.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Friday, July 22, 2011

ဒေ၀ူးသို့ တိုင်းမှူးဟောင်း မောင်ဦး ရောင်းစားသော သမ၀ါယမပိုင် မြေကွက် ကျေးရွာသားများ အရေးဆိုမည်

Font size: Decrease font Enlarge font
ယခုလက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရမှ ဆင်းရဲ နွမ်းပါးမူ လျှော့ကျရေး အတွက် လယ်ယာကုန်ထုတ် သမ၀ါယမ အသင်းများဖွဲ့စည်းနေရာ ကျောက်ဖြူမြို့နယ် ဂုံးချိန်ကျေးရွာသားများက ယခင် တိုင်းမှူးဟောင်း ဦးမောင်ဦးမှ ဇနီးနာမည် ဖေါက်ကာ ဒေ၀ူးကုမ္ပဏီသို့ ရောင်းစားထားသော သူတို့ ရွာသားများ ပိုင်ဆိုင်သော သမ၀ါယ မြေကွက်အား ပြန်လည်ရယူရန် အရေးဆိုသွားမည် ဟု သိရသည်။


bill-board-Arakan မြေကွက်များ ဈေးမြင့်တက်နေသောကျောက်ဖြူ မြို့ပြင်တစ်နေရာ
" တိုင်းမှူး မောင်ဦးက အဲဒီမြေကွက်ကို သူလိုချင်တယ်ဆိုပြီး သူတိုင်းမှူး တာဝန်ကျစဉ်မှာ ရယကတွေကို ကျပ် ၂၅ သိန်းပေးပြီး ကျေးရွာသားတွေ သဘောမတူဘဲ အတင်းယူသွားပါတယ်။ အဲဒီမြေကွက်ကို သူဇနီး ဒေါ်ညွန့်ညွန့်ဦး နာမည် ဖေါက်ပြီး မနှစ်က သိန်း ၄၅၀ နဲ့ ဒေ၀ူး ကုမ္ပဏီကို ရောင်းစားပါတယ်။ အခု ကျွန်တော်တို့ရွာမှာ သမ၀ါယမ ကုန်ထုတ် အသင်းဖွဲ့မယ်ဆိုတော့ ဒီမြေကို ကျွန်တော်တို့ရွာက ပြန်လိုချင်ပါတယ်" ဟု အမည် မဖေါ်လိုသူ ရွာလူကြီး တစ်ဦးက ပြောသည်။

အဆိုပါ ရခိုင် တိုင်းမှူးဟောင်းလည်းဖြစ် ပြည်ထဲရေး ၀န်ကြီးဟောင်းလည်း ဖြစ်သော မောင်ဦးမှ ဇနီးအမည်နှင့် နာမည် ဖေါက်ကာ ဒေ၀ူးအား ရောင်းလိုက်သော မြေမှာ ကျောက်ဖြူမြို့မှ ၅ မိုင်အကွာ ဂုံးချိန်ကျေးရွာမှ ကျေးရွာ သမ၀ါယမ အသင်းပိုင် အုန်းခင်း တစ်ခု ဖြစ်သည်။

ကျောက်ဖြူ မြို့ပေါ်မှ ဒေသခံ တစ်ဦးကလည်း အဆိုပါ ငွေကို ယမန်နှစ်က ဒေ၀ူးမှ လျော်ကြေး အဖြစ် ပေးအပ်ခဲ့ကြောင်း ပြောဆိုသည်။

" မနှစ်က တိုင်းမှူးဟောင်း မောင်ဦးနဲ့ ဇနီး ဒေါ်ညွန့်ညွှန့်ဦး တို့ ကျောက်ဖြူကို ကား ရှစ်စီး လာလည် ပါတယ်။ ကျောက်ဖြူ ရဲရိပ်သာမှာ တည်းခိုသွားခဲ့ပါတယ်။ အဲဒီ လာလည်တဲ့ အချိန်မှာ ဒေ၀ူးက အဲဒီ ငွေ သိန်း ၄၅၀ ကို ဦးမောင်ဦး ဇနီးကို ပေးလိုက်ပါတယ်။ ဒီကိစ္စကို ကျောက်ဖြူမှာ တော်တော်များများ သိကြပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ တိုင်းမှူးဟောင်း မောင်ဦးမှ ကျေးရွာ သမ၀ါယမပိုင် မြေကွက်ကို အပိုင်သိမ်းပြီး မိမိကိုယ်ကျိုးအတွက် ရောင်းစားခြင်းကို ဒေသခံအများစုက မကျေမနပ် ဖြစ်နေကြသည်ဟု သိရသည်။

" အခု ဒီမြေကို သိမ်းပြီး ရောင်းစားတာကို အရေးဆိုဖို့ ကျွန်တော်တို့ တိုင်ပင်နေပါတယ်။ အခုကတော့ သက်ဆိုင်ရာ ရှေ့နေတွေ၊ နိုင်ငံရေး ပါတီက လူကြီးတွေ၊ တခြား တက်ကြွတဲ့ ပညာတတ်လူငယ်တွေနဲ့ ညှိနိုင်းတိုင်ပင်နေပါတယ်" ဟု ပြောသည်။

တိုင်းမှူးဟောင်း မောင်ဦးသည် အလားတူ ကျောက်ဖြူမြို့နယ် မင်းပြင် ကျေးရွာတွင်လည်း ပြည်သူများ ပိုင်ဆိုင်သော လယ်မြေများ၊ ဥယျာဉ်ခြံမြေများကို သိမ်းယူပြီး ဇနီးနာမည်ဖြင့် မြေစာရင်း ဦးစီးဌာနတွင် အမည်ဖေါက်ထားကြောင်း သိရသည်။

မင်းပြင်ကျေးရွာတွင် ပြည်သူများပိုင်ဆိုင်သော လယ်မြေများကို ဇနီးအမည်များဖြင့် နာမည် ဖေါက်ကာ သိမ်းယူထားရာတွင် တိုင်းမှူးဟောင်း မောင်ဦး သာမက ယခင်တိုင်းမှူးဟောင်း ၀င်းမြင့်၊ ဒုတိုင်းမှူးဟောင်း သီဟသူရ မောင်နီလည်း ပါဝင်သည်ဟု ကျေးရွာသားများက ပြောသည်။

သူတို့ သိမ်းယူထားသော မြေကွက်များကို ကျောက်ဖြူ အခြေစိုက် ခရလ ၃၄ မှ နှစ်စဉ် ခြံထိုးပြီး စောင့်ရှောက်ထားကြောင်း သိရသည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ