌ ဖဒို စောအောင်မော်အေးက ဧရာဝတီသို့ ပြောသည်။

အစိုးရကို သစ္စာခံထားသော နယ်ခြားစောင့်တပ် အမှတ် (၁၀၁၉) တပ်ရင်းမှူး စောလိုက်သိန့် ဦးဆောင်သော တပ်ဖွဲ့ဝင်များ အပါအ၀င် ဗိုလ်ဖားနွီးတပ်ဖွဲ့ဝင်များနှင့် ဗိုလ်ချစ်သူတပ်တို့ ပူးပေါင်း၍ သွားရောက် တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

တိုက်ပွဲတွင် နှစ်ဖက် စစ်သည်အင်အား ၄၀၀ ခန့် ရှိကြောင်း၊ သေဆုံး ထိခိုက် ဒဏ်ရာ ရသူများ၏ အခြေအနေများကို စုံစမ်းဆဲဖြစ်ကြောင်း စောအောင်မော်အေးက ဆက်ပြောသည်။

KNU တပ်မဟာ (၇) မှ ဗိုလ်မှူးချုပ် စောဂျော်နီက ယင်း တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ ဆက်လက်ဖြစ်ပွား လာနိုင်ကြောင်း ပြောဆိုသည်။ 

ပြီးခဲ့သည့် မေလတွင် ခွဲထွက်သွားသော ဗိုလ်ဘိ ဦးဆောင်သည့် ကရင် နယ်ခြားစောင့် တပ်ရင်း ၄ ရင်းကို ပြည်လည်စည်းရုံးရန် ဗိုလ်ချစ်သူက ဇူလိုင်လဆန်းပိုင်းတွင် ကြိုးပမ်းပြီးနောက် နှစ်ဖက် စစ်ရေးတင်းမာ၍ မြိုင်ကြီးငူဒေသ အပြင်ဘက်တွင် နေရာယူထားခဲ့ကြ ခြင်းဖြစ်သည်။

လှိုင်းဘွဲ့မြို့နယ် ပိုင်ကျုံမြို့နယ်ခွဲတွင် ဇူလိုင်လ ၂၀ ရက်နေ့ကလည်း KNU တပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။ ယင်း တိုက်ပွဲတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ပြီး ၆၀ မမ လက်နက် အမျိုးအစား တလက်နှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိကြောင်း စောအောင်မော်အေးက ပြောသည်။

ဇွန်လကုန်တွင် ဗိုလ်ဘိ၏ အဖွဲ့က မြိုင်ကြီးငူဒေသရှိ တခွက်ဖိုးရွာအနီး အခြေစိုက်သည့် နယ်ခြားစောင့်တပ် အမှတ် (၁၀၁၁) ကို တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စိုးနိုင် ကျဆုံးခဲ့သည်။

ကရင်ပြည်နယ်တွင် ဖြစ်ပွားသော တိုက်ပွဲ၊ မငြိမ်မသက်မှုများနှင့် ပတ်သက်ပြီး အစိုးရက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ယမန်နှစ် သြဂုတ်လတွင် နယ်ခြားစောင့်တပ် တပ်ဖွင့်ပွဲ အခမ်းအနားများကို လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ ဒေသ၊ ပိုင်ကျုံမြို့နယ် ထန်းတပင်ကျေးရွာ၊ မြ၀တီမြို့နယ် မဲပလဲ့ဒေသ၊ ကော့ကရိတ်မြို့နယ် ထီးဟူးသံ ကျေးရွာနှင့် ကွင်းကလေးဒေသတို့တွင် စစ်အစိုးရက ဦးဆောင်၍ ကျင်းပခဲ့သည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အားကြီးမားလာသည့် လက်နက်ကိုင် တပ်ဖွဲ့ တဖွဲ့ဖြစ်သည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

Click to see detail of visits and stats for this site

အကြိုက်များသော Posts

သူငယ်ချင်းများ