စစ်တွေမြို့နယ်နှင့် ပတ်သက်၍ ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်းထိ နောက်ဆုံးရသတင်းများ

စစ်တွေမြို့အတွင်း ယမန်နေ့ညက မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ပါသည်။
အထူးသဖြင့် ဘင်္ဂါလီများက ချောင်းရိုးများမှတစ်ဆင့် စစ်တွေမြို့တွင်းသို့
ဝင်ရောက်ရန်ကြိုးစားသဖြင့် စစ်တွေဒေသခံများက လုံခြုံရေးကို
ညလုံးပေါက်နီးပါး တာဝန်ယူ စောင့်ကြပ်ခဲ့ပါသည်။ စစ်တွေမြို့တွင်းရှိ
ဘီလူးမချောင်းမှတစ်ဆင့် ဘင်္ဂါလီ သုံးဦး မီးသတ်ဝတ်စုံဖြင့်
ဝင်ရောက်ရန်ကြိုးစားခဲ့ကြောင်း စစ်တွေဒေသခံတစ်ဦးက ပြောပါသည်။
လုံထိန်းများနှင့် စစ်တပ်မှလည်း မြို့အတွင်း ကင်းပုန်းများချ၍ လည်းကောင်း၊
လှည့်ကင်းများ လှည့်လည်၍ လည်းကောင်း လုံခြုံရေးကို
တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ယမန်နေ့ည သန်းခေါင်အချိန်တွင်
သေနတ်ပစ်ဖောက်သံအချို့ ကြားခဲ့ရကြောင်း Eleven Media Group မှ သတင်းထောက်၏
ပေးပို့ချက်အရ သိရှိရပါသည်။
ယမန်နေ့ညက စစ်တွေမြို့ပေါ်ရှိ
NGO အချို့၏နေအိမ်များကို သက်ဆိုင်ရာတာဝန်ရှိသူများမှ ဝင်ရောက်ရှာဖွေမှုများ
ပြုလုပ်ခဲ့ကြောင်း စစ်တွေဒေသခံများက ပြောပါသည်။ သက်ဆိုင်ရာမှ
အတည်မပြုနိုင်သေးသော သတင်းများအရ NGO အဖွဲ့တစ်ခု၏
ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကို
ယမန်နေ့ညက ဖမ်းဆီးလိုက်ကြောင်း မျက်မြင်တွေ့ရှိခဲ့သူ စစ်တွေဒေသခံတစ်ဦးက
ပြောပါသည်။ အဆိုပါ ဖမ်းဆီးမှုမတိုင်မီအချိန်က UN အဖွဲ့အစည်းတစ်ခု၏
ရခိုင်ပြည်နယ်တာဝန်ခံ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကို
မောင်တောမြို့ ၃ မိုင်စခန်းတွင် သက်ဆိုင်ရာမှ ဖမ်းဆီးလိုက်သည်ဟု
သတင်းများထွက်ပေါ်ခဲ့ပါသည်။ ထိုသို့ ဖမ်းဆီးခဲ့ခြင်းသတင်းကို မှန်ကန်ကြောင်း
စစ်တွေဒေသခံများက ပြောပါသည်။ အဆိုပါ ဖမ်းဆီးခံခဲ့ရသူ နှစ်ဦးစလုံးမှာ
ဘင်္ဂါလီရိုဟင်ဂျာများဖြစ်ကြောင်း သိရပါသည်။
ယနေ့တွင် UN အဖွဲ့မှ တာဝန်ရှိသူအချို့ လေယာဉ်စင်းလုံးဌားပြီး
စစ်တွေမြို့သို့ ရောက်ရှိလာမည်ဟု သတင်းများထွက်ပေါ်နေပါသည်။ ထိုသတင်းကို
ကြားသိထားရသော်လည်း ယခုအချိန်ထိ အတိအကျမသိရှိရသေးကြောင်း
စစ်တွေလေယာဉ်ကွင်းတွင် စောင့်ဆိုင်းနေသော တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
ယနေ့နံနက်ပိုင်းတွင် ဓညဝတီ (ခ)ရပ်ကွက်ရှိ ဓမ္မရာမ ဘုန်းတော်ကြီးကျောင်းကို ဘင်္ဂါလီရိုဟင်ဂျာများက မီးရှို့လိုက်ကြောင်း သိရပါသည်။
စစ်တွေမြို့တွင် ရပ်ကွက် ၃၃ ခုရှိပြီး နာဇီရွာရပ်ကွက်၊
အောင်မင်္ဂလာရပ်ကွက်နှင့် ဘုမေရပ်ကွက်များမှာ ဘင်္ဂါလီများ
အခြေစိုက်နေထိုင်သည့် ရပ်ကွက်များဖြစ်ကြပါသည်။ အဆိုပါရပ်ကွက်များအနက်
ဘုမေရွာရပ်ကွက်ရှိ ဘင်္ဂါလီများ၏ ထကြွမှုမှာ ငြိမ်သက်သွားပြီဖြစ်သော်လည်း
ကျန်ရပ်ကွက်နှစ်ခုမှာ ငြိမ်သက်မှုမရှိသေးကြောင်းသိရပါသည်။
စစ်တွေမြို့တွင်း၌ ဘင်္ဂါလီများမရှိသလောက် နည်းပါးသွားကြောင်းသိရသည်။
ပြီးခဲ့သည့် ရက်များအတွင်း စစ်တွေမြို့တွင်းရှိ လူမနေသော
ဘင်္ဂါလီနေအိမ်အချို့ကို စစ်တွေမြို့ခံများက မီးရှို့ဖျက်ဆီးလိုက်ပြီး
ဘင်္ဂါလီများ စစ်တွေမြို့တွင်းသို့ နောက်ထပ်ဝင်ရောက်နေထိုင်ခြင်းမရှိရန် လုပ်ဆောင်ခဲ့ပါသည်။ ထို့အပြင် ဗလီအချို့ကိုလည်း ဖျက်ဆီးလိုက်ကြောင်း သိရပါသည်။
ယနေ့တွင် နာဇီရွာရပ်ကွက်ရှိ အကွက်အမှတ် ၁ ၊ ၂ ၊ ၁၁၊ ၁၂ မှ ဘင်္ဂါလီများ ထကြွလာနိုင်သည်ဟု စစ်တွေဒေသခံလုံခြုံရေးတာဝန်ရှိသူအချို့က
ခန့်မှန်းထားကြပါသည်။ အထူးသဖြင့် နာဇီ အကွက် ၁ နှင့် ၂ တွင် အာဘုလူနှင့်
အာမီဆန်း တို့၏နေအိမ်တွင် လက်နက်များစုနေသည်ဟုသော သတင်းများထွက်ပေါ်နေပါသည်။
ထို နှစ်ဦးသည် နာဇီရွာရပ်ကွက်အတွင်း ငွေကြေးချမ်းသာသော
ဘင်္ဂါလီနှစ်ဦးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် မပြတ်ဆက်သွယ်မှု
ရှိနေသူများဖြစ်ကြောင်း သိရပါသည်။
လက်ရှိအချိန်ထိ စစ်တွေမြို့၏
အခြေအနေများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများထံမှ ခိုင်မာတိကျသော
အတည်ပြုချက်မရရှိသေးပဲ စစ်တွေဒေသခံများ၏ သတင်းပေးပို့ချက်များကိုသာ
သတင်းထောက်များက အားပြုနေရကြောင်း သိရသည်။
အကြိုက်များသော Posts
-
ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်တွင် တလအတွင်း တောအရက် ပုလင်းပေါင်း ၂၀၀၀၀ ခန့် ရောင်းထွက်ကြောင်း သိရသည်။ အရက်ချက်လုပ်သူများသည် အရက်လုပ်ခွင့်...
-
သမ္မတရုံး တာဝန်ရှိသူတစ်ဦးဧ။် ဖေ့ဘွတ်တွင်ရေးသားထားသည့် နှိုးဆော်ချက် မိဘပြည်သူများ ခင်ဗျား- နိုင်ငံတော်အစိုးရသည် မိမိနိုင်ငံသား ...
-
(ရိုးမ၃ မှကူးယူဖော်ပြသည်) ယခုကဲ့သို့ စစ်တပ်က ထွက်ပြေးလာရခြင်းနှင့် ပတ်သက်၍ “ကင်းစောင့်ရင်း တန်းလန်းနဲ့ ထွက်ပြေးလာတာ၊ သူတို့က မနိုင်တဲ့ဝန်...
-
ထိုင်းနိုင်ငံအနှံ့ ရေကြီးမှုကြောင့် အနည်းဆုံး လူ ၂၆၀ ကျော် သေဆုံး၍ ၆ ဦး ပျောက်ဆုံးနေပြီး မြန်မာနိုင်ငံသားများ အပါ အ၀င် ဒေသခံ ၂ သန်းကျေ...
-
ဆောင်းပါးရှင် တောသားကြီး မြန်မာပြည်မှာ လူမုန်းအများဆုံး အလုပ်က စစ်သား အလုပ်ပါ၊ အရင်က ပြည်သူချစ်သောတပ်မတော်သားတွေကို အခုမုန်...
-
2011-06-19 နိုင်ငံတကာက မြန်မာ့အရေး ကူညီ ဆောင်ရွက်သူတွေနဲ့ ချိတ်ဆက်နိုင်ဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံ...
-
သိန်းလင်း အတွဲ ၂၆ ၊ အမှတ် ၅၁၃ (၈ - ၁၄ ၊ ၄ ၊ ၂၀၁၁) မြန်မာငွေတန်ဖိုးသည် နိုင်ငံခြားငွေ လဲလှယ်နှုန်းတွင် လာမည့်သုံးလအတွင်း အပြောင်းအလဲတစ်စ...
-
ပန်းတနော် ဦးခန့် ပန်းတနော် ဦးခန့် (ခရစ် ၁၉၁၁-၁၉၈၇) နှင့် ဇနီး။ ပန်းတနော် ဦးခန့် (ခရစ် ၁၉၁၁-၁၉၈၇) ဦးခန့်ကို ၁၉၁၁ ခုန...
-
ဒီဓာတ်ပုံထဲမှာပါတဲ့ကောင်တွေနဲ့ သူတို့ရဲ့သခင်တွေဟာ လူဦးရေအဆမတန်တိုးပွားနေတဲ့ ဘင်္ဂလားဒေ့ရှ်မှာ မနေနိုင်တော့တဲ့ ဘင်္ဂလီကုလားတွေကို...
-
ရန်ကုန်မြို့ ဆူးလေ စေတီတော်တွင် မွန်းလွဲ ၁ နာရီ ခွဲခန့်က သံဃာတော် အပါး ၁၀၀ ကျော်ခန့်သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ဖြစ်စဉ်များနှင့် ပ...
No comments:
Post a Comment