ဆက်စပ်ပြီး ဘင်္ဂလားဒေ့ရှ် အကြောင်း တစေ့တစောင်း လေ့လာမိသွားသည်။ ဘင်္ဂလားဒေ့ရှ်သည် ၂၀၀၁ မှ ၂၀၀၅ အထိ နှစ်စဉ် အလုပ်သမား ၂၅၀ ၀၀၀ ခန့်  ပြည်ပသို့ စေလွှတ်ခဲ့သည်။ ၂၀၀၅ နှစ်လည်မှစ၍ နှစ်စဉ် အလုပ်သမား ၄၀၀ ၀၀၀ ခန့် ပြည်ပသို့ ထွက်ခွာခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ပြည်ပထွက်ခွာသူ အလုပ်သမားဦးရေ ၈၃၃ ၀၀၀ ခန့် ရှိခဲ့သည်။ ၂၀၀၈ခုနှစ်တွင်လည်း ခန့် မှန်းခြေ လုပ်သား ၉၀၀ ၀၀၀ ခန့်  ပြည်ပတွင်သွားရောက် အလုပ်လုပ်ကိုင်ခဲ့ကြသည်။
ပြည်ပရောက် ဘင်္ဂလားဒေ့ရှ် လုပ်သားဦးရေသည် နိုင်ငံလူဦးရေ၏ ၂.၈% ခန့်သာ ရှိသော်လည်း ထိုလုပ်သားတို့ ထံမှ နှစ်စဉ် လက်ခံရရှိသော လွှဲငွေပမာဏမှာ နိုင်ငံ GDP (Gross Domestic Product) ၏ ၁၃% ခန့် ရှိသည်။ ၂၀၀၈ ခုနှစ်တွင် ပြည်ပလုပ်သားများ၏ လွှဲငွေပမာဏမှာ US$ 9000 million ခန့် ဖြစ်သည်။ ဘင်္ဂလားဒေ့ရှစ်သည် အထည်ချုပ်လုပ်ငန်းပြီးလျှင် ပြည်ပလုပ်သားများထံမှ တိုင်းပြည်ဝင်ငွေကို ဒုတိယအများဆုံး ရရှိသည်။
သို့ ရာတွင် ဘင်္ဂလားဒေ့ရှ် ပြည်တွင်းတွင်မူ အလုပ်အကိုင် မကောင်းလှချေ။ စစ်တမ်းများအရ ဘင်္ဂလားဒေ့ရှ် လုပ်သားများသည် အာရှတွင် လုပ်ခအနည်းဆုံး ရရှိသူစာရင်းဝင်များ ဖြစ်ကြပြီး အလုပ်လက်မဲ့ ဦးရေလည်း ပေါများလှသည်။ ထို့ ကြောင့် ၄င်းအစိုးရကိုယ်တိုင်မှလည်း
လုပ်သားများ ပြည်ပတွင်အလုပ်အကိုင် ရှာဖွေရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့သည်။
ပြည်ပထွက်ခွာ လုပ်သားများ၏ ၄၀% ခန့်သည်သာ ကျွမ်းကျင်လုပ်သားများ ဖြစ်သည်ဟု ဆိုသည်။ လုပ်သားများ၏ ၈၀% သည် Middle East တွင် အလုပ် လုပ်ကိုင်ကြသည်။ ၂၀၀၈-၂၀၀၉ တွင် နိုင်ငံတော်တော်များများ စီးပွားရေး ကျဆင်းသည်။ Middle East တွင် ဆောက်လုပ်ရေး လုပ်ငန်းများ ရပ်ဆိုင်းကုန်ကာ ပြည်ပလုပ်သားတင်သွင်းမှုကို လျှော့ချသည့်အပြင် ရှိရင်းစွဲ လုပ်သားများကိုပင် သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့သည်။ Singapore, Saudi Arabia, Kuwait, Malaysia, Italy, South Korea, United Kingdom တို့ တွင် ပြည်ပလုပ်သားများအား ဗီဇာသက်တမ်းတိုးပေးခြင်း ရပ်ဆိုင်းလိုက်သည့်အပြင် နှစ်စဉ်ခွင့်ပြုသော လူဦးရေကိုလည်း လျှော့ချခဲ့သည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ပြည်ပထွက်ခွာ လုပ်သားဦးရေမှာ သိသိသာသာ ကျဆင်းသွားသည်။
မလေးရှားနိုင်ငံသို့ ထွက်ခွာသူ ၂၀၀၈ခုနှစ်တွင် ၁၃၀ ၀၀၀ မှ ၂၀၀၉ ခုနှစ်တွင် ၁၂၄၀၀ သို့လည်းကောင်း၊ စင်ကာပူတွင် ၁၃၂ ၀၀၀ မှ ၁၄၇၀၀ သို့လည်းကောင်း၊ ကူဝိတ်တွင် ၃၂၀ မှ ၁၀ ဦးသို့ လည်းကောင်း အသီးသီး ကျဆင်းသွားခဲ့သည်။ ပြန်လည်စေလွှတ်ခံရသော ပြည်တော်ပြန်များကြောင့် ဘင်္ဂလားဒေ့ရှ်ပြည်တွင်းတွင် ဂယေက်ဂယက် ဖြစ်တော့သည်။ ထို့ကြောင့် ၄င်းတို့အစိုးရမှ သံတမန်နည်းလမ်းသုံးကာ North America, Romania, Mali, Africa, Libya, Iraq, Vietnam, Hong Kong စသော နိုင်ငံများတွင် အလုပ်သမားများအတွက် အလုပ်အကိုင် ဈေးကွက်သစ် ရှာဖွေပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျှက် ရှိသည်။
ယခုလည်း ဘင်္ဂလားအလုပ်သမားများ မြန်မာပြည်တွင် လာရောက်အလုပ်လုပ်လိုသည်ဟု ဆိုသည်။ အလျှင်းသင် ဆက်ပြီး စဉ်းစားမိသည်။ ၂၀၁၁ခုနှစ် IMF (International Monetary Funds) စစ်တမ်းများအရ မြန်မာနိုင်ငံ၏ GDP per capita (တစ်ဦးချင်း၏ ဂျီဒီပီ)သည် US$ 1400 ဖြစ်ပြီး ဘင်္ဂလားဒေ့ရှစ်မှာမူ US$ 1700 ဖြစ်သည်။ တိုင်းပြည်ထုတ်ကုန် GDP ချင်းကို နှိုင်းယှဉ်ကြည့်ပါကလည်း မြန်မာနိုင်ငံ၏ GDP သည် US$ 82.829 billion သာရှိပြီး ဘင်္ဂလားဒေ့ရှစ်မှာမူ US$ 282.945 billion ဖြစ်သည်။ ထို့အပြင် လက်ရှိ ဘင်္ဂလားဒေ့ရှ်တွင် အလုပ်လက်မဲ့အများစုမှာ အထည်ချုပ်စက်ရုံမှ အလုပ်သမားများ ဖြစ်သည်ဆိုတော့ တကယ်လို့များ သူတို့တကယ် လာရင်ဖြင့် ကျုပ်တို့အထည်ချုပ်တွေက ကလေးမတွေအစား ရင်လေးမိပါရဲ့။ ကျုပ်တို့တိုင်းပြည်ကြီး အနူလဲရာ ဘာထောင်းတယ်ဆိုသလိုများ ဖြစ်သွားလေမလား။ သူတို့တွေ ဝင်လာရင်ဖြင့် တို့ မြန်မာနိုင်ငံသားများ အလုပ်လက်မဲ့ဦးရေ တိုးပွားသွားလေမလား။ အနည်းဆုံးတော့ အခြေခံလူတန်းစားတွေ အလုပ်လက်မဲ့ ဖြစ်သွားနိုင်ပါတယ်။ စားခွက်လုတယ်ဆိုတဲ့စကားက ရင့်သီးပါတယ်။ ဒါပေမယ့် ရင့်ရင့်ပဲပြောပါရစေ။ သူတို့ တကယ်ဝင်လာရင် မြန်မာပြည်သူတွေ စားခွက်လုခံရပါ လိမ့်မယ်။ ကိုယ့်တိုင်းပြည်မှာ အလုပ်ရှာမလို့ မြန်မာများက ပြည်ပထွက်၊ အဲဒီအချိန်မှာ ဘင်္ဂလားများက အလုံးအရင်းနဲ့ဝင်၊ တစ တစနဲ့ မြန်မာပြည် ဘင်္ဂလားအမျိုခံရဖို့ကိန်းရှိသလားလို့လည်း စဉ်းစားမိပါတယ်။ တရားဝင်သော နည်းဖြစ်စေ၊ တရားမဝင်သော နည်းဖြစ်စေ နည်းမျိုးစုံနဲ့ တို့ ပြည်တွင်းကို ဝင်ဖို့ ကြိုးစားနေကြပါသည်။ နှစ်ဖူးစာဆိုတာ ရွာလည်တတ်ပါရဲ့။ အလုပ်လာလုပ်သော ဘင်္ဂားကိုကိုများနဲ့ အကြောင်းဆက် ပေါင်းဖက်ကြမယ့် တို့ ညီမလေးများ ဘယ်နှစ်ယောက်များ ရှိလေမလဲရယ်လို့ စဉ်းစားမိရင်း သက်ပြင်းသာ အခါခါ ချမိပါတော့သည်။
Qing Minya
No comments:
Post a Comment