ဗြိတိန်ဝန်ကြီးချုပ်
မစ္စတာ ဒေးဗစ်ကင်မရွန်းသည် မြန်မာနိုင်ငံသို့ ယနေ့ရောက်ရှိလာပြီး နေ့လည် ၁၂
နာရီခွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် သမ္မတအိမ်တော်တွင်
တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည် ၊ ညနေပိုင်းတွင်
ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့တက္ကသိုလ် ရိပ်သာလမ်းရှိ
သူမ၏နေအိမ်တွင် တွေ့ဆုံမည်ဖြစ်ပြီး ဆက်တိုက်ဆိုသလို သတင်းစာရှင်းလင်းပွဲ
ပြုလုပ်မည် ဖြစ်ကြောင်းလည်း သိရှိရပါသည် ။
မစ္စတာဒေးဗစ်ကင်မရွန်း၏
ယခု မြန်မာနိုင်ငံခရီးစဉ်သည် သမိုင်းဝင်ခရီးစဉ်တစ်ခုဖြစ်ပြီး
လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဦးဆုံးလာရောက်သော
ဗြိတိန်ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သည် ။
No comments:
Post a Comment