စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Tuesday, June 7, 2011
လုပ်ငန်းခွင်အတွင်း ဖိနှိပ်မှုများကို မကျေနပ်၍ အလုပ်သမားများဆန္ဒပြ
(ရိုးမ ၃ မှ ကူးယူဖော်ပြသည်)
ပဲခူးမြို့၊ ကမာနတ်ရွာအနီးရှိ ကပ်ဝမ်း (CAP 1) ဦးထုတ်စက်ရုံမှ အလုပ်သမားများက လုပ်အားခ တိုးမြှင့်ပေးရေးနှင့် လုပ်ငန်းခွင်အတွင်း ဖိနှိပ်မှုများကို မကျေနပ်ကြသည့်အတွက် ယနေ့နံနက်ပိုင်းက ဆန္ဒပြခဲ့ကြသည်။
စက်ရုံအလုပ်သမား (၅၀) ကျော်က ၎င်းတို့၏ မကျေနပ်ချက်များကို အလုပ်မဆင်းဘဲနေ၍ ဆန္ဒပြတောငာ်းဆိုခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒပြအလုပ်သမားများ အရေးဆောင်ရွက်ပေးနေသူ အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ့ ပဲခူးတိုင်း ဥက္ကဌ ဦးအောင်မျိုးဝင်းက ပြောသည်။
“ဆန္ဒပြတာက သူတို့ အလုပ်မဆင်းပဲနဲ့ထွက်လာတာပေါ့လေ။ ဒီနေ့အလုပ်ဆင်းရမှာကို သူတို့အားလုံး အဲဒီ (၅၅) ယောက်လုံးက လမ်းပေါ်ထွက်ပြီးတော့ ဆန္ဒပြတာမျိုးတော့ မဟုတ်ဘူး။ ဒီစက်ရုံထဲမှာတော့ သူတို့က ဒီအလုပ်မဆင်းဘူးဆိုတဲ့ ဘွိုင်ကောက်နဲ့ ဆန္ဒပြခဲ့တာ။ ပြီးတော့ သူတို့အားလုံးကို ကျနော်လေဘာရုံးကို ခေါ်သွားတာ အခုသူတို့လေဘာရုံးကနေ စက်ရုံထဲမှာ ပြန်ပြီးတော့မှ ညှိနှိုင်းမှုလုပ်နေတယ် အဲဒါအဖြေမသိသေးဘူး” ဟုပြောသည်။
စက်ရုံအလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်အတွင်း၌ အလုပ်ကြီးကြပ်သူ (Supervise) များ၏ ဖိနှိပ်လွန်းသည့် စည်းကမ်းများ၊ ကျန်းမာရေးနှင့် ပတ်သက်သည့်ကိစ္စများ၊ သတ်မှတ်အလုပ်ချိန်ထက် ပိုပြီးခိုင်းစေမှုများကြောင့် ၎င်းတို့၏ မကျေနပ်ချက်များကို ပြီးခဲ့သည့် သောကြာနေ့က ပဲခူးမြို့ရှိ အလုပ်သမားရုံးသို့ သွားရောက်တိုင်းကြားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
“လုပ်ငန်းခွင်ထဲမှာ အလုပ်ကြီးကြပ်သူတွေက မတရားတဲ့ စည်းကမ်းတွေထုတ်ပြီး အလုပ်သမားအချင်းချင်း အလုပ်ကိစ္စစကား ပြောရင်လည်း စကားပြောလို့ဆိုပြီး (၅၀၀) ဖြတ်တယ်၊ အပေါ့အလေးသွားတဲ့ကိစ္စကိုလည်း မနက် (၈) နာရီ ကနေ(၁၀) နာရီ အတွင်းဘဲသွားလို့ရတယ်၊ ကျန်အချိန်အပေါ့အလေး သွားလို့ရှိရင်လည်း ငွေ (၅၀၀)ဖြတ်တာ၊ အဲဒါတွေကို မကျေနပ်လို့ တိုင်ကြတာ” ဟု ဦးအောင်မျိုးဝင်းက ဆက်ပြောသည်။
အလုပ်သမားများရုံးကို တိုင်ကြားမှုပြုလုပ်ခဲ့ခြင်းကြောင့် ၎င်းအလုပ်သမားများအား စက်ရုံမန်နေဂျာနှင့် အလုပ်ကြီးကြပ်သူများက ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့သည့်အတွက် အလုပ်သမားများက အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“အလုပ်ကြီးကြပ် ဇာနီနိုင်နဲ့ မဝတ်မှုံတို့နှစ်ယောက်ကို အလုပ်ထုတ်ပေးဖို့ တောင်းဆိုတဲ့အခါကြတော့ လေဘာက ဒုတိုင်းဦးစီးက သူက စက်ရုံမန်နေဂျာနဲ့ ညှိပြီးတော့မှ ရာထူးလျော့ဖို့ သဘောတူလိုက်တယ်၊ ဒါပေမဲ့သူတို့က ဆက်ပြီးတော့ စက်ရုံမှာ အလုပ်လုပ်နေတယ်လို့ သူတို့က သိတယ်။ နောက်ပြီးတော့မှ ကလေးတွေကို မဟုတ်တာတွေပြောပြီး ခြိမ်းခြောက်တာတွေရှိတယ်။ မန်နေဂျာ ကျော်မိုးအောင်က နင်တို့ ရဲနဲ့အဖမ်းခိုင်းမယ်တို့ ဘာတို့ အဲလိုမျိုးလေးတွေ ခြိမ်းခြောက်တာရှိတယ်” ဟု ပြောသည်။
ယင်းဆန္ဒပြမှုနှင့်ပတ်၍ စက်ရုံမန်နေဂျာဖြစ်သူက မဟုတ်ကြောင်းနှင့် သောကြာနေ့က အလုပ်သမားများတိုင်ကြားမှုကို လူကြီးများနှင့် ဖြေရှင်းပေးနေခြင်းသာဖြစ်ကြောင်း ပြောသည်။
“သူတို့ ဆန္ဒပြတာ မဟုတ်ပါဘူး၊ သောကြာနေ့က တိုင်ကြားတဲ့ကိစ္စကို အခုညနေ ၅ နာရီကျော်အထိ ထပ်ရှင်းပေးနေတာ၊ သူကို စွပ်စွဲချက်နဲပဲ နေရာချပေးပါလို့ တောင်းဆိုလာတဲ့အခါမှာ သောကြာနေ့က ကျနော်တို့ နေရာချပေးခဲ့ပါတယ်။အဆင့်ချပြီး ရာထူးနှိပ့်ပေးတယ်ပေါ့နော် ဒီနေရာမှာ သူတို့အထက် ခေါင်းဆောင်အဖြစ်နဲ့တော့ အမြဲရှိနေမှာပဲလေ အများကြီးအဆင့်က ကွာတာကို အဲဒါကိုကလေးတွေက ဒီနေ့မကျေနပ်လို့ ထပ်ပြီးတော့ အလုပ်သမားရုံးကို သွားတိုင်တဲ့အခါမှာ
အလုပ်သမားရုံးက ပြန်ပြီးတော့ ကလေးတွေဘက်ကို နားလည်အောင် ပြန်ပီးတော့ ရှင်းပေးနေတာပါ” ဟု ပြောသည်။
အဆိုပါ စက်ရုံတွင် အလုပ်သမား (၃၀၀)ခန့်ရှိပြီး အလုပ်သမားများအနေဖြင့် အလုပ်ကြီးကြပ်သူများကို အလုပ်ထုတ်ပေးရန်၊ ဖယ်ရီကားစီစဉ်ပေးရန်၊ အပေါ့အပါးသွားခွင့် ကန့်သတ်ချက်မထားရှိရန်နှင့် အခြေခံလစာ၊ အချိန်ပိုကြေးတိုးပေးရန်၊ အလုပ်ကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းခွင်အတွင်း စကားပြောခွင့်ပြုရန်အပါအဝင် အချက် (၁၀)ချက်ကို တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ယခုအထိ တောင်းဆိုချက်များ ရရှိခြင်းမရှိသေးကြောင်း ဦးအောင်မျိုးဝင်းက ဆက်ပြောသည်။
Subscribe to:
Post Comments (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း
ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ
သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
ဦးဘဂျမ်း ဦးဘဂျမ်းသည် စစ်ကြိုခေတ်၊ စစ်ပြီးခေတ်၊ လွတ်လပ်ရေးခေတ်ဦးရှိ ပြောင်မြောက်သော ကာတွန်းဆရာတစ်ဦး ဖြစ်သည်။ စစ်ကြိုခေတ်၊ စစ်ပြီးခေတ်၊ လ...
-
မောင်တော ဖက်ဝန်းချောင်းရခိုင်ရွာကို ကုလားတိက လိုက်လို့မီးတိုက်နိန်ကြောင်းနန့် မောင်တောမြို့ ဆီးရုံနားဖက်က ထောင်ချီတက်လာရေ လူအုပ်ကြီးကို...
-
ဆောင်းပါးရှင် တောသားကြီး မြန်မာပြည်မှာ လူမုန်းအများဆုံး အလုပ်က စစ်သား အလုပ်ပါ၊ အရင်က ပြည်သူချစ်သောတပ်မတော်သားတွေကို အခုမုန်...
-
ဖသိုက် လို.ခေါ်တဲ့ ထိုင်းတောင်ပိုင်း အနီ ကိုထောက်ခံတယ်ဆိုတာ မှန်ပါတယ် သို.သော် အားလုံးမဟုတ်ပါ အမဲတွေလဲရှိပါတယ် အနီဆိုတာကတော့ ဖွေ.ထု...
-
ထိုင်းနိုင်ငံအနှံ့ ရေကြီးမှုကြောင့် အနည်းဆုံး လူ ၂၆၀ ကျော် သေဆုံး၍ ၆ ဦး ပျောက်ဆုံးနေပြီး မြန်မာနိုင်ငံသားများ အပါ အ၀င် ဒေသခံ ၂ သန်းကျေ...
-
Posted by Free Burma at 12:03 AM ကိုရီးယားရောက်မြန်မာနိုင်ငံသားညီအကိုမောင်နှမများအနေဖြင့်ညီမျှ သောတရားဥပဒေ၏အရိပ်အာဝါသအောက်တွင်လုံခြံ...
-
မြန်မာနိုင်ငံသားများအပါအ၀င်ရွှေ့ပြောင်းအလုပ်သမားများ အတွက် အထူး မီဒီယာသင်တန်းဖွင့်မည် Posted by ကိုဝိုင်း (မိုးညှင်း) at 9:23 PM တစ်နိ...
-
(မင်းသုခ မှ ကူးယူဖော်ပြသည်) စာအုပ်အမည် - ဗိုလ်ချုပ်အောင်ဆန်းနှင့် လွတ်လပ်ရေး ကြိုးပမ်းမှုမှတ်တမ်း စာရေးသူ - တက္ကသိုလ်နေဝင်း PDF ဖ...
No comments:
Post a Comment