စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Sunday, June 5, 2011
ထိုင်းသတင်းစာ၊ ထိုင်းရွေးကောက်ပွဲ နဲ့ မြန်မာပြည်သားတို့ ဆင်ခြင်စရာများ
မနေ့က ထိုင်းမှာ ထုတ်တဲ့ The Nation မျက်နှာဖုံးပါ။ (ဧရာဝတီ မှ )
နီးကပ်လာတဲ့ ထိုင်းရွေးကောက်ပွဲမှာ ၀န်ကြီးချုပ်လောင်းတွေ ဘယ်လို မဲဆွယ်နေသလဲ ဆိုတာတွေ ရေးထားတယ်။
လက်ရှိဝန်ကြီးချုပ် အဖိဆစ်ဝေ့ချာချီဝရဲ့ဓာတ်ပုံတွေဖော်ပြပြီး အစားအသောက်၊ ဆုတောင်းမှု၊ အချစ် လို့ စာတန်းထိုးတယ်။
အဖိဆစ်က သူ့ကို လူကြိုက်နည်းတဲ့ ထိုင်းမြောက်ပိုင်းခရိုင်တွေဘက် ခရီးလှည့်နေတာပါ။
(အစိုးရဆန့်ကျင်တဲ့ ရှပ်နီတို့ရဲ့ အမာခံမြို့တော် ချင်းမိုင်ကိုလည်း သူ မနေ့က ရောက်လာတယ်။ ရဲတွေလည်း လုံခြုံရေးပေးရတာ အတော် အလုပ်ရှုပ်သွားတယ်။)
အဖိဆစ် ဆုတောင်းနေတဲ့ပုံအောက်မှာ - သူ မလုပ်ချင်တာ တွေ အများကြီး လုပ်နေရတယ်။ အဲဒါတွေကတော့
-- အရင်က မစားဖူးတာတွေ စားတယ်၊
-- လန်ဖွန်း ခရိုင်က ဘုန်းကြီးကျောင်းမှာ သူ့လူတွေလုပ်တဲ့ အန္တရာယ်ကင်း ဆုတောင်းပွဲကို တက်ရတယ်၊
-- သူ့ပြိုင်ဘက် ရှပ်နီတွေနဲ့ သွားတွေ့ရတယ် ဆိုတာတွေပါပဲ လို့ ရေးထားတယ်။
ဝန်ကြီးချုပ်အကြောင်းကို လွတ်လပ်စွာ ရေးနေကြ၊ ကလိနေကြတာပါပဲ။ မြန်မာပြည်မှာ သတင်းစာထုတ်ခွင့်ရရင် ဦးသိန်းစိန်တို့က ဒီလို ရေးတာတွေကို ခွင့်ပြုပါ့မလား စဉ်းစားစရာပါ။
ဒီအချိန်မှာ အဖိဆစ်ရဲ့အဓိကပြိုင်ဘက် ရင်လပ် ရှင်နာဝပ်က ဘန်ကောက်ဝန်းကျင်မှာ မဲဆွယ်နေတယ်။ Siriraj ဆေးရုံက ထိုင်းဘုရင်အတွက်ဆုတောင်းမေတ္တာပို့ရေးသားတဲ့ စာအုပ်မှာလည်း လက်မှတ်သွားထိုးတယ်လို့ ဆိုတယ်။ သတင်းကတော့ ဒါပါပဲ။
ရင်လပ် ရှင်နာဝပ်ဟာ ပြည်ပရောက်ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ရဲ့ နှမပါ။ ဒီရွေးကောက်ပွဲအကြိုကာလမှာ သူက သူ့အစ်ကိုနောက်လိုက်တွေရဲ့ ခေါင်းဆောင် ဖြစ်လာတယ်။
ထိုင်းနိုင်ငံရောက် မြန်မာပြည်သားတွေ စိုးရိမ်စရာတွေ ရှိနေတယ်။
ကြိုတင်မဲပေးရတဲ့ ဒီလ ၂၄-၂၅-၂၆ ရက်နေ့တွေ၊ ရှေ့လ ၃ ရက်နေ့ ရွေးကောက်ပွဲနေ့တွေမှာ အရက်ရောင်းခွင့် ပိတ်မယ်လို့ သတင်းတချို့မှာ ရေးထားတယ်။ ယမကာလုလင်တွေ အခက်အခဲ ကြုံနိုင်ချေပါပဲ။
ရွေးကောက်ပွဲကာလ ဆူပူမှု၊ အကြမ်းဖက်မှု ဖြစ်နိုင်တဲ့ ခရိုင် ၁၀ ခုမှာ လုံခြုံရေးတိုးမြှင့်မယ်လို့ မေ ၂၆ ဘန်ကောက်ပို့စ်က ဆိုတယ်။
ဘန်ကောက်၊ ခွန်ခန် (Khon Kaen)
ချွန်ဘူရီ၊ ချင်းမိုင်
နခွန်ရာချစီမာ၊ ဘူရီရမ်
Roi Et (ဘယ်လိုအသံထွက်ရမှန်း မသိ)၊ ဥဒေါင်းဌာနီ
စမွတ်ပရာကန်၊ ဥဘွန် ရချဌာနီ
တို့ ဖြစ်ပါတယ်။
ဒီဒေသတွေမှာ မြန်မာပြည်သား အများအပြား တရားမ၀င် နေကြတာတွေ ရှိတယ်။ လုံခြုံရေးကို အနီရောင်အဆင့် သတ်မှတ်ထားလို့ ယုန်ထောင်ကြောင်မိ ဖြစ်ရပ်တွေ ဖြစ်လာနိုင်တယ်။ ရွေးကောက်ပွဲကာလမှာ အနေအထိုင် ဆင်ခြင်ပါမှ အန္တရာယ်ကင်းကြမှာပါ။ ။
Subscribe to:
Post Comments (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း
ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ
သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
9:26 PM | Posted by လူဗိုလ်ဟူသည် ...... Posted by လင်းဦး(စိတ်ပညာ) အမည် ။ ။ ရန်ကြီးအောင် (ခေါ်) မောင်လှထွန်း အသက် ။ ။ ၁၈နှစ...
-
July 11th, 2011(လွတ်လပ်သောမွန်သတင်းအေဂျင်စီမှကူးယူဖော်ပြသည်) ကျလွန်းထော – ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ တရားဝင်လုပ်သားမှတ်ပုံတင်...
-
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ဖန်ငမြို.နယ် အပိုင် တွင် ထိုင်းရောက်မြန်မာအလုပ်သမား ၂ဦး (ရော်ဘာခြံလုပ်သား) အသတ်ခံရတယ်လို. သိရပါတယ်။ ...
-
Monday, 25 July 2011 16:17 ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့်...
-
ခရစ်ယာန်တွေမှာ ဘုရားနှုတ်ကပတ်တော်ဆိုတဲ့ ကျမ်းစာကို ရှေးက ကျမ်းတတ်ပုဂ္ဂိုလ်၊ ယာဇ်ပရောဟိတ်များ နှုတ်နဲ့အာဂုံဆောင်ခဲ့ကြပါတယ်။...
-
ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်န၀ပ်သည် ၄င်းမြန်မာနိုင်ငံကို သွားရောက်သည့် အခါ မြန်မာ့ ဒီမိုကရေစီ ရေးခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နှင့် တေ...
-
Published on November 8, 2011 by ရွှေအောင် · No Comments ရေ ဘေးဒုက္ခသည်မြန်မာအလုပ်သမာ...
-
လင်းသန့် Thursday, 07 July 2011 14:22 အကျဉ်းထောင်များသို့ ...
-
Posted byနေ.သစ် on July 8, 2011 ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ စက်မှုဇုံ (၃) မှ ခေတ်သစ် ချစ်တီးသူဋ္ဌေး ဦးမူသီး နှင့် အာဏာပါ...
No comments:
Post a Comment