.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Thursday, March 29, 2012

မစ္စတာ ဖာနီဘယ်



ဦးသန့်
လွန်ခဲ့သော ၇နှစ် ၈နှစ်လောက်က ကော်မရှင်နာလမ်း ကောလိပ်ကျောင်း များ နောက်တွင် မြန်မာပြည် စာအုပ် အသင်းတိုက်ဟူသော

အမည်များစွာ မထင်ရှားသေးသော စာအုပ်ဆိုင် တစ်ဆိုင် ရှိပါသည်။ အကယ်၍ သင်သည် ထိုဆိုင်သို့ စာအုပ်ဝယ်ရန် ရောက်ပါမူ စာအုပ်ဘီရိုများကို ဖုံသုတ်လျက်နေသော အင်္ဂလိပ်လူမျိုး တစ်ဦးကို မြင်နိုင်ပေသည်။
ထိုသူမှာ အရပ်ရှည်ရှည်၊ မျက်နှာသွယ်သွယ်၊ ဆံပင်တိုတို၊ ညှပ်ထားလျက် အသက် ၅၀ ကျော် ၆၀ နီးပါးမျှဟု ခန့်မှန်းနိုင်ပေသည်။ အ၀တ်အစားမှာလည်း သပ်သပ်ရပ်ရပ် သစ်သစ်လွင်လွင် မရှိလှပေ။ အတွင်းဘက်နားရှိ စာရေးသော စားပွဲပေါ်တွင် ဟောင်းနွမ်းသော ဦးထုတ်တစ်လုံးကို မြင်နိုင်ပေသည်။ ၄င်းဦးထုတ်၏ အနီးတွင် အင်္ဂလိပ်စာအုပ်အချို့နှင့် မြန်မာစာအုပ်အချို့ ရှိ၏။ မြန်မာစာအုပ်များကား မြန်မာစာ ညွန့်ပေါင်းကျမ်း၊ ဦးတုတ်ကြီးရေးသော သရာဇကျမ်းနှင့် အခြားကျမ်းအချို့ ဖြစ်သည်။
သင်ဝင်လာသည်ကို မြင်လျှင် ထိုအင်္ဂလိပ်ကြီးသည် ဖုံသုတ်ခြင်းကို ခေတ္တရပ်နားလျက် သင့်အား မည်သည့်စာအုပ် အလိုရှိပါသနည်းဟု မေးလိမ့်မည်။ သင်အလိုရှိရာ စာအုပ်သည် ထိုဆိုင်မှာရှိလျှင် အလွယ်တကူ ယူ၍ပေးလိမ့်မည်။ တစ်ခါတစ်ရံမူကား စားပွဲတစ်လုံးတွင် အလုပ်လုပ်နေသော မြန်မာလူငယ်အား လှမ်း၍ သင်အလိုရှိရာ စာအုပ်ကို ပေးရန် ပြောလိမ့်မည်။
သင်သည် စာအုပ်ဆိုင်အ၀နားတွင်ရှိသော မော်တော်ကားကို ဂရုမပြုမိလျှင်

ပဒိုမန်းရှာလာဖန်း အတ္ထုပ္ပတ္တိ


0g
ပဒိုမန်းရှာလာဖန်းအား ၁၉၄၃ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့ တွင် ဧရာဝတီတိုင်း ပန်းတနော် မြို့ နယ်၊ တောကျောင်းကျေးရွာနေ အဖ မန်းဘသော်နှင့် အမိ ဂါနမ့်တင်တို့ မှ ဖမွးဖွားခဲ့ သည်။ မွေးချင်းမောင်နှ မ (၂)ယောက်အနက် ဒုတိယမြောက်သား ဖြစ်သည်။ အမည်အရင်း မန်းချစ်ရွှေ ဖြစ်ပြီးတော်လှန်ရေး အမည်မှာ မန်းရှာလားဖန်း ဖြစ်သည်။
၁၉၅၉ – ၆၀ ခုနှစ်တွင် ပန်းတနော်မြို့ နယ်၊ ယင်းတိုက်ကုန်း အလယ်တန်းကျောင်းတွင် မူလ တန်းနှင့် အလယ်တန်းပညာကို သင်ယူခဲ့ပြီး ပန်းတနော် အထက်တန်းကျောင်းတွင် (၈)တန်း အောင်မြင်ကာ ရန်ကုန်မြို့ တွင် အထက်တန်းအောင်မြင်ခဲ့သည်။
၁၉၆၂ ခုနှစ်တွင် ရန်ကုန်မြို့ ၌ တက္ကသိုလ်ပညာသင်ကြားရင်း ၁၉၆၂ ခုနှစ်၊ ဆဲဗင်းဇူလိုင် အ ရေးအခင်း တွင် ပါဝင်လှုပ်ရှားခဲ့သည်။ ၁၉၆၆ ခုနှစ်၌ တက္ကသိုလ်ဝိဇ္ဇာတန်းကို သမိုင်းဘာသာ အဓိကဖြင့် ဘွဲ့  ရရှိခဲ့သည်။
၁၉၆၃ ခုနှစ်ကုန်ပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး(ကေအင်န်ယူ)နှင့် ဆက်သွယ်၍  ၁၉ ၆၆ ခုနှစ် အထိ ကေအင်န်ယူ၏ မြေအောက်လှုပ်ရှားမှုတာဝန်များကို ဆောင်ရွက်ခဲ့သည်။
၁၉၆၇ ခုနှစ်တွင် ပဲခူးရိုးမ တော်လှန်ရေးနယ်မြေထဲသို့  ၀င်ရောက်လာခဲ့ပြီး ကရင်အမျိုးသား အစည်း အရုံး၏တာဝန်များကို ထမ်းဆောင်ခဲ့သည်။
၁၉၇၅ ခုနှစ်တွင် ကေအင်န်ယူ တပ်မဟာ (၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၏ တွဲဖက်အတွင်း ရေးမှုး အဖြစ် တာဝန်ပေးအပ်ခံရပြီး ၁၉၈၄ ခုနှစ်အထိ တာဝန်ယူခဲ့သည်။
၁၉၇၆ ခုနှစ်တွင် ကရင်တော်လှန်ရေး ရဲမေ နမ့်ကျင်ရွှေနှင့် ကေအင်န်ယူညောင်လေးပင်ခရိုင် တွင် လက်ထပ်ခဲ့ပြီး စောစေးစေး၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်း၊ စလုံ့ ဖန်း သားသမီး (၄)ဦး ထွန်းကား ခဲ့သည်။
၁၉၈၄ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF)ဗဟိုသဘာပတိအဖွဲ့ ဝင်တဦး အ ဖြစ် တာ ၀န်ယူခဲ့ပြီး ၁၉၈၄ ခုနှစ် ကရင်နီနယ်စပ်မှ ရှမ်းပြည်တောင်ပိုင်း၊ ရှမ်းပြည်မြောက် ပိုင်း ကချင်ပြည်နယ် စပ်အထိ မြောက်ပိုင်းခရီးရှည် စည်းရုံးရေးခရီးစဉ်တွင် KNPP, KNU, ALP, PPLO, PSLP, NMSP, KIO, SSPP, အဖွဲ့ များမှ တိုင်းရင်းသားခေါင်းဆောင်ကြီး များနှင့်အတူ ဒုတိယ စစ်ရေးခေါင်းေ်ဆာင် တဦးအဖြစ် ပါဝင်ခဲ့သည်။ ထိုခရီးစဉ်တွင် (NDF)၏ တိုင်းရင်းသားလူမျိုးများ တန်းတူရေးနှင့် ကိုယ် ပိုင်ပြဌာန်းခွင့်ရရှိရေး၊ စစ်မှန်သည့်ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို ဒေသခံတိုင်းရင်းသားခေါင်းဆောင်များ၊ ပြည်သူများအား တက်တက်ကြွကြွ ဆွေးနွေးဆောင်ရွက်ခဲ့သူတဦး ဖြစ်သည်။
၁၉၈၄ ခုနှစ်တွင် ကေအင်န်ယူ ဗဟိုကော်မတီအဖွဲ့ ဝင်တဦး ဖြစ်လာပြီး ၁၉၈၈ ခုနှစ်အထိ ဗိုလ်ချုပ်ကြီးစောဘိုမြ၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီးမှ တော်လှန်ရေးနယ်မြေအတွင်းသို့ ရောက်ရှိလာသည့် ကျောင်း သားများစုစည်းရေး၊ ညီညွတ်ရေးနှင့် ပေါင်းစည်းရေးလုပ်ငန်းများကို အင်တိုက်အား တိုက် ဆောင်ရွက် ပေးခဲ့သူတဦး ဖြစ်သည်။
၁၉၈၉ ခုနှစ် မြန်မာပြည် ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ ချုပ် (DAB) စတင်ဖွဲ့ စည်းရာတွင် ခေါင်းဆောင် တဦးအဖြစ် ပါဝင်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တဦးအဖြစ် တိုင်း ရင်းသားအင်အားစုများ နှင့် ဒီမိုကရေစီအင်အားစုများ စုစည်းရေးနှင့် ညီညွတ်ရေးတို့ ကို ကြိုး ပမ်းဆောင်ရွက်ခဲ့သည်။
၁၉၉၂ ခုနှစ် စက်တင်ဘာလ (၂၂)ရက်နေ့  ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB)ကို စတင်ဖွဲ့ စည်းရာတွင် ပါဝင်ခဲ့ပြီး တွဲဖက်အထွေထွေအတွင်းရေးမှူး(၃)အဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည်။ ကွယ်လွန်သည့်အချိန်အထိလည်း (NCUB)၏ အတွင်းရေးမှူးအဖွဲ့ ဝင်အဖြစ် တာဝန်ယူခဲ့သည်။
၁၉၉၅ ခုနှစ် (၁၁)ကြိမ်မြောက် ကေအင်န်ယူကွန်ဂရက်တွင် တွဲဖက်အထွေထွေအတွင်းရေး မှူး(၂) အဖြစ် ရွေးကောက်တင်မြောက်ခြင်း ခံခဲ့ရသည်။
၁၉၉၅ ခုနှစ် ဒီဇင်ဘာမှ ၁၉၉၆ ခုနှစ်  နှစ်ကုန်အထိ ကရင်အမျိုးသားအစည်းအရုံး ကေအင်န် ယူနှင့် န ၀တတို့  တွေ့ ဆုံဆွေးနွေးပွဲ (၄)ကြိမ် ပြုလုပ်ခဲ့ရာ ၁၉၉၆ ခုနှစ် ဖေဖေါ်ဝါရီလ၊ မော် လမြိုင်မြို့ တွင် ပြု လုပ်ခဲ့သည့် ဒုတိယအကြိမ်ဆွေးနွေးပွဲတွင် အဖွဲ့ ခေါင်းဆောင်၊ ၁၉၉၆ ခုနှစ် ဇွန်လ ဗိုလ်ချုပ်ကြီးတာမ လာဘော ဦးဆောင်သည့် မော်လမြိုင်မြို့ တွင် ပြုလုပ်သည့် တတိယ အကြိမ်ဆွေးနွေးပွဲတွင် ဒု-အဖွဲ့  ခေါင်းဆောင်။ ၁၉၉၆ ခုနှစ် နိုဝင်ဘာလ ဗိုလ်ချုပ်ကြီးတာမ လာဘော ဦးဆောင်သည့် စတုတအကြိမ် ဆွေးနွေးပွဲတွင် ဒု -ခေါင်းဆောင်အဖြစ် ဆောင်ရွက် ခဲ့သည်။
၂၀၀၀ ပြည်နှင့် (၁၂)ကြိမ်မြောက် ကေအင်န်ယူကွန်ဂရက်တွင် ကေအင်န်ယူ၏ အထွေထွေ အတွင်းရေးမှုးအဖြစ်လည်းကောင်း၊ ၂၀၀၄ ခုနှစ် (၁၃)ကြိမ်မြောက် ကွန်ဂရက်တွင်လည်း အ ထွေအထွေ အတွင်းရေးမှူးအဖြစ် ထပ်မံရွေးချယ်ခြင်းခံခဲ့ရသည်။
ပဒိုမန်းရှာလားဖန်းသည် စာရေး၊ စာဖတ်ဝါသနာထုံပြီး ကေအင်န်ယူဗိုလ်မှ ထုတ်ဝေသည့် သနူး ထူးဂျာနယ်နှင့် လွတ်မြောက်နယ်မြေမှ ထုတ်ဝေသည့်စာစောင်ဂျာနယ်များတွင်လည်း “ရေဆန်”“တော် လှန်သောရဲဘော်တဦး”“ဇိုယန်ဖန်း”စသည့် ကလောင်အမည်များဖြင့် တော် လှန်ရေးခေါင်းဆောင်များ၊ ရဲဘော်များ၏ အတုပတ္တိအကျဉ်းများ၊ တော်လှန်ရေးနှင့်အတွေး အခေါ်ဆိုင်ရာဆောင်းပါးများ၊ ကဗျာ များကို ရေးသားခဲ့သည်။
၂၀၀၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့  ညနေ (၄)နာရီ (၄၆)မိနစ်အချိန်တွင် မသမာလူ တစု၏ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရသည်။

အပေါင်သား (နည်းပညာ): Gtalk ဖြင့် IP ကြည့်နည်း

အပေါင်သား (နည်းပညာ): Gtalk ဖြင့် IP ကြည့်နည်း: အခုကျွန်တော်သိတာလေး ကတော့ အကယ်၍ တစ်ဖက်ကသာ Gtalk ကို Proxy သို့ Tunneling လုပ်ပြီး မသုံးဘူးဆိုရင်တော့ နေရာ အတိအကျကို သိဖို့ဖြစ်နိုင်ပါတယ်...

လက်ဆောင်လေးပါ

Burma fonts
PhotobucketZawgyi-One Font ကဒီမှာ(Clip Here) Key Board Layout Sotfware ကဒီမှာ(Clip Here)

နေပြည်တော်မှ ၀န်ထမ်းတစ်ဦးမှ ပေးစာ


(ဒီရေ ဘလော့ဂ်မှကူးယူဖော်ပြသည်)

(ဓာတ်ပုံ - မက်ဆင်ဂျာ ဖေ့စ်ဘုတ်မှ)
အခု နေပြည်တော်မှာ ကျပ် ၂ သိန်းတန် ဖုန်းတွေ ချပေးနေပါပြီ။ ဦးစီးဌာနတွေ အနေနဲ့ ဝန်ထမ်း အရေအတွက် ရှိသလောက် အဲဒီ ၂ သိန်းတန် ဖုန်းကို ဝယ်ယူ ရမယ်လို့ သက်ဆိုင်ရာ ဝန်ကြီး ဌာနတွေနဲ့ မြန်မာ့ ဆက်သွယ်ရေး က အတင်းအကြပ် လုပ်နေပါတယ်။

ဥပမာ ဝန်ထမ်း ၁၀၀ ရှိတဲ့ ဌာနက ဝန်ထမ်းတွေ ဆီက ငွေကောက်ပြီး ဖုန်းဖိုး သွားသွင်းတဲ့ အခါ လူ ၈၀ လောက်ပဲ ဖုန်း ယူတယ် ဆိုရင် မရဘူး လူ ၁၀၀ စာ စလုံး ယူရမယ်။ ခင်ဗျားတို့ ဌာနက လူစာရင်းကို သမ္မတ ရုံးကို ပို့ထားတယ်။ လူ ၁၀၀ စာမပြည့်ရင် မရဘူး အရေးယူ ခံရမယ် စသည်ဖြင့် ပြောပါတယ်။

အဲဒါကြောင့် ဦးစီးဌာနတွေ အနေနဲ့ မိမိတို့ ဌာန ရန်ပုံငွေထဲက ငွေစိုက်ပြီး ဆက်သွယ်ရေးက ဖုန်းကို ဝယ်ပေးထား၊ နောက်တော့မှ ဝန်ထမ်းတွေ ဆီက လပေးနဲ့ တစ်လ (၂၀၀၀၀) နှုံးလောက်နဲ့၊ ငွေပြန်ဖြတ်လုပ်နေရပါတယ်။

တစ်လ ၄ သောင်း ၅ သောင်းလောက်သာရတဲ့ အောက်ခြေ ဝန်ထမ်းတွေ အတွက် တယ်လီဖုန်း တစ်လုံး ၂ သိန်းဆိုတာ များနေပါတယ်။ ပြီးတော့ ဖုန်းလက်ရှိ၊ ရှိနေတဲ့ အရာရှိတွေ ကလည်း ဖုန်း မယူချင်ကြပါဘူး။ အားလုံးက ၅၀၀၀ တန်ဖုံးကိုပဲမျှော်လင့်နေပါတယ်။

အခုဟာ က မြန်မာ့ဆက်သွယ်ရေးဟာ တော်တော်အောက်တန်းကျတဲ့အလုပ်ကိုလုပ်တာပါ။ တယ်လီဖုန်းတွေ သိန်း ၄၀ ၊ ၅၀ လောက် အမြတ်နဲ့ ရောင်းရတုန်းက ဝန်ထမ်း အငယ်တွေကို လှည့်တောင် မကြည့်ပါဘူး၊ အခု ၂ သိန်းတန်ဖုန်းတွေ ရောင်းမရတော့ ဝန်ထမ်း တွေကို အတင်း ယူခိုင်းပါတယ်။ ကုမ္မဏီနဲ့ ပေါင်းပြီး လုပ်တယ် ဆိုတာ ထင်ရှားပါတယ်။

မခံမရပ်နိုင်လွန်းလို့ ရေးလိုက်တာပါ အများ သိအောင် ကြော်ငြာပေးပါပါ။ အဲဒီတော့မှ သူတို့ မတရား လုပ်နေတာတွေ ရပ်ပါလိမ့်မယ်။ မဟုတ်ရင် နည်းမျိုးစုံနဲ့ ဝန်ထမ်းတွေဆီက ပိုက်ဆံကို ညစ်ပတ်ယူနေဦးမှာ။

စာဖတ်သူ ဖတ်လို့ ကောင်းအောင် ကြိုက်သလို စာကို ပြင်ဆင်ပြီး တင်ပေးပါ။ ကျွန်တော်က မခံမရပ်နိုင်လွန်းလို့ စာရေးလိုက်တာပါ။ လူဖတ်လို့ ကောင်းအောင် စာမရေး တတ်ပါဘူး။

နေပြည်တော်မှ ၀န်ထမ်း တဦး

အထည်ချုပ်ကားတိမ်းမှောက်ရာ ကိုယ်ဝန်ဆောင်သည်ပါ သေဆုံးပြီး ဒါဏ်ရာရသူ များပြား


(ရိုးမ၃ မှကူးယူဖော်ပြသည်)
စက်ရုံကြိုပို့ကား တိမ်းမှောက်မှုကြောင့် ကိုယ်ဝန်ဆောင်သည်များပါ သေဆုံးခဲ့ပြီး စက်ရုံပိုင်ရှင်က တစုံတရာ လျော်ကြေးပေး ဆေးကုသခြင်းမရှိကြောင်း ဝန်ထမ်းတဦးက ပြောသည်။
ကားတိမ်းမှောက်မှုကြောင့် ဒဏ်ရာ ရထားသူတဦး
ကားတိမ်းမှောက်မှုကြောင့် ဒဏ်ရာ ရထားသူတဦး
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာ စက်မှုဇုံမှ ADK အထည်ချုပ်စက်ရုံမှ ယာဉ်မောင်း ကျော်မင်း မောင်းနှင်သည့်ကားသည် ယခုလ ၁၅ ရက်နေ့ညပိုင်းတွင် တိမ်းမှောက်ခဲ့ခြင်းကြောင့် အလုပ်သမားလေးဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။
“အချိန်ပိုဆင်းပြီးပြန်လာတဲ့အချိန် ည ၉ နာရီလောက်မှာဖြစ်တာ၊ ဒညင်းကုန်းလမ်းဆုံမရောက်ခင်မှာ ကားသမားက ရှေ့ကားကို ကျော်တက်ရင်း ကွန်တင်နာ တင်လာတဲ့ကားနဲ့ချိတ်မိပြီး မှော​က်သွားတာ၊ နေရာမှာဘဲ တယောက်ပွဲချင်းပြီးသေတယ်၊ နောက်ထပ်သုံးယောက်က ဆေးရုံမှာ ဆုံးသွားတာ၊ ဒါဏ်ရာရသူတွေလဲ အများကြီးဘဲ” ဟုပြောသည်။
အခင်းဖြစ်ပွားစဉ် ဒေါ်ယုကြည်(၄၅) နှစ်မှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒေါ်အေးမြင့် (၄၂) နှစ်၊ မသီတာဝင်း(၂၂) နှစ်၊ ကိုယ်ဝန် (၅) လနှင့် မ၀င်းမာစန်း(ခ) လွင်မာဦး(၂၅) နှ​စ်တို့မှာ ဆေးရုံတွင် ထပ်မံသေဆုံးခဲ့ကြောင်း ၎င်းဝန်ထမ်းက ဆက်ပြောသည်။
ထို့အပြင် နှင်းပပအေး (၂၁)နှစ်၊ ဘယ်ဘက်ပုခုံးအဆစ် ပြုတ်။ သန်းစန္ဒာထွေး (၂၄)နှစ်၊ ဦးခေါင်းထိ ဘယ်ဘက်နံရိုး အမှတ်(၂) ကနေ အမှတ်(၁၁) ထိကျိုး။ သန္တာလင်း (၂၇) နှစ် နံရိုးက သားအိမ်​ကို ထိုးမိသည့်အတွက် သားအိမ်ထုတ်ရ။ သူဇာလင်း ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနရော​က်နေပြီး ဦးခေါင်းထိ၊ သရက်ရွက်ကြွေ၊ နှလုံးထိ၊ နံရိုးကျိုး၊ တင်ပဆုံထိ​။ မ၀င်းခိုင် (၁၈) နှစ် ဘယ်ဘက်ခေါင်းထိ။ နှင်းပွင့်ဖြူ (၁၆) နှစ် ညာဘက်လက်သန်း၊ လက်သကြွယ်​၊ လက်ခလယ် ပြတ်တောက်ပြီး အသီးသီး ဆေးရုံတင် ထားရသည်။
စက်ရုံအလုပ်သမားများနေဖြင့် ယင်းကဲ့သို့ ထိခိုက်ဒါဏ်ရာခံစားနေသော်လည်း စက်ရုံပိုင်ရှင်ဘက်မှ တာဝန်ယူမှု တစုံတရာမရှိကြောင်း ဝန်ထမ်းက ဆက်ပြောသည်။
“စက်ရုံက အခုထိဆေးဝါးကုသဖို့ ကုန်ကျစရိတ်ကို မပေးတော့ ဒါဏ်ရာရနေတဲ့ အလုပ်သမတွေ ဓါတ်မှန်ရိုက်ဖို့ ကုန်ကျစရိတ်မတတ်နိုင်တဲ့ အခြေအေ​နဖြစ်နေတယ်၊ စက်ရုံက ပါကင်ဌာန အလုပ်သမား ကျော်မင်းထွန်းတစ်ယောက်ကိုဘဲ ဆေးရုံကိုလွှတ်ပြီး ဆေးဖိုးငွေ အနည်းအကျဉ်းထုတ်ပေးတယ်၊ စက်ရုံတာဝန်ရှိတဲ့သူတွေ တယောက်မှ လာမကြည့်ကြဘူး၊ ကျော်မင်းထွန်းက စက်ရုံ မန်နေဂျာကို ဆေးဝယ်ဖို့ ဘောက်ချာတွေကို ဆရာဝန်တွေပေးထာြး​ပီး ၀ယ်ဖို့ငွေလိုနေကြောင်း ဖုန်းဆက်အကြောင်းကြားတာကို မန်နေဂျာက ဖုန်းမကိုင်ဘဲနေတယ်” ဟု ဆက်ပြောသည်။
အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ အလုပ်ရှင်ဘက်မှ အလုပ်ပြင်ပချိန်တွင် ဖြစ်ပွားသည့်အတွက် တာဝန်မရှိကြောင်း ပြောဆိုသည့်သတင်းများထွက်ပေါ်နြေ​ပီး ဥပဒေလမ်းကြောင်းအရ အလုပ်သမားများအနေဖြင့် တစုံတရာ အကာကွယ်မရသည့်အခြေအနေ ကြုံတွေ့နေရလျှက်ရှိသည်။

မထုံဋ္ဌာနီအနီး လူမှောင်ခိုကား တိမ်းမှောက်


တရားမဝင် မြန်မာပြည်သား ၂၁ သယ်ဆောင် လာတဲ့ ကားတစီး ထိုင်းနိုင်ငံ ပထုံဋ္ဌာနီ အနီးက နေရာတခုမှာ မတ်လ ၂၇ ရက်နေ့က တိမ်းမှောက်ခဲ့တယ်လို့ သိရှိရပါတယ်။
လူကယ်ရီ ကားနဲ့ တရားမဝင် မြန်မာပြည်သား ၂၁ ယောက်တင်ဆောင်လာတဲ့ ကားဟာ ပထုံဋ္ဌာနီအနီးက လန်စစ် အဝင် စစ်ဆေးရေးဂိတ်ကို အစစ်ဆေးမခံဘဲ ဖြတ်မောင်းပြေးရာက တိမ်းမှောက်ခဲ့ပြီး၊ ကားရောလူတွေပါ အနီးနားမှာရှိတဲ့ ချောင်းထဲ ထိုးကျသွားခဲ့တယ်လို့ သိခဲ့ရပါတယ်။
အခင်းဖြစ်ပွားမှုမှာ ကားမောင်းသူ ထိုင်းလူမျိုးအပါအဝင် ၇ ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာနဲ့ အယုဒ္ဓယ ဆေးရုံမှာ ရှိနေပါ တယ်။ ကျန်တဲ့ ၉ ယောက်ကိုတော့ ရဲစခန်းမှာ ခေါ်ယူစစ်ဆေးနေတယ်လို့ သိရှိရပါတယ်။ တရားမဝင် ဝင်ရောက်လာသူ တွေဟာ မြန်မာနိုင်ငံ ကရင်ပြည်နယ်အတွင်းက အများစုဖြစ်ပါတယ်။ သူတို့ကို ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ကနေ တဦးကို ကယ်ရီခ ဘတ်ငွေ ၁၄၅၀ ဘတ်ပေးပြီး မဟာချိုင် ချွန်ဘူလီ ဘန်ကောက် စတဲ့ နေရာတွေမှ အလုပ်လုပ်ဖို့ တက် လာတဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။

Wednesday, March 28, 2012

အယုဒ္ဓယ ကား​မှောက်မှု မြန်မာအလုပ်သမား​ ၆ ဦး​ ​သေဆုံး

 March 28, 2012 by ဒီဗွီဘီ     

ထိုင်း ​နိုင်ငံမှာ ရဲစခန်း​စစ်​ဆေး​ရေး​ဂိတ်တခုကို ဖြတ်​မောင်း​ပြေး​ဖို့​ ကြိုး​စား​တဲ့​ ပစ်ကပ်ကား​တစီး​ ​မြောင်း​ထဲထိုး​ကျပြီး​ မြန်မာ​ရွှေ့​ပြောင်း​ အလုပ်သမား​ ၆ ဦး​ အပါအဝင် လူ ၇ ဦး​လောက် ​သေဆုံး​သွား​တယ်လို့​ ​အေအက်ဖ်ပီသတင်း​မှာ ​ဖော်ပြပါတယ်။
ဘန်​ကောက်မြို့​ ​မြောက်ဘက် ၇၅ ကီလိုမီတာ​လောက်​ဝေး​တဲ့​ အယုဒ္ဓယခရိုင် ဘန့်​ဖရတ် မြို့​နယ်ထဲမှာ ဗုဒ္ဓဟူး​နေ့​က ဖြစ်ပွား​ခဲ့​တာပါ။
ထိုင်း​ကား​ မောင်း​သမား​ အပါအဝင် အမျိုး​သား​ ၂ ဦး​နဲ့​ အမျိုး​သမီး​ ၅ ဦး​ ​သေဆုံး​ပြီး​ ၁၂ ဦး​လောက် ဒဏ်ရာရှိသွား​တယ်လို့​ ဆိုပါတယ်။ ဒဏ်ရာရသူ​တွေထဲမှာ ၁ ဦး​ရဲ့​ အ​ခြေအ​နေက စိုး​ရိမ်ရတယ်လို့​လည်း​ သတင်း​မှာ​ရေး​သား​ထား​ပါတယ်။ ​ဒေသခံ ထိုင်း​ရဲက​တော့​ ကား​မောင်း​သမား​ဟာ လမ်း​ချိုး​ လမ်း​ကွေ့​ကို မထိမ်း​နိုင်ဘဲ တူး​မြောင်း​ထဲကို ကား​ထိုး​ကျသွား​တာဖြစ်တယ်လို့​ ​ပြောပါတယ်။
ဒီကား​ မှောက်မှုနဲ့​ ပတ်သက်ပြီး​ အ​သေး​စိပ်သိရဖို့​အတွက် ဒီဗွီဘီက ဘန့်​ဖရက်ရဲစခန်း​ကို ဆက်သွယ် ​မေး​မြန်း​ကြည့်​ရာမှာ တာဝန်ကျ ဒုရဲမှူး​ကြီး​ ဝမ်း​လုမ်း​တေချား​က “ဖြစ်ပွား​တာက မနက် ၈ နာရီ​လောက်မှာပါ။ ကား​မောင်း​သမား​ဟာ လမ်း​ချိုး​လမ်း​ကွေ့​ကို မထိမ်း​နိုင်ဘဲ တူး​မြောင်း​ထဲကို ကား​ထိုး​ကျသွား​တာ ဖြစ်တယ်၊​ တူး​မြောင်း​ရေက ၄ မီတာ ​လောက်နက်​တော့​ အပြင်ထွက်လို့​ မရဘဲ ​သေဆုံး​ရတာ ဖြစ်တယ်။ ကား​မောင်း​သမား​နဲ့​အတူ အမျိုး​သမီး​ ၄ ​ယောက်၊​ အမျိုး​သား​ ၁ ​ယောက်၊​ အသက် ၁၂ နှစ်ရွယ် မိန်း​က​လေး​တ​ယောက် ပွဲချင်း​ပြီး​သေတယ်။ ဒဏ်ရာရတဲ့​သူ​တွေကို အယုဒ္ဓယ ​ဆေး​ရုံ​ခေါ်သွား​ပြီး​ ကျန်တဲ့​သူ​တွေ​တော့​ ရဲစခန်း​မှာ ထိန်း​သိမ်း​ထား​တယ်၊​ သူတို့​မှာ ဘာလက်မှတ် အ​ထောက်အထား​လည်း​မရှိ ထိုင်း​စကား​လည်း​ နား​မလည်​တော့​ ထိုင်း​နိုင်ငံထဲကို တရား​မဝင်​တော့​ တရား​မဝင် မြန်မာအလုပ်သမား​တွေလို့​ပဲ ယူဆတယ်၊​ စစ်​ဆေး​နေတုန်း​ပဲ”လို့​ ​ပြောပါတယ်။
ဘန့်​ဖရက် ရဲစခန်း
ကား​ပေါ်မှာ စုစု​ပေါင်း​လူ ၂၁ ဦး​ပါလာပြီး​ ကား​မောင်း​သမား​ဟာ အသက် ၂၀ အရွယ် ထိုင်း​လူမျိုး​ဖြစ်​ကြောင်း​၊​ စစ်​ဆေး​ရေး​ဂိတ်မှာ တရား​ဥပ​ဒေအရ အစစ်ခံလိုက်ရင် ဒီလို ​သေ​ကြေဒဏ်ရာရတဲ့​ အဖြစ်ဆိုး​နဲ့​ ကြုံရမှာ မဟုတ်ဘူး​လို့​လည်း​ ထိုင်း​ရဲက ​ပြောပါတယ်။
လတ်တ​လော ​သေဆုံး​သူ​တွေရဲ့​ အ​လောင်း​ကို ပထုမ်ဌာနီခရိုင် ဓမ္မသတ်​ဆေး​ရုံမှာ ထား​ရှိပြီး​ မိမိ​ဆွေမျိုး​ အသိ​တွေ ပါမယ်လို့​ ယူဆရတဲ့​ သူ​တွေအ​နေနဲ့​ ဘန့်​ဖရက်ရဲစခန်း​ ဖုံး​နံပတ် ၀၃၅-၃၈၆၁၁ရကို ၃ ရက် အတွင်း​ ဆက်သွယ် အ​ကြောင်း​ကြား​ဖို့​ ရဲစခန်း​က ဒီဗွီဘီကို ​ပြောပါတယ်။

ပတ်စ်ပို့နှင့် ပွဲစားလောက လုပ်စားကြရာဝယ်



ထိုင်းနိုင်ငံတွင်အလုပ်လာရောက်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများကို ထိုင်းအစိုးရနှင့် မြန်မာအစိုးရတို့ သဘောတူညီချက်အရ ပတ်စ်ပို့ပြုလုပ်ရန် လုပ်ဆောင်ကြပြီး ပတ်စ်ပို့များပြုလုပ်စေပါသည်။
ထို့သို့လုပ်ဆောင်ကြရာဝယ် အစိုးရရုံးသို့ တိုက်ရိုက်သွားရောက်လုပ်ဆောင်နိုင်ခြင်းမရှိသောသူများအတွက် ပတ်စ်ပို့လုပ်ဆောင်နိုင်ရန်အ တွက် ပွဲစားကုမ္မဏီများဖွင့်ပြီး လုပ်ဆောင်ပေးကြရာတွင် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၅၅၀၀ အနည်းဆုံးဖြင့် ဆောင်ရွက်ကြပါတယ်။ မှန်မှန် ကန်ကန်ဆောင်ရွက်ကြသည့်ကုမ္မဏီမှာ အနည်းငယ်သာရှိပြီး မမှန်မကန် ကိုယ့်မြန်မာအချင်းချင်း လိမ်လည့်လှည့်ပတ်ပြီး လုပ်စားနေကြ သူက များပါတယ်။
အခုရက်ပိုင်း စုံစမ်းရသလောက်ကတော့ အမှန်တစ်ကယ် ကြုံတွေခံစားနေရသူတစ်ဦးရဲ့ရင်ဖွင့်သံကတော့ “ကျွန်တော်တို့မှာ နေထိုင်ခွင့် လက်မှတ်အစစ်နဲ့ ပတ်စ်ပို့တင်လိုက်တယ်။ ဘန်ကောက်ရုံးဆိုတဲ့ဆီကကျလာတဲ့စာရွက် အများခေါ် (သုံးကွက်ကျား) တံဆိပ်တုံးအနီရောင် အ၀ိုင်း ပါရှိပါတယ်။ နေထိုင်ခွင့်ရဲ့ကျောဘက်မှ ပါလာတာတွေရပါတယ်။ နံပါတ် ၁၃ လုံးနဲ့ပါ။ ဒီနေရာမှာ ကုမ္မဏီတွေက MOU လို့ခေါ်တဲ့ ဘာလက်မှတ်မှမရှိတဲ့သူ (လူသစ်) ကို ပတ်စ်ပို့လုပ်ဆောင်လို့ရတယ်ဆိုပြီး ကျွန်တော်တို့ကျနေတဲ့ အဲဒီစာရွက်ပေါ်မှာ နာမည်ပြောင်း ဓါတ် ပုံပြောင်းပြီး အစားထိုးပတ်စ်ပို့လုပ်ပါတယ်။ ပြီးမှ အစစ်အမှန်ဖြစ်တဲ့ ကျွန်တော်တို့ကို ဘတ်ကောက်ရုံးကမကျသေးပါ စသဖြင့် အကြောင်း အမျိုးမျိုးပြပြီး အချိန်ဆွဲထားပါတယ်။ မခြေမငံပြောတာက တမျိုး၊ ဟောက်ငေါက်ပြီးတစ်မျိုး ခြိမ်းခြောက်တာက တမျိုးပါ။ မစောင့်နိုင်ပါက စားရွက်တွေပြန်ယူသွား စရံကတော့ ပြန်မရပါ။ ဒီလိုနှင့် စိတ်ရှည်သည်းခံစောင့်လိုက်တော့ ပတ်စ်ပို့ရလာပါတယ်။
ရလာတဲ့စာအုပ်က ကျွန်တော်ရဲ့ ၁၃ လုံးနံပါတ်အမှန်ဖြစ်သော်လည်း ၁၃ လုံး နံပါတ်တူစာအုပ် ဘယ်နှအုပ်ထွက်ရှိသွားပြီဆိုသည်ကိုတော့ ကျွန်တော်တို့ မသိရတော့ပါ။ ကျွန်တော်တို့ အစစ်အမှန်စာရွက်ရှိသူများကို ၅၅၀၀ ယူသော်လည်း MOU သမားများမှာ (၁၂၀၀၀ ဘတ်မှ ၁၅၀၀၀) ထိ ပေးကြရပါတယ်။ အချို့MOU များမှာ အစစ်အမှန်ဖြစ်ပြီး (၂) လခန့်ကြာအောင် စောင့်ရပါတယ်။ အတုများကတော့ (၃) ရက်နှင့် (၅) ရက်အတွင်း ပတ်စ်ပို့ရတယ်လို့ သိရပါတယ်။” လို့ သူက ရှင်းပြပါတယ်။
မဲဆောက်မှာ ဘာတွေဖြစ်နေကြပီလည်းဆိုတာ မတွေးတတ်အောင်ပါဘဲ။ သတင်းရတာကတော့ အဲလိုစာအုပ်ကို အတုသဘောလုပ်ပြီး ဘန်ကောက်တက်တာ ကွန်ပျူတာစစ်တော့ ၁၃ လုံးနံပါတ်က လူပုံ၊ လက်ဗွေတွေမတူတာကြောင့် စာရွက်စာတမ်းအတုလုပ်တယ်ဆိုပြီး ဖမ်းဆီးထောင်ချတယ်ဆိုတာတော့ ကြားသိရပါတယ်။ မြန်မာလူမျိုးအချင်းချင်း ဒီလိုမလုပ်စားသင့်ဘူးလို့ ထင်ပါတယ်။ အမျိုးကိုစောင့်ရှောက် ရမည့်အစား နှိပ်စက်နေသလိုဖြစ်နေပါကြောင်း ….။

မိုးမခ ၀က်ဆိုက်မှ ကူးယူဖော်ပြပါသည်

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ