စစ်တွေမြို. အခြေအနေ
စစ်တွေမြို့တွင်
ရခိုင်လူမျိုးအများစုနှင့် သံတော်လီကျေးရွာရှိ လူမျိုးခြားတို့
ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ ငါးဦး သေဆုံး၊အိမ်ခြေ ၇၀ နီးပါးမီးလောင်မှုကြောင့်
ပျက်စီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ၂၀၁၂ ခု၊ ဇွန်လ(၁၁)ရက်နေ့
မွန်းလွဲပိုင်းတွင် ရခိုင်လူမျိုးအများးစုနှင့် သံတော်လီကျေးရွာရှိ
လူမျိုးခြားတို့ ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ ငါးဦး သေဆုံး၊အိမ်ခြေ ၇၀ နီးပါး
မီးလောင်မှုကြောင့် ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း သိရှိသည်။
ရခိုင်လူမျိုးအများစုနှင့် သံတော်လီကျေးရွာရှိ လူမျိုးခြားတို့
ခိုက်ရန်ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းမှာ ဇွန်လ ၁၁ ရက်နေ့
နံနက်ပိုင်းက ထွက်ပေါ်လာခဲ့သည့် သတင်းတစ်ခုကြောင့်
စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ
ထွက်ပေါ်ခဲ့သည့် သတင်းမှာ နံနက်ပိုင်းက ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားလာနေသည့်
ရခိုင်အမျိုးသမီးဦးကို သံထော်လီကျေးရွာရှိ လူမျိုးခြားများမှ
ဖမ်းဆီးခေါ်ဆောင် သွားသောကြောင့်ဖြစ်သည်။
ယင်းထွက်ပေါ်ခဲ့သည့်
သတင်းကြောင့် နံနက် (၁၁)နာရီအချိန်ဝန်းကျင်တွင် ကျေးရွာအများရှိ
ရခိုင်လူမျိုးများ တစ်ဖြည်းဖြည်းများလာပြီး သံထော်လီကျေးရွာမှ
လူမျိုးခြားနှင့် မွန်းလွဲ (၁း၄၅) အချိန်တွင်
ခိုက်ရန်ဖြစ်ပွားခဲ့ကာအဆိုပါကျေးရွာရှိ နေအိမ်များ
မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။ အဆိုပါကဲ့သို့
ခိုက်ရန်ဖြစ်ပွားမှုတွင် ရခိုင်လူမျိုးဦးရေ တစ်ထောင့်ငါးရာ ၀န်းကျင်နှင့်
လူမျိုးခြားဦးရေ တစ်ထောင်ဝန်းကျင်တို့ ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။
ယင်းဖြစ်စဉ်ကြောင့် ဇွန်လ(၁၁)ရက်နေ့ ညနေ ၆ နာရီအချိန်ထိ
တွေ့ရှိခဲ့သည့်အလောင်း (၅)ဦးရှိခဲ့ပြီး သေဆုံးသူများမှာ
ရခိုင်လူမျိုး(၃)ဦးနှင့် လူမျိုးခြားနှစ်ဦးတို့ သိရှိရသည်။
အဆိုပါကဲ့သို့ ခိုက်ရန်ဖြစ်ပွားနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် လုံခြုံရေး
တာဝန်ထမ်းဆောင်နေသည့် ရဲမှူးကြီးလှမိုးက “ဒီဖြစ်စဉ်က ရှင်းရှင်းလေးရယ်နဲ့
အခက်တွေ့နေတာပါ ပြည်နယ်အတွင်းမှာက ဟိုဘက်လုပ်လိုက်၊ ဒီဖက်ကလုပ်လိုက်
သတင်းတွေ မကြာခဏကြားရတယ်၊ အချို့သတင်းတွေက မမှန်ကန်ဘူး၊
အခုဖြစ်စဉ်ဆိုရင်လည်း ရခိုင်အမျိုးသမီးတစ်ယောက်ကို အဲဒီသံထော်လီကျေးရွာက
လူမျိုးခြားတွေ ဖမ်းခေါ်သွားတယ်ဆိုတဲ့ သတင်းကြောင့် မခံနိုင်တဲ့
ရခိုင်လူမျိုးတွေက တစ်ဖြည်းဖြည်းများလာပြီး အဲဒီဖမ်းခေါ်သွားတယ်ဆိုတဲ့
လူမျိုးခြားကျေးရွာတို့ကို ၀င်ပြီးတော့ နှစ်ဖက်ခိုက်ရန်
ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ရခိုင်လူမျိုးတွေက မွန်းလွဲ ၁၂း၃၀ လောက်မှာ
အဲဒီကျေးရွာ ပတ်ဝန်းကျင်မှာ တဖြည့်းဖြည်း များလာတဲ့အချိန်မှာပဲ ရဲကင်းက
တာဝန်ရှိသူတွေက လူစုခွဲဖို့အတွက် မိုးပေါ်ထောင်ပြိး သေနတ်ပစ်ခဲ့တယ်။ အဲဒါကို
သံတော်လီကျေးရွာထဲက လူမျိုးခြားတွေက ပစ်တယ်လို့ထင်ပြီးတော့ ပိုပြီး
စိတ်မထိန်းနိုင်တော့ပဲ အခုလိုဖြစ်ခဲ့တာပါ”ဟု ရှင်းလင်းပြောကြားခဲ့သည်။
ဖြစ်စဉ်တွင် ရဲတပ်ရင်းမှ ၀င်ရောက် ထိန်းပေးနေသည့်အချိန်တွင်
သံထော်လီကျေးရွာအတွင်းမှ သေနတ်ဖြင့်ပြန်လည်ပစ်ခတ်ခဲ့သဖြင့် ရဲတပ်ရင်းမှ
ခြောက်လှန့်သည့်အနေထားဖြင့် အကြိမ်ရေ ၁၅ ကြိမ်ခန့်
ပြန်လည်ပစ်ခတ်ရကြောင်းသိရှိရသည်။ အဆိုပါရဲတပ်ရင်းမှ တာဝန်ရှိသူများသည်
မွန်းလွဲပိုင်း (၁း၄၅)အချိန်တွင် အဆိုပါကျေးရွာထဲသို့ ၀င်ရောက်ပြီး
လူမျိုးခြားများကို ခေါ်ယူ၍ ခိုက်ရန်မဖြစ်ကြရန် ဆွေးနွေးခဲ့ပြီး
သံထော်လီကျေးရွာနှင့် ရခိုင်လူမျိုးများ နေထိုင်သည့် ကျေးရွာများကြားတွင်
တပ်မ(၂၁၀)မှ တပ်ခွဲတစ်ခွဲလုံခြုံရေးယူကာ ငြိမ်းချမ်းစွာဆောင်ရွက်ခဲ့ကြောင်း
သိရှိရသည်။ ဆက်လက်၍ ရဲမှူးကြီးလှမိုးက “ကောင်းမွန်စွာနေထိုင်၍
အေးအေးချမ်းချမ်းဖြစ်ဖို့အတွက် တာဝန်ယူပါတယ်။ ဒါပေမဲ့ ကျွန်တော်ပြောချင်တာက
နာကျည်းတဲ့စိတ်တွေကို ရှေ့မထွက်ပဲ နေဖို့လိုတယ်။ တာဝန်ရှိတဲ့
နိုင်ငံတော်အစိုးရက ဥပဒေအရ အရေးကြောင်းအရ အရေးယူပေးသွားမှာပါ”ဟု
ပြောကြားခဲ့သည်။
အကြိုက်များသော Posts
-
သိန်းလင်း အတွဲ ၂၆ ၊ အမှတ် ၅၁၃ (၈ - ၁၄ ၊ ၄ ၊ ၂၀၁၁) မြန်မာငွေတန်ဖိုးသည် နိုင်ငံခြားငွေ လဲလှယ်နှုန်းတွင် လာမည့်သုံးလအတွင်း အပြောင်းအလဲတစ်စ...
-
သန်ဝင်းလှိုင် ဧပြီ ၁၁၊ ၂၀၁၁ သခင်ချစ်မောင်(ဝိဓူရ)ကို ၁၉၁၅ ခုနှစ်နိုဝင်ဘာ ၁၅ ရက်သောကြာနေ့ ညနေ ၃ နာရီတွင် ဝံသာနုအသင်းခေါင်းဆောင် မြေပိုင်ရှင...
-
ထိုင်းနိုင်ငံအနှံ့ ရေကြီးမှုကြောင့် အနည်းဆုံး လူ ၂၆၀ ကျော် သေဆုံး၍ ၆ ဦး ပျောက်ဆုံးနေပြီး မြန်မာနိုင်ငံသားများ အပါ အ၀င် ဒေသခံ ၂ သန်းကျေ...
-
မြန်မာ့တပ်မတော် သံချပ်ကာတပ် မြန်မာ့တပ်မတော်ရေထုတ် စစ်ရေယာဉ်များ လေကြောင်းချီတပ်ရင်းများ တပ်မတော်လေ အေ-၅ တိုက်လေယာဉ်များ မြန်မာ့တပ်မတေ...
-
ရန်ကုန်မြို့ ဆူးလေ စေတီတော်တွင် မွန်းလွဲ ၁ နာရီ ခွဲခန့်က သံဃာတော် အပါး ၁၀၀ ကျော်ခန့်သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ဖြစ်စဉ်များနှင့် ပ...
-
ထိုင်းရှိ ရွှေ့ပြောင်းလုပ်သား မှတ်ပုံတင်ခွင့် ဇွန် ၁၅ ရက်စတင် အောင်မြတ်စိုး | ကြာသပတေးနေ့၊ မေလ ၁၂ ရက...
-
ဆားပုလင်းနှင်းမောင် ဖေ့ဘွတ်စာမျက်နာမှ
-
( ပရော်ဖက်ဆာဒေါက်တာကြွက် စာမျက်နာမှ ကူးယူဖော်ပြသည်) မိအေးအော်တာပဲ ပြမနေကြပါနဲ. ဂဏာန်းလှပ်တာလေးလဲမြင်အောင် ပြပေးကြပါ...... မြန်မာတွေ မြန...
-
Thursday, 30 June 2011 00:00 မတရား ဖမ်းဆီးကာ ငါးဖမ်းလှေပေါ်သို့ ရောင်းချခံရတော့မည့်...
-
ဘစောတင် Thursday, 09 June 2011 17:59 (ဧရာဝတီ မှကူးယူဖော်ပြသည်) ထိုင်းန...
No comments:
Post a Comment