ရန်ကုန် ဇွန် ၁၁
ရခိုင်အရေးအခင်းတွင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားခဲ့သူဟု သံသယဖြစ်ရသူ မောင်တောတွင်နေထိုင်သည့် ရိုဟင်ဂျာခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဒေါက်တာထွန်းအောင်နှင့် အခြားသူနှစ်ဦးကို ထိန်းသိမ်းလိုက်ကြောင်း အမည်မဖော်လိုသူ အစိုးရ အရာရှိကြီးတစ်ဦးက ထုတ်ဖော်ပြောကြားသည်။
“ သူ့ကို ဟိုမှာပဲ စစ်ဆေးနေပါတယ်။ရန်ကုန်ကိုခေါ်မလာသေးပါဘူး” ဟု ထိုသူကပြောသည်။
အခြားသတင်းအရင်းအမြစ်တစ်ခုမှလည်း ထိုသတင်းမှန်ကန်ကြောင်း အတည်ပြုပေးသည်။ သက်သေအထောက်အထားများနှင့်အတူ လက်ရ ဖမ်းမိခြင်းဟုလည်း သိရသည်။
ဒေါက်တာထွန်းအောင်၏ သမီးဖြစ်သူကိုလည်း စစ်တွေမှရန်ကုန်သို့ လေယာဉ်ဖြင့် မထွက်ခွာမီ ထိန်းသိမ်းနိုင်ခဲ့သည်ဟုသတင်းရရှိသည်။
“စုံစမ်းစစ်ဆေးမှုတွေဆက်လက်လုပ်သွားမှာဖြစ်ပါတယ်” ဟု အဆိုပါ အရာရှိကြီးကပြောကြားသည်။
( စိစစ်ဆဲ Case ဖြစ်ပါသည်။ လက်ရှိအချိန်တွင် ထုတ်ပြန်နိုင်ခြင်း မရှိသေးပါ။
အချက်အလက်များ ခိုင်မာပြည့်စုံချိန်တွင် တရားဝင် ထုတ်ပြန်ကြေညာသွားမည် ဖြစ်ပါသည်။ )
ဟု သမ္မတရုံး အရာရှိတစ်ဦးဧ။် ဖေ့ဘွတ်စာမျက်နာတွင် လွန်ခဲ့သည့် 25 မီးနစ်ခန်.ကရေးသားဖော်ပြခဲ့သည်။

No comments:
Post a Comment