Published on July 6, 2011 by အေးနိုင် · No Comments
ကချင်ပြည်နယ်အတိုင်ပင်ခံအဖွဲ့
ဥက္ကဋ္ဌ ဦးဆင်ဝါးနော်နဲ့ အတွင်းရေးမှူးတို့ နှစ်ဦးဟာ ဒီကနေ့
တရုတ်-မြန်မာနယ်စပ်က ကေအိုင်အိုဌာနချုပ် လိုင်ဇာကို ရောက်ရှိလာပြီး
ကေအိုင်အိုခေါင်းဆောင်တွေကို တွေ့ဆုံခဲ့ပါတယ်။
ကချင်ပြည်နယ်လုံခြုံ
ရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်
ပေးလိုက်တဲ့စာကို ယူလာပြီး
ကေအိုင်အိုကို ပေးတာဖြစ်ပါတယ်။
စာမှာအဓိကအားဖြင့် ကေအိုင်အေဘက်က တပ်တွေကို ပစ်ခတ်တာရပ်စဲဖို့ အမိန့်ပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။
ဒီတွေ့
ဆုံမှုဟာ ဇွန်လ ၃၀ ရက်နေ့က ဗိုလ်မှူးကြီးသန်းအောင်နဲ့ ကေအိုင်အို
ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်တို့ တွေ့ဆုံအပြီး
တပတ်အတွင်းမှာ ထပ်မံတွေ့ဆုံမှု ဖြစ်ပါတယ်။
ဒီတွေ့ဆုံပွဲနဲ့ပတ်သက်လို့ ကေအိုင်အိုပြောခွင့်ရ ဦးလနန်းကို မေးထားပါတယ်။
“သူတို့ဘက်က
ဇွန်လ ၁၈ ရက်က စပြီး မပစ်ခတ်ဖို့ သက်ဆိုင်ရာတွေကို
ကမ်းလှမ်းထားပြီးပြီဆိုတဲ့ အကြောင်းပါ။ အဲဒါကြောင့်မို့
တူညီတဲ့တုံ့ပြန်မှုအနေနဲ့ ကျနော်တို့ ကေအိုင်အေကလည်း
ပြန်ပြီးတော့ အပစ်အခတ်ရပ်ဖို့ ညွှန်ကြားပေးပါဆိုတဲ့အချက်ပါ။”
အစိုးရတပ်စခန်းတွေနဲ့ပတ်သက်လို့ ပစ်ခတ်ခြင်းမပြုဖို့ဆိုတဲ့ အချက်တွေ ပါလား။
“ဒေသတည်ငြိမ်
အေးချမ်းရေးလုပ်ငန်းစဉ်မှာ ဒါတွေက တိုက်ပွဲတွေဘာတွေ
မဖြစ်ဘူးဆိုရင် သက်သေပြယုဂ်တခုဖြစ်မယ်ဆိုပြီး စာမှာ ရေးထားပါတယ်။
နောက်တခုက ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေပြီးတော့
ထာဝရငြိမ်းချမ်းရေးကို ဦးတည်ဆောင်ရွက်မှာဖြစ်တဲ့အတွက်မို့
အချိန်တော့ ယူရမယ်ဆိုတဲ့ဟာတွေပေါ့နော်။ အဲလို အချိန်ယူတဲ့အခါမှာ
တဖက်နဲ့တဖက် ယုံကြည်မှုတည်ဆောက်ပြီးတော့ ရှေ့လုပ်ငန်းစဉ်တွေကို
အကောင်ထည်ဖော်ရေးမှာ ယုံကြည်မှုရှိရမယ်ဆိုတဲ့ အချက်တွေပါပဲ။”
ကေအိုင်အေက တောင်းဆိုထားတဲ့ အပစ်အခတ်ရပ်စဲ
ကြောင်း အထောက်အထား မပြဘဲ အခုလို လုပ်နေတာဟာ အစိုးရဘက်ကနေ
သုံးခေါက်ရှိပြီလာတာ၊ ကေအိုင်အေဘက်ကနေပြီးတော့
တိုက်ပွဲလိုတယ်ဆိုပြီးတော့ တချိန်ချိန်မှာ ဝေဖန်ဖို့အတွက်
နိုင်ငံရေးအမြတ်ထုတ်တယ်ဆိုတဲ့ပုံစံမျိုး ဝေဖန်တာတွေရှိတယ်။ အခု
ခရီးစဉ် သုံးရပ်အပေါ်မှာ ဘယ်လိုမျိုး မြင်လဲ။
“အခုလာတာ
ညှိနှိုင်းရေးအဖွဲ့ကို ကိုယ်စားပြုပြီးလာတဲ့ သဘောမျိုးတော့
မဟုတ်ဘူး ကျနော်တို့ခန့်မှန်းကြည့်တာ။ ကချင်အမျိုးသားများ
အတိုင်ပင်ခံအဖွဲ့ရဲ့ ဥက္ကဋ္ဌရယ် အတွင်းရေးမှူးရယ် လာကြတာပါ။ အဲတော့
အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး ဒီတွေ့ဆုံမှုနဲ့ အဆင့်တဆင့်လို့
ပြောလို့မရဘူး။ ”
အဲတော့ သူတို့ စောစောက ပြောတဲ့ အချက်အလက်တွေက ဘယ်သူက ပေးလိုက်တာပါလဲ။
“စာရေး
လိုက်တာကတော့ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး
သန်းအောင်ကနေပြီးတော့ ရေးလိုက်တဲ့စာပါ။ အဓိကကတော့
သူတို့တပ်ဖွဲ့တွေအနေနဲ့ မပစ်ဖို့ ညွှန်ကြားထားပြီးပြီ။ အဲတော့
တူညီတဲ့တုံ့ပြန်မှုအနေနဲ့ ခင်ဗျားတို့အနေနဲ့ ရှေ့တန်းမှာ
ပစ်လားခတ်လားမလုပ်ဖို့ပေါ့ အဓိက အဲဒါပါပဲ။
ငြိမ်းချမ်းရေးလုပ်တဲ့အခါမှာ အချိန်တော့ တော်တော်လေးယူရမယ်။
ဒါကြောင့် နှစ်ဖက်ကို ယုံကြည်မှုကိုလည်း တည်ဆောက်မယ်ဆိုတဲ့
သဘောနဲ့ပြောတာပါ။”
ဗိုလ်မှူးကြီးသန်းအောင်ကနေပြီးတော့ အပစ်အခတ်ကို
၁၈ ရက်နေ့ကတည်းက ရပ်ထားပြီးပြီလို့ပြောတယ်။ ဒါပေမယ့် မနေ့က
ညတုန်းက ၁၀ နာရီကနေ မနက် ၂ နာရီအထိ တိုက်ပွဲတွေ နှစ်ဖက် အပြန်အလှန်
လက်နက်ကြီးတွေနဲ့လည်း အစိုးရဘက်က ပစ်တယ်လို့ပြောတယ်။ အဲတော့
ဗိုလ်မှူးကြီးသန်းအောင် ပြောကြားချက်က မြောက်ပိုင်းတိုင်း
စစ်ဌာနချုပ်က ကတိကို ချိုးဖောက်တာလား၊ ဘယ်လိုမြင်လဲ။ ကေအိုင်အေ တပ်မဟာ
၃ လက်အောက် တပ်ရင်း ၁၅ ဘက်မှာ တိုက်ပွဲတွေ ဖြစ်တယ်ကြားတယ်။
“ကျနော်လည်း
အဲဒါ ကြားမိပါတယ်။ အခုထက်ထိတော့ အပစ်အခတ်ရပ်စဲရေးကို
နှစ်ဦးနှစ်ဖက်ကနေ သဘောတူညီချက် မရသေးတဲ့အတွက်ကြောင့်မို့
အဲလိုမျိုး ပစ်ခတ်မှုကို ကျနော်တို့ဘက်ကတော့ ဘာမှ ပြောဆိုစရာတော့
မရှိဘူးခင်ဗျ။ သူတို့ဘက်ကနေပြီး အပစ်အခတ်ရပ်ဆိုင်းထားတယ်ဆိုတာ
ကျနော်တို့ဘက်ကို လာပြောတာရှိတယ်၊ ပြီးတော့ စာထဲမှာ သူတို့
စစ်တိုင်းမှူးက ညွှန်ကြားထားသည်ဆိုတဲ့ စာပိုဒ်လေး ပြန်ပြီးတော့
ဖော်ပြထားတာလေး ရှိတယ်။ ဒါပေမယ့် အဲဒါကြောင့်
ကျနော်တို့ပြောတာပေါ့။ ဒါကတော့ ယုံကြည်ရခက်တယ်။ သက်ဆိုင်ရာ
စစ်ဖက်အရာရှိကနေပြီးတော့ အမှန်တကယ်ပဲ
အပစ်အခတ်ရပ်ဆိုင်းထားခိုင်းတယ်ဆိုတဲ့ သက်သေအထောက်အထား တောင်းတာ
အဲဒီအတွက်ကြောင့်ပါ။ သူတို့ အဲလိုမျိုး ပြောပေမယ့်
ပစ်ခတ်မှုတွေဖြစ်လာတာက ကျနော်တို့အတွက် ဘာမှ ထူးခြားတဲ့
ဖြစ်စဉ်လို့တော့ မသတ်မှတ်ပါဘူးခင်ဗျ။”
၃ ရက်နေ့က ညွှန်ကြားချက်ကိုရော အစိုးရဘက်က တောင်းရင် ဦးလနန်းတို့ဘက်က ပေးဖို့ အဆင်သင့်ပဲလား။
“သူတို့က
နေပြီး ဒီတောင်းဆိုမှုကတော့ မရှိဘူး။ ဒါကတော့
အပစ်ခတ်ရပ်ဆိုင်းရေးမဟုတ်ဘူး။ ကျနော်တို့ညွှန်ကြားထားတာကတော့
ကျနော်တို့ဘက်က အပစ်ခတ်ရပ်ဆိုင်းထားတယ်ဆိုတဲ့ဟာမျိုးမဟုတ်ဘူး။
ကျနော်တို့ လိုအပ်ရင်လိုအပ်သလို ရှေ့တန်းမှာ ရင်ဆိုင်မှုဖြစ်ရင်တော့
တိုက်ပွဲလေးတွေတော့ ဖြစ်မှာပါ။ ကျနော်တို့ဘက်က
အပစ်အခတ်ရပ်ဆိုင်းတဲ့ ညွှန်ကြားချက်မဟုတ်ပါဘူး။”
ဒီည လိုင်ဇာမှာ အိပ်မှာပေါ့နော် ကိုယ်စားလှယ်နှစ်ယောက်က။
“ဟုတ်တယ်။
သူတို့က နည်းနည်းမိုးချုပ်သွားတော့ တညအိပ်ပြီးတော့ မနက်ဖြန်
ပြန်ကြမှာပါ။ တခြားတော့ ဘာမှ ထူးထူးထွေထွေ ပြောနေစရာမရှိပါဘူး။”
နောက်တခါ ဘယ်တော့ ထပ်တွေ့မလဲ၊ ခရီးစဉ်တွေကတော့ စိပ်နေတယ်နော်။
“လွှတ်
တော်ကိုယ်စားလှယ်တွေကတော့ စကားနဲ့ပါးတာတို့၊
စာနဲ့ပါးတာတို့မျိုးပဲရှိတယ်။ တပ်ပိုင်းဆိုင်ရာကတော့ မနေ့က
ပစ်တာခတ်တာတော့ ရှိတယ်။ ကျနော်တို့ဘက်က ပစ်တာတော့မဟုတ်ဘူး၊
သူတို့ဘက်က ပစ်တာလို့ ပြောတယ်။
No comments:
Post a Comment