Published on July 6, 2011 by ရွှေအောင် · No Comments
စစ်ကိုင်း
တိုင်း စစ်ကိုင်းမြို့မှာ ဘော်ဒါဆောင်ပိုင်ရှင် ဆရာဝန်တဦးဟာ
အရွယ်မရောက်သေးတဲ့ အဆောင်နေ ဆယ်တန်းကျောင်းသူကို
မုဒိမ်းပြုကျင့်တယ်လို့ စွပ်စွဲခံရပြီး ဖမ်းဆီးစစ်ဆေးခံနေရပါတယ်။
စစ်ကိုင်း
မြို့ ရွာထောင်ရပ်မှာ ဖွင့်ထားတဲ့ ဒီအီးစီ ပုဂ္ဂလိက
ဘော်ဒါဆောင်ပိုင်ရှင် အသက် (၅၀) ခန့်အရွယ် ဒေါက်တာ ဇော်လေး
စွပ်စွဲခံရတာဖြစ်ပြီး ရဲက ဖမ်းဆီးစစ်ဆေးနေတာပါ။
သူဟာ
သူ့အဆောင်က ၁၆ နှစ်ဝန်းကျင် အဆောင်သူ ဆယ်တန်းကျောင်းသူကို
ပြီးခဲ့တဲ့စနေနေ့ ဆေးခန်းလိုက်ပို့ပြီးအပြန်မှာ မင်းလမ်းက
စံတည်းခိုခန်းကို မြူဆွယ်ခေါ်ယူပြီး ပြုကျင့်တာလို့
စွပ်စွဲခံထား
ရတာဖြစ်ပါတယ်။
အဲဒီကျောင်း
သူဟာ ရွာအပြန်ကားဂိတ်မှာ တယောက်တည်း ထိုင်ငိုနေတာကို အတန်းဖော်တွေက
တွေ့လို့ မေးမြန်းရာက သူ့မိဘတွေသိသွားပြီး အမှတ် (၁) ရဲစခန်းမှာ
တိုင်ကြားခဲ့ပါတယ်။
ရဲက အမှုလက်ခံပြီးတဲ့နောက် နေ့တွင်းချင်းပဲ ဒေါက်တာဇော်လေးကို ဖမ်းဆီး စစ်ဆေးနေတာလို့ မြို့ခံတွေက ပြောပါတယ်။
အဲဒီဘော်ဒါဆောင်နံဘေးမှာ နေထိုင်သူတဦးက ဖြစ်စဉ်အကျဉ်းချုပ်ကို ခုလို ပြောပြပါတယ်။
“ကလေးမလေး
ကို နေမကောင်းတော့ ဆေးထိုးပေးမယ်ဆိုပြီးတော့ သူ့ဆေးခန်း
ခေါ်သွားတာပေါ့ဗျာ။ ဆေးခန်းခေါ်သွားပြီးတော့ ဆေးခန်းကနေ
ပြီးတော့မှ တခါ မြို့ထဲကို တခါ တခြားဆေးခန်း ခေါ်သွားမယ်လို့
ပြောပြီး မခေါ်ဘဲနဲ့ သူက မင်းလမ်းက စံတည်းခိုခန်းကို
ခေါ်သွားပြီးတော့မှ လုပ်လိုက်တဲ့သဘောဗျ။ ကောင်မလေးက
အဲကနေပြီးတော့မှ အဆောင်ဘက် ပြန်လာတဲ့အချိန်မှာမှ နည်းနည်း
သတိပြန်လည်လာတဲ့သဘောပေါ့ဗျာ။”
သတိပြန်လည်လာတယ်ဆိုတော့ ဆေးတွေ တိုက်ထားတဲ့သဘောလား။
“သူက အဲလို ဖြစ်တဲ့သဘောပေါ့ဗျာ။
ဒီကိစ္စနဲ့
ပတ်သက်ပြီး၊ စစ်ကိုင်းအမှတ် (၁) ရဲစခန်းကို ဒီဗွီဘီက
ဆက်သွယ်မေးကြည့်ရာမှာ တာဝန်ကျရဲအရာရှိက အမှုဖွင့်စစ်ဆေးနေတယ်လို့
ပြောပါတယ်။
ဒီအီးစီဘော်ဒါဆောင်ပိုင်ရှင်က မုဒိမ်းမှုနဲ့ ဆရာတို့ဆီမှာ ဖမ်းထားတယ် ကြားလို့ပါ။
“အမှုဖွင့်ထားတာ ရှိတယ်ဗျ။ ကျနော်တို့ဆီမှာ ဖွင့်ထားတာတော့ ရှိတယ်။”
အသေးစိတ်
အချက်အလက် မေးမြန်းပေမယ့် တာဝန်ကျရဲက ဖြေဆိုဖို့ ငြင်းဆန်ပါတယ်။
ဒါကြောင့် ပြစ်မှုမြောက် မမြောက် အထောက်အထားဖြစ်တဲ့
ဆရာဝန်ဆေးစစ်ချက် ရလဒ်ကို မသိနိုင်ပါဘူး။
အထောက်အထား
ခိုင်လုံရင်တော့ အဓမ္မပြုကျင့်မှုကိုရော၊ အရွယ်မရောက်သေးသူအပေါ်
ကျူးလွန်မှုကိုပါ ပြစ်ဒဏ်စီရင်ခံရမှာဖြစ်သလို တားမြစ်ဆေးဝါး
သုံးစွဲကြောင်း ပေါ်လွင်ရင်တော့ ပိုအပြစ်ကြီးမယ့်သဘော
ရှိတာကြောင့် ဒီအမှုကို မြို့ခံတွေက စိတ်ဝင်စားနေပါတယ်။
ဒေါက်တာဇော်
လေးဟာ ဒီဘော်ဒါဆောင်ဖွင့်သက် ၄ နှစ်ခန့်ရှိပြီး လက်ရှိမှာ
အဆောင်နေသူ ၇၀ လောက်ရှိနေတာပါ။ အခုဖြစ်ပွားတဲ့ကိစ္စကြောင့်
ကလေးမိဘတွေက သားသမီးတွေကို ပြန်ခေါ်သွားကြပြီး ရဲကလည်း အဆောင်ကို
ပိတ်လိုက်ပါတယ်။
No comments:
Post a Comment