နိုင်ငံကူးလက်မှတ်ရုံး လုံခြုံရေး တင်းကြပ်၊ လုပ်ဆောင်သူများ အခက်အခဲကြုံ
|
Tuesday, 05 July 2011 |
|
နိုင်ငံကူးလက်မှတ်ရုံး လုံခြုံရေး တင်းကြပ်၊ လုပ်ဆောင်သူများ အခက်အခဲကြုံ
ခင်နှင်းလွင်၊ ရန်ကုန်
ဇူလိုင် ၆၊ ၂၀၁၁
ပန်းဆိုးတန်းလမ်းမှ
နေရာသစ်သို့ ပြောင်းရွှေ့သွားသည့် မြန်မာနိုင်ငံကူးလက်မှတ်ရုံးတွင်းသို့
ဝင်ထွက်ရာတွင် လုံခြုံရေးတင်းကြပ်မှုကြောင့် အချိန်ကြာမြင့်စေပြီး
လုပ်ဆောင်သူများ အနေဖြင့် အခက်အခဲတွေ့ကြုံနေရသည်ဟု
နိုင်ငံကူးလက်မှတ်လုပ်ဆောင်သူများက ပြောသည်။
ယခင်
ပန်းဆိုးတန်း အောက်ဘလောက်ရှိ နိုင်ငံကူးလက်မှတ်ရုံးအား ယခုလ ၁
ရက်နေ့မှစတင်ပြီး ဆရာစံလမ်းနှင့် စက်မှု၁ လမ်းထောင့်ရှိ ယခင်ပြည်ထဲရေး
ဝန်ကြီးရုံးသို့ ပြောင်းရွှေ့ လုပ်ဆောင်ပေးလျက်ရှိရာတွင် လူတဦးချင်းစီ
မှတ်ပုံတင်အား စကင်နာဖတ်ပြီး လူ၏ မျက်နှာကိုပါ ကင်မရာဖြင့် ဓါတ်ပုံရိုက်
ကွန်ပျူတာထဲ ထည့်သွင်းထားခြင်း စသည့်လုပ်ဆောင်မှုများကြောင့် တကြိမ်ဝင်
ဖို့ရာအတွက် အနည်းဆုံး မိနစ် ၂၀မှ အများဆုံး နာရီဝက် ၄၅ မိနစ်အထိ
ကြာမြင့်သည်ဟု ယခုရက်ပိုင်းအတွင်း နိုင်ငံကူးလက်မှတ် လုပ်ဆောင်သူ
တဦးကပြောသည်။
အဆိုပါရုံးနှင့် ဆက်သွယ်ပြီး ၀န်ဆောင်မှုလုပ်ကိုင်လျက်ရှိသူ တဦးကပြောပြရာတွင်
“သူတို့
အဲလိုလုပ်တဲ့ရည်ရွယ်ချက်က ပတ်စ်ပို့ ပွဲစားတွေ ခဏခဏ
ရုံးထဲဝင်ထွက်လုပ်ခဲ့မယ်ဆိုရင် မျက်နှာစကင်ဖတ်ထားတဲ့ နည်းနဲ့
ဖေါ်ထုတ်ပြီးအရေးယူနိုင်ဖို့ပဲ၊ ၅ ကြိမ်မှ ၁၀ကြိမ်ကြား ၀င်ထွက်တာတွေ့ရင်
ခေါ်ယူစစ်မေးပြီး ကိုယ်တိုင် ပတ်စ်ပို့လုပ်တဲ့ ကိစ္စမဟုတ်ရင် ဘာကိစ္စနဲ့
ဝင်တာလဲဆိုတာ မေးမြန်းအရေးယူဖို့ ရည်ရွယ်တယ်လို့ လုံခြုံရေးတွေက ပြောတယ်”
ဟုရှင်းပြသည်။
နိုင်ငံကူးလက်မှတ်
တစ်ကြိမ်လုပ်ဆောင်ဖို့ရာ၊ သတ်မှတ်ထားသည့် ဆိုင်တွင်ဓါတ်ပုံရိုက်၊
နောက်တစ်ရက်တွင် လျှောက်လွှာဝယ်၊ ဖြည့်သွင်းခြင်း၊ ငွေသွင်းခြင်း၊
ယခင်လျှောက်ထားဖူးခြင်း ရှိမရှိ စစ်ဆေးခြင်း စသည့် အဆင့်များအတွက်
နေ့ဝက်ခန့် အချိန်ပေးရပြီး လိုအပ်သည့် စာရွက်စာတမ်း၊ စောင့်ဆိုင်းရမည့်
ကိစ္စရပ်များရှိလျင် အနည်းဆုံး ၄ကြိမ်ထက်မနည်း ၀င်ထွက်ရန် လိုအပ်သည်ဟု
နိုင်ငံကူးလက်မှတ် သွားရောက်လုပ်သူ တဦးက ပြောပြသည်။
အမည်မဖေါ်လိုသည့်
ပတ်စ်ပို့ပွဲစား တစ်ဦးက ပြောရာတွင် “ကျွန်တော်တို့
ဝန်ဆောင်မှုပေးတယ်ဆိုတာက ပုံမှန်လုပ်တယ်ဆိုရင် အဆင့်တိုင်းမှာ တန်းစီရတယ်။
စောင့်ရတယ်။ လူပင်ပန်းစိတ်ပင်ပန်းတာရှိတော့ မြန်ချင်တဲ့သူ၊ အချို့
ပြည်ပထွက်ဖူးပေမယ့် စာအုပ်ပျောက်ခဲ့လို့ အခွန်အကြေမဆောင်ခဲ့လို့
စတဲ့ကိစ္စတွေကြောင့် ရုံးထဲက အမှုစစ် ရဲအရာရှိကို ငွေပေးပြီး
ကျော်ဖြတ်ချင်တဲ့ ကိစ္စတွေမှာ ရဲအရာရှိနဲ့ လုပ်ချင်တဲ့သူအကြား
ဆက်သွယ်ပေးတာပါ။ ကျွန်တော်တို့ကို ၀င်ထွက်လို့ မရအောင် အခုလို
လုံခြုံရေးတင်းကြပ်တော့ ရုံးကိစ္စနဲ့ လာတဲ့သူအားလုံး အချိန်ပိုကြန့်ကြာပြီး
ခက်ခဲကုန်တာပေါ့။ ပွဲစားဆိုတာတော့ ရှိနေမှာပဲ၊ ရုံးထဲက သူတို့ဝန်ထမ်းတွေက
ငွေယူပြီး ဆောင်ရွက်ပေးနေရင် သူတို့ကို ဆက်ပေးဖို့
ကျွန်တော်တို့လိုလူမျိုးတွေ လိုနေမှာပဲ” ဟု ရှင်းပြသည်။
ပထမဆုံး
ပြောင်းရွှေ့ လုပ်ဆောင်သည့်နေ့တွင် ယခုလို ကွန်ပျူတာဖြင့် မှတ်တမ်း
မတင်သေးပဲ မှတ်ပုံတင် မူရင်းမိတ္တူ၊ သန်းခေါင်စာရင်းတို့ကို
ပြသရန်လိုအပ်ပြီး ယခုသီတင်းပတ် တနင်္လာနေ့တွင် ကွန်ပျူတာဖြင့် မှတ်တမ်းတင်ရန်
စတင်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါပွဲစားကပြောသည်။
“ပထမဆုံးနေ့ကဆို
နေ့လည် ၁၂ နာရီထိုးတဲ့အထိ ရုံးကိစ္စနဲ့ လာတဲ့သူတွေ အတွင်းကို မ၀င်ရသေးဘူး၊
ဘာလို့ဆို သူတို့ ကွန်ပျူတာ နဲ့ မှတ်တမ်းတင်တာ အဆင်မပြေတော့ လူအုပ်ကြီးက
အ၀မှာပြည့်နှက်နေတာ၊ ဒီနေ့မှ အခုလောက်အချိန်နဲ့ ၀င်နိုင်တာ” ဟုလည်း
ပြောပြသည်။
နိုင်ငံကူးလက်မှတ် လာရောက်လုပ်ကိုင်သူ တဦးက
“သူ့ဟာသူ
ပန်းဆိုးတန်းရုံးမှာ အဆင်ပြေနေတာ ၊ အခုဒီဘက်ကိုရွှေ့လာတာ ပိုပြီး
အချိန်ကြာကုန်တယ်။ လာရတာလည်း ဝေးသလို၊ စာရွက်စာတမ်း တခုလိုရင် လွယ်လွယ်ကူကူ
ပြန်ယူဖို့ ပြန်ဝင်ဖို့ မလွယ်တော့ဘူး။ နောက်တရက်ကူးသွားမယ်
အခြေအနေမျိုးဖြစ်နေတယ်” ဟုပြောသည်။
မြန်မာနိုင်ငံတွင်
နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းကို ရန်ကုန်မြို့တမြို့ထဲတွင်သာ
လုပ်ဆောင်ပေးပြီး မည်သည့် ပြည်နယ်နှင့် တိုင်းမှမဆို နိုင်ငံကူးလက်မှတ်
ရရှိရန် ရန်ကုန်မြို့သို့ လူကိုယ်တိုင် လာရောက် ရမည်ဖြစ်သည်။
ပုံမှန်အားဖြင့် နိုင်ငံကူးလက်မှတ် စတင်လျှောက်ထားသည်မှ ထုတ်ယူနိုင်သည်အထိ
၎ ပတ်မှ ၅ ပတ်ထိ ကြာမြင့်ပြီး နယ်အဝေးမှ လာရောက်လုပ်ကိုင်သူများ အဖို့
အနည်းဆုံး ၂ကြိမ်လာရမည် ဖြစ်သည်။ ထို့ထက်ပိုမြန်ဆန်စွာ ရရှိလိုပါက ဆေးစာ၊
ကျောင်းလက်ခံစာ၊ အစည်းအဝေး စသည့်ဖိတ်ကြားစာတို့ တင်ပြရန် လိုအပ်ပြီး
မိသားစုအရေးကိစ္စ ၊ စီးပွားရေး ကိစ္စရပ်များဖြစ်ပါက ငွေ ကျပ် ၁သိန်း ၁
သိန်းခွဲ အပိုပေးပြီး လုပ်ဆောင်ကြရသည်။
|
အကြိုက်များသော Posts
-
စိုင်းစိုင်းခမ်းလှိုင် မွေးသက္ကရာဇ် ၁၉၇၉ ခုနှစ် ဧပြီလ (၁၀) ရက် အမည်ရင်း မိဘအမည် စိုင်းခမ်းလှိုင် +စဝ်ဝေဠုသိဂီ င်္ နိ...
-
ခေတ်နှင့်လျော်ညီသည့် လုပ်ခလစာ သတ်မှတ်ပေးရန် တောင်းဆို မြန်မာ အစိုးရအနေဖြင့် အလုပ်သမားများအား ခေတ်ကာလနှင့် လျော်ညီသော အနိမ့်ဆုံးလုပ်ခလစာ သတ...
-
မြစ်ကြီးနား အကျဉ်းထောင်မှ ကိုသူရ(ခ) ဇာဂနာ ပြန်လည် လွတ်မြောက်လာကြောင်း ကိုဇာဂနာက ခယ်မဖြစ်သူ မငြိမ်းက Eleven Media Group သို့ အတည်ပြု ပြော...
-
-
Sunday, May 8, 2011 Posted by Admin at 12:47 PM Labels: News , သတင်း (The Yangon Times ဂျာနယ်ထဲက တွေ့လို့ စိတ်ဝင်စားတာနဲ့ ကူးယူ...
-
ဗမာစစ်တပ် ဗမာစစ်သား ဆိုတာ (မင်းလွမ်းနောင်) ဗမာစစ်တပ် ဆိုပြီးသုံးနှုံးနေသူများ ဖေ့ဘွတ်စာမျက်နာပေါ်တွင်တွေ.မြင် လာရ သည်မှာ နေ.စဉ်လိုလိုဖြစ...
-
ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရနောင်းမြို.) မြန်မာနိုင်ငံမှ ဈေးအသက်သာဆုံးသော ပြည်ပထွက်ခွာမှု. (တရားမ၀င်)များတွင် မြန်မာနို...
-
မြန်မာ ရေလုပ်သားများ လစာလျှော့ချခံရ၍ အခက်ကြုံ Tuesday, 19 April 2011 18:42 ထိုင်းနိုင်ငံတောင်ပိုင်း ချုံဖော် ပါနန်း အရပ်ဒေသရှိ ငါးဖမ်းလေ...
-
ဓါတ်ပုံကို နှိပ်ပြီးပုံကြီးချဲ. ကြည့်ပါရန်
-
(FED စာမျက်နာမှ ကူးယူဖော်ပြသည်) Thursday, 22 March 2012 00:00 ထိုင်းနိုင်ငံမှ ထုတ်ပေးထားသည့် အလ...
No comments:
Post a Comment