====================
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း (၁၀၀) ကျော် ရှိသည့်အနက် ရိုဟင်ဂျာ ဟူသော အမျိုးအနွယ် မပါပါဘူး။ ဘယ်တုန်းကမှလည်း ရိုဟင်ဂျာကို နိုင်ငံသားအဖြစ် အသိအမှတ် မပြုပါဘူး။
(ဦးခင်ရီ၊ ပြည်ထောင်စုဝန်ကြီး)
“ပြည်ထဲရေးဝန်ကြီးဌာန၊ သတင်းစာရှင်းလင်းပွဲ(၁၄-၁-၂၀၁၂)
မေး-ခင်မောင်ညို(ဘောဂဗေဒ) - တာလီဘန်ကိစ္စ စိတ်ဝင်စားပါတယ်။ လုံခြုံရေးအရ ပြော လို့ရမယ်ဆိုတာ တာလီဘန်နဲ့ မြန်မာနိုင်ငံ မည်ကဲ့သို့ ဆက်နွယ်နေသည်ကို သိလိုပါတယ်။
ဖြေ-ပြည်ထောင်စုဝန်ကြီး - တာလီဘန် ၀င်ရောက်သော နေရာ ဘယ်နေရာဖြစ်မယ်လို့ ခန့် မှန်းပါသလဲ။ အဲဒီနေရာကနေ ထိုးဖောက်ဝင်ရောက်လာပြီး စည်းရုံးခြင်း၊ သင်တန်းပေးခြင်း များ ရှိ၍ ဖော်ထုတ်ဖမ်းဆီး အရေးယူလိုက်ရပါတယ်။ ၀င်ရောက်ဖမ်းဆီးချိန်တွင် အကုန် မမိဘဲ တစ်ချို့တစ်ဝက်မှာ ထွက်ပြေးလွတ်မြောက်သွားပါတယ်။ နိုင်ငံအတွက်လည်း တာလီ ဘန်ကိစ္စသည် အရေးကြီးပါတယ်။
No comments:
Post a Comment