Published on July 6, 2011 by နေသွင် · No Comments
ဒီနှစ်ဆန်း
ပိုင်းက ဆန္ဒပြမှုဖြစ်ခဲ့တဲ့ လှိုင်သာယာစက်မှုဇုန်ထဲက ကိုရီးယားပိုင်
ဂလိုဘယ်ဟဲ (Global Hair) ဆံပင်တုစက်ရုံကို ဒီလဆန်းကစပြီး လုံးဝ
ပိတ်လိုက်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
ဒီလဆန်း
ပိုင်းကတည်းက အော်ဒါမရလို့ဆိုပြီး စက်ရုံကို ၄ ရက်ပိတ်ထားပြီး အခုလ ၅
ရက်နေ့၊ အင်္ဂါနေ့မှာ
တော့ စက်ရုံပိတ်လိုက်တဲ့အကြောင်း
အလုပ်သမားတွေကို အသိပေးခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။
နစ်နာကြေးအ
နေနဲ့ လုပ်သက်တနှစ်ပြည့်တဲ့ အလုပ်သမားတွေကို တယောက်ကို ၉ သောင်း၊
လုပ်သက်တနှစ်မပြည်တဲ့ အလုပ်သမားတွေကို ၆ သောင်း
လျော်ကြေးပေးတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
ကြိုတင်သတိမပေးဘဲ ရုတ်တရက်ပိတ်လိုက်တဲ့အတွက် အခက်အခဲရှိတယ်လို့ အလုပ်သမားတယောက် အခုလိုပြောပါတယ်။
“သမီးတို့
မှာ ကြိုပြောရင် အလုပ်ရှာထားလို့ ရတယ်။ ကြိုမပြောဘဲ ဗြုန်းစားကြီး
ဒုက္ခအတော်ရောက်တယ်။ အိမ်လည်းမရှိဘူး၊ ငှားနေရတယ်။ နယ်ကလာတဲ့
လူတွေဆို ပိုဒုက္ခရောက်တယ်။”
အလုပ်သမားတွေအပေါ် မှီခိုနေတဲ့ မိသားစုလည်း ဒုက္ခရောက်တယ်လို့ မိခင်တယောက်က အခုလို ပြောတယ်။
“အန်တီဆို
ဒီလဆို အိမ်စပေါ်တင်ရတယ်။ ကလေးက ပြန်လာပြီး သမီးတို့ စက်ရုံ
နားလိုက်ပြီဆိုတော့ တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ်။
အခုအချိန်ကလည်း ကုန်ဈေးနှုန်းတွေတက်ပြီး၊
အရမ်းအလုပ်ရှားတဲ့အချိန်၊ မိုးတွင်းဘက်ဆိုတော့ အန်တီက
အရမ်းစိတ်ပူတယ်။ ဗြုန်းစားကြီးဆိုတော့ အရမ်းအခက်အခဲဖြစ်သွားတယ်။
ဒီလစာလေးရလို့ရှိရင် လှည့်ပတ်ပြီး စားရတယ်။ ကြွေးဆပ်စရာရှိဆပ်ရတယ်။
အခုလို အလုပ်လက်မဲ့ဖြစ်သွားတော့ တော်တော်လေး
ဒုက္ခရောက်သွားတာပေါ့။”
ဒီစက်ရုံမှာ
အလုပ်သမား ၁ ထောင်ဝန်းကျင်ရှိပြီး ဇန်နဝါရီလတုန်းကလည်း လုပ်အားခ
နည်းတာ၊ အချိန်ပို ခိုင်းတာနဲ့ ရုံးပိတ်ရက် မရှိတာတွေအပေါ်မှာ
မကျေနပ်လို့အလုပ်သမားတချို့ ဆန္ဒပြခဲ့ကြပါတယ်။
No comments:
Post a Comment